Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label Burmese breakfast and others. Show all posts
Showing posts with label Burmese breakfast and others. Show all posts
Sunday, July 19, 2015
ငါးခူရဲယိုရွက်အုပ်အတု ဘူးသီးကြော် ငါးမြွေထိုးကြော် ဂေါ်ဖီသုပ် နဲ့ မုန်ညင်းဟင်းခါး
ငါးခူရဲယိုအတုဟင်း ..Cat fish & Kale
 တခါတခါဆို ငါးခူစင်းကောရဲယိုရွက်အုပ် အရမ်းစားချင်တာ။
အမေရိကားမှာ မြန်မာစာဆင်းရဲတော့ ကြံဖန်လုပ်စားရတာပေါ့။
ဒီဟင်းက Cat fish fillet (ငါးပတ်လိုလိုမျိုးကိုအသားလွှာထားတာ) ကိုစဉ်းပြီးတော့ ကြက်သွန်ဖြူနီဂျင်း ငရုတ်သီးထောင်းကို ဆီသတ် ခရမ်းချဉ်သီးတစ်လုံးလောက်ထဲ့ပြီး ဆားပြားထဲ့ မွှေးပြီးကျက်သွားတော့မှ ငါးစဉ်းထားတာတွေထဲ့ ငံပြာရည်ထဲ့ အဖုံးလေးအုပ်ထား။  ခြောက်သွားတဲ့အချိန်မှာ ရေဆူနည်းနည်းထဲ့  အုပ်ထား။ အရည်အားလုံးမခမ်းခင် မှာ အသင့်လှီးဖြတ်ဆေးကြောရေစစ်ထားတဲ့ ကေးလ်အရွက်တွေ ကိုရဲယိုရွက်အစားအုပ်။
ငရုတ်သီးစိမ်းလေးပါအုပ်။ ငံပြာရည်လေး အရွက်ထဲကို နည်းနည်းထပ်ဖြန်း။ အဖုံးအုပ်ထား။ ဖျစ်ဖျစ်မြည်လာရင် အရွက်လည်း အစိမ်းရောင်မပျက်လေး အိရင်ရပါပြီ။
( ကေးလ်ကခါးသက်သက်နဲ့ နုညံ့ပြီးတော်တော်နဲ့ အစိမ်းရောင်မပျောက်လို့ ကောင်းပါတယ်။)
မြန်မာ့ရိုးရာဘူးသီးကြော် မနက်စာအတွက်
 ဘူးသီးကြော်ကတော့ စားဖြစ်ပါတယ်။ ကုလားဆိုင်မှာ ဘူးသီးရတော့ ကုလားဆိုင်သွားတိုင်းဘူးသီးတစ်လုံးကတော့ပါလာတာဘဲ။
အိုင်အိုရာက အင်တာနက်မှာသူများတွေတင်ထားတဲ့ မှုန့် နှစ်တွေလိုက်လိုက်စမ်းကြည့်တယ်။
တချို့ လည်းပုံမှာတော့ကောင်းပါတယ်။ ကြော်ပြီးကြာကြာမခံတာများတယ်။
အမြန်စားချင်ရင်တော့ အိုင်အိုရာ က တင်ပူရာမှုန့် ထဲကို ဆန်မှုန့် နဲ့ ကောက်ညင်းမှုန့် ထပ်ရောပြီး ကြော်ဖြစ်တယ်။ (ကိုယ့်စိတ်ကြိုက်ဖြစ်တာလေးတွေနောက်မှ ပြန်ရှာပြီးတင်ထားလိုက်အုန်းမယ်။ လွယ်လွယ်ပြန်ရှာလို့ ရအောင်။)
ဆား၊ဂျင်းနဲ့ ကြက်သွန်ဖြူရည်ထဲ့တယ်။ ညှစ်ပြီးသားဂျင်းနဲ့ ကြက်သွန်ဖြူကိုမှ အချဉ်ရည်ဖျော်တဲ့ထဲထဲ့တယ်။ မြန်ကောင်းသက်သာအောင်ပေါ့။ အချဉ်ရည်ကို ကြက်ဖတံဆိတ် ငရုတ်ဆီ ထဲကို မန်ကျည်းရည် နဲ့ ငံပြာရည်ထဲ့တယ်။တခါတခါလည်းပဲကျက်မှုန့် ထဲ့တယ်။ မထဲ့တဲ့အခါများပါတယ်။
ငရုတ်သီးစိမ်း၊နံနံပင်ထဲ့တယ်။ စိတ်ကူးပေါက်သလိုလုပ်တယ်။ တခါတခါ ငရုတ်လှော်မှုန့် နည်းနည်းထဲ့တယ်။ ချိုချိုလေးဖြစ်ချင်ရင် ထညက်လေးနဲနဲ ထဲ့တယ်။ အရောင်လည်းပိုလှတယ်။
ကိုယ်တိုင်လုပ် ငါးမြွေထိုးခြောက်ကြော်
 ကုလားဆိုင်မှာ ငါးမြွေထိုးရေခဲရိုက်ရောင်းတယ်။ အဲဒါငါးမြွေထိုးခြောက်စားချင်ရင် အဲဒီက၀ယ်လာတာကို ရေဆေးဗိုက်ဖေါက်သန့် စင်ပြီးရင် ဆားနည်းနည်းလေးကဲပြီး နယ်။ အခြောက်လှမ်း။ ရာသီပေါ်မူတည်ပြီး သုံးလေးရက်ဆိုရပါပြီ။ ဆီပူနဲ့ ကြွတ်နေအောင်ကြော်ပြီး အဲဒီဆီနဲ့ ထမင်းပူလေးနဲ့ နယ်စားပြီး စားရတာ သဘောကျတယ်။
ဂေါ်ဖီထုတ်သုပ်
တခါတခါ ညနေပိုင်းတွေ ထမင်းမစားပဲ ဟင်းချိုနဲ့ အသုပ်စားဖြစ်တယ်။
ဘာမှသုပ်စရာမရှိရင် ဂေါ်ဖီကိုလှီးပြီး အသုပ်သုတ်သလို သုပ်စားတယ်။ ဆီချက်တို့ ပဲမှုန့် တို့ ပုဇွန်ခြောက်မှန့် တို့ အမြဲအဆင်သင့်လုပ်ထားတော့ သုပ်ရတာမြန်ပါတယ်။
ဆီချက်၊ ပဲမှုန့် ကျက်၊ ပုဇွန်ခြောက်မှုန့် ၊ ငံပြာရည် ၊ မန်ကျည်းရည်၊ ငရုတ်သီးလှော်မှုန့် ထဲ့ပြီး ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်သုပ်ထားတာပါ။
မုန်ညင်းဖြူဟင်းခါးနဲ့ ဂေါ်ဖီသုပ်
Iora's Flan
 မြန်မာလိုတော့ပူတင်းပဲခေါ်ရမှာပါ။ ထုံးစံအတိုင်း အချိုပွဲ လေးနဲ့ အဆုံးသတ်ကြတာပေါ့နော်။
အရင်က ခဏခဏလုပ်စားဖြစ်တာလေးပါ။
လုပ်နည်းကို ဒီမှာ တင်ပေးထားဘူးပါတယ်။
Flan made by Iora
 (ပုံတွေကို အချိန်ကုန်လို့ နံမည်မထိုးထားပါဘူး။ ကော်ပီရိုက်က အိုင်အိုရာပါ။ ဖဘ မှာရောတချို့ ဘလော့တွေမှာ ရောကိုယ့်ပုံတွေရော သူများပုံတွေရော ကိုယ်လုပ်ထားသလိုမျိုးခိုးကူးပြီးပြောင်တင်ကြတဲ့သူတွေကို ရှုံ့ ချပါတယ်။)
Flan made by Iora
ကိုယ့်စီမမေ့မလျော့လာလာလည်တဲ့သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ခင်မင်လျက်ပါလို့ ...
အိုင်အိုရာ
Saturday, April 7, 2012
ဘိန်းမုန့် လာပါပြီ..း)
စပျစ်သီးခြောက်ထဲ့တာမျိုးတို့ ဆိုရင်ပေါ့။ ပြောမယ်ဆိုရင်ထန်းလျက်ကိုလည်းလုံးဝမကြိုက်တတ်တော့ထန်းလျက်ပါတဲ့
မုန့် တွေစားခဲတယ်ပြောရမှာပါ။ ငယ်တုန်းကဆိုရင် ချောကလက်ကိုတောင်ထန်းလျက်နဲ့ တူတယ်ဆိုပြီးမစားပါဘူး။ ကြီးလာတော့မှရှားမှန်းကောင်းမှန်းသိပြီးကြိုက်ရကောင်းမှန်းသိလာတာ။
ဆန်မှုန့် တစ်ချိုး + Pancake mix နှစ်ချိုး ပေါင်း ၃ ချိုး
ရေ ၂ ချိုး (ဆိုလိုတာက အမှုန့် သုံးဆ ရေ နှစ်ဆပါ။ ခြင်ချင်တဲ့ခွက်နဲ့ ခြင်ပါ။ကျမတော့ 1/2 cup ခွက်နဲ့ ခြင်ထားတာပါ။)
Baking soda အနည်းငယ် (လက်ဖက်ရည်ဇွန်း နဲ့ သုံးပုံတစ်ပုံလောက်)
ထမင်းကြမ်း ထမင်းစားဇွန်း ၂ ဇွန်းခန့် 
ကြံသကာအရည်ပျစ်ပျစ်ကျိုပြီးသား (ထန်းလျက်မရှိလို့ ပါ) အရည်ကျဲနေရင်မုန့် ထဲ ရေလျှော့ထဲ့ပါ။
ဘိန်းစေ့
မြေပဲ စေ့ 
Almond crush
အုန်းသီးဖတ်
ထောပတ် တစ်တုံး
ဒါကပထမဆုံးလုပ်တာ
အုန်းသီးဖတ်ကဒီလိုမျိုးနဲ့ 
ဒီအိုးလည်းဂျပန်ဆိုင်က၀ယ်တာဘဲ။ ၁၁ ကျပ်ပေးရတယ်။
အမှန်တော့ကြက်ဥပုံလေးနဲ့ ဆိုတော့ကြက်ဥကြော်တဲ့အိုးဖြစ်မှာပါ။
နောက်တစ်ခါလုပ်တော့အုန်းသီးဖတ်ကအသေးဖတ်လေးတွေ။ တရုပ်ဆိုင်က၀ယ်လာတာ။
သူကတော့အရမ်းစားလို့ ကောင်းတယ်တဲ့။ မညီးတမ်းအားပေးရှာပါတယ်။
ကပြားဘိန်းမုန့် လို့ ခေါ်ရမလားဘဲ
 ဘိန်းမုန့် နဲ့ ပေါင်မုန့် ဘေးသားတွေလုပ်စားတာတင်ပေးမယ်ပြောပြီးပျောက်နေတာလေ။ စောင့်နေရတယ်ဆိုရင်တောင်းပန်ပါတယ်နော်။
ဘာမအားမှန်းကိုမသိပါဘူး။ အချိန်ကိုမရဘူး။ စာရေးရတာလည်းပျင်းနေတယ်။ စေတနာလေးထဲ့ပြီးလည်းအချိုးအဆလေးတွေရေးပေးချင်ပါတယ်။ ဒါပေမဲ့အဲလိုတွေမှတ်ရတာမပြောနဲ့ စာမေးပွဲဖြေရင်တောင်ဘယ်တော့မှပြန်မစစ်တတ်ဘူးလေ။ စစ်ရင်လည်း တစ်ပုဒ်နှစ်ပုဒ်ဘဲစစ်တယ်။ အကုန်လုံးဘယ်တော့မှပြန်မစစ်ဘူး။ ဒီတော့အဲလိုမျိုးတွေမှတ်ဘို့ မေ့မေ့နေတယ်။ တစ်ကယ်တော့အဲလိုလေးတွေမှတ်ထားတော့သိချင်တဲ့သူတို့ စမ်းချင်တဲ့သူတို့ အတွက်လည်းအဆင်ပြေသလို ကိုယ်လည်းနောက်တစ်ခါလုပ်တော့ပြန်ကြည့်လို့ ရတာပေါ့။ ကောင်းတဲ့ အကျင့်ဆိုကျမကလည်းသိပ်လုပ်ချင်တာမဟုတ်ဘူး။း))
သူငယ်ချင်းတို့ ရေ...
စမ်းချင်ရင်တော့စမ်းကြည့်လိုက်ပါအုန်းနော်။
သူကတော့သိပ်သဘောကျတယ်တဲ့။
အိုင်အိုရာကလည်း ဘိန်းမုန့် အစစ်ထက်စားကောင်းတော့နဲနဲတော့အားပေးပါတယ်။
အမြဲလာလည်သူများရောအသစ်လာလည်သူများရောအမြဲကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
Wednesday, February 1, 2012
အဆင်ပြေသလိုလုပ်စားထားသောနံနက်စာများ (နံနက်စာများ..၃)
စမူဆာ (ကိုယ်တိုင်လုပ်)
စမူဆာ
တော်တီးယာအဆာသွတ် (မက်ဆီကန်တွေစားလေ့ရှိတဲ့ Tortilla (တော်တီးယာလို့ ထွက်ပါတယ်) နံပြားလိုဟာကို ကိုယ်ကြိုက်တာတွေထဲ့ပြီး မီးကင်ပြီးစားတာပါ။ စားလို့ ကောင်းပါတယ်။ တယောက်ထဲစားရင်တော့မကုန်နိုင်ဘူး)
တော်တီးယာဒယ်ပြားထဲမှာကင်နေတာ
တော်တီးယာ၊ ချိစ်၊ ကြက်သွန်နီ၊ အရွက်၊ ခရမ်းချဉ်သီးဆော့၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း
ဘိုစာ (ကြက်ဥကိုဖေါက်ပစ်မှသဘောကျပါတယ်။ ပေါက်မှာပူစရာမလိုတော့ဘူးး))
ကျမပန်းကန်
သူ့ ပန်းကန်
ရွှေတောင်ခေါက်ဆွဲသုပ်
ကြာဆံချက်
မကြိုက်ဆုံးဆန်ပြုတ် (ဆန်ပြုတ်ထဲကို ငါးဖယ်၊ နံနံပင်၊ ကြက်သွန်မိတ်၊ ၀က်သားညှပ်ထဲ့ပြီးစားပါတယ်။ )
ပေါင်မုန့် ကို ချိစ်နဲ့ အရွက်ညှပ်ပြီးကင်ထားတာပါ (အရွက်ကို အရင်နွမ်းအောင်အပူပေးထားပါတယ် ပြီးမှချိစ်နဲ့ ရောပြီး ပေါင်မုန့် ထဲညှပ်တာပါ)
Brunch buffet စားတုန်းကပါ
ချိစ်ကိတ်
ကြာဆံသုပ် (၀က်သားနဲ့ ပါ)
တော်တိးယာကို နံပြားလို ကင်ပြီး ပဲပြုတ်နဲ့ စားထားတာပါ
အချဉ်
ကြက်ဥထမင်းကြော်
ဆင်းဒွစ် (ထောပတ်၊ ချိစ်၊ ဆလတ်၊ ကြက်သွန်နီ၊ ငရုတ်စိမ်း)
ပီဇာ ရယ်ဒီမိတ်ကို ကိုယ့်ဘာသာဖုတ်စားထားတာပါ
ပေါင်မုန့် ကို ချိစ် နဲ့ ထောပတ် ထဲ့ပြီး ကျွမ်းပြီးကျွတ်နေအောင် ဖုတ်စားထားတာပါ၊ သစ်တော်သီးတမျိုးနဲ့ တွဲစားပါတယ်။
ရယ်ဒီမိတ်မတ်ပဲကြော်၊ စမူဆာကြော် (အင်ဒီးယန်းဆိုင်က)၊ ရယ်ဒီမိတ် ကိုရီးယား Seafood pancake  ၊ ကော်ဖီ
ပေါင်မုန့် ပေါ်ချိစ်တင် ငရုတ်သီးထောင်းထားတာတင်ပြီး မိုက်ခရိုဝေ့နဲ့ အပူပေး၊ ချိစ်ပျော်တော့စားလိုက်တာပါဘဲ။
ချိစ်ပီဇာ (ကိုယ်တိုင်ဖုတ် ရယ်ဒီမိတ်)
ပေါင်မုန့် ဘေးသားတွေကို ကြက်ဥနဲ့ ထောပတ်နဲ့ ချိစ်နဲ့ ဖုတ်ထားတာ (အလွန်စားကောင်းပါတယ် စိတ်ဝင်စားရင်လုပ်နည်းတင်ပေးပါမယ်။ ပေါင်မုန့် ဘေးသားများဒီတော့မှ လွှတ်မပစ်ရတော့ပါ၊)
ထမနဲ နဲ့ ကော်ဖီ။ ပြီးခဲ့တဲ့ နှစ်ပါတ်လောက်ကထိုးစားထားတာပါ။
အချိန်ရယ်၊ ကိုယ့်မှာရှိနေတာရယ်၊ တခါတခါစားချင်တာရယ်၊ တွေကို အဆင်ပြေသလိုလုပ်စားထားတဲ့နံနက်စာတွေပါ။ အပျင်းပြေမယ်လို့ ထင်ပါတယ်ရှင်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ