 |
| ပုဇွန်ကြော် နဲ့ စပ်ချဉ် (Fried prawn with spicy dip) |
လုံးဝမအားတဲ့ကြားကဒီနေ့ ဖျစ်ညှစ်ပြီးပို့ စ်တင်လိုက်ပါတယ်။ တကယ်တော့တင်ပေးမယ်ပြောထားတဲ့
ချိစ်ကိတ်လုပ်စားထားတာလေးတွေကိုအကြွေးတင်နေတာကြာလှပါပြီ။ တကယ်ဘဲစိတ်ထဲမှာအဲဒါလေးတွေအရင်တင်ချင်ပါတယ်။ မအားတာတွေဆက်နေလို့ မရေးကိုမရေးဖြစ်ဘူးဖြစ်နေတာ။ ခုတော့ကြိုးစားပြီးရေးလိုက်ပါတယ်။း)
တဆက်တည်းအဲဒီရက်တွေတုန်းကလုပ်စားခဲ့တဲ့ပုဇွန်ကြော်လေးနဲ့ ဆလတ်သုတ်လေးပါ တွဲတင်လိုက်ပါတယ်။ လုပ်စားထားတာတွေက သုံးလေးလလောက်တောင်ရှိနေပါပြီ။ ဒါပေမဲ့ ချိစ်ကိတ်ပုံတွေနားမှာကပ်နေတာနဲ့ တခါတည်းတွဲတင်လိုက်ပါတယ်။
 |
| သန့် စင်ပြီးပုဇွန်များ (Costco ကသန့် ပြီးသားဝယ်ထားတာပါ) |
အိုင်အိုရာက ဒီလိုမျိုးအကြွတ်ကြော်စားရင်တော့ဖရိုးဇန်းပုဇွန်တွေကိုသုံးတာများပါတယ်။ သူကအားလုံးသန့် စင်ပြီးသားဆိုတော့အချိန်မကုန်ဘူး။ ထမင်းကြော်တို့ ၊ ဖတ်ထိုင်းကြော်တို့ အဲလိုဘာကြော်ညာကြော်တွေထဲထဲ့ဘို့ တို့ အဆင်ပြေပါတယ်။ တုန်ယမ်းဟင်းချိုထဲထဲ့တာတို့ ပုဇွန်ချဉ်လုပ်စားတာတို့ လည်းအဆင်ပြေပါတယ်။
မြန်မာလိုဆီပြန်ဟင်းတော့လုံးဝမချက်စားပါဘူး။ အိုင်အိုရာ့တွက်အလွန်ကိုညှီပါတယ်။ ယူအက်စ်ကိုရောက်ခါစကတော့
ဟား..ပုဇွန်ထုတ်လုပ်ပြီးသားတွေ၊ မိုက်လိုက်တာ။ ချက်စားမယ်။ ချက်စားမယ်ဆိုပြီး တစ်ထုတ်ကြီးဝယ်ပြီးချက်လိုက်ပါတယ်။ ချက်နေတုန်းထွက်လာတဲ့အနံ့ ကိုတောင်မခံနိုင်ဘူး။ စားဘို့ တော့နှစ်ကောင်အပြင်ဆက်ကိုမစားချင်တော့တာနဲ့ နောင်ဘယ်တော့မှ အဲဒီဖရိုဇန်းတွေကိုချက်မစားတော့ပါဘူး။ ခေါင်းပါတဲ့ကောင်တွေဘဲဝယ်ပြီးချက်စားတာကြိုက်ပါတယ်။
 |
| ကြက်ဥအနှစ်မွှေထားပါတယ် |
ကြော်ရတာတော့မြန်လည်းမြန်တယ်။ လွယ်လည်းလွယ်ပါတယ်။ ဆားပါးပါးနယ်ထားတဲ့ပုဇွန်တွေကိုခေါက်ထားတဲ့ကြက်ဥနှစ်ထဲနှစ်ပြီးအောက်က ပန်ကိုတံဆိတ်ပေါင်မှုန့် ခြောက်မှုန့် လူးပြီးဆီပူထဲထဲ့ကြော်ရုံပါဘဲ။ ဆူပါ အီးဇီး။ ကြက်ဥထဲမနှစ်ခင်ဂျုံမှုန့် နဲ့ လည်းလူးလေ့ရှိကြပါတယ်။ အိုင်အိုရာ့အတွက်တော့သိပ်မထူးဘူးထင်လို့ 
မလုပ်တာများပါတယ်။ စိတ်ကူးပေါက်သလိုပေါ့။
 |
ပြီးတော့ပုဇွန်ကိုကြက်ဥနှစ်ထဲနှစ်၊ ဒီ Japan made Panko bread crumb ထဲလူးပြီးကြော်ပါတယ်
|
 |
| ခုလို ရွှေညိုရောင်သန်းလာရင်ဆည်ပြီး တစ်ရှူးနဲ့ ဆီစစ်ပြီးစားမဲ့ပန်းကန်ထဲ ကိုယ့်မှာရှိနေတဲ့ ဟိုအရွက်ဒီအရွက်ထဲ့ပြီးပြင်လိုက်တာပါဘဲ |
|
 |
| ထုံးစံအတိုင်းကျမအကြိုက် ငရုတ်သီးစိမ်းအနီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ သံပုရာရည်နဲ့ ငါးငံပြာရည်နဲ့ လုပ်ထားတဲ့ချဉ်စပ်လေးနဲ့ တွဲစားပါတယ်။ ချဉ်စပ်ကတော့ကိုယ်ကြိုက်တဲ့အပြင်းအပျော့စပ်နိုင်ပါတယ်။ |

 |
| ပုဇွန်ကြော်ချည့်စားရမှာထက် ခုလိုမြန်ကောင်းသက်သာ အရွက်စုံတွေကိုသုတ်ထားတာနဲ့ တွဲစားတော့ ပိုပြီးစားချင်စဖွယ်ဖြစ်သလို ကျန်းမာရေးနဲ့ လည်းညီညွတ်တယ်လေ။ တတ်နိုင်ရင်တော့အမေရိကန်တွေအော်အော်နေတဲ့ ရိန်းဘိုးကာလာ အရောင်စုံပါနိုင်သလောက်ပါအောင်တွဲစပ်ထဲ့လိုက်တာပါဘဲ။ အရင်ပို့ စ်တွေမှာတင်ခဲ့သလိုဘဲ အို်င်အိုရာ့ စတိုင်နဲ့ သုတ်ထားတာပါ။ ဘိုမြန်မာကပြားစတိုင်ပါဘဲ။ ဆလတ်လုပ်စားတဲ့အရွက်တွေထဲကို စတော်ဘယ်ရီ၊ ကြက်သွန်နီသေးသေးနုပ်နုပ်လှီး၊ နှမ်း၊ ငါးငံပြာရည်၊ ရှောက်ယိုချိုချဉ်အရသာယူပြီး ဆီစိမ်းနဲနဲစမ်းပြီးသုတ်ထားတာပါ။ ဘိုတွေကရှာလကာရည်နဲ့ သံလွင်ဆီရောပြီး ဆားတို့ ငရုတ်ကောင်းတို့ ထဲ့ပြီးသူတို့ နည်းတွေအတိုင်းစပ်ပြီး ဆလတ်ကိုသုတ်သလိုအိုင်အိုရာကလည်း ကိုယ်နှစ်သက်တာထဲ့ပြီး သုတ်စားထားတာပါ။ မြန်မာပါးစပ်နဲ့ လည်းချိုချိုချဉ်ချဉ်လေးနဲ့ ငံပြာရည်နံ့ ၊ နှမ်းနံ့ ၊ ကြက်သွန်နံ့ လေးနဲ့ ဆိုတော့စားချင်စိတ်ပိုဖြစ်တာပေါ့နော။ |
 |
| ဒီလိုအရွက်တွေတစ်ဘူးကို ၄ကျပ်လောက်ပေးရတယ်။ အဲဒါတစ်ဘူးဝယ်ထားရင် အသီးအရွက်မချက်နိုင်လည်းအသားနဲ့ တွဲစားလိုက်တယ်လေ။ အမျှင်ပါအောင်ပေါ့။ |
 |
| Cheese cake with plum |
လာပါပြီ။ ကာလရှည်စွာကြွေးတင်နေတဲ့ အိုင်အိုရာ့ အကြိုက်ချိစ်ကိတ်လုပ်နည်း။း)
ချိစ်ကိတ်စလုပ်ခါစတုန်းက အင်တာနက်မှာရှာဖတ်တာ ခေါင်းတွေကိုနောက်သွားတာဘဲ။
နယူးယောက်ချိစ်ကိတ်တို့ ချီကာဂိုချိစ်ကိတ်တို့ ကနံမည်ကြီးတော့အဲဒီနည်းတွေကိုဦးစားပေးပြီးရှာတာလေ။
နောက်တော့စုပေါင်းစပ်ပေါင်းဖတ်မှတ်ပြီးကိုယ့်ဟာကိုယ်နဲနဲလေးစလုပ်ကြည့်တာအဆင်ပြေသွားတော့
အဲဒါကိုပဲဆက်လုပ်ဖြစ်သွားတော့တယ်။ ပထမတစ်ခါနှစ်ခါလုပ်ပြီးအချိုးကိုမမှတ်ထားမိလို့ နောက်မှမှတ်ထားပြီးသိမ်းထားလိုက်တာ။ ခုတော့သူများတွေကိုလည်းမျှဝေရင်းကိုယ်လည်းသေချာမှတ်ထားပြီးသားဖြစ်သွားတာပေါ့ဒီမှာတင်လိုက်တော့လေ။ နော်။
လိုတာတွေကတော့ Cream cheese 1 pack (8 oz), 1 Egg, sugar 4 table spoons, Milk 1/4 cup, Vanilla 2 drops, Zest 1 tea spoon, Some crackers crushed, 8"x 1-1/2" round baking tray
a pinch of salt, 375 degree F around 30 minute
ကဲ..စုပြီးရေးလိုက်တယ်။ မှတ်ရ ကူးရလွယ်အောင်လို့ နော်။
 |
| ဒီလိုဘူးကြီးနဲ့ ရောဘူးသေးရောရှိပါတယ်။ များသောအားဖြင့်ဘူးသေးနဲ့ လုပ်ပါတယ်။ ဘူးသေးကတစ်ခါလုပ်စာပါ။ ၈ အောင်စပါပါတယ်။ ဘူးကြီးက ဈေးချတာတွေ့ လို့ ချစ်ချစ်ကသူ့ အတွက်ခဏခဏလုပ်ပေးနိုင်အောင်ဆိုပြီုးဝယ်လာတာပါ။ ဘူးကြီးဝယ်ရင်လည်းအဲဒီဘူးခွံမှာ အတိုင်းအတာအမှတ်လေးတွေပါတော့ကြည့်ပြီးလှီးလိုက်ရုံပါဘဲ။ တခြားတံဆိပ်တွေလည်းရှိပါတယ်။ ဒါကဈေးပိုသက်သာပါတယ်။ ကောင်းလည်းကောင်းပါတယ်။ |
 |
| အပေါ်ယံပဲခြစ်ရပါမယ်။ အဖြူသားတွေမပါစေရပါဘူး။ ပါရင်ခါးပါမယ်။ |
 |
| ပထမဆုံး ခရင်မ်ချိစ်ကို အခန်းအပူချိန်ရအောင်အပြင်ထုတ်ထားရပါမယ်။
အိုင်အိုရာကတော့တစ်ခါတစ်ခါ အမြန်လုပ်ချင်ရင် မိုက်ခရိုဝေ့နဲ
့အပူနဲနဲပေးပြီးလုပ်လိုက်တာဘဲ။ အဲဒါဆိုရင်တော့ကြက်ဥတို့ နွားနို့ တို
့ထဲ့ချိန်မှာသိပ်ပူမနေအောင်သတိထားရတာပေါ့။
ဒါပေမဲ့အခန်းအပူချိန်မှာရှိနေမှလုပ်တာပိုအဆင်ပြေပါတယ်။
ခဲနေရင်လည်းမွှေတဲ့အခါမကြေလို့ စိတ်ညစ်ရပါတယ်။ |
Oven ကိုလည်း ၃၇၅ ဒီဂရီ ဖာရင်ဟိုက် နဲ့ ကြိုဖွင့်ထားရပါမယ်။
အဲဒီအချိန်မှာ ခရက်ကာလေးငါးခြောက်ချပ်ကို ဘလန်ဒါနဲ့ ကြိတ် ဒါမှမဟုတ် ပလတ်စတစ်အိတ်ထဲထဲ့ပြီးကြေအောင်တစ်ခုခုနဲ့ ထု။ တကယ်တော့ဒီအဆင့်ကိုလုပ်သာလုပ်ရတယ်။ အိုင်အိုရာတို့ နှစ်ယောက်စလုံးက အဲဒီအခံသားကိုမစားချင်ကြပါဘူး။ ဒီတော့ခပ်ပါးပါးလေးဘဲ ပါလေကာခင်းပါတယ်။ မုန့် ဖုတ်မဲ့ ဘန်းကို ထောပတ်နဲ့ နှံ့ အောင်သုတ်ပြီး အဲဒီအမှုန့် တွေထဲ့ပြီးဇွန်းဖင်နဲ့ ဖိချင်ဖိ၊ အောက်ခံညီတဲ့ ဖန်ခွက်တို့ ဘာတို့ နဲ့ ဖိပြီးညှိချင်ညှိပေါ့။ အိုင်အိုရာကတော့ ထောပတ်ကို တစ်ရှုးနဲ့ သုတ်ပါတယ်။ အမှုန့် တွေကို လက်အိတ်စွတ်ပြီးလိုက်ဖိပါတယ်။ ပြီးတော့ ရေခဲသေတ္တာထဲခဏထဲ့ထားပါတယ်။
 |
| ခရင်ချိစ်ကိုအရင်မွှေပါတယ်။ အပေါ်ကလို။ ပြီးတော့ ကြက်ဥဖေါက်ထဲ့။ ဆားထဲ့။ သကြားထဲ့။ ဗနီလာနှစ်စက်လောက်ထဲ့။ ရှောက်ခွံ (သံပုရာခွံလည်းရပါတယ်။) ခြစ်ထားတာထဲ့။ မွှေ။ နွားနို့ ရောထပ်မွှေ။ |
 |
| ဒါကနွားနို့ ရောပြီးသွားပြီ |
 |
ပြီးရင်ဘန်းကို မုန့် ဖုတ်ဘန်းကြီးထဲကိုအသာထဲ့။ အပေါ်ကနေ အစောကမွှေထားတဲ့ အရည်တွေလောင်းထဲ့ပြီးရင်အောက်ခံဘန်းကြီးထဲကိုရေနွေး(ရေဆူ)အသာလေးဘေးကနေလောင်းထဲ့ပါတယ်။
ပြီးရင် ကြိုပြီးဖွင့်ထားတဲ့ Oven ထဲမှာအပေါ်ဆင့်မှာထဲ့ဖုတ်ပါတယ်။ နာရီဝက်လောက်ဆိုကွက်တိလောက်ရပါပြီ။ ကိုယ့်မီးဖိုနဲ့ ကိုယ်အတိုးအလျော့ရှိနိုင်ပါတယ်။ ရေနွေးခံပြီးဖုတ်တာကတော့မတူးဘဲ စိုစိုလေးဖြစ်နေအောင်လို့ ပါ။ |
|
 |
သေချာအောင်လို့ အလယ်ကိုဒါးနဲ့ ဖြစ်ဖြစ်သွားကြားထိုးတံလေးနဲ့ ဖြစ်ဖြစ်စမ်းကြည့်လို့ အနှစ်တွေကပ်မပါလာဘူးဆိုရပါပြီ။
ပြီးရင်ရေခဲသေတ္တာထဲမှာအအေးခံထားပြီးတနာရီလောက်ဆိုလှီးစားနိုင်ပါပြီရှင်။ လှီးတဲ့အခါဘန်းနဲ့ ကပ်ရက်အနားသားကိုဒါးပါးလေးနဲ့ အရင်ခွာပေးရပါတယ်။ တချို့ ကမအေးခင်ခွာဘို့ ညွှန်းတာလည်းတွေ့ ရပါတယ်။ အိုင်အိုရာ့အတွက်တော့သိပ်မထူးသလိုမို့ အဆင်ပြေသလိုခွာလိုက်တာပါဘဲ။ အေးသွားတော့ ရှစ်စိတ်စိတ်ပြီးပန်းကန်ထဲကို ဇွန်းပြားနဲ့ ကော်ပြီးထဲ့ပါမယ်။ အပေါ်ယံသားတွေပဲ့တတ်တာတို့ မလှတာတို့ ကိုတော့ နှစ်သက်ရာအသီးလေးတွေ ယိုလေးတွေနဲ့ ဖုံးကာပြီးအလှဆင်လိုက်ရင်ဧည့်သည်ကျွေးဘို့ တင့်တယ်သွားတာပေါ့နော်။ |
 |
| Iora's cheese cake |
|
ချိစ်ကိတ်ထဲမှာနှစ်သက်ရာ လိုက်ဖက်ရာအသီးများလည်းထဲ့နိုင်ပါတယ်။ အိုင်အိုရာရဲ့ ချစ်ချစ်ကအထဲမှာအသီးတွေပါတာမကြိုက်လို့ ပြီးမှရှိတဲ့အသီးတခုခုနဲ့ တွဲစားပါတယ်။
 |
| Iora's cheese cake |
 |
| ဒါက Plum နဲ့ တွဲစားထားတာပါ (Cheese cake with plum) |
 |
| (Cheese cake with plum) |
အင်း..ခုမှဘဲစိတ်ပေါ့သွားတော့တယ်။ မွန်၊မြတ်ကြည်၊ဂျီးဒေါ်၊ မွန်လေး နဲ့ ချိစ်ကိတ်ကိုစောင့်နေတဲ့ဆွေမွန်များနဲ့ လာလည်သူများအတွက်မှတ်မှတ်ရရတင်ဖြစ်အောင်တင်လိုက်ပါပြီရှင်။
ငါးရံ့ ခြောက်ခွဲနည်း(ကျမနည်း)စောင့်နေသူများအတွက်ပဲကြွေးကျန်ပါတော့တယ်။ တင်ပေးဘို့ ဓါတ်ပုံရိုက်ထားပါတယ်။ မတင်ဖြစ်သေးတာပါ။
အားလုံးဘဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ