Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, April 16, 2011
မယ်ဇလီရွက်သုပ်၊ ဆေးဘဲဥသုပ် နဲ့ ကျောက်ကျောဖျော်ရည်
သုတ်တာကတော့ မဆန်းပါဘူး။ ရိုးရာနည်းအတိုင်း ကြက်သွန်ဖြူ၊ နီကြော်၊ ပုဇွန်ခြောက်မှုန့် ၊ ပဲမှုန့် သို့ မဟုတ် မြေပဲဆံထောင်း (ကျမကမြေပဲကို သုတ်တဲ့ထဲပါရင်မကြိုက်လို့ မထဲ့ပါဘူး)။ နှမ်းလေးလှော်ပြီးထောင်းထဲ့။ အခုတော့ပုလင်းထဲက အရွက်ဆိုတော့ ပြုတ်စရာမလိုပါဘူး။ ရေဆေးပြီး ညှစ်ပြီး ရိတ်ရိတ်လှီးရုံပါဘဲ။ ကြက်သွန်နီပါးပါးလှီးရေဆေးထဲ့။ မပါလည်းရပါတယ်။ ဆား တို့ ငံပြာရည်တို့ သင့်ရုံထဲ့။ အချဉ်ကြိုက်ရင် သံပုရာသီးလေးညှစ်ထဲ့။ အစိမ့်ကြိုက်ရင် သံပုရာသီးမထဲ့ပါနဲ့ ။ အချိုမှုန့် သုံးရင် နဲနဲထဲ့။ ကျမကတော့ တတ်နိုင်ရင် ရှောင်ပါတယ်။ မတတ်နိုင်ရင် လျှော့ ထဲ့ပါတယ်။ အလွန်အကျွန်တော့ မသုံးပါဘူး။ ဆီစိမ်း သို့ မဟုတ် ဆီကျက်ထဲ့ပြီးနယ်ပြီးရင်ပြီးပါပြီ။ ငရုတ်သီးလဲ အစိမ့်သုတ်ဆိုမထဲ့ပါဘူး။ အချဉ်ထဲ့သုပ်မှထဲ့ပါတယ်။
ကျောက်ကျော အမဲဘူးကို ကိုယ့်ဘာသာလှီးပြီး ရေခဲရယ်၊ သကြားရေရယ် နဲ့ ဖျော်သောက်ပါတယ်။ သံပုရာသီးလေး ညှစ်ထဲ့ပါသေးတယ် မွှေးအောင်လို့ ပါ။ သိပ်ကောင်းပါတယ်။   ဆူးလေ ကျောက်ကျောအတိုင်းပါဘဲ။
အပျင်းပြေ စားသွားပါဦး ယောင်းရင်းတို့ ရေ။ လာလည်လို့ ကျေးဇူးတင်ပါတယ်။ မှတ်ချက်လေးတွေပေးသွားရင်လည်း နွေးထွေးမှုကိုခံစားရလို့ ကျေးဇူးတင်ပါတယ်နော်။ တန်ဘိုးလည်းထားပါတယ် အချိန်ပေးပြီးရေးသွားလို့ ။
ခင်မင်လေးစားသော..
အိုင်အိုရာ
17 comments:
  1. အကုန်လုံး စားချင်စရာလေးတွေချည်းပါဘဲလား။ ပန်းခြောက်အပင်က မှန်တယ်ထင်တာပဲ IORA ရေ။:P အိမ်ကအပင်က အဲလောက်မထွားဘူး။ တစ်ပွင့်၊နှစ်ပွင့်ဘဲ ပွင့်ပြီင်္း လှီတယ်။ စားလောက်အောင်မရပါဘူး။ တောင်ကြီးက မျိုးရလို့စိုက်ထားတာ။ အိမ်က အပူပိုင်းမှာမလို့လားမသိဘူး အပင်က လှီတယ်။
    ReplyDelete
  2. အညာမှာ မယ်ဇလီတွေပေါပေမယ့် အရွက်ကိုတော့ မစားဖူးဘူးဗျ...ကောင်းမယ့်ပုံပဲ...တန်ဆောင်မုန်း လပြည့်ဆိုရင်တော့ အဖူးတွေကို အများကြီးခူး ပြုတ်သုပ်ပြီး တခြားအိမ်တွေကိုပါ ဝေပါတယ်။ အိမ်ပြန်ရောက်ရင်တော့ အရွက်ကို သုပ်စားကြည့်အုံးမှပဲ... ကျေးဇူးတင်ပါတယ် အိုင်အိုရာ.... ဆေးဘဲဥတော့ ကျွန်တော်လည်း မကြိုက်ဘူး။ ပျော်ရွှင်ပါစေ....
    ReplyDelete
  3. Mon Petit Avatar ..
    Then pls eat all. OK :)
    စူဘူးအိမ်..
    ကျေးဇူးပါစုဘူးအိမ်ရေ ပန်းခြောက်ပင်အကြောင်းပြောပြပေးလို့ ၇ယ်..လာဘည်လို့ ၇ယ်..
    ReplyDelete
  4. မယ်ဇလီအဆိမ့်လေးတပွဲစားမယ် မြေပဲမပါနော်...
    ဆေးဘဲဥတော့ မစားတော့ဘူး
    ကျောက်ကျောရည်သောက်မယ်
    အပြင်က ခုမှပြန်ရောက်လို့ မောနေတာနဲ့ အတော်ပဲ :)
    စူးနွယ်လေး
    ReplyDelete
  5. ရွှေညာသားလေး ..
    အရွက်နုလေးတွေကြော်စားလည်းကောင်းတယ်သိလား။ သူငယ်ချင်းတယောက်က ၀က်သားနဲ့ ကြော်စားတယ်။ ကောင်းတာဘဲ။
    စူးနွယ်လေး..
    ရမယ်။ ခဏစောင့်။ အမောဖြေပြီးတာနဲ့ ရယ်ဒီဘဲ..း))
    ReplyDelete
  6. အစ်မ အိုင်အိုရာ ပုံတွေကိုကြည့်ပြီး တံတွေး မျိုချသွားပါတယ်ဗျ...
    မယ်ဇလီအရွက်ကို စားရမှန်းမသိဘူး... မယ်ဇလီဖူးတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ အများကြီး သုပ်စားကြပါတယ်..
    ကျေးဇူးပါဗျ...
    ReplyDelete
  7. မယ်ဇလီရွက်သုပ်လေးခပ်စားလိုက်ကျောက်ကျောဖျော်ရည်
    လေးသောက်လိုက် နဲ့ အမောပြေသွားပြီ။ကျေးဇူးပဲနော်။
    ReplyDelete
  8. ညီမရေ မယ်ဇလီရွက်ဗူးက asian market က၀ယ်တာလား ? အမက မယ်ဇလီဖူး ဗူးဘဲ သိတယ်။ အရွက်ဗူး မမြင်မိလို့  ပုံလေးတင်ပေးပါလားဟင်
    ကျေးဇူးတင်ပါတယ်နော်။ အခုလာမဲ့ easter sunday ပိတ်ရက်ကျ လုပ်
    စားစရာလေး ၁ခု idea ရသွားပြီ။ ကျေးဇူးနော် မယု
    ReplyDelete
  9. မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်လေးဖြစ်ပါစေ
    ဆေးဘဲဥဆို အသေကြိုက် မယ်ဇလီရွက်သုပ်စားရမယ်
    ရှဲ့ ရှဲနီး)
    ReplyDelete
  10. မယ်ဇလီရွက်သုပ်၊ ဆေးဘဲဥသုပ် နဲ့ ကျောက်ကျောဖျော်ရည် အဲဒီသုံးခုလုံး မစားရတာ ကြာပြီ ။ ရှလွတ် ... :)
    ReplyDelete
  11. အရွက်သုပ်ဆိုရင် အားလုံးနီးပါးကို ကြိုက်ပါတယ်၊ အခု မယ်ဇလီရွက်သုပ် လည်း ကောင်းမှာသေချာတယ်..၊ ဆေးဘဲဥတော့ တခါလားပဲ စားဖူးလို့ အရသာတောင် သိပ်မမှတ်မိချင်ဘူး....၊ နှစ်သစ်မှာလည်း အသုပ်တွေ အများကြီး ဆက်သုပ်နိုင်ပါစေဗျာ...။း)
    ReplyDelete
  12. ရာဇာ..
    ဒီလိုဘဲလျှောက်လုပ်စားရင်းကြိုက်တော့ဆက်စားဖြစ်နေတာလေ..း)
    မမငွေစန္ဒာ..
    အမောပြေသွားတော့..ဘလော့တွေဆက်လည်နေရောပေါ့..း)
    မရေ..
    မယ်ဇလီရွက်ပုလင်းပုံကို http://mamaiora.blogspot.com/2011/02/blog-post_19.html မှာတင်ဘူးပါတယ်။ ကြည့်လိုက်ပါနော်။ ဟုတ်ပါတယ်။ အာရှဆိုင်က၀ယ်တာပါ။ လာလည်လို့ ကျေးဇူးပါ။ လုပ်စားမယ်ဆိုလို့ ဝမ်းသာရပါတယ်။ ကြိုက်မှာပါ။
    ဘေဘီရေ..
    မင်္ဂလာနှစ်သစ်ပါ။
    သုတ်စား သုတ်စား ကြိုက်မှာသေချာတယ်။ ကိုယ်တော့ အဲဒီဘူးကို အပြတ်မခံဘူး။ မရှိတော့ဘူးမှတ်ပြီး ခဏခဏ၀ယ်လို့  တခါတခါပုံနေတတ်ပြန်ရော။
    ကဲ..ညယံရေ..
    မစားရတာကြာပြီဆိုလည်း အပြတ်သာအားပေးသွားပေတော့း)
    ကိုညီလင်းသစ်
    ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောရင်..ကိုယ်ချည့်သုတ်နေရမှာ..
    ပြန်ပြင်ပေးရင်ကောင်းမယ်..အသုပ်တွေအများကြီး ဆက် စား နိင်ပါစေလို့ ။ ဒါမှသူများတွေသုပ်ကျွေးတာလည်းစားရအောင်။ ကိုယ်သုတ်ကိုယ်စားဆို ငြီးငွေ့ စရာကြီး။း)))))))))))))))))
    ReplyDelete
  13. အိုင်အိုရာရဲ့ လက်ရာကိုတော့ ပြောစရာမရှိပါဘူး။
    စားမှမစားဘူးတာ။ ^-^
    မစားဘူးလည်း ဓါတ်ပုံတွေကနေ ကောင်းမယ်ဆိုတာရယ် မှန်းအရသာခံရတာနဲ့ ရှယ်ပါပဲ။
    ဆူးလေကျောက်ကျောအတိုင်းပဲ ဆိုတာ သဘောကျမိတယ်။
    မင်္ဂလာနှစ်သစ်မှာ စိတ်ရောကိုယ်ရော ချမ်းသာကျမ်းမာပါစေ။
    ReplyDelete
  14. မကောင်းမွန်ဝင်း..
    ဟင်းဟင်းသဘောကျသွားပြီ။ ပြောစရာမရှိဘူး စားမှမစားဘူးတာဆိုတာကို။ ပုံတွေကအရသာမပေးနိုင်တော့ ရဲရဲကြီးကျွေးနေတာလေ..း)
    တကယ်သာဆိုရင်..ပေါ့တာတို့ ငံတာတို့ စပ်တာတို့ ချဉ်သွားတာတို့ နဲ့ ကြုံချင်ကြုံနေမှာ..
    ReplyDelete
  15. ကျောက်ကျောရည် သောက်သွားတယ်..။
    သံပုရာသီးများများညစ်ပေးပါ..။
    မဲဇလီရွက်သုတ်အရသာကိုတောင် မေ့နေပြီ.။
    မစားရတာကြာတော့..။
    ဖီတန် (ဆေးဘဲဥ)တော့ သုတ်တာချင်းမတူဘူးနော်။
    KKK
    ReplyDelete
  16. ပေါက်..
    ညှစ်ပြီးသွားပြီ။ သောက်တော့။
    မယ်ဇလီရွက်သုတ်ကလက်ဖက်ရွက်ကို ဆီချက်တို့  နှမ်းတို့ နဲ့ သုတ်သလိုမျိုးလို့ ထင်တယ်။ သုတ်တာချင်းမတူတာဆို ကိုယ်ကကိုယ်လုပ်ချင်တာလုပ်တာကိုးပေါက်ရေ။
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။