Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label fish paste. Show all posts
Showing posts with label fish paste. Show all posts
Sunday, January 24, 2016
ငပိရည်ဖျော်တို့ စရာ၊ ငါးစူစီကြော်၊ ငါးခူရဲယိုရွက်အစားထိုးနောက်တစ်မျိုး နဲ့ ငပိထောင်း
ငပိရည်ဖျော်ကို ကိုယ့်မမ က ငရုတ်သီးအလှော်မှုန့် ဒါမှမဟုတ် အတောင့်ကြော်ကို ထောင်းပြီးနယ်စားရတာကြိုက်တယ်။ ကိုယ်က ငရုပ်သီးစိမ်းနဲ့ ဖျော်တာကြိုက်တယ်။ အဲဒီနေ့ က မမ နဲ့ ကိုယ့်အကြိုက်ပေါင်းပြီး ဖျော်တယ်။ ငရုပ်သီးစိမ်းကို ကင်ပြီးမှ ပုစွန်ခြောက်၊ ကြက်သွန်ဖြူနဲ့ ဖျော်ထားတာကို ငရုပ်သီးအလှော်မှုန့် စားခါနီးမှ ထပ်ထဲ့ပြီးစားထားတာပါ။ တို့ စရာတွေနဲ့ စားလို့ ကောင်းတယ်။
ငါးစူစီကြော်။ Catfish ငါးခူလိုမျိုးငါး ဒါပေမဲ့ ငါးခူလိုမလုံး မမည်းဘူး။ ငါးမြင်းတို့ ငါးဒန်တို့ လို ဖြူတူတူ ပြားတားတားနဲ့ ငါးကို ကြော်ပြီး မှ ကြက်သွန်ဖြူနီကြော် ငရုပ်အကြမ်းမှုန့် နဲ့ ပြန်ကြော်ထားတာပါ။ ငါးကို အရင်ကြော်ပြီးဆည်ထားပါတယ်။ ပြီးမှ ကြက်သွန်ဖြူနီကြော်ပြန်ဆည်။ ငရုပ်သီးအကြမ်းကြော်ပြီး မကျက်တကျက်မှာ ငါးပြန်ထဲ့ ပြီး ငံပြာရည်လေးဖြန်းပြီး ငရုပ်သီးကျက် ငံပြာရည်ခြောက်ရင် ချပါတယ်။ ပြီးမှ အေးသွားမှ ဖြူနီကြော်ကို ထပ်ရောတာပေါ့။ အမေ့ အကြိုက် မောင်လေးအကြိုက်မို့ လို့ ဒီလိုဟင်းတွေချက်ရင် သူတို့ ကို သိပ်သတိရတယ်။
ဒါက အရင်ပို့ စ်မှာတုန်းကလိုဘဲ ရဲယိုရွက် အစားထိုးCollard Green ဆိုတဲ့အရွက်နဲ့  ငါးကိုအုပ်ထားတာပါ။ ချက်နည်းကတော့ တူတူပါဘဲ။
ငပိထောင်းခြောက်ခြောက်လေးစားချင်လို့ ငရုပ်သီးအတောင့်ကြော်နဲ့ ပုစွန်ခြောက်နဲ့ ကြက်သွန်ဖြူနဲ့ ထောင်းထားတာပါ။ အစိမ်းကိုလည်း ကင်ပြီးထဲ့ထောင်းထားလို့ အရမ်းမွှေးတာပါဘဲ။ ဆီကြိုက်ရင် တဲ့ရင် များများဆမ်းစားလည်းကောင်းတယ်။ 
အချိုပွဲ။ ဟိုးတုန်းက လုပ်စားခဲ့တာလေးတင်ပေးလိုက်ပါတယ်။ ရိုးရိုးရှင်းရှင်း ကော်ဖီပြင်းပြင်းနဲ့ ပေါင်မုန့် ကို ထောပတ်သုပ် ချိစ်ညှပ် ပြီးတော့ ရှောက်ယိုထပ်တင်ပြီး ချိစ်ညှပ်ထားတဲ့ပေါင်မုန့် ထပ်တင်ပြီး အထပ်လိုက်လှီးထားတာပါ။
ခုတလော ကိုယ့်ဘလော့လေးကို သတိရနေမိတယ်။ ဟိုးတုန်း က ဘလော့မိတ်ဆွေတွေကိုလည်း သတိရနေမိတယ်။ ကိုယ်သတိရတဲ့ထဲမှာ ဘယ်သူတွေပါလည်း မမေးနဲ့ ။ မေးတဲ့သူတွေ အားလုံးပါတယ်။ ကိုယ်တစ်ယောက်မကျန်နီးပါး မှတ်မိနေတယ် ပြောလို့ ရပါတယ်။ နံမည်တွေရေးရင် အများကြီးနော်။
ခဏခဏ လာလည်တဲ့သူတွေကိုပိုသတိရတာတော့မညာပါဘူးရှင်။း)
ဒါကြောင့်မို့ လို့ အလွယ်ရှာတွေ့ တဲ့ ဟိုတလောက ချက်စားထားတာလေးနဲ့ ပို့ စ်အသစ်လေးတင်လိုက်တာပါ။
ကိုယ့်စာဖတ်သူထဲကတစ်ယောက်က ကို်ယ်ငါးခူရဲယိုရွက်အုပ်အတု ဆိုတဲ့ ပို့ စ်လေးတင်တုန်းက Collard Green နဲ့ ချက်ကြည့်ရင် ပိုသဘောကျမှာပါတဲ့။ ကိုယ်အဲဒီအရွက်နဲ့ လည်းချက်ပေမဲ့ ဓါတ်ပုံမရိုက်ထားမိလို့ မတင်ဖြစ်ခဲ့ဘူး။ အဲတော့ ကော်လာ့ဒ်ဂရင်းအရွက်နဲ့ ချက်စားတိုင်း အဲဒီ မမ ကိုသတိရနေမိတယ်။ တခြားသူတွေလည်း ချက်စားရင်စားရအောင်တင်လိုက်တာပါ။ ဒီအရွက် က အရင်ပို့ စ်ထဲက ကေးလ်အရွက်နဲ့ စာရင် အရွက်သားထူတယ်။ ပိုချိုတယ်။ ကေးလ်အရွက် က ပိုပါးတယ်။ ခါးသက်သက်လေးရှိတယ်။
လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
နှစ်သစ်ကစလို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ......
ခင်မင်လေးစားသော..
အိုင်အိုရာ
Sunday, February 9, 2014
အပျော်နေ့ လေးတစ်နေ့ ရဲ့ နောက်ဆက်တွဲ
ကြက်ဥဆီပြန်၊ ၀က်သားအချိုချက်၊ ဘူးသီးနဲ့ ကြာဆံဟင်းခါး၊ မန်ကျည်းသီးထောင်း ငပိရည်ကျိုချက် နဲ့ တို့ စရာ
လား တစ်ဝက်လို့ ပြောရမလားဘဲ။ အချိန်လည်းသိပ်မရှိတော့မထူးဆန်းတဲ့ချက်နည်းတွေမရေးတော့ဘူးနော်။ အရင်ကလည်းတင်ပြီးသားတွေဘဲလေနော်။
ကင်းပုံသီးချက်တာပါ။ ကြက်သွန်ဖြူနီကြိတ်ထားတာကိုဆီအရင်သတ်။ မွှေးပြီးနဲနဲခြောက်လာတော့ပုဇွန်ခြောက်မှုန့် ထဲ့၊ ခရမ်းချဉ်သီးလေးတစိတ်လောက်ဖဲ့ညှပ်ထဲ့။ ပြီးတော့ကင်းပုံသီးထုထားတာတွေထဲ့။ ဒီတစ်ခေါက်တော့အဖတ်ကြီးကြီးစားချင်လို့ သိပ်သေးသေးမဖဲ့ပစ်ပါဘူး။ များသောအားဖြင့်ဆိုရင်တော့ထုထားတာကိုခပ်ရွယ်ရွယ်လေးတွေဖဲ့ပြီး မျှစ်နဲ့ ချက်ပါတယ်။ မျှစ်ထဲ့ရင်ရုံးယူရင်အနံ့ နံမှာစိုးလို့ မထဲ့တော့ဘူး။ ကင်းပုံသီးထဲ့ပြီးဆား၊ ငံပြာရည်ထဲ့ လုံးထား။ မအိသေးတော့ရေလေးနဲနဲထပ်ထဲ့ပေါ့ အဖုံးအုပ်ပြန်တည်။ အိုင်အိုရာကနှပ်သလိုမျိုးစားချင်လို့ ရေနှစ်ခါသုံးခါလောက်နဲနဲချင်းထဲ့ပြီးတည်ထားတာပါ။ နောက်ဆုံးကျငရုတ်သီး
စပ်စပ်လည်းရုံးယူသွားရင်ပါအောင်လို့ ငရုတ်သီးစိမ်းထဲ့လိုက်ပါတယ်။
ကြက်ကိုအကောင်လိုက်ချက်စားရတာကြိုက်လို့ ခုနောက်ပိုင်းအချိန်ရတိုင်းအကောင်လိုက်ပဲချက်ဖြစ်ပါတယ်။ ရိုးရိုးဆီပြန်ချက်ထားတာပါ။ ဆီမကြိုက်သူတွေအသားလေးပဲဆည်စားနော်။ တပါတ်စာရုံးသွားရင်ယူသွားနိုင်အောင်ချက်ထားတာပါ။ အခါခါခွဲခွဲခပ်ထဲ့ရတော့နောက်ဆုံးကျဆီလည်းအိုးထဲသိပ်မကျန်တော့ပါဘူး။ ထမင်းဘူးကပြန်ပါလာရင်ဆေးပစ်လိုက်တော့ဆေးတဲ့ထဲပါတာခပ်များများ။
အဆင်ပြေသလိုတွေးကြည့်ပါတော့ ဘယ်လိုကြောင့်တခြမ်းစောင်းဖြစ်သွားတယ်မသိ။
ကင်းပုံသီးဟင်းကျက်ပြီ။ ကြိုက်သလောက်ထဲ့စား။ ဒါကတကယ်တော့ကြက်သားနဲ့ ကင်းပုံသီးကပြီးခဲ့တဲ့အပါတ်ကချက်စားထားတာပါ။
ကြက်ဟင်းခါးသီးကြော်ပုံကောင်းကောင်းမရှာနိုင်လို့ ပါလာတာဘဲတင်လိုက်တယ်။ ချစ်ချစ်ကခြောက်နေမှစားလို့ တော်တော်ခြောက်ခြောက်လေးကြော်ထားတာပါ။ ခြောက်ရင်မခါးသလောက်ပဲဆိုတော့သူကကြိုက်တယ်လေ။
လာပါပြီ ကဆစ်သီးလို့ ထင်တဲ့အသီး (ချစ်စရာလေးတွေနော်။)
အလူမီနမ်ဖွိုင်လ်နဲ့ ပတ်ပြီးအာဗင်ထဲမှာဖုတ်ထားတာပါ။ မပေါက်အောင်လို့ ခရင်းနဲ့ ဖေါက်ထားတာလေ။
ထက်ခြမ်းခွဲပြီးအသားလေးတွေခြစ်ယူတော့ဒီလိုအခွံလေးတွေကျန်တယ်။ ဒါပေမဲ့ဝါးကြည့်တော့အရမ်းနုပြီးချိုနေလို့ အခွံတွေပါပြန်ထဲ့ကြိတ်လိုက်တော့တယ်။း)
စုပြောသလိုဘဲ။ ငရုတ်သီးစိမ်းနဲ့ ငပိနဲ့ ပုဇွန်ခြောက်နဲ့ ကြက်သွန်ဖြူနဲ့ ရောကြိတ်ထားတာပါ။
ကဆစ်သီးလို့ ထင်တဲ့အသီးထောင်းရပါပြီဘယ်ဘက်က။ စုလုပ်တာတော့ကြက်သွန်နီထဲ့တယ်။ ကိုယ်က ကြာကြာထားရင်ညီးစော်နံသွားမှာစိုးလို့ မထဲ့ထားဘူး။ စားလို့ တော့တကယ်ကောင်း။ အစေ့လေးတွေကလည်းပြောင်းဖူးနုနုလေးကျနေတာဘဲတော်တော်ချိုတယ်။ ငံငံစပ်စပ်ချိုခါးမှာအနံ့ လေးကလည်းမီးဖုတ်ပြီးဆီစိမ်းလေးစမ်းထားတော့မွှေးနေတာဘဲ။ (စုလေးရေ ကျေးဇူးနော်။) ညာဘက်ကငပိထောင်း။ ငပိပိုဖုတ်ပြီးငပိထောင်းပါလုပ်ထားလိုက်တယ်။ ငပိထောင်းလည်းကုန်နေလို့ လေ။
ငရုတ်သီးခြောက်ကြော်၊ ငရုတ်သီးစိမ်းမီးကင်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူများများနဲ့ ကြိတ်ထားတဲ့အိုင်အိုရာ့အကြိုက်ငပိထောင်း
။
မွှေးကြိုင်နေတဲ့ကဆစ်သီးလို့ ထင်တဲ့အသီးထောင်း
ဒါကငါးချဉ်ကြော်မလို့ ကြက်သွန်ဖြူနီဆီသတ်နေတာ
ကိုယ်တိုင်လုပ်ထားတဲ့ငါးချဉ်။ တော်တော်စားလို့ ကောင်းတယ်။
ချခါနီးတော့ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်။ သူလည်းမွှေးနေတာဘဲ။
ဒါကကြားဖြတ်။ နှင်းမကျတဲ့အရပ်မှာနှင်းတွေကျလို့ ထူးထူးခြားခြားမို့ ရိုက်ထားတာ။ အဲဒီပိုက်အောက်ကစနိုးတွေ။ နယူးယောက်ဘက်ကလူတွေကတော့ရီတာပေါ့ရီတာပေါ့ဆို..ပြောတော့မှာ။ အဟက်..
အောက်ကဟာကငါးချဉ်ကြော်ပါ။
ဒါကအဲဒီနေ့ က၀ယ်လာတဲ့ဘူးသီးတစ်လုံးကိုကြော်စားတာပါ။ တစ်ယောက်စာထဲမို့ အားတော့နာပါတယ်နည်းနည်းလေးဖြစ်နေတယ်။
ဝက်သားအချိုချက် ကမန်ကျည်းသီးစိမ်းထောင်းနဲ့ လိုက်လို့ အချိုချက်လိုက်တာလေ။
ဘူးသီးနဲ့ ကြာဆံဟင်းခါး
စိတ်ကြိုက်သယ်ကြသုံးဆောင်ကြတော့နော်။
ကြက်ဥ ပုဇွန်ခြောက် ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်
ငပိရည်ကျိုငပိချက်။ တကယ်တော့အဲဒီအရင်ကရခိုင်မုန့် တီချက်စားထားတာ။ ငရုတ်သီးစိမ်းအနှစ်ထောင်းတွေအများကြီးကျန်နေလို့ ဝယ်လာတာတွေနဲ့ တို့ စားလို့ ရအောင်ချက်လိုက်တာပါ။ ငါးနဲ့ ငရုတ်သီးစိမ်းထောင်းတွေနဲ့ ကြက်သွန်ဖြူနီကိုဆီနည်းနည်းလေးနဲ့ အရင်သတ်ပြီးမှငပိရည်ကျိုကိုထဲ့ချက်လိုက်တာပါ။ ပွက်ပွက်ဆူပြီးခဏနေတော့အရသာမြည်းပြီးနံနံပင်အုပ်တာပေါ့။
မန်ကျည်သီးစိမ်းထောင်းကိုအပေါ်ယံလေးဆီစိမ်းစမ်းထားပါတယ်။ ခုကြည့်ရင်းနဲ့ တောင်ပြန်စားချင်လာပြီ။ ကျန်သေးတယ် တစ်ခါစာချက်စားမလားလို့ ။
တက်စာတွေချည့်ပဲ။ လုပ်လိုက်ရင်အဲလို။ နဲနဲပဲစားတာပေါ့။ ကြက်ဟင်းခါးသီးနဲ့ ခရမ်းသီးကလည်းအရမ်းလတ်တော့ပြုတ်တို့ လိုက်တာ။ မျှစ်ကတော့ဘူးဖေါက်ပြီးပြန်ပြုတ်ထားတာပါ။
ဟင်းနုနွယ်ရွက်ပါကြော်လိုက်တယ်မနွမ်းသွားခင်လေ။
မုန့် ဟင်းခါးနောက်နေ့ ချက်စားလို့ ဝယ်လာတဲ့ဘူးသီးကိုကြော်စားတာပါ။
မုန့် ဟင်းခါးကရာသက်ပန်ချစ်သူ
နောက်နေ့ ကျတော့ပဲကြော်ပါကြော်လိုက်သေးတယ်။ သူများလို တစ်ချပ်ချင်းကြော်နေရမှာစိတ်မရှည်အချိန်ကုန်တော့တစ်ချပ်တစ်ချပ်ကိုအဲလောက်ကြီးဒယ်အပြည့်ထဲ့ပစ်လိုက်တယ်။ ပြီးတော့ချေပစ်ရမှာဘဲနော့်။း)
 ဘေးကဂေါ်ရခါးသီးကြော်။
ဘူးပဲမုန့် ဟင်းခါး
နယ်လိုက်ပြီ
အချိုပွဲလေးတော့နောက်တစ်ပို့ စ်ကျမှပဲသုံးဆောင်တော့နော်။
အင်ဒီးယန်းဆိုင်က၀ယ်လာတာလေးတွေချက်ထားတာမျှော်နေမှာစိုးလို့ 
အကုန်စုပေါင်းစပ်ပေါင်းတင်ပေးလိုက်ပါတယ်။
ဆွေမွန်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
အစဉ်ကျေးဇူးတင်လျှက်..
ခင်မင်လေးစားသော..
အိုင်အိုရာ