Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Wednesday, May 30, 2012
အိုင်အိုရာ့စတိုင် ဆယ်မွန်ငါးကင် ချိစ်ငရုတ်သီးကင် နဲ့ ဆလတ်ရွက်သုပ်
ဆယ်မွန်ငါးကိုအိုးကင်းပူတိုက်ပြီး ဆလတ်ရွက်သုပ်နဲ့ တွဲစားထားတာပါ။ ၀ိတ်တက်မှာကြောက်သူများအကြိုက်ပေါ့။း) စားထားတာတော့တစ်ပါတ်ကျော်လောက်ရှိသွားပါပြီ။ အိပ်မပျော်တာနဲ့ ဘလော့လေးကိုဖွင့်ကြည့်တော့အိုင်အိုရာ့မိတ်ဆွေတွေလည်းအဟောင်းတွေကိုပဲ
လာဖတ်နေကြတာနဲ့ ဒါလေးတင်ပေးလိုက်ပါတယ်ရှင်။
ဆယ်မွန်ငါးနဲ့ တွဲစားဘို့ လက်ဆောင်ရထားတဲ့ငရုတ်သီးတွေကိုလည်း ခွဲပြီးချိစ်ထဲ့ပြီး အတူတူကင်လိုက်ပါတယ်။ဒီငရုတ်သီးကချိုပါတယ်။
မြန်ကောင်းသက်သာသလားတော့မမေးနဲ့ ။ ငါးကိုဒီအတိုင်း Grill pan ထဲတင်ပြီးမှဆားနဲနဲဖြူး ငရုတ်ကောင်းနဲနဲဖြူးပြီး တဖက်ချင်းလှန်ပေးသွားတာပါ။ ငါးကမကျက်ခင်လှန်ရင်ပဲ့တတ်ပါတယ်။ လှန်တဲ့အချိန်မှာကပ်နေရင်ခဏဆက်ထားပါ။ ကျက်ရင်လွယ်လွယ်နဲ့ လှန်လို့ ရပါတယ်။ ဒယ်အိုးကိုငါးမကင်ခင်မှာ ဆီလေးနဲနဲဖြန်းပါတယ်။ စပရေးနဲ့ ဖြန်းတော့နဲနဲလေးဘဲဆီသုံးရပါတယ်။   
ငါးလည်းတစ်ဖက်လှန်ပြီးပြီ။ ငရုတ်သီးထဲကချိစ်လေးတွေလည်းပျော်လာပြီ။ စားရခါနီးပြီ...း)
ဘေးလေးပါစောင်းပြီးကင်တော့အားလုံးကျက်သွားတာပေါ့။ သိပ်အကျက်မကြိုက်ရင်တော့မလိုပါဘူး။
စားလို့ ရပါပြီ..
အင်ဒိုနီးရှားပုဇွန်မုန့် ကိုကြော်ထားလိုက်ပါသေးတယ် တစ်ဖက်ကနေ။
ထုံးစံအတိုင်း အမေရိကန်စတိုင်နဲ့ အိုင်အိုရာ့စတိုင်ပေါင်းပြီး ဆလတ်ရွက်သုပ်ပါတယ်။ ဆလတ်ရွက်ကိုအရွယ်တော်လေးတွေဖြတ်၊ ခရမ်းချဉ်သီးတစ်လုံးလောက်ကိုသေးသေးစိပ်ထဲ့၊ ကြက်သွန်နီနုတ်နုတ်သေးသေးလှီး ငရုတ်သီးစိမ်းအနီတောင့်ဖြတ်ထဲ့ (အရောင်လည်းလှ မစားချင်ရင်လည်းရှောင်နိုင်အောင်ပါ) Ricotta cheese နဲနဲထဲ့ ပန်းသီးနဲနဲစိပ်ထဲ့ နံနံပင်နဲနဲထဲ့ နှမ်းနက်လေးတွေနဲနဲထဲ့ (အဖြူထဲ့လည်းရပါတယ်။ ဒါလေးကပိုလှလို့ ပါ) ပြီးတော့ငံပြာရည်နဲနဲ လိမ္မော်ယို နဲနဲ ဆီနဲနဲလေးထဲ့ပြီး ခရင်းနဲ့ တူနဲ့ သုံးပြီးဖွဖွလေးနယ်လိုက်ပါတယ်။ (အမေရိကန်တွေက dressing ကိုအခြေခံ အနေနဲ့ သံလွင်ဆီ၊ ရှာလကာရည်တစ်မျိုးမျိုး၊ ဆား၊ ငရုတ်ကောင်းထဲ့ပါတယ်။ (သူတို့ နှစ်သက်ရာအမွှေးရွက်တို့ ၊ mustard အနှစ်တို့ ကိုထဲ့တာပေါ့လေ။ မထဲ့တဲ့သူလည်းမထဲ့ဘူးပေါ့) အိုင်အိုရာကတော့ရှာလကာရည်ကိုနေရာတကာမှာမကြိုက်တတ်တော့ ခရမ်းချဉ်သီးကအချဉ်တို့ ယိုကရတဲ့ချိုချဉ်အရသာတို့ နဲ့ အစားထိုးပါတယ်။ တစ်ခါတစ်လေသံပုရာသီးပေါ့
အဲဒါဆိုဒီလို လှလှပပနဲ့ ဆလတ်ရွက်သုပ်လေးတစ်ခွက်ရပါပြီ။ လှလှလေးဆိုတော့အရွက်မကြိုက်တဲ့ချစ်ချစ်လည်းစားကြည့်ပြီးအရမ်းကြိုက်တယ်လေ။ မတင်ဖြစ်ပေမဲ့ဒီလိုမျိုးခဏခဏသုပ်စားဖြစ်ပါတယ်။ အထူးသဖြင့်ညပိုင်းတွေမှာပေါ့။
ပန်းကန်ထဲမှာပန်းသီးစိပ် ဆလတ်ရွက်လေးတွေရံပြီးပြင်လိုက်ပါတယ်။ ပန်းသီးပေါ်မှာဂျပန်Mayonaise တင်လိုက်ပါတယ် သူရောကျမရောကြိုက်လို့ လေ။ ပြီးတော့ ကြက်တံဆိပ်ငရုတ်ဆီကိုအစက်လေးတွေချလိုက်ပါတယ်။
ထမင်းစားချင်ရင်နဲနဲစားရအောင်ပန်းကန်သေးသေးလေးနဲ့ ထဲ့ပါတယ်။
သံပုရာသီးစိပ်လေးလည်းတင်လိုက်ရော အရမ်းကိုစားချင်နေပါပြီ။
ငါးလှီးတာနဲနဲသေးသွားတယ်ထင်ပြီး မ၀လောက်ဘူးထင်နေတာ။ ငါးကအသားချည့်ဆိုတော့ရယ် အသုပ်တွေ အသီးတွေနဲ့ တွဲစားလိုက်တော့နှစ်ယောက်စလုံးအရမ်းဗိုက်တင်းသွားပါတယ်။ သူကထမင်းတောင်မစားဘူး။ အိုင်အိုရာကတော့အဲဒီပန်းကန်ထဲကထမင်းကိုတူလေးနဲ့ ကော်ကော်စားတာဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ပါဘူး။း)
ပုံမှန်ဆိုအိုင်အိုရာ က Coke မကြိုက်ပါဘူး။ သူငယ်ချင်းတွေယူလာတာကျန်နေတာနဲ့ သောက်ဖြစ်နေတာ ဒီလိုအသုပ်နဲ့ ငါးကင်နဲ့ ကျတော့လိုက်ပါတယ်။
ပုဇွန်မုန့် ကြော်ထဲကို ထဲ့စားကြည့်တာလေ။ ပုဇွန်မုန့် ကြော်ကမြန်မာပြည်ကလိုမကောင်းပါဘူး။ ဒီလိုလေးတင်စားမှ စားလို့ ကောင်းသွားတာပါ။
ဒါကနောက်တစ်နေ့ ကျကြော်စားထားတာပါ။
ဆလတ်ရွက်သုပ်ဘဲ။ ပန်းသီးမပါတော့ဘူး။
ကဲ...အကြာကြီးနေမှတစ်ခါလောက်တင်ဖြစ်နေလို့ အချဉ်မပေါက်နေပါနဲ့ နော်။
အမြဲလာအားပေးနေသူသူငယ်ချင်းအဟောင်းများရော တိတ်တိတ်လေးပဲအားပေးနေတဲ့ သူငယ်ချင်းအသစ်များရော ခုမှမျက်စေ့လည်ရောက်လာသူများရော လာလည်လို့ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေရှင်။ အိုင်အိုရာ့ ဒိုင်ယာရီတွေ ခြစားသွားလို့ ရေးချင်တာတွေမရေးဖြစ်တာပိုမရေးဖြစ်ဘို့ ဖန်လာလို့ စိတ်မကောင်းဖြစ်နေတာ။
အားလုံးဘဲစိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ ......
ခင်မင်လေးစားသော...
အိုင်အိုရာ
Tuesday, May 8, 2012
မြန်ကောင်းသက်သာနဲ့ ဝမ်းနည်းဝမ်းသာနှုတ်ဆက်ပွဲ
ကန်စွန်းရွက်ကြော်၊ ကြာဆံကြော်၊ ကြက်သားအာလူး၊ သခွားသီးနဲ့ ကြက်သွန်ချဉ်၊ တရုတ်နံနံရိုး နဲ့ ခါဂျက်ဥ၊ ချစ်ပ်စ်၊ ၀က်သားလုံးကြော် နဲ့ ဆလတ်ရွက်၊ ဟင်းချို၊ လက်ဖက်သုပ်
မြန်မြန်နဲ့ စားကောင်း သူတို့ လည်းစားနိုင်၊ အမြင်မှာလည်းလှ လူလည်းသက်သာ၊ ငွေလည်းသိပ်မကုန်၊ သိပ်လည်းအလုပ်မရှုပ်မဲ့ဟင်းတွေကို သူနဲ့ တိုင်ပင်ပြီးစီစဉ်ချက်လိုက်ပါတယ်။ ကျမစီစဉ်လိုက်တာကတော့ ကြက်သားအာလူး(အာလူးကရှိပြီးသား)မဆလာချက်ရယ်၊ ၀က်သားလုံးပြုတ်ကြော်ခြောက်ခြောက်လေးရယ်၊(မကြော်ဘူးလေ။ ကြော်ရင်အချိန်ပေးရတယ်။ လူပင်ပန်းတယ်။ညှော်တယ်။ ပျော့သွားရင်လည်းစားမကောင်းဘူးလေ)လက်ဖက်သုပ်ရယ်  (ဒါလည်းအဆင်သင့်ရှိပြီးရယ်ဒီမိတ်အထုတ်)၊ ကညွတ်ဖြစ်ဖြစ်အစိမ်းရောင်အရွက်တစ်မျိုးကြော်ရယ် (ကန်စွန်းရွက်ကြော်ဖြစ်သွားပါတယ်။ မြန်တယ်လေ။ကညွတ်ကဈေးကြီးနေပြီးကန်စွန်းရွက်ကသက်သာနေတယ်။)   နောက်ဆုံးတင်ထားတဲ့ပို့ စ်က ပုံစံမျိုး ကြာဆံကြော်ရယ်၊ ကြက်ရိုးပြုတ်ဟင်းချိုကို ကြက်သွန်မြိတ်၊ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်ကောင်းခတ်နဲ့ Appetizer ကိုတော့လွယ်လွယ်ရှိနေတာကိုဘဲလှအောင်ပြင်ထဲ့လိုက်ပါတယ်။ အာလူးကြော်ရယ်၊ နောက်ထပ်ချစ်ပ်တစ်မျိုးရယ်၊ ကျမတော့သိပ်သဘောကျတာမဟုတ်ပေမဲ့ဒီကဘိုပွဲတွေမှာအမြဲလိုပါလေ့ပါထရှိတဲ့ တရုတ်နံနံရိုးရယ်၊ ခါဂျက်ဥရယ်နဲ့ သူနဲ့ တွဲစားဘို့ ဟုမ်းမိတ်ဆော့စ်တစ်မျိုးကိုပဲပြုတ်နဲ့ ဖန်တီးလိုက်ပါတယ်။
သူငယ်ချင်းတို့ လည်း ပွဲရှိလို့ မစဉ်းစားချင်ရင်ဒီလိုပဲလုပ်ကြည့်ရင်သိပ်မပင်ပန်းပဲလှလှပပနဲ့ ပြီးသွားပြီး အားလုံးလည်းအားပေးကြတာတွေ့ ရပါလိမ့်မယ်။ ကျမက တနင်္ဂနွေနေ့ ခင်းပိုင်းမှာစားဘို့ စီစဉ်ထားတာပါ။ အားလုံးအဆင်ပြေတဲ့အချိန်ညှိလိုက်ကြတာလေ။ အဲတော့သောကြာနေ့ ညမှာ ကျောက်ကျော နှစ်ဘန်း (အဖြူသက်သက်ရယ် သာကူပန်းရောင်နဲ့ အစိမ်းရောထားတာရယ်)အရင်ထိုးထားလိုက်ပါတယ်။ အဲဒါကလည်းဘာမှမကြာပါဘူး။ ပင်လည်းမပင်ပန်းဘူး။ နာရီဝက်ဆိုတစ်ဘန်းရတာပါဘဲ။ အဲဒီညကတည်းကတစ်ဘန်းကိုလှီးပြီးဘူးတွေထဲထဲ့ပြီးရေခဲသေတ္တာထဲထဲ့ထားလိုက်တယ်လေ။ နောက်နေ့ တဘန်းကိုလှီးပြီးထဲ့ပေါ့။   ကျောက်ကျောကတော့လွယ်လို့ ထိုးနည်းမလိုပါဘူးနော်။
 သောကြာမှာဈေးဝယ်တယ်။ ကြက်သားကိုစနေနေ့ မနက်ပိုင်းမှာဆားဆနွင်း၊မဆလာ၊ ဒိန်ချဉ်၊ ကြက်သားမှုန့် ၊ ငံပြာရည်နဲ့ နယ်ပြီးနှပ်ထား။ ကြက်သားနယ်ပြီးတော့ကန်စွန်းရွက်ရယ်၊ ကြာဆံကြော်ရယ်ထဲထဲ့မဲ့ အသီးအရွက်တွေ (ခါဂျက်ဥ၊ ဘရော့ကလီ၊ ပန်းမုန်လာ၊ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ ကိုလည်းသင်ပြီးလှီးချွတ် ရေစစ်ထားပါတယ်။ ပြီးတော့ရေအရမ်းစစ်အောင်မစောင့်ပဲ   ရေခဲသေတ္တာထဲမှာ ထဲ့ထားလိုက်ပါတယ်။ ကြက်သွန်ဖြူကတော့နကိုယ်တည်းကသင်ပြီးသားတွေရှိတော့သင်စရာမလိုတော့ဘူး။ ဂျင်းပဲသင်ထားလိုက်တယ်။ ပဲပြုတ်နဲ့ ပုဇွန် အထုတ်တွေကိုရေခဲသေတ္တာအောက်ထပ်မှာရွှေ့  ထားလိုက်တယ်။ နောက်နေ့ သုံးရင်မခဲနေအောင်လို့ လေ။
ညနေပိုင်းကျတော့ကြက်သားကိုဂျင်း၊ ကြက်သွန်ဖြူနီ၊ မဆလာ၊ ပျဉ်းတော်သိမ်၊ ဇီယာနဲ့ ဆီသတ်ပြီးမှ ပေါင်းအိုးထဲမှာရေကိုကြက်သားမြုတ်ရုံထဲ့ပြီးတည်လိုက်ပါတယ်။ ပေါင်းအိုးနဲ့ ဆိုတော့ ဆယ်မိနစ် ကျော်ကျော်လောက်ဆိုအသားကကျက်ပြီး အာလူးရောလို့ ရတဲ့အနေရပြီ။ ဆီလည်ရေလည်အနှစ်နဲ့ ချက်မှာဆိုတော့ ရေကိုများများထဲ့ထားပါတယ်။ အာလူးကလည်းအရည်တွေစုတ်အုန်းမှာဆိုတော့များများထဲ့မှ မခြောက်မှာပါ။ တနင်္ဂနွေမနက်ကျတော့မှ အာလူးဆားနယ်ပြီးရောလိုက်ပါတယ်။ အာလူးကိုနဲနဲလည်းကြေစေချင်။ အားလုံးလည်းမကြေစေချင်ဆိုတော့ တ၀က်ကိုဒီတိုင်းရော၊ တ၀က်ကိုဆီနဲ့ လှိမ့်ပြီးမှထဲ့လိုက်ပါတယ်။ ချခါနီးတော့မဆလာလေးထပ်အုပ်တော့မွှေးမွှေးလေးပေါ့။
ကြာဆံကြော် (ပြီးခဲ့တဲ့ပို့ စ်မှာကြော်တဲ့အတိုင်းကြော်ထားတာပါ။ အသားမပါပါဘူး။ ပုဇွန်နဲ့ ကြက်ဥနဲ့ အသီးအရွက်တွေပဲပါပါတယ်။)
သခွားသီး၊ကြက်သွန်နီ နဲ့ ငရုတ်ဆီ၊ သကြားလေးနဲနဲထဲ့ပါတယ်။
သူတို့ တွေလာပြီးတော့မှ ကန်စွန်းရွက်ကြော်ပါတယ်။ စားပြီးတော်တော်လေးကြာမှရိုက်ရလို့ နဲနဲမဲနေပြီ။               
ဧည့်သည်တွေစားနေတုန်းမှာမြန်မြန်ရိုက်ရတော့မြင်တဲ့အတိုင်းဝါးတားတားဘဲ။ မကုန်ခင်မြန်မြန်ရိုက်ရတာ။ဝက်သားလုံးကိုလည်းစနေနေ့ ကတည်းက ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ခရုဆီ၊ ကြက်သားမှုန့် နယ်လုံးပြီးပြုတ်ကြော်လုပ်ထားလိုက်ပါတယ်။ ကျမကစနယ်ကတည်းကချက်မဲ့ဒယ်အိုးကြီးထဲထဲ့ပြီးနယ်ပြီးဘေးမှာလုံးပြီးစီသွားလိုက်တာ။ ဆေးရတာသက်သာအောင်ရယ်၊ အချိန်ကုန်သက်သာအောင်ရယ်ပေါ့။ ပြီးတော့ရေနဲ့  ဆီနဲ့ တစ်ခါတည်းထဲ့ပြီး အသားလုံးတွေမာသွားတော့မှတစ်လုံးစီပုံမပျက်အောင်ဇွန်းနဲ့ အသာလေးမွှေရင်းခွဲသွားပါတယ်။ ဆီပြန်တဲ့ထိတည်ထားလိုက်ပါတယ်။ မနက်စားခါနီးကျမှ ရဲရဲလေးဖြစ်အောင်အပူပေးပြီးပြန်လှိမ့်ပြီးမှ ပွဲပြင်လိုက်ပါတယ်။ ပန်းကန်လည်းလှ တွဲစားလို့ လည်းရအောင် အမေရိကန်ရိုမိန်းဆလတ်ရွက်နဲ့ ဘေးမှာစိတ်ထားတဲ့သံပုရာသီးနဲ့ တွဲထဲ့လိုက်ပါတယ်။
ပုံတွေဝါးနေတာတော့သီးခံလက်စနဲ့ သီးခံတော့နော်။ ဒါကလက်ဖက်သုပ်။ သူ့ ကိုလည်းဂေါ်ဖီတွေစနေနေ့ ကတည်းကလှီးပြီးနယ်မဲ့အိုးထဲအဆင်သင့်ထဲ့အုပ်ထားလိုက်တာ။ ခရမ်းချဉ်သီးပါရေဆေးပြီးထဲ့ထားလိုက်တယ်။ မနက်ကျတော့ကြက်သားထဲအာလူးရောနေချိန်မှာခရမ်းချဉ်သီး ရော သံပုရာသီးရောလှီးထဲ့ထားလိုက်တယ်။ လက်ဖက်ပုလင်းတွေအဆင်သင့်ဘေးမှာထားထားလိုက်တယ်။ မြန်အောင်လို့ ။ စားခါနီးမှလက်အိတ်စွတ်ပြီးအားလုံးထဲ့ငံပြာရည်၊ နဲ့  ဆီထဲ့ပြီးနယ်ပေးလိုက်ပါတယ်။ ငရုတ်သီးမစားနိုင်ကြတော့ဘေးမှာပဲပုံပေးလိုက်ပါတယ်။
ချစ်ပ်စ်..နဲ့ ပဲပြုတ် Humus . Humus ဆိုတာ popular ဖြစ်တဲ့ Middle Eastern dip တစ်မျိုးပါ။ သူတို့ အရှေ့ အလည်ပိုင်းမှာတော့ဘယ်လိုစားတယ်မသိ။ Bread နဲ့ စားတယ်လို့ တော့ကြားဘူးတယ်။ ဒီမှာတော့အဲဒီတရုတ်နံနံရိုးတို့ ၊ ခါဂျက်ဥတို့ ၊ ငရုတ်သီးအပွတောင့်ရောင်စုံတွေလှီးထားတာတို့  နောက်ပြီး မက်ဆီကန်အစာတစ်မျိုးဖြစ်တဲ့ တော်တီးယာလို့ ခေါ်တဲ့ချစ်ပ်စ်တွေနဲ့ တွဲစားကြပါတယ်။( Tortilla chips ကို ခရမ်းချဉ်သီးပန်ထွေဖျော်ပုံစံမျိုးစုံနဲ့ လည်းစားကြပါသေးတယ်။) အိုင်အိုရာလည်းကိုယ်ကြိုက်တာတွေကိုယ်ထဲ့ပြီးအိုင်အိုရာ့စတိုင်လုပ်လိုက်ပါတယ်။ ပဲပြုတ်ကို ရေနဲနဲ့ ထဲ့၊ ကြက်သွန်နီကြော်ထဲ့၊ ဆားနဲနဲထဲ့၊ မဆလာနဲနဲထဲ့ သံပုရာသီးနဲနဲညှစ်ထဲ့ပြီး ဘလင်ဒါနဲ့ ကြိတ်လိုက်တာ အပေါ်ကလို တို့ စားလို့ ရသွားပါတယ်။ သူတို့ လည်းအရမ်းကြိုက်ကြလို့ လုပ်နည်းမေးနေသေးတယ်။း)) အတုကို။
ကျောက်ကျော..ကိုယ့်ဖာသာကိုယ်လည်းမြည်းရသေးတာပေါ့နော်။း)
ကျောက်ကျော..ဘယ်တော့မှမမုန်းတဲ့ကျောက်ကျော
စနေနေ့ ကတည်းကဘူးထဲထဲ့ထားပြီးဘူးလိုက်ပဲချကျွေးလိုက်တော့တယ်။း)
အုန်းထမင်း နဲ့ ရိုးရိုးထမင်းနှစ်မျိုးချက်ပါတယ်။ ဒါကအုန်းထမင်း။ ထမင်းနှစ်အိုးလုံးကို နေ့ ခင်း ၁၂ နာရီမှာစတည်ပါတယ်။ ဒါမှ နေ့ ခင်း ၁နာရီကျော်မှာအဆင်သင့်လည်းဖြစ်နေအောင်ပူလည်းပူနေအောင်ပလတ်မဖြုတ်သေးဘဲတင်ပေးထားလိုက်ပါတယ်။ ပန်းကန်တွေဇွန်းတွေခရင်းတွေခွက်တွေအားလုံး ဘူဖေးလိုကိုယ့်ဖာသာကိုယ်ထဲ့စားနိုင်အောင်အဆင်သင့်တင်ပေးထားလိုက်ပါတယ်စနေနေ့ ညကတည်းက။ ပြီးတော့အပေါ်ကနေအားလုံးကိုအုပ်ထားပြီး မနက်ကျမှအုပ်ထားတာကိုဖယ်ထားလိုက်ပါတယ်။ သူတို့ လည်းစိတ်ကြိုက်ထဲ့။ အိမ်ရှင်လည်းသက်သာပေါ့။
ပုံတွေဝါးနေတာသီးခံပါနော်။
အိုင်အိုရာတို့ အိမ်ကလက်ဖက်သုပ်ရင်ဂေါ်ဖီဖတ်ကြီးမှကြိုက်တယ်။ သေးရင်နယ်ပြီးရင်နွမ်းဖတ်သွားလို့ မကြိုက်ဘူးလေ။
ကျောက်ကျောအတွင်းသား
အချိုပွဲ အုန်းနို့ သာကူကျောက်ကျော
အုန်းနို့ ကျောက်ကျော
ကျောက်ကျောဘန်းအအေးခံထားတာ
ကဲ..လာပါပြီ ကိုကိုတို့ မောင်မောင်တို့ အကြိုက်၊ ခလယ်ကပုလင်းကဘီယာပုလင်း။ဘယ်ဘက်က စက္ကူဘူးကလည်းဘီယာဘူးဘဲ။
လာပါပြီ။ ကိုကိုကာလသားတို့ အကြိုက် Tequila. တီကီးလာဆိုတာမက်ဆီကန်အရက်တစ်မျိုးပါ။ သိပ်ပြင်းပါတယ်။  သူ့ ကိုသောက်ရင် ဖန်ခွက်သေးသေးလေးထဲကိုထဲ့ပြီး straight  သောက်ရင်သောက်။ " lick..sip.. suck" လို့ ပြောပြီးသောက်တဲ့ နည်းနဲ့ သောက်ရင်သောက်။ လက်ညှိုးအရင်းနားမှာ ဆားကိုတင်၊ ရှောက်သီးစိပ်ကို အဆင်သင့်ထား ဖန်ခွက်သေးသေးထဲကိုတီကီးလာထဲ့။ ၀မ်း တူး သရီး ဆို ဆားကိုအရင်လျက်၊ တီကီးလာကိုမော့၊ ရှောက်သီးစိပ်ကိုပါးစပ်နဲ့ မြန်မြန်စုတ်။ ပြင်းလွန်းအားကြီးလို့ လျှာတွေအာတွေပူဆင်းသွားတာပေါ့။ အိုင်အိုရာကတော့တီကီးလာကိုပင်းတယကိုအမေရိကန်သူငယ်ချင်းမလေး (ကြယ်ကြွေတာကြည့်တဲ့သူငယ်ချင်းလေ)နဲ့ သူ့ သူငယ်ချင်းတွေနဲ့ သွားကြတုန်းကဟိုတယ်မှာညစာမစားခင် အပေါ်ကနည်းကိုသင်ပေးခဲ့လို့ မြန်မာပြည်မှာတတ်လာခဲ့တာပါ။ ပြင်းသလားတော့မမေးနဲ့ ဘဲ။ ဒီမှာလည်းသူငယ်ချင်းယောက်ျားလေးတွေဂုဏ်ပြုကြ နှုတ်ဆက်ကြရင်အဲဒါနဲ့ ဘဲလေ။ တစ်ချိန်လုံးကြုံနေရတယ်။
ဒီပွဲလည်းထုံးစံအတိုင်းလက်ကျန်တွေရှိနေသေးတယ်လေ။ သူကတော့ကြက်သားဟင်းတွေမကုန်ခင် အုန်းထမင်းထပ်ချက်ကြွေးပါတဲ့လေ။ ၀က်သားလုံးကတော့အကုန်ပြောင်ပြီ။
သူငယ်ချင်းသွားတော့မယ်ဆိုတော့ရှိနေတုန်းက ခဏခဏမတွေ့ ဖြစ်ခဲ့တာနောင်တရနေတာ။
အမြဲပါဘဲလေ။ နေ့ တစ်ဓူဝကိစ္စတွေနဲ့ ဘ၀ကကုန်နေရတယ်။
တွေ့ ကြုံ ဆုံကွဲ ဓမ္မတာဘဲ ဆိုပေမဲ့ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေးကိုတော့   လွမ်းနေမိဦးမှာပါ။     
ကဲ...ရေးတာလည်းရှည်နေပြီ။ ဖတ်ရတဲ့သူလည်းစိတ်မရှည်ဖြစ်နေလျော့မယ်။
အိုင်အိုရာလည်းအိပ်ချင်လှပြီ။ ဘုရားလည်းမရှစ်ခိုးရသေးဘူး။ မနက်လေးနာရီထိုးသွားပြီ။ မြန်မြန်အိပ်မှ။
မနက်ကျခေါင်းကိုက်နေရင်ဒုက္ခ။း))
ထုံးစံအတိုင်းလာလည်လို့ မိတ်ဟောင်းမိတ်သစ်များအားလုံးကိုကျေးဇူးတင်ပါတယ်လို့ ။
ခင်မင်လေးစားသော...
အိုင်အိုရာ   
Thursday, May 3, 2012
ထမင်းလွတ် ကြာဆံကြော်
ကြာဆံကြော်
 ကြာဆံကြော်စားထားတာကြာပါပြီ။ တစ်ခါမှမတင်ဖြစ်သေးလို့ တင်လိုက်ပါတယ်။
ကျမထဲ့ထားတဲ့အသီးအရွက်တွေကတော့ ပန်းမုန်လာ၊ ဘရော့ကယ်လီ၊ ခါဂျက်ဥ၊ ဂေါ်ရခါးသီး၊ ကြက်သွန်မြိတ်၊တရုတ်နံနံတို့ ပါ။ ရွှေပဲသီးတို့ ဘိုစားပဲတို့ ကြိုက်ရင်ထဲ့နိုင်ပါတယ်။
ကြာဆံကိုမကြော်ခင်ရေစိမ်ထားပါတယ်။ အဲဒီအချိန်မှာ အသီးအရွက်တွေရေဆေးမိမိနှစ်သက်သလိုလှီးဖြတ်ထားပါတယ်။ ပြုတ်ထားတဲ့ကြက်သားကို
အနေတော်လေးတွေလှီးထားပါတယ်။ အစိမ်းလိုက်ဆီသတ်လည်းရပါတယ်။ ကျမကတော့လိုတာသုံးရအောင်အရင်နေ့ မှာကတည်းက ပြုတ်ထားလို့ ပါ။ ပြုတ်ထားတော့ သုတ်သုတ် ကြော်ကြော် မြန်တယ်လေ။ ဟိုထဲ့ဒီထဲ့ထဲ့ရတာလည်းအဆင်ပြေလို့ ပါ။
 ကြာဆံကြော်ရတာကြော်လေ့ကြော်ထရှိရင်ဘာမှမခက်ပါဘူး။ သူ့ ကိုကြော်ရင်ကြာဆံမျှင်တွေပြတ်ပြီးမသွားအောင်သတိလေးထားလိုက်ရင် လှလှပပလေးရပါတယ်။ ပြတ်နေရင်တော့သိပ်မလှတော့သူများကိုကြွေးရင်မျက်နှာပန်းသိပ်မလှဘူးပေါ့။ ကျန်တာကတော့ဘာမှပညာမပါပါဘူး။ ကျမတို့ အမေကကြာဆံကြော်နေရင်ပျော့ပြီးပြတ်ကုန်ရင်သဘောမကျပါဘူး။ အမြဲသတိပေးပါတယ် မပြတ်စေဘို့ ။ အမေကသိပ်အသေးစိပ်တာဘဲ။ ဂျီးများတာဘဲလို့ ငယ်ငယ်တုန်းကတွေးခဲ့သလောက် ကျမလည်းအမေ့ခြေရာတစ်ထပ်တည်းနင်းမှန်းမသိနင်းနေမိလျက်သားဖြစ်နေတာ မကြာခဏသတိပြုမိလာပါတယ်။
ကြက်တံဆိပ်ငရုတ်ဆီနဲ့ သခွားသီး၊ ကြက်သွန်ချဉ်
 ပထမဆုံးဆီနဲနဲနဲ့ ကြက်ဥတွေမွှေကြော်လိုက်ပါတယ်။  ပြီးတော့ပန်းကန်တစ်ချပ်ထဲဆည်ထဲ့ထားပါတယ်။
ဝက်အူချောင်းလည်းသပ်သပ်ကြော်ပြီးဖယ်ထားပါတယ်။ ဒါကကျမပန်းကန်ကိုရိုက်ထားလို့ ဝက်အူချောင်းမပါလာပါဘူး။ ၀က်အူချောင်းလည်းငယ်ငယ်ကကြိုက်သလောက်ခုသိပ်မကြိုက်တော့ပြန်ဘူးလေ။
 ပြီးတော့ ကြက်သွန်ဖြူထောင်းထားတာဆီသတ်ပြီး အသားတွေနဲ့ အသီးအရွက်တွေထဲ့ ခရုဆီထဲ့။ ဆားပါးပါးထဲ့။ သကြားလေးနဲနဲထဲ့။သက်သတ်လွတ်စားချင်ရင် အသီးအရွက်ချည့်ထဲ့ကြော်ရုံပါဘဲ။ သက်သတ်လွတ်လည်းစားကောင်းပါတယ်ရှင်။
အသီးအနှံတွေကိုယ်နှစ်သက်သလောက်အနေရခါနီးရင် ရေစစ်ထားတဲ့ကြာဆံထဲ့။ ခရုဆီထဲ့မွှေ။ ခဏဘဲ။ သာသာလေးမွှေပြီး အားလုံးလည်းသမ၊ ကြာဆံလည်း ကျက်။ အစောကဖယ်ထားတဲ့ ကြက်ဥကြော်တို့ ဝက်အူချောင်းတို့ ထဲ့။ တရုတ်နံနံ နဲ့ ကြက်သွန်မြိတ်ဖြတ်ထဲ့။ ငရုတ်ကောင်းမှုန့် လေးဖြူးလိုက်ရင် သုံးဆောင်လို့ ရပြီပေါ့။ ၀က်အူချောင်းကမဖယ်လည်းရပါတယ်။ ကျမကသူ့ အနံ့ ကိုမလိုချင်လို့ ဖယ်ထားတာပါ။ တကယ်လို့ ကြာဆံကစိမ်ထားတာလိုရင် ရေလေး ဖြန်း ဒါမှမဟုတ်
အရိုးပြုတ်ရည်တည်ထားတာရှိရင်အရိုးပြုတ်ရည်လေးနဲ့ နဲနဲဖြန်းကြော်လည်းကောင်းတယ်။ ဟင်းချိုလေးလည်းလုပ်လို့ ရတာပေါ့။ မတည်ထားလည်းရပါတယ်။ ခရုဆီနဲ့ သကြားလေးနဲ့ ဆိုအိုခေပါတယ်။ ကျမတော့တည်ထားတဲ့အရိုးပြုတ်ရည်ထဲကို အရသာပြင်ပြီး သောက်ခါနီးကျကြက်သွန်မြိတ်နဲ့  ငရုတ်ကောင်းလေးခပ်လိုက်တာပေါ့။
ကျမတော့ဟင်းချိုပန်းကန်မရိုက်ထားလိုက်တော့ဘူး။ ရိုက်ရင်စားတဲ့အခါကျအေးနေပြန်ရော။ ခုနောက်ပိုင်းဓါတ်ပုံရိုက်ရတာပျင်းပျင်းနေလို့ သူကတောင်မစားခင်ဓါတ်ပုံမရိုက်တော့ဘူးလားတဲ့။
သုံးဆောင်နိုင်ပါပြီ
ဂရိတ်ဖရုသီးလေးနဲ့ အအီပြေအချိုတည်းနော်။
လာလည်တဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်။
ကျမအသစ်မတင်ပေမဲ့လည်း အမြဲလိုလို လာလာဖတ်တဲ့မိတ်သစ်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ ။
ကွန်မန့် မချန်ခဲ့ပေမဲ့လည်း လာလည်တဲ့အတွက်ကျေးဇူးတင်ပြီးသားပါရှင်။ အားတဲ့အခါတော့ထပ်လာလည်ပါဦးလို့ ဖိတ်ပါတယ်။
ခင်မင်လေးစားသော...
အိုင်အိုရာ