Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Sunday, April 10, 2011

Survivor

photo by IORA

ရှင်သန်နိုင်ဘို့ အတွက်...
ဘယ်လိုဘဲဖြစ်ဖြစ်...
ထိုးဖေါက်ထွက်နိုင်ရမယ်။

အိုင်အိုရာ

10 comments:

  1. အဲဒီပန်းလေးတွေလေ ဗမာလို ဘယ်လိုခေါ်လဲဟင် မေ့နေလို့

    ReplyDelete
  2. စူးနွယ်လေး..
    သိပ်တော့မသေချာဘူး။ မှိုချဉ်ပင် လို့ ခေါ်သလားလို့ ။ ဟုတ်လားဟင်။

    ReplyDelete
  3. Survival of the fittest ဆိုတဲ့ စကားလေးတောင် သတိရမိသွားတယ်..။း)

    ReplyDelete
  4. ကိုညီလင်းသစ်..
    ခုလေးတင်အဲဒီကသီချင်းနားထောင်ပြီးပြန်လာတာ။
    အဲဒီစကားလေးက..သက်ရှိလောကအတွက်သိပ်အရေးကြီးတယ်နော်။

    ReplyDelete
  5. သံမနိုင်ကျောက်မနိုင်ပင် နဲ့ တူတယ်နော်

    ReplyDelete
  6. Vista,
    သံမနိုင်ကျောက်မနိုင်မြင်ဘူးပေမဲ့ မမှတ်မိဘူး။

    ReplyDelete
  7. ဟုတ်မလားမသိ... သူကလည်းချဉ်တဲ့အရသာ ရှိတယ်ဆိုတော့လေ
    အပွင့်ခရမ်းရောင်လေးတွေလည်းပွင့်တယ် ထင်တယ်နော်

    စူးနွယ်လေး

    ReplyDelete
  8. ဒီအပင်တွေ့ရင် အရွက်လေးရွက်ရှိတဲ့ဟာလိုက်ရှာရတာအမောပဲ။ ကျွန်မတို့လည်း မှိုချဉ်ပင်လို့ပဲခေါ်တယ်။ အကြီးမျိုးလည်းရှိတယ်။ သူကတော့ အပွင့်တင်မဟုတ်ဘူး အရိုးနဲ့ အရွက်လည်း ခရမ်းရောင်ရှိတယ်။

    JJ

    ReplyDelete
  9. ကျမနောက်ဖေးမှာလည်းအဲလိုအပင်တွေအများကြီးပဲ၊အပွင့်က
    အဝါရောင်လေးတွေ။အဖြူရောင်နတ်သမီးဘလော့မှာချဉ်ရည်
    ချက်စားလို့ရတယ်ဆိုလားလို့။

    ReplyDelete
  10. ဂျေဂျေ..
    ကိုယ်တော့ဘာမှမသိဘူး။ မှိုချဉ်ပင်နဲ့ တူတာဘဲသိတယ်။း)

    မမငွေစန္ဒာ..
    အရွက်ကချဉ်တယ်ဆိုတာတော့သိတယ်။

    ဂရုတစိုက်မှတ်ချက်ရေးပေးသွားသူများအားလုံးသို့ ...
    စိတ်ဝင်တစားမျှဝေပေးကြတဲ့ အတွက် အလွန်ကျေးဇူးတင်ပါတယ်။
    တကယ်တော့ ကျမကဘာပင်တွေလည်းဆိုတာ သတိမမူမိခဲ့ပါဘူး။
    မှောက်ထားတဲ့ ပန်းအိုးအပေါက်လေးကနေ တိုးထွက်ရှင်သန်နေတဲ့ အပင်လေးတွေကိုဘဲ သတိထားမိပြီး သိပ်သဘောကျလို့ ဓါတ်ပုံရိုက်ထားတာကြာလှပါပြီ။ အဲဒီကတည်းက အဲဒီပုံလေးကို survivor လို့ အမည်ပေးထားတာ။
    ကျမခံစားမိတာလေးကို မျှဝေချင်လို့ တင်လိုက်တာဖြစ်ပါတယ်ရှင်။
    ကျမလည်း မမျှော်လင့်ဘဲ ဒီအပင်လေးအကြောင်းအများကြီးသိလိုက်ရတဲ့အတွက် ၀မ်းသာသွားပါတယ်။ အပွင့်လေးတွေလည်း စောင့်ကြည့်လိုက်ပါဦးမယ်။ ကျမရဲ့ survivor ပင်လေးတွေရှိနေသေးပြီးပွင့်နေရင်သိပ်ကောင်းမှာဘဲလို့ တွေးမိပါတယ်။။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

    ခင်မင်လေးစားသော..
    အိုင်အိုရာ

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။