Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label Generals. Show all posts
Showing posts with label Generals. Show all posts

Monday, January 11, 2021


 

Happy 2021!

လောလောဆယ်မှာ တော့ ကိုဗစ် ကလည်း ဒုက္ခပေးကောင်းတုန်း တကမ္ဘာလုံးအနှံ့ ၊ အမေရိကန်မှာကလည်း နိုင်ငံရေး ကမတည်ငြိမ်၊ ဟိုကဆူ သည်ကဆူနဲ့ လူက စိတ်တွေပိန်။

ဆိုင်လည်းထွက်မစားရဲ။

ဈေးဆိုင်တွေလည်း ကြာကြာမ၀ယ်ရဲ။

ကံဆိုးတာလား ကံကောင်းတာလားမသိ။ သူများတွေ အလုပ်ပြုပ်နေတဲ့ အချိန် ကိုယ်က အလုပ်သွားနေရ။

အလုပ်ပြုပ်တဲ့သူတွေက ထောက်ပံ့ကြေးတွေရ။ အလုပ်လုပ်နေရတဲ့သူတွေက ကိုဗစ်ဘယ်နေ့ ငါ့စီရောက်လာမလဲဆိုပြီး စိတ်တထင့်ထင့်နဲ့ လူပင်ပန်း စိတ်ပင်ပန်း။

၂၀၂၀ ဟာ မကောင်းတဲ့ နှစ်ဖြစ်တာမှန် ပေမဲ့ ကိုယ်ချစ်တဲ့ အမေစု ပါတီကို တနိုင်ငံလုံးနီးနီး သောင်ပြို ကမ်းပြို ရုံမက ကောင်းကင်ပါ ပြိုသလို နိုင်စေခဲ့တဲ့နှစ်မို့ လို့ ကောင်းတာလေး လည်းရှိပါသေးတယ်လို့ ဖြေရတယ်လေ။

ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ။

၂၀၂၁ ကတော့ ကောင်းတာတွေ ပြန်လည်ဆောင်ကျဉ်းလာမယ်လို့ ယုံကြည်မျှော်လင့်ရင်း မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပျော်ရွှင်ကြပါစေလို့ ။

ကမ္ဘာသူကမ္ဘာသားတွေအားလုံးလည်း မုန်းတီးတိုက်ခိုက်ကြတာတွေ ရပ်စဲပြီး မေတ္တာဂရုဏာတွေ ပွားကြပါစေလို့ ဆုတောင်းရင်း မင်္ဂလာနှစ်သစ် ၂၀၂၁ပါလို့ နှုတ်ခွန်းဆက်လိုက်လိုက်ပါတယ်ရှင်။

ချစ်ခင်လေးစားစွာဖြင့်...

အိုင်အိုရာ

Thursday, April 30, 2020

ကိုဗစ်ဆုတောင်းမေတ္တာ


ဒေါ်အောင်နဲဆန်းစုကြည်နဲ့ တကွ ကိုယ့်ရဲ  အနီးအဝေး မိတ်ဆွေများ၊ သူငယ်ချင်းများ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး၊ အခုကျရောက်နေတဲ့ ကိုဗစ် ၁၉ (Covid 19) ရောဂါကပ်ဘေးကြီးမှ ကင်းလွတ်ခါ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ဘ၀အရည်အသွေးများပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့ သလိုက်ပါတယ်ရှင်။

ချစ်ခင်လေးစားသော
အိုင်အိုရာ


(နည်းနည်းတော့နောက်ကျနေပြီ မြန်မာနှစ်သစ်အကြို)

Gulf of Mexico




Monday, January 15, 2018

Happy 2018

ချစ်သောအနီးအဝေးမှ မိတ်ဆွေများ မင်္ဂလာနှစ်သစ်ပါ။
အိုင်အိုရာ