Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, January 29, 2011
ဒီရက်တွေအတွင်းချက်စား ဖြစ်ခဲ့တဲ့ဟင်းအချို့ 
 ဟင်းချက်တဲ့နေ့ ......
ဝက်သားလုံးပြုတ်ကြော်...
ဝက်ဦးနှောက်မဆလာချက်....
ခရမ်းချဉ်သီးငပိချက်ဆီပြန်...
တို့ စရာ...
ဝါးတားတားဟင်းချို သို့ မဟုတ် ချဉ်ပေါင်ဟင်းချို.....
မုန်ညင်းဖူး၊ မှို နဲ့ုငြုတ်သီးရောကြော်....
ကျန်ဖြတ်နေ့ ... ၀က်နံရိုး၊ ၀က်အူချောင်းရောသမမွှေ...
ကျန်ဖြတ် ကြက်သားအာလူး....
  မုန်လာဥချဉ်ရည် ရှမ်းနံနံအုပ်....
 ငြုတ်သီးစိမ်းထောင်း....
    Mackerel fish ငါးဟင်းဆီလည်ရေလည်...
    ကိုက်လံကြော်မြန်မာစတိုင်....
    ချယ်ရီသီး....
    ထမနဲ....
Friday, January 28, 2011
မြန်မာ့သဘာ၀၀န်းကျင်
မန်မာပီပီ မြန်မာ့သဘာ၀၀န်းကျင် အကြောင်းနားထောင်ရ၊ လေ့လာရ၊ သင်ယုရ၊ ဆွေးနွေးဖလှယ်ရတာ အလွန်စိတ်ဝင်စားပါတယ်။ ဂုဏ်လည်းယူပါတယ်။ ကျမ တို့ တိုင်းပြည်ဟာ ကပ်ပလီပင်လယ်ပြင်တို့ ၊ တနင်္သာရီတိုင်းတို့  လို ရခိုင်ပြည်နယ်တို့ လို ပင်လယ်ကမ်းရိုးတန်းကနေ ရေခဲတွေဖုံးလွှမ်းထားတဲ့ ဟိမ၀န္တာတောင်စွယ်တန်းတွေထိ ဂေဟစနစ်တွေ ထူးထူးခြားခြား ရှိနေလို့ လည်း အပင်မျိုးစိပ်တွေ၊ သတ္တ၀ါမျိုးစိပ်တွေ စုံလင်လှပါတယ်။ ဒါပေမဲ့ ဒီလိုတွေ ဂုဏ်ယူစရာ ကောင်းလောက်အောင်၊ ဒါတွေ ဒီလိုရှိကြပါတယ်လို့ စနစ်တကျ သိပံ္ဗနည်းကျမှတ်တမ်းတင်ထားတာကတော့၊ နိုင်ငံခြားဘာသာနဲ့  နိုင်ငံခြားသားတွေက လေ့လာမှတ်တမ်းပြုစုထားကြတာဖြစ်ပြီး၊ မြန်မာဘာသာနဲ့ မရှိသလောက်ဘဲ ဖြစ်ပါတယ်။ ဒါဟာဝမ်းနဲစရာတစ်ခုပါ၊ The Birds of Burma ဆိုတဲ့စာအုပ် ဟာ အင်္ဂလိပ်လူမျိုး B. E Smythies က ၁၉၄၀ လောက်မှာရေးခဲ့တာ ဖြစ်ပြီး သူ့ ထက်ပြည့်စုံတဲ့ စာအုပ်ကို  မထုတ်နိုင်သေးပါဘူး။ သုက သစ်တောဝန်ထောက် အဖြစ်နဲ့  ကျမတို့ နိုင်ငံမှာ လွတ်လပ်ရေးရတဲ့နေ့ ထိ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၀ နှစ်များပိုင်းနဲ့ နောက်ပိုင်းမှာတော့၊ မြန်မာ့သဘာဝအပင်နဲ့  သားငှက်တိရစ္ဆာန် (wildlife) တွေကို လေ့လာမှတ်တမ်းတင်မှုများ ကို အနည်းငယ်မျှသောမြန်မာပညာရှင်များ၊ တက္ကသိုလ်ကျောင်းသားများ နဲ့  သားငှက်ထိန်းသိမ်းရေး သမားများက ကြိုးပမ်းလုပ်ဆောင်တာတွေ ရှိလာပါတယ်။ ဒါပေမဲ့ စာအုပ်စာတမ်းအကိုးအကားတွေ ကပြည်တွင်းမှာ အရမ်းရှားတယ်။ မြန်မာလိုရော၊ ဘိုလိုရော။ လေ့လာမှုအထောက်အကူပြု ကိရိယာ တွေကလည်း ပြည်တွင်းမှာ မရနိုင်တာတို့ ၊ ရှားတာတို့ ဖြစ်ပြီး၊ ပြည်ပကိုမှာနိုင်ပြန်ရင်လည်း ဈေးကြီးတာတွေရယ်ကြောင့်၊ လေ့လာသုတေသန လုပ်လိုသူများ အတွက် အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။ ပြည်ပမှာ internet ကိုအချိန်မရွေး သုံးနေနိုင်တဲ့ သူများက ပြည်တွင်းက လေ့လာလိုသူများ အတွက် ပြန်လည်မျှဝေပေးတာ အလွန်ကိုတန်ဘိုးရှိပါတယ်။
Hill Forest - photo: Iora
One of my favorite things
One of my favorite things is going to the farmers market and buying the Asian vegetables something like Chinbaung, Pumpkin leave, Gourd leave, Burmese Basil (I name it by myself), Small egg plant, Bitter Melon leave, Bitter Melon (Burmese type) etc.. My husband always reminds me not to buy so much because I can't eat them all myself and he is not a vege guy and he prefers meat. So I am the only one who is 100% responsible to finish them up.
         The vegetables I bought from the farmer's market
ခ၀ဲသီးနှင့်ပင်စိမ်းဟင်းချို
မြန်မာ့ရိုးရာနည်းပါဘဲ၊ မထူးဆန်းပဲသောက်ရတာရှင်းပါတယ်။
Wednesday, January 26, 2011
ခရမ်းချဉ်သီးချက် နဲ့  တို့ စရာ ရယ် ငါးကြော် (ready made)ရယ်
အကြိုက်ဆုံးဟင်းထဲမှာသူလဲပါတယ်။ ကြက်သွန်ဖြူ၊နီ၊ ငြုတ်သီး ထောင်း (တကယ်တော့သေးသေးလေးလှီးထားတာပါ) ၊ ပုဇွန်ခြောက်မှုန့် ၊ ဆား၊ ခရမ်းချဉ်သီး ပါးပါးစိပ် ထားတာတွေအားလုံးကို ဆီထဲ့ပြီး လုံးလိုက်ပါတယ်။ (အချိန်မပေးနိုင်လို့ ရယ်သိပ်လဲမထူးဘူးထင်လို့ ဆီမသပ်တော့ပါဘူး)ခရမ်းချဉ်သီးကြေတဲ့ထိ၊ ရေလိုရင်ရေနဲနဲချင်းထဲ့ပြီးချေပေးပြီးကြာကြာလေးတော့တယ်ရပါတယ်။ ငံပြာရည် နဲနဲကဲထဲ့ပါတယ် တို့ စားလို့  ကောင်းအောင်။ ဆီလျှော့ထဲ့ထားပါတယ်။ ခရမ်းချဉ်သီးဗူးနဲ့ ချက်ရင်တော့ super fast ပေါ့။ ဗူးတွေပေါတဲ့အရပ်မို့ fresh ပဲဖြစ်နိုင်ရင်စားချင်ပါတယ်။ ဆီပြန်ပြန်လေးကြိုက်ရင်ဆီများထဲ့နိုင်ပါတယ်။ဟင်းချက်တာကတော့ အချိန်ရယ်၊ mood ရယ် အပေါ် မူတည်ပြီးကောင်းတစ်လှဲ့ မကောင်းတစ်လှဲ့ ဖြစ်တတ်ပါတယ်။ အချိန်ရပေမဲ့mood ကမကောင်းရင်တော့၊ (အဟင်း) တာ့တာ ပေါ့၊ အင်္ဂလိပ်ကြောင်အိမ်ထဲမှာ သိမ်းရတာ အဆင်ပြေအောင် container ထဲဘဲထဲ့လိုက်ပါတော့တယ်။