| ကန်စွန်းရွက်ကြော်၊ ကြာဆံကြော်၊ ကြက်သားအာလူး၊ သခွားသီးနဲ့ ကြက်သွန်ချဉ်၊ တရုတ်နံနံရိုး နဲ့ ခါဂျက်ဥ၊ ချစ်ပ်စ်၊ ၀က်သားလုံးကြော် နဲ့ ဆလတ်ရွက်၊ ဟင်းချို၊ လက်ဖက်သုပ် |
မြန်မြန်နဲ့ စားကောင်း သူတို့ လည်းစားနိုင်၊ အမြင်မှာလည်းလှ လူလည်းသက်သာ၊ ငွေလည်းသိပ်မကုန်၊ သိပ်လည်းအလုပ်မရှုပ်မဲ့ဟင်းတွေကို သူနဲ့ တိုင်ပင်ပြီးစီစဉ်ချက်လိုက်ပါတယ်။ ကျမစီစဉ်လိုက်တာကတော့ ကြက်သားအာလူး(အာလူးကရှိပြီးသား)မဆလာချက်ရယ်၊ ၀က်သားလုံးပြုတ်ကြော်ခြောက်ခြောက်လေးရယ်၊(မကြော်ဘူးလေ။ ကြော်ရင်အချိန်ပေးရတယ်။ လူပင်ပန်းတယ်။ညှော်တယ်။ ပျော့သွားရင်လည်းစားမကောင်းဘူးလေ)လက်ဖက်သုပ်ရယ် (ဒါလည်းအဆင်သင့်ရှိပြီးရယ်ဒီမိတ်အထုတ်)၊ ကညွတ်ဖြစ်ဖြစ်အစိမ်းရောင်အရွက်တစ်မျိုးကြော်ရယ် (ကန်စွန်းရွက်ကြော်ဖြစ်သွားပါတယ်။ မြန်တယ်လေ။ကညွတ်ကဈေးကြီးနေပြီးကန်စွန်းရွက်ကသက်သာနေတယ်။) နောက်ဆုံးတင်ထားတဲ့ပို့ စ်က ပုံစံမျိုး ကြာဆံကြော်ရယ်၊ ကြက်ရိုးပြုတ်ဟင်းချိုကို ကြက်သွန်မြိတ်၊ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်ကောင်းခတ်နဲ့ Appetizer ကိုတော့လွယ်လွယ်ရှိနေတာကိုဘဲလှအောင်ပြင်ထဲ့လိုက်ပါတယ်။ အာလူးကြော်ရယ်၊ နောက်ထပ်ချစ်ပ်တစ်မျိုးရယ်၊ ကျမတော့သိပ်သဘောကျတာမဟုတ်ပေမဲ့ဒီကဘိုပွဲတွေမှာအမြဲလိုပါလေ့ပါထရှိတဲ့ တရုတ်နံနံရိုးရယ်၊ ခါဂျက်ဥရယ်နဲ့ သူနဲ့ တွဲစားဘို့ ဟုမ်းမိတ်ဆော့စ်တစ်မျိုးကိုပဲပြုတ်နဲ့ ဖန်တီးလိုက်ပါတယ်။
သူငယ်ချင်းတို့ လည်း ပွဲရှိလို့ မစဉ်းစားချင်ရင်ဒီလိုပဲလုပ်ကြည့်ရင်သိပ်မပင်ပန်းပဲလှလှပပနဲ့ ပြီးသွားပြီး အားလုံးလည်းအားပေးကြတာတွေ့ ရပါလိမ့်မယ်။ ကျမက တနင်္ဂနွေနေ့ ခင်းပိုင်းမှာစားဘို့ စီစဉ်ထားတာပါ။ အားလုံးအဆင်ပြေတဲ့အချိန်ညှိလိုက်ကြတာလေ။ အဲတော့သောကြာနေ့ ညမှာ ကျောက်ကျော နှစ်ဘန်း (အဖြူသက်သက်ရယ် သာကူပန်းရောင်နဲ့ အစိမ်းရောထားတာရယ်)အရင်ထိုးထားလိုက်ပါတယ်။ အဲဒါကလည်းဘာမှမကြာပါဘူး။ ပင်လည်းမပင်ပန်းဘူး။ နာရီဝက်ဆိုတစ်ဘန်းရတာပါဘဲ။ အဲဒီညကတည်းကတစ်ဘန်းကိုလှီးပြီးဘူးတွေထဲထဲ့ပြီးရေခဲသေတ္တာထဲထဲ့ထားလိုက်တယ်လေ။ နောက်နေ့ တဘန်းကိုလှီးပြီးထဲ့ပေါ့။ ကျောက်ကျောကတော့လွယ်လို့ ထိုးနည်းမလိုပါဘူးနော်။
သောကြာမှာဈေးဝယ်တယ်။ ကြက်သားကိုစနေနေ့ မနက်ပိုင်းမှာဆားဆနွင်း၊မဆလာ၊ ဒိန်ချဉ်၊ ကြက်သားမှုန့် ၊ ငံပြာရည်နဲ့ နယ်ပြီးနှပ်ထား။ ကြက်သားနယ်ပြီးတော့ကန်စွန်းရွက်ရယ်၊ ကြာဆံကြော်ရယ်ထဲထဲ့မဲ့ အသီးအရွက်တွေ (ခါဂျက်ဥ၊ ဘရော့ကလီ၊ ပန်းမုန်လာ၊ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ ကိုလည်းသင်ပြီးလှီးချွတ် ရေစစ်ထားပါတယ်။ ပြီးတော့ရေအရမ်းစစ်အောင်မစောင့်ပဲ ရေခဲသေတ္တာထဲမှာ ထဲ့ထားလိုက်ပါတယ်။ ကြက်သွန်ဖြူကတော့နကိုယ်တည်းကသင်ပြီးသားတွေရှိတော့သင်စရာမလိုတော့ဘူး။ ဂျင်းပဲသင်ထားလိုက်တယ်။ ပဲပြုတ်နဲ့ ပုဇွန် အထုတ်တွေကိုရေခဲသေတ္တာအောက်ထပ်မှာရွှေ့  ထားလိုက်တယ်။ နောက်နေ့ သုံးရင်မခဲနေအောင်လို့ လေ။
ညနေပိုင်းကျတော့ကြက်သားကိုဂျင်း၊ ကြက်သွန်ဖြူနီ၊ မဆလာ၊ ပျဉ်းတော်သိမ်၊ ဇီယာနဲ့ ဆီသတ်ပြီးမှ ပေါင်းအိုးထဲမှာရေကိုကြက်သားမြုတ်ရုံထဲ့ပြီးတည်လိုက်ပါတယ်။ ပေါင်းအိုးနဲ့ ဆိုတော့ ဆယ်မိနစ် ကျော်ကျော်လောက်ဆိုအသားကကျက်ပြီး အာလူးရောလို့ ရတဲ့အနေရပြီ။ ဆီလည်ရေလည်အနှစ်နဲ့ ချက်မှာဆိုတော့ ရေကိုများများထဲ့ထားပါတယ်။ အာလူးကလည်းအရည်တွေစုတ်အုန်းမှာဆိုတော့များများထဲ့မှ မခြောက်မှာပါ။ တနင်္ဂနွေမနက်ကျတော့မှ အာလူးဆားနယ်ပြီးရောလိုက်ပါတယ်။ အာလူးကိုနဲနဲလည်းကြေစေချင်။ အားလုံးလည်းမကြေစေချင်ဆိုတော့ တ၀က်ကိုဒီတိုင်းရော၊ တ၀က်ကိုဆီနဲ့ လှိမ့်ပြီးမှထဲ့လိုက်ပါတယ်။ ချခါနီးတော့မဆလာလေးထပ်အုပ်တော့မွှေးမွှေးလေးပေါ့။
| ကြာဆံကြော် (ပြီးခဲ့တဲ့ပို့ စ်မှာကြော်တဲ့အတိုင်းကြော်ထားတာပါ။ အသားမပါပါဘူး။ ပုဇွန်နဲ့ ကြက်ဥနဲ့ အသီးအရွက်တွေပဲပါပါတယ်။) |
| သခွားသီး၊ကြက်သွန်နီ နဲ့ ငရုတ်ဆီ၊ သကြားလေးနဲနဲထဲ့ပါတယ်။ |
| သူတို့ တွေလာပြီးတော့မှ ကန်စွန်းရွက်ကြော်ပါတယ်။ စားပြီးတော်တော်လေးကြာမှရိုက်ရလို့ နဲနဲမဲနေပြီ။ |
| ကျောက်ကျော..ကိုယ့်ဖာသာကိုယ်လည်းမြည်းရသေးတာပေါ့နော်။း) |
| ကျောက်ကျော..ဘယ်တော့မှမမုန်းတဲ့ကျောက်ကျော |
| စနေနေ့ ကတည်းကဘူးထဲထဲ့ထားပြီးဘူးလိုက်ပဲချကျွေးလိုက်တော့တယ်။း) |
| ပုံတွေဝါးနေတာသီးခံပါနော်။ |
| အိုင်အိုရာတို့ အိမ်ကလက်ဖက်သုပ်ရင်ဂေါ်ဖီဖတ်ကြီးမှကြိုက်တယ်။ သေးရင်နယ်ပြီးရင်နွမ်းဖတ်သွားလို့ မကြိုက်ဘူးလေ။ |
| ကျောက်ကျောအတွင်းသား |
| အချိုပွဲ အုန်းနို့ သာကူကျောက်ကျော |
| အုန်းနို့ ကျောက်ကျော |
| ကျောက်ကျောဘန်းအအေးခံထားတာ |
| ကဲ..လာပါပြီ ကိုကိုတို့ မောင်မောင်တို့ အကြိုက်၊ ခလယ်ကပုလင်းကဘီယာပုလင်း။ဘယ်ဘက်က စက္ကူဘူးကလည်းဘီယာဘူးဘဲ။ |
သူငယ်ချင်းတွေက အင်တာနေရှင်နယ်လူမျိုးစုံ၊ ဆိုက်မျိုးစုံ၊ အရွယ်မျိုးစုံ။ အိုင်အိုရာကအသက်အကြီးဆုံး။ ကြီးကြီးငယ်ငယ်အိုင်အိုရာတို့ ရဲ့ ကျောက်ကျောနဲ့ လက်ဖက်သုပ်ကိုတော့မကြိုက်တဲ့သူကိုမတွေ့ သေးဘူး။ အားလုံးလည်းအားရပါးရစားကြ စကားတွေပြောကြနဲ့ အဲဒီနေ့ ကတော်တော်ပျော်ကြပါတယ်။ သည်လေဒီ ကိုသီရေတာမှာ သွားကြည့်ကြဘို့ တောင်ဆက်ချိန်းထားကြသေးတယ်လေ။ ကဲကြပုံတော့။ ခလယ်ကဘီယာဘူးရယ်၊ နောက်က ၀ိုင်ပုလင်းရယ်၊ ကုတ်ခ်ပုလင်းရယ် နဲ့ အိုက်စ်ခရင်ဘူးတွေ သူတို့ ကသယ်လာကြပါတယ်။
ဒီပွဲလည်းထုံးစံအတိုင်းလက်ကျန်တွေရှိနေသေးတယ်လေ။ သူကတော့ကြက်သားဟင်းတွေမကုန်ခင် အုန်းထမင်းထပ်ချက်ကြွေးပါတဲ့လေ။ ၀က်သားလုံးကတော့အကုန်ပြောင်ပြီ။
သူငယ်ချင်းသွားတော့မယ်ဆိုတော့ရှိနေတုန်းက ခဏခဏမတွေ့ ဖြစ်ခဲ့တာနောင်တရနေတာ။
အမြဲပါဘဲလေ။ နေ့ တစ်ဓူဝကိစ္စတွေနဲ့ ဘ၀ကကုန်နေရတယ်။
တွေ့ ကြုံ ဆုံကွဲ ဓမ္မတာဘဲ ဆိုပေမဲ့ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေးကိုတော့ လွမ်းနေမိဦးမှာပါ။
ကဲ...ရေးတာလည်းရှည်နေပြီ။ ဖတ်ရတဲ့သူလည်းစိတ်မရှည်ဖြစ်နေလျော့မယ်။
အိုင်အိုရာလည်းအိပ်ချင်လှပြီ။ ဘုရားလည်းမရှစ်ခိုးရသေးဘူး။ မနက်လေးနာရီထိုးသွားပြီ။ မြန်မြန်အိပ်မှ။
မနက်ကျခေါင်းကိုက်နေရင်ဒုက္ခ။း))
ထုံးစံအတိုင်းလာလည်လို့ မိတ်ဟောင်းမိတ်သစ်များအားလုံးကိုကျေးဇူးတင်ပါတယ်လို့ ။
ခင်မင်လေးစားသော...
အိုင်အိုရာ