![]() |
| Burmese lunch with Prawn curry, Chili leave salad, fish paste spicy curry, Roselle leave and Bamboo shoot soup, and veggie |
လွန်ခဲ့တဲ့သုံးလေးပါတ်လောက်က Farmers' Market (ယာသမားဈေး)ရောက်သွားပြီးဝယ်လာတာတွေနဲ့ ချက်စားဖြစ်တာလေးတွေတင်ပေးလိုက်ပါတယ်။ အသီးအရွက်တွေဘဲရောင်းတာဆိုတော့လွယ်လွယ်ယာသမားဈေးဘဲခေါ်လိုက်တော့မယ်။ လယ်သမားဈေးဆိုရင် စပါးတွေဆန်တွေမြင်နေမှာစိုးလို့ ။း) နောင်အဆင်ပြေတဲ့အခါကျရင်အဲဒီဈေးကိုရိုက်ထားတာလေးတွေလည်းတင်ပေးပါ့မယ်။
![]() |
| ကျမပြောပြောနေတဲ့ မြန်မာပင်စိမ်း၊ ကျူတီပြောပြောနေတဲ့ ငရုတ်ရွက်၊ ငရုတ်သီးစိမ်း၊ ဖရုံရွက်၊ ဂေါ်ရခါးညွန့်  |
![]() |
| ကြက်ဟင်းခါးညွန့် နဲ့ ချဉ်ပေါင် |
![]() |
| ချဉ်ပေါင် |
![]() |
| မြန်မာပင်စိမ်း (သူ့ အရောင်ကနဲနဲဖျော့တယ်။ ထိုင်းပင်စိမ်းက ခရမ်းရောင်များပြီးအနံ့ ပိုပြင်းတယ်။ တစ်ခါကမေးဖူးထားလို့ ပုံတင်ပေးလိုက်ပါတယ်။း) |
![]() |
| ငရုတ်ရွက်နဲ့ ငရုတ်သီးစိမ်း |
![]() |
| ဘယ်ဘက်ကဖရုံညွန့် ၊ ညာဘက်ကဂေါ်ရခါးညွန့် (ဘေးက၀ါဝါလေးကဖရုံပွင့်ကြွေလေးကပ်နေတာ) |
![]() |
| ချက်ချင်းမလုပ်ဖြစ်ရင်နောက်နေ့ ကျညှိုးပြီးကြွေကုန်ရော။ ဒါ့ကြောင့်ချက်ချင်းခြွေပြီးရေဆေးစစ်ထားလိုက်ပါတယ်။ ရေစစ်သွားတော့ရေခဲရိုက်ထားလိုက်ပါတယ်။ |
![]() |
| ငရုတ်ရွက်ကိုလည်းရေဆေးပြီးစစ် |
![]() |
| ကြက်ဟင်းခါးညွန့် လည်းရေဆေးပြီးစစ် |
![]() |
| ငရုတ်ရွက်တွေပြုတ်ထားတာသုတ်စားဘို့  |
![]() |
| သိမ်းထားဘို့ ငရုတ်ရွက်ပြုတ်နဲ့ ကြက်ဟင်းခါးညွန့် ပြုတ် |
![]() |
| ချဉ်ပေါင်ဟင်းလည်းလုံးချက်ပါတယ်။ (ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီး၊ ပုဇွန်ခြောက်၊ ငပိ၊ မျှစ်နဲ့ လုံးချက်ချက်ပါတယ်။ ဆီပါလေကာနဲ့ ချက်ပါတယ်။ အပေါ့အငန် ရေထဲ့ပြီးဆူတော့မြည်းပြီးပြင်ပါတယ်။) |
![]() |
| လာပါပြီ။ ကျူတီပြောတဲ့ငရုတ်ရွက်သုတ်။ ဒါပေမဲ့အိုင်အိုရာကမြန်မာစတိုင်သုတ်ထားတာပါ။ မြန်မာအသုတ်တွေထုံးစံအတိုင်း ကြက်သွန်ဆီချက်၊ နှမ်း၊ ပုဇွန်ခြောက်မှုန့် ၊ နဲ့ သုတ်ထားတာပါ။ ချဉ်ပေါင်ဟင်းနဲ့ စားမှာမို့ လို့ အစိမ့်ကိုကြက်သွန်စိမ်းနဲနဲထဲ့ပြီးသုတ်ပါတယ်။ အရမ်းအရမ်းကိုစားလို့ ကောင်းတာပါဘဲရှင်။ အိုင်အိုရာတို့ အိမ်မှာငရုတ်ရွက်ကို ငါးဟင်းတို့ ခရမ်းချဉ်သီးဟင်းတို့ မှာအုပ်စားလေ့ ရှိပါတယ်။ ပြီးတော့ဟင်းချိုလည်းတခြားအရွက်တွေနဲ့ ရောပြီးချက်ပါတယ်။တစ်ခါမှသုပ်မစားဖူးပါဘူး။ ကျူတီကလက်ဖက်ရွက်လိုလိုဘာလိုလိုဆိုတော့စိတ်ဝင်စားပြီးသုတ်စားဖြစ်တာပါ။ တကယ်ကိုလက်ဖက်ရွက်လိုလို စိမ့်သက်လေးအရမ်းသုတ်စားလို့ ကောင်းပါတယ်။ |
![]() |
| ပုဇွန်ဆီပြန် |
![]() |
| ညာစွန်ကညဘက်ကကျန်တဲ့ အာလူးကြက်သား |
![]() |
| ချဉ်ပေါင်နဲ့ မျှစ်ချဉ်ရည် |
![]() |
| ပင်စိမ်းချက် |
![]() |
| ငရုတ်ရွက်သုပ် |
![]() |
| စိတ်တိုင်းကျ သုံးဆောင်ပါရှင်။း) |
မြတ်ကြည်လေးနဲ့ ဂျီးဒေါ်ကိုပေါင်မုန့် ဘေးသားလုပ်စားနည်းနဲ့  မွန့် ကိုချိစ်ကိတ် လုပ်စားဖြစ်တာတွေတင်ပေးမယ်ပြောပြီးကြွေးကျန်နေတာ အမြဲသတိရနေပါတယ်။ မတင်ဖြစ်တာသာရှိတာ ...အဟိ။ မမူယာမေးထားတဲ့ ငါးရံ့ ခြောက်အိုင်အိုရာ့စတိုင်ခွဲနည်းကိုလည်းအခုထပ်ခွဲဖြစ်တာကိုဓါတ်ပုံရိုက်ဖြစ်အောင်ရိုက်ထားပေးထားလို့ တင်ဖြစ်အောင်တင်ပေးပါမယ်လို့ ။
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော....
အိုင်အိုရာ

























