Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Monday, October 15, 2012
ပုဇွန်ကြော်၊အရွက်သုတ် နဲ့ ချိစ်ကိတ်လာစားလှည့်နော်
ပုဇွန်ကြော် နဲ့ စပ်ချဉ် (Fried prawn with spicy dip)
  လုံးဝမအားတဲ့ကြားကဒီနေ့ ဖျစ်ညှစ်ပြီးပို့ စ်တင်လိုက်ပါတယ်။ တကယ်တော့တင်ပေးမယ်ပြောထားတဲ့
ချိစ်ကိတ်လုပ်စားထားတာလေးတွေကိုအကြွေးတင်နေတာကြာလှပါပြီ။ တကယ်ဘဲစိတ်ထဲမှာအဲဒါလေးတွေအရင်တင်ချင်ပါတယ်။ မအားတာတွေဆက်နေလို့ မရေးကိုမရေးဖြစ်ဘူးဖြစ်နေတာ။ ခုတော့ကြိုးစားပြီးရေးလိုက်ပါတယ်။း)
တဆက်တည်းအဲဒီရက်တွေတုန်းကလုပ်စားခဲ့တဲ့ပုဇွန်ကြော်လေးနဲ့ ဆလတ်သုတ်လေးပါ တွဲတင်လိုက်ပါတယ်။ လုပ်စားထားတာတွေက သုံးလေးလလောက်တောင်ရှိနေပါပြီ။ ဒါပေမဲ့ ချိစ်ကိတ်ပုံတွေနားမှာကပ်နေတာနဲ့ တခါတည်းတွဲတင်လိုက်ပါတယ်။
သန့် စင်ပြီးပုဇွန်များ (Costco ကသန့် ပြီးသားဝယ်ထားတာပါ)
 အိုင်အိုရာက  ဒီလိုမျိုးအကြွတ်ကြော်စားရင်တော့ဖရိုးဇန်းပုဇွန်တွေကိုသုံးတာများပါတယ်။ သူကအားလုံးသန့် စင်ပြီးသားဆိုတော့အချိန်မကုန်ဘူး။ ထမင်းကြော်တို့ ၊ ဖတ်ထိုင်းကြော်တို့ အဲလိုဘာကြော်ညာကြော်တွေထဲထဲ့ဘို့ တို့ အဆင်ပြေပါတယ်။ တုန်ယမ်းဟင်းချိုထဲထဲ့တာတို့ ပုဇွန်ချဉ်လုပ်စားတာတို့ လည်းအဆင်ပြေပါတယ်။
မြန်မာလိုဆီပြန်ဟင်းတော့လုံးဝမချက်စားပါဘူး။ အိုင်အိုရာ့တွက်အလွန်ကိုညှီပါတယ်။ ယူအက်စ်ကိုရောက်ခါစကတော့
ဟား..ပုဇွန်ထုတ်လုပ်ပြီးသားတွေ၊ မိုက်လိုက်တာ။ ချက်စားမယ်။ ချက်စားမယ်ဆိုပြီး တစ်ထုတ်ကြီးဝယ်ပြီးချက်လိုက်ပါတယ်။ ချက်နေတုန်းထွက်လာတဲ့အနံ့ ကိုတောင်မခံနိုင်ဘူး။ စားဘို့ တော့နှစ်ကောင်အပြင်ဆက်ကိုမစားချင်တော့တာနဲ့ နောင်ဘယ်တော့မှ အဲဒီဖရိုဇန်းတွေကိုချက်မစားတော့ပါဘူး။ ခေါင်းပါတဲ့ကောင်တွေဘဲဝယ်ပြီးချက်စားတာကြိုက်ပါတယ်။
ကြက်ဥအနှစ်မွှေထားပါတယ်
 ကြော်ရတာတော့မြန်လည်းမြန်တယ်။ လွယ်လည်းလွယ်ပါတယ်။ ဆားပါးပါးနယ်ထားတဲ့ပုဇွန်တွေကိုခေါက်ထားတဲ့ကြက်ဥနှစ်ထဲနှစ်ပြီးအောက်က ပန်ကိုတံဆိတ်ပေါင်မှုန့် ခြောက်မှုန့် လူးပြီးဆီပူထဲထဲ့ကြော်ရုံပါဘဲ။ ဆူပါ အီးဇီး။ ကြက်ဥထဲမနှစ်ခင်ဂျုံမှုန့် နဲ့ လည်းလူးလေ့ရှိကြပါတယ်။ အိုင်အိုရာ့အတွက်တော့သိပ်မထူးဘူးထင်လို့ 
မလုပ်တာများပါတယ်။ စိတ်ကူးပေါက်သလိုပေါ့။
ပြီးတော့ပုဇွန်ကိုကြက်ဥနှစ်ထဲနှစ်၊ ဒီ Japan made Panko bread crumb ထဲလူးပြီးကြော်ပါတယ်
ခုလို ရွှေညိုရောင်သန်းလာရင်ဆည်ပြီး တစ်ရှူးနဲ့ ဆီစစ်ပြီးစားမဲ့ပန်းကန်ထဲ ကိုယ့်မှာရှိနေတဲ့ ဟိုအရွက်ဒီအရွက်ထဲ့ပြီးပြင်လိုက်တာပါဘဲ
ထုံးစံအတိုင်းကျမအကြိုက် ငရုတ်သီးစိမ်းအနီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ သံပုရာရည်နဲ့ ငါးငံပြာရည်နဲ့ လုပ်ထားတဲ့ချဉ်စပ်လေးနဲ့ တွဲစားပါတယ်။ ချဉ်စပ်ကတော့ကိုယ်ကြိုက်တဲ့အပြင်းအပျော့စပ်နိုင်ပါတယ်။
ပုဇွန်ကြော်ချည့်စားရမှာထက် ခုလိုမြန်ကောင်းသက်သာ အရွက်စုံတွေကိုသုတ်ထားတာနဲ့ တွဲစားတော့ ပိုပြီးစားချင်စဖွယ်ဖြစ်သလို ကျန်းမာရေးနဲ့ လည်းညီညွတ်တယ်လေ။ တတ်နိုင်ရင်တော့အမေရိကန်တွေအော်အော်နေတဲ့ ရိန်းဘိုးကာလာ အရောင်စုံပါနိုင်သလောက်ပါအောင်တွဲစပ်ထဲ့လိုက်တာပါဘဲ။ အရင်ပို့ စ်တွေမှာတင်ခဲ့သလိုဘဲ အို်င်အိုရာ့ စတိုင်နဲ့ သုတ်ထားတာပါ။ ဘိုမြန်မာကပြားစတိုင်ပါဘဲ။ ဆလတ်လုပ်စားတဲ့အရွက်တွေထဲကို စတော်ဘယ်ရီ၊ ကြက်သွန်နီသေးသေးနုပ်နုပ်လှီး၊ နှမ်း၊ ငါးငံပြာရည်၊ ရှောက်ယိုချိုချဉ်အရသာယူပြီး ဆီစိမ်းနဲနဲစမ်းပြီးသုတ်ထားတာပါ။ ဘိုတွေကရှာလကာရည်နဲ့ သံလွင်ဆီရောပြီး ဆားတို့ ငရုတ်ကောင်းတို့ ထဲ့ပြီးသူတို့ နည်းတွေအတိုင်းစပ်ပြီး ဆလတ်ကိုသုတ်သလိုအိုင်အိုရာကလည်း ကိုယ်နှစ်သက်တာထဲ့ပြီး သုတ်စားထားတာပါ။ မြန်မာပါးစပ်နဲ့ လည်းချိုချိုချဉ်ချဉ်လေးနဲ့ ငံပြာရည်နံ့ ၊ နှမ်းနံ့ ၊ ကြက်သွန်နံ့ လေးနဲ့ ဆိုတော့စားချင်စိတ်ပိုဖြစ်တာပေါ့နော။
ဒီလိုအရွက်တွေတစ်ဘူးကို ၄ကျပ်လောက်ပေးရတယ်။ အဲဒါတစ်ဘူးဝယ်ထားရင် အသီးအရွက်မချက်နိုင်လည်းအသားနဲ့ တွဲစားလိုက်တယ်လေ။ အမျှင်ပါအောင်ပေါ့။
Cheese cake with plum
လာပါပြီ။ ကာလရှည်စွာကြွေးတင်နေတဲ့ အိုင်အိုရာ့ အကြိုက်ချိစ်ကိတ်လုပ်နည်း။း)
ချိစ်ကိတ်စလုပ်ခါစတုန်းက အင်တာနက်မှာရှာဖတ်တာ ခေါင်းတွေကိုနောက်သွားတာဘဲ။
နယူးယောက်ချိစ်ကိတ်တို့ ချီကာဂိုချိစ်ကိတ်တို့ ကနံမည်ကြီးတော့အဲဒီနည်းတွေကိုဦးစားပေးပြီးရှာတာလေ။
နောက်တော့စုပေါင်းစပ်ပေါင်းဖတ်မှတ်ပြီးကိုယ့်ဟာကိုယ်နဲနဲလေးစလုပ်ကြည့်တာအဆင်ပြေသွားတော့
အဲဒါကိုပဲဆက်လုပ်ဖြစ်သွားတော့တယ်။ ပထမတစ်ခါနှစ်ခါလုပ်ပြီးအချိုးကိုမမှတ်ထားမိလို့ နောက်မှမှတ်ထားပြီးသိမ်းထားလိုက်တာ။ ခုတော့သူများတွေကိုလည်းမျှဝေရင်းကိုယ်လည်းသေချာမှတ်ထားပြီးသားဖြစ်သွားတာပေါ့ဒီမှာတင်လိုက်တော့လေ။ နော်။
 လိုတာတွေကတော့ Cream cheese 1 pack (8 oz), 1 Egg,   sugar 4 table spoons, Milk 1/4 cup, Vanilla 2 drops, Zest 1 tea spoon, Some crackers crushed, 8"x 1-1/2" round baking tray
a pinch of salt, 375 degree F around 30 minute
ကဲ..စုပြီးရေးလိုက်တယ်။ မှတ်ရ ကူးရလွယ်အောင်လို့ နော်။
ဒီလိုဘူးကြီးနဲ့ ရောဘူးသေးရောရှိပါတယ်။ များသောအားဖြင့်ဘူးသေးနဲ့ လုပ်ပါတယ်။ ဘူးသေးကတစ်ခါလုပ်စာပါ။ ၈ အောင်စပါပါတယ်။ ဘူးကြီးက ဈေးချတာတွေ့ လို့ ချစ်ချစ်ကသူ့ အတွက်ခဏခဏလုပ်ပေးနိုင်အောင်ဆိုပြီုးဝယ်လာတာပါ။ ဘူးကြီးဝယ်ရင်လည်းအဲဒီဘူးခွံမှာ အတိုင်းအတာအမှတ်လေးတွေပါတော့ကြည့်ပြီးလှီးလိုက်ရုံပါဘဲ။ တခြားတံဆိပ်တွေလည်းရှိပါတယ်။ ဒါကဈေးပိုသက်သာပါတယ်။ ကောင်းလည်းကောင်းပါတယ်။
အပေါ်ယံပဲခြစ်ရပါမယ်။ အဖြူသားတွေမပါစေရပါဘူး။ ပါရင်ခါးပါမယ်။
ပထမဆုံး ခရင်မ်ချိစ်ကို အခန်းအပူချိန်ရအောင်အပြင်ထုတ်ထားရပါမယ်။ အိုင်အိုရာကတော့တစ်ခါတစ်ခါ အမြန်လုပ်ချင်ရင် မိုက်ခရိုဝေ့နဲ့ အပူနဲနဲပေးပြီးလုပ်လိုက်တာဘဲ။ အဲဒါဆိုရင်တော့ကြက်ဥတို့ နွားနို့ တို့ ထဲ့ချိန်မှာသိပ်ပူမနေအောင်သတိထားရတာပေါ့။ ဒါပေမဲ့အခန်းအပူချိန်မှာရှိနေမှလုပ်တာပိုအဆင်ပြေပါတယ်။ ခဲနေရင်လည်းမွှေတဲ့အခါမကြေလို့ စိတ်ညစ်ရပါတယ်။
 Oven ကိုလည်း ၃၇၅ ဒီဂရီ ဖာရင်ဟိုက် နဲ့ ကြိုဖွင့်ထားရပါမယ်။
 အဲဒီအချိန်မှာ ခရက်ကာလေးငါးခြောက်ချပ်ကို ဘလန်ဒါနဲ့ ကြိတ် ဒါမှမဟုတ် ပလတ်စတစ်အိတ်ထဲထဲ့ပြီးကြေအောင်တစ်ခုခုနဲ့ ထု။ တကယ်တော့ဒီအဆင့်ကိုလုပ်သာလုပ်ရတယ်။ အိုင်အိုရာတို့ နှစ်ယောက်စလုံးက အဲဒီအခံသားကိုမစားချင်ကြပါဘူး။ ဒီတော့ခပ်ပါးပါးလေးဘဲ ပါလေကာခင်းပါတယ်။ မုန့် ဖုတ်မဲ့ ဘန်းကို ထောပတ်နဲ့ နှံ့ အောင်သုတ်ပြီး အဲဒီအမှုန့် တွေထဲ့ပြီးဇွန်းဖင်နဲ့ ဖိချင်ဖိ၊ အောက်ခံညီတဲ့ ဖန်ခွက်တို့ ဘာတို့ နဲ့ ဖိပြီးညှိချင်ညှိပေါ့။ အိုင်အိုရာကတော့ ထောပတ်ကို တစ်ရှုးနဲ့ သုတ်ပါတယ်။ အမှုန့် တွေကို လက်အိတ်စွတ်ပြီးလိုက်ဖိပါတယ်။ ပြီးတော့ ရေခဲသေတ္တာထဲခဏထဲ့ထားပါတယ်။
ခရင်ချိစ်ကိုအရင်မွှေပါတယ်။ အပေါ်ကလို။ ပြီးတော့ ကြက်ဥဖေါက်ထဲ့။ ဆားထဲ့။ သကြားထဲ့။ ဗနီလာနှစ်စက်လောက်ထဲ့။ ရှောက်ခွံ (သံပုရာခွံလည်းရပါတယ်။) ခြစ်ထားတာထဲ့။ မွှေ။ နွားနို့ ရောထပ်မွှေ။
ဒါကနွားနို့ ရောပြီးသွားပြီ
ပြီးရင်ဘန်းကို မုန့် ဖုတ်ဘန်းကြီးထဲကိုအသာထဲ့။ အပေါ်ကနေ အစောကမွှေထားတဲ့ အရည်တွေလောင်းထဲ့ပြီးရင်အောက်ခံဘန်းကြီးထဲကိုရေနွေး(ရေဆူ)အသာလေးဘေးကနေလောင်းထဲ့ပါတယ်။
ပြီးရင် ကြိုပြီးဖွင့်ထားတဲ့ Oven ထဲမှာအပေါ်ဆင့်မှာထဲ့ဖုတ်ပါတယ်။ နာရီဝက်လောက်ဆိုကွက်တိလောက်ရပါပြီ။ ကိုယ့်မီးဖိုနဲ့ ကိုယ်အတိုးအလျော့ရှိနိုင်ပါတယ်။ ရေနွေးခံပြီးဖုတ်တာကတော့မတူးဘဲ စိုစိုလေးဖြစ်နေအောင်လို့ ပါ။    
သေချာအောင်လို့ အလယ်ကိုဒါးနဲ့ ဖြစ်ဖြစ်သွားကြားထိုးတံလေးနဲ့ ဖြစ်ဖြစ်စမ်းကြည့်လို့ အနှစ်တွေကပ်မပါလာဘူးဆိုရပါပြီ။
Iora's cheese cake 
 ချိစ်ကိတ်ထဲမှာနှစ်သက်ရာ လိုက်ဖက်ရာအသီးများလည်းထဲ့နိုင်ပါတယ်။ အိုင်အိုရာရဲ့ ချစ်ချစ်ကအထဲမှာအသီးတွေပါတာမကြိုက်လို့ ပြီးမှရှိတဲ့အသီးတခုခုနဲ့ တွဲစားပါတယ်။
Iora's cheese cake
ဒါက Plum နဲ့ တွဲစားထားတာပါ (Cheese cake with plum)
(Cheese cake with plum)
 အင်း..ခုမှဘဲစိတ်ပေါ့သွားတော့တယ်။ မွန်၊မြတ်ကြည်၊ဂျီးဒေါ်၊ မွန်လေး နဲ့ ချိစ်ကိတ်ကိုစောင့်နေတဲ့ဆွေမွန်များနဲ့ လာလည်သူများအတွက်မှတ်မှတ်ရရတင်ဖြစ်အောင်တင်လိုက်ပါပြီရှင်။
အားလုံးဘဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
29 comments:
  1. ပုဇွန်ကြော်နဲ့အရွက်သုပ်လေးတော့ အရမ်းစားချင်တယ် ကြိုက်လဲကြိုက်တယ်
    လုပ်နည်းလေးတွေလဲသေချာဖတ်ခဲ့တယ်
    စာဖတ်သူတွေ စိတ်ချမ်းမြေ့စေတဲ့ အိုင်အိုရာလဲ ချမ်းမြေ့ပါစေလို့
    ခင်မင်တဲ့ jasmine
    ReplyDelete
  2. ပုဇွန်ကြော်နဲ့အရွက်သုပ်လေးကိုပါဆယ်ယူသွားပြီ...။
    ဟိုရောက်မှစားတော့မယ်...။
    ပြန်လာရင် မအိုင်အိုရာ အတွက်..ဂုံရှမ်းဟင်းတွေ၊
    ယူလာပေးမယ်နော့်...:))))
    ReplyDelete
  3. ပုစွန်ကြော်နဲ့အရွက်သုပ်လေး
    အားပေးသွားပါတတယ်နော်
    ReplyDelete
  4. ပုဇွန်ကို အဲ့လို ကိုယ်တိုင်မကြော်စားကြည့်ဖူးဘူး.. မမပြောသလို ဆိုးအီးဇီးပဲနော် ဟီးးးးး လုပ်ကြည့်ဦးမှ :D ချိစ်ကိတ်ကြိုက်တယ် ကိုယ်တိုင်လုပ်စားဖို့ကျပျင်းတယ် မမလုပ်တာပဲ ကြည့်ပြီးဝါးသွားတယ် :D :D
    ReplyDelete
  5. ပုစွန်ကြော်နဲ့အချဉ်လေး စားချင်တာ... တခါမှ ကိုယ်တိုင် အဲလိုမကြော်ဖူးသေးဘူး...
    ReplyDelete
  6. oh, all of foods are yummy yummy. I like salad and cheese cake.Tomorrow I try to make cheese cake for my son's birthday .Thanks alot for sharing recepies and step by step explain.
    ReplyDelete
  7. ဂျက်..
    နီးနီးလေးသာဆိုလုပ်ကျွေးပါတယ်နော်။း)
    ကိုယ်ကချက်တာပြုတ်တာဝါသနာပါတယ်ဆိုပေမဲ့သိပ်လက်ဝင်တာမျိုးတော့လုပ်ရမှာပျင်းတယ်။
    အချိန်ကိုလုပ်ရင်းကိုင်ရင်းစောင့်ရတာဘဲကြိုက်တယ်။ တမင်မစောင့်ချင်ဘူးရယ်။
    ဒီဟင်းလေးတွေကမြန်ကောင်းသက်သာပါ။
    ကျေးဇူးဘဲ မီးမီးရေ..
    ကိုယ်ကရှမ်းဟင်းတွေကြိုက်တယ်။
    မြန်မြန်ပြန်လာနော်။
    မြတ်နိုးသူ..
    အားပေးသွားလို့ ကျေးဇူးနော့်။
    ကန်ဒီလေး..
    တကယ် ဆူပါအီးဇီး။ လုပ်ကြည့်ပါဆို။း)ပုဇွန်တစ်ထုတ်ဒီမှာဆို ရကျပ်၈ကျပ်ကနေ ၁၅ကျပ်လောက်ထိ အရွယ်လိုက်ပြီးရှိတယ်။ တစ်ထုတ်ဆိုသူငယ်ချင်းတွေအများကြီးစားလို့ ရတယ်။
    ဂျပန်ဆိုင်သွားစားရင်တစ်ပွဲကို နှစ်ကောင်သုံးကောင်လောက်ပဲပါတာနော်။
    ချိစ်ကိတ်လုပ်ရတာတစ်ခြားမုန့် တွေလုပ်ရတာထက်မြန်ပြီးဆေးစရာလည်းသိပ်မထွက်ဘူးနော်။
    စူးနွယ်လေး..
    ကြော်စားကြည့်ပါလား။ မြန်ကောင်းသက်သာဘဲ။
    နောက်တခါမှတင်ပူရာနဲ့ ကြော်တာတင်ပေးအုန်းမယ်နော်။ အဲဒါကပိုတောင်မြန်သေးတယ်။း)
    Mon lay..
    Thanks.
    I am glad that you are making cheese cake for your son's birthday.
    Some recipes include sour cream or yogurt or lemon juice or lime juice for the tart taste. For us we'd prefer this taste.
    And also it is not so easy to get the appropriate measurement that mentions with British system as I am not familiar with the British system too. I gave up some baking recipe because I needed to convert measurement such as from gram to cup ect. :D
    If you wanna make bigger size just multiply the measurement and adjust the time. OK.
    ReplyDelete
  8. ပုဇွန်ကြော်လည်းကြိုက်တယ်၊ အရွက်စုံသုပ်လည်းကြိုက်တယ်.. cheese cake လည်းကြိုက်တယ်...
    အားလုံးကြိုက်တယ်အမရေ... လုပ်နည်းလေးတွေလည်း မှတ်သွားပါတယ်နော်..
    ReplyDelete
  9. စားစရာတွေ စုံလင်နေတာပါလား အိုင်အိုရာရေ။ ပျောက်တော့လည်း ကြာကြီး ကျွေးတော့လည်း များကြီး ကျေးဇူးပါ။
    ပုစွန်ကြော်ကြိုက်သလို ကျန်တာတွေလည်း နှစ်သက်တယ် စေတနာလေးကိုလည်း သဘောကျတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  10. ပုဇွန်ကြော်နဲ့ဟင်းရွက်အစုံသုတ်စားချင်တယ်.......ချိစ်ကိတ်ကတော့ အသဲစွဲပဲ မမအိုင်အိုရာ စုမလုပ်တတ်ဘူး နည်းလေးမှတ်သွားပါတယ်
    ReplyDelete
  11. ဘေဘီအိန်ဂျယ်..
    အားလုံးကြိုက်တယ်ဆိုတော့အကြိုက်ချင်းတူတာပေါ့နော်။
    မှတ်သွားလို့ ကျေးဇူးပါ။း)
    တီတင့်..
    မအားတဲ့ကြားကလာခဲ့လို့ ကျေးဇူးတင်ဝမ်းသာပါတယ်ရှင်။
    လူကသာပျောက်နေတာစိတ်ကတော့အမြဲရှိနေပါတယ်တီတင့်ရေ။
    စု..
    ချိစ်ကိတ်ကလေရွှေချည်ထိုးသလောက်တောင်မရှုပ်ဘူး။
    ဒီနည်းကတော့ကိုယ်လည်းရှုပ်တာတွေမလုပ်ချင်တော့လွယ်ပါတယ်။း)
    ReplyDelete
  12. ပုဇွန်ကို အဲဒီလို ကြော်ဖို့ စဉ်းစားနေတာ ကြာပြီဗျ၊ အခုအတိုင်းဆို တကယ့်ကို ဆူပါအီးဇီး ပါပဲလား၊ ကျေးဇူးပဲ မအိုင်အိုရာ...၊ ဒါနဲ့ ပုဇွန်ကို ဟင်းချက်ဖို့ ဝယ်ရင် ခေါင်းပါတဲ့ ကောင်တွေပဲ ဝယ်တော့တယ် ဆိုတာဖတ်ပြီး ပြုံးမိသေးတယ်၊ ဟုတ်တယ်နော်..၊ ခေါင်းပါတဲ့ ကောင်တွေပဲ အသုံးတည့်တယ်၊ ခေါင်းမပါတဲ့ ကောင်တွေက ညှီတယ်..၊း)
    ReplyDelete
  13. ပုဇွန်ကို အဲလို ကြော်စားဦးမယ်..ဆူပါအီးဇီး..ချိစ်ကိတ်လုပ်စားဦးမယ်..မမအိုင်အိုရာဆီမှာ တွေ့ တယ့် ကိတ်ကို လုပ်ဖြစ်သေးတယ်..တကယ် စားကောင်းတယ်..
    ReplyDelete
  14. မိုက်လိုက်တာ
    ပုဇွန်ကြော်တွေ အကုန်ကုန်အောင် ဆွဲပစ်ချင်တယ်
    ချိစ်ကိတ်ကတော့ သွားရည်တွေ အတောင့်လိုက်ကျအောင် ငမ်းသွားတယ်..
    စကားမစပ် အောက်ဆုံးက ပန်းအိုလေး လှလိုက်တာ
    ပန်းအရောင်လဲ လှတယ်၊
    ReplyDelete
  15. ကိုညီလင်းသစ်..
    တင်ပူရာနဲ့ ရိုးရိုးပဲကြော်ရင်လည်းဂျပန်ဆိုင်တွေကလိုမျိုးရပါတယ်။ သူတို့ ကျတော့တင်ပူရာဖျော်ရင်ချောမွတ်နေအောင်မဖျော်ဘူး။ Lumpy ဖြစ်နေအောင်လေးဘဲဖျော်တယ်။
း)) ဟုတ်တယ်ဟုတ်တယ် ခေါင်းပါတဲ့ကောင်တွေဘဲအသုံးတဲ့တယ်။း))
    စန်းထွန်း..
    ကြော်စားစန်းထွန်းရေ။ လွယ်တယ်။ စားကောင်းတယ်။
    ချိစ်ကိတ်လည်းလုပ်စားဖြစ်အောင်လုပ်စားသိလား။ ကိုယ့်ဟာကိုယ်လုပ်စားပြီးအမြဲကျေနပ်တာကကောင်းပြီးအလွယ်တကူသက်သက်သာသာစားရလို့ လေ။
    ချော..
    လူမိုက်လုပ်ထားတာဆိုတော့မိုက်တာပေါ့ချောရာ။း)
    ချောကအရမ်းနှစ်လိုဖွယ်လေးတွေပြောတတ်တယ်နော်။
    အဲဒါခြံထဲမှာပွင့်တဲ့ပန်းလေးတွေလေ။
    အဲဒီတုန်းကပန်းတွေတချိန်လုံးပွင့်လို့ ပန်းအိုးတွေတချိန်လုံးထိုးနေရတယ်။
    ReplyDelete
  16. မကြီးအိုင်အိုရာ
    ပစ်ကတော့ မကြီးချက်ပြီးတင်သမျှဟာမှတ်ထားတယ်..
    ကိတ်မုန်လုပ်တာတို့ဘာတို့ကလွဲရင်ပေါ့
    အဲတာကျတော့မလုပ်တတ်ဘူး
    ဟင်းချက်နည်းတွေသေချာမှတ်ထားတယ်..
    ပုဇွန်လည်းကြော်စားကြည့်ဦးမယ်မကြီး
    ReplyDelete
  17. ပစ်ပစ်..
    မကြီးလည်းကိတ်မုန့် တို့ ဘာတို့ ကိုလွယ်တာလေးတွေဘဲလုပ်တာပါ။ (ပစ်ပစ်ကမကြီးဆိုတော့မကြီးလိုက်တာ။ တကယ်တော့ပစ်ပစ်လေးကမကြီးတူမအရွယ်လေးဘဲဖြစ်မယ်။)
    ကိတ်လုပ်ရတာစိတ်ရှည်ဘို့ လည်းလိုတော့မြန်ကောင်းသက်သာဆိုလုပ်တယ်။
    ကြာကောင်းမသက်သာဆိုဝယ်ဘဲစားတယ်။း)
    ပုဇွန်ကြော်စားကြည့်ခလေးရေ။ လွယ်လွယ်လေး။
    အမြီးလေးကကိုင်ပြီးဆီအိုးထဲထဲ့။ လက်လည်းဆီပူထဲမရောက်သွားစေနဲ့ အုန်းခလေးရေ။
    အိုင်အိုရာ
    ReplyDelete
  18. မမအိုင်အိုရာ
    မ ရဲ့ ဘလော့လေးကို အလည်ရောက်တာကြာပါပြီ
    အသံတိတ်လေး ဆိုပါတော့ ခုမှ ကွန်မန့် ရေးဖြစ်တာပါ
    ပုဇွန်ကြော်လည်းကြိုက်တယ် အရွက်သုပ်လေးလဲကြိုက်တယ်
    ချိစ်ကိတ်ကတော့ မလုပ်တတ်ဘူး နည်းလေးမှတ်သွားပါတယ်
    မိုးစက်ဝိုင်
    ReplyDelete
  19. အိုင်အိုရာ ရေ- ပုဇွန်ကြော်လည်းစားသွားတယ်.... ချိစ်ကိတ်ကိုတော့ ကော်ဖီလေးနဲ. သောက်ရအောင် ပါဆယ်ထုတ်သွားပြီနော်....း)
    ReplyDelete
  20. မိုးစက်ဝိုင်..
    လာလည်တဲ့အတွက်ရောကွန်မန့် လေးချန်ခဲ့တဲ့အတွက်ရောကျေးဇူးတင်ဝမ်းသာပါတယ်။း)
    နောက်လည်းအားတဲ့အခါဝင်လည်ပါလို့ ဖိတ်ပါတယ်နော်။
    ချောစု..
    ကြိုက်တာသာစားသွားပါချောစုရေ။
    ကိုယ်လည်းချောစုစီကိုတင်တင်မတင်တင်မကြာခဏလာလာငမ်းရပါတယ်။း)
    ReplyDelete
  21. ဗိုက်ဆာတဲ့အချိန်မှာ ကြည့်မိလျက်သားဖြစ်သွားတယ်။
    ReplyDelete
  22. မိုးငွေ့ ..
    တကယ်မစားရပဲအဲလိုမြင်ရတာတကယ်တော့မမိုက်ဘူးနော်။း)
    အိုင်အိုရာ
    ReplyDelete
  23. This comment has been removed by the author.
    ReplyDelete
    Replies
    1. ချိစ်ကိတ်လုပ်နည်းလေးကို အသေအချာပဲ မှတ်သားသွားတယ်.. အရမ်းကြိုက်လို့လေ... တစ်ခါမှတော့ အဲ့လိုမျိုးမလုပ်စားဖူးဘူး.. လေပြေကအသီးအနှံကြိုက်တယ်ဆိုတော့ စပျစ်သီးတို့ ပဲစိမ်းသီးတို့ သီဟိုဠ်စံတွေပါထည့်ရင် ပိုစားကောင်းမယ်ထင်တယ်နော်..အိမ်မှာစမ်းသပ်ကြည့်အုံးမယ်
      ခင်တဲ့
      လေပြေ
      Delete
  24. လေပြေ..
    လာလည်လို့ ကျေးဇူးပါနော်။
    အများအားဖြင့်တော့ ဘယ်ရီသီးမျိုးစုံ ထဲ့တာမြင်ဘူးပါတယ်။ တခါတလေဒီလိုဘဲကိုယ်စားချင်တာတွေထဲ့ရင်းနည်းသစ်နဲ့ ကြော်ကြားသွားတာတွေအများကြီးဆိုတော့ အနဲစာလေးမှာဘာစမ်းစမ်း စမ်းကြည့်တာကောင်းပါတယ်။ တခါကစပျစ်သီးခြောက်ထဲ့ကြည့်ဘူးတယ်။ အရမ်းချိုသွားတယ်အသီးကအချိုကြောင့်။
    ပဲစိမ်းသီးတို့ သီဟိုဠ်စေ့တို့ လည်းနဲနဲလေးထဲ့ပြီးအရင်စမ်းကြည့်ပြီးကြိုက်တော့မှလုပ်တာကောင်းမယ်ထင်ပါတယ်။
    အိုင်အိုရာ
    ReplyDelete
  25. ပုဇွန်ကြော်ကို တော်တော် သဘောကျသွားပြီ
    အရွက်သုပ်နဲ့ ပုဇွန်ကြော်ကို နေ့လည်နေ့ခင်း အလည်လာမယ့်သူတွေကို လုပ်ကျွေးဖို့ အကြံရသွားတယ်။
    ချိစ်ကိတ်လုပ်နည်းလေးလဲ မှတ်ထားလိုက်တယ် မလုပ်နိုင်သေးလို့ပါ
    ReplyDelete
  26. ပုံတွေကြည့်ပြီး တော်တော်သရေ ကျသွားတယ်ဗျာ...အရွက်စုံသုပ်ကို လုပ်စားကြည့်အုံးမယ်...ချဉ်ချဉ်စပ်စပ်စားရတာကြိုက်တော့ အဲ့လို လုပ်စားကြည့်မယ်ဗျာ
    ReplyDelete
  27. အဲလိုလုပ်စားတာမြန်မာလျာနဲ့ ပိုတွေ့ တယ်လို့ ကျမတော့ထင်တာဘဲ။
    လုပ်စားပြီးရင်တော့ကိုယ့်အကြိုက်နဲ့ ကိုယ်လိုတိုးပိုလျှော့လုပ်ကြည့်ပေါ့နော။
    ReplyDelete
  28. အပြုံးပန်း..
    အလုပ်တွေများနေတော့လုပ်ကျွေးဖြစ်ရဲ့ လား။
    ကိုယ်လည်းချိစ်ကိတ်မလုပ်ဖြစ်တာကြာပြီမအားလို့ ။း)
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။