Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label Pork. Show all posts
Showing posts with label Pork. Show all posts
Wednesday, June 8, 2016
ထမင်းဘူးများ (၂ )
ထမင်းဘူးတွေ ရိုက်ထားသလောက်လေးတွေဆက်တင်ပေးချင်လို့ ပါ။
အရင်ပြောဘူးသလိုပါဘဲ ချက်ထားတာ ရိုက်ထားတာ ကြာပါပြီ။
အမှတ်တရ အဖြစ် အပျင်းပြေ ကြည့်ရအောင်တင်လိုက်ပါတယ်။
ကိုက်လံကြော် ငပိထောင်းသံပုရာသီးညှစ် ၀က်သားလုံးအာလူးခြောက်စပ်ကြော်
 ကိုက်လံကို ကြက်သွန်ဖြူ ငရုတ်သီးစိမ်းအနီဒါးပြားရိုက်ဆီသတ်ပြီး ခရုဆီနဲ့ ကြော်၊ ငပိထောင်းကိုသံပုရာသီးညှစ် ။ ၀က်သားလုံးကြော်ကို ဂျင်း ကြက်သွန်ဖြူနီ ငရုတ်သီးအကြမ်းဖတ်နည်းနည်းနဲ့ ဆီသတ်ပြီး အာလူးနဲ့ မဆလာနဲ့ ခပ်ခြောက်ခြောက်လေးပြန်ကြော်ထားတာ။
ပုစွန်ဆီပြန် ငပိကြော် မုန်ညင်းထုတ်ကြော် သံပုရာခွံသုပ်
ပုစွန်ကိုရိုးရိုး ပဲ ကြက်သွန်ဖြူနီနဲ့ ဆီသတ်ပြီး ဆီပြန်ချက်ထားတာပါ။ သံပုရာသီးညှစ်ပြီးသားတွေကို ဆားနဲ့ သန့် သန့် လေးနယ်ပြီး ပုလင်းထဲမှာ နပ်နေအောင်နေပြထားတာကို သရက်ချဉ်အကြမ်းသုပ်သလို မျိုး ကြက်သွန်ဖြူနီ ငရုတ်သီး နံနံပင်နဲ့ ဆီစိမ်းဆမ်းသုပ်ထားတာပါ။
ဝက်အူချောင်းကိုကြက်သွန်နီအကွင်းလိုက်နဲ့ ပြန်ကြော်ထားတာ။ လက်ဖက်သုပ်၊  မက်ကရယ်ငါးပေါင်းကိုငါးသလောက်လိုပေါင်းထားတာပါ။
ဒီဟင်းကတော့မေ့တောင်နေပြီ။ ၀က်သားလားဝက်လျာလား ကြက်မြစ်ကြက်သည်းလားမမှတ်မိတော့ဘူး။ ကြည့်ရတာတော့ ၀က်လျာနဲ့ တူတယ်။ ငပိကြော် နဲ့ မျှစ်ပဲပြုတ်ကြော်
ကြက်ဥလိပ်ကြော် ကြက်မြစ်ကြက်သည်း ခရမ်းချဉ်သီးစပ်ချဉ်ချက် ပန်းမုန်လာပွင့်ကြော်
ခရမ်းချဉ်သီးစပ်ချဉ်ဟင်းလောက်ချက်ရတာလွယ်တာမရှိဘူး။ ခရမ်းချဉ်သီးတွေဖြတ်ညှပ် ကြက်သွန်ဖြူနီငရုတ်သီးထောင်း ထဲ့ ပုစွန်ခြောက်မှုန့် ထဲ့ ငပိကြိုက်ရင်ထဲ့ (အိုင်အိုရာ က ပုစွန်ခြောက်များများနဲ့ ငံပြာရည်နဲ့ ချက်တာများတယ်။ ငပိက အနံ့ ပြင်းတော့ ကိုယ်က ကြိုက်ပေမဲ့ ပတ်ဝန်းကျင်ကမခံနိုင်မှာစိုးလို့ ငံပြာရည်နဲ့ ချက်တာများတယ်။) ဆီမထဲ့လည်းရတယ်။ တခြားဟင်းတွေဆီပြန်ပါရင် ဆီမထဲ့ပဲချက်တယ်။ အရသာတူတူပါဘဲ။ အိုးတည်ပြီး အားလုံးမွှေးကြိုင် ကြေသွားအောင် ရေနည်းနည်းချင်းထဲ့ တည်။ စိတ်ကြိုက်ရပြီဆို ရေကြိုက်သလောက်ထဲ့ ကောင်းကောင်းဆူပွက်ပြီး မပျစ်မကျဲလေးရောက်ရင် ငရုတ်သီးစိမ်း နံနံပင် အုပ်လိုက်ရုံ။ အကြိုက်ဆုံးဟင်းထဲမှာပါတယ်ပြောရမယ်။
ကြက်မြစ်ကြက်သည်း ချက်တာလေးရိုးစင်းစွာ ရေနဲ့ ဆီနဲ့ ရော ပြုတ်ကြော်လုပ်ပြီး ဆီပြန်တော့ချလိုက်တာဘဲ။ အမြစ်အရင်ချက်။ အမြစ်ကျက်ပြီး အရည်ကျန်နေချိန်မှာအသည်းတွေ ထပ်ရော မွှေပေး။ အဖုံးအုပ်ဆက်တည်ထား။ အသည်းကျက်သွားရင် ဆီကောင်းကောင်းပြန်သွားမှချ။ မွှေးကြိုင်နေတဲ့ ကြက်မြစ်ကြက်သည်းဆီလေး နဲ့ ထမင်းပူလေးနဲ့ နယ်စားရတာ အလွန်ကောင်းပေါ့။
ကဲ အရင်ပို့ စ်မှာ ပုံမပါလို့ စိတ်ကောက်နေတဲ့သူတွေ ငိုချင်တဲ့သူတွေ တ၀ကြီးကြည့်ပြီးချက်စားကြတော့နော်။း)
ခင်မင်လေးစားသော...
အိုင်အိုရာ
Sunday, March 13, 2016
ထမင်းလွတ် ညစာတစ်မျိုး
ကညွတ်အိုးကင်းပူတိုက်
ဒါလည်း အရင်တုန်း က ချက်စားခဲ့တာတွေပါ။ မတင်ဖြစ်ခဲ့လို့ တင်လိုက်တာပါ။ တခါတခါ ညဖက် ထမင်းလွတ် စားချင်တဲ့အခါ ဒီလိုမျိုးလေး လုပ်စားဖြစ်ပါတယ်။ ကညွတ်ကို အရင်းပိုင်းအရင့်လေးတွေဖြတ် ရေဆေးပြီး    ဆီလေးဖြန်းအိုးကင်းပူတိုက်ထားတာပါ။ အရသာ နှစ်သက်သလိုထဲ့ပေါ့။ ကိုယ်ကတော့ ချစ်ချစ်အကြိုက် ခရုဆီလေးနည်းနည်း နဲ့ လှိမ့်လိုက်တာပါ။ ကြိုက်ရင် နှမ်းဆီလေးနည်းနည်း ထဲ့ရင် ပိုမွှေးတာပေါ့။
ကညွတ်အိုးကင်းပူတိုက် နဲ့ ဖက်ထုတ်ကြော်
ဒီလိုလေး ဖက်ထုတ်ကြော်နဲ့ တွဲစားတယ်လေ။
ဖက်ထုတ်ကြော်
ဖက်ထုတ်ကြော်တာလည်း လွယ်ပါတယ်။ ကိုယ်နှစ်သက်ရာ အသားနဲ့ နှစ်သက်သလို အရသာထဲ့ပြီး အဆင်သင့်ရောင်းတဲ့ ဖက်ထုတ်ခွံလေးထဲထဲ့ထုတ်ပြီးကြော်ရုံပါဘဲ။ အိုင်အိုရာ က တော့ ၀က်သားကြိတ်သားနဲ့ လုပ်ထားတာပါ။ ၀က်သားကြိတ်သားကို ဂျင်းနည်းနည်း ကြက်သွန်ဖြူနည်းနည်း ထောင်းထဲ့ ကော်မှုန့် လေး နည်းနည်းထဲ့ ပဲငံပြာရည် နည်းနည်း ခရုဆီနည်းနည်း နဲ့ ကြက်ဥ ရောမွှေပြီး အစာလုပ်ထားတာပါ။ ပြီးတော့ လေးထောင့်ဖက်ထုတ်ရွက် အသေးလေးတွေထဲထဲ့ အထုတ်လေး လို ဆွဲစေ့ပြီး အသာပုံသွင်းပြီး ဆီပူထဲထဲ့ကြော်ပေါ့။ ဆီပေါကြော်ရတာပါ။
ဒီလိုမျိုးလေးပေါ့။ ဒီပုံကတော့ တခြားအချိန်တုန်းက ဖက်ထုတ်ကြော်ကြော်စားတုန်းက ရိုက်ထားမိတာ။ အခုကြော်ထားတာထက်နည်းတယ်။
ထမင်းလွတ်ညစာ
အာမခြောက်အောင်လို့ ဝက်ကြိတ်သားနည်းနည်းထဲ့ပြီး ဟင်းချိုလေးလုပ်လိုက်တာပါ။ ဟင်းချိုကတော့ ကြက်သွန်ဖြူ နဲ့ ငြုပ်ကောင်းလေးခပ်ထားပြီး ကြေးအိုးအနံ့ မျိုးထွက်အောင် နှမ်းဆီလေးနည်းနည်း ထဲ့စားပါတယ်။ ဆန်ကြာဆံနဲ့  မုန်ညင်းစိမ်းခပ်ထားပါတယ်။
အချဉ်
မြန်မာပြည်မှာတုန်း က ဆိုးဆေးကြောက်လို့ ဒီလိုငြုပ်ဆီ ကိုကြိုက်လျက်နဲ့ ရှောင်ခဲ့ပါတယ်။ ဒီမှာတော့ စိတ်ချလက်ချ စားနိုင်တော့ ကြက်ဖတံဆိပ် ငြုပ်ဆီမပြတ်ဆောင်ထားပါတယ်။   ငြုပ်ဆီနည်းနည်း ထဲ့ ငံပြာရည်နည်းနည်းထဲ့ သကြားလေးနည်းနည်းထဲ့ ကြက်သွန်ဖြူထောင်းထဲ့ ငြုပ်သီးစိမ်းဖြတ်ထဲ့။ မြန်မာပြည်ကသူတွေကတော့ ဆိုးဆေးရှောင်သင့်တော့ သံပုရာသီးလေး မန်ကျည်းရည်လေးနဲ့ ပဲ ဒီလိုလုပ်စားပေါ့နော်။
ကြာဆံနဲ့ မုန်ညင်းစိမ်း ဟင်းချို
ဖက်ထုတ်ကြော်၊ ကြာဆံဟင်းချို နဲ့ ကညွတ်ကြော် စားဖို့ အဆင်သင့်ဖြစ်ပြီ
ချိစ်ကိတ်
ထုံးစံအတိုင်း အချိုပွဲလေး နဲ့ ပိတ်လိုက်မယ်နော်။ ချိစ်ကိတ်က နှစ်ယောက်လုံးကြိုက်ကြတော့ မကြာခဏလုပ်စားဖြစ်တယ်လေ။ အိုင်အိုရာတို့ အကြိုက် လုပ်တဲ့
ချိစ်ကိတ်လုပ်နည်း တင်ထားပေးပြီးသားမို့ အဲဒီလင့်မှာ ကြည့်နိုင်ပါတယ်။ အိုင်အိုရာလည်းတင်ထားမိတာ ၀မ်းသာနေတာ။ မလုပ်တာကြာသွားရင် အချိုးအစားတွေက မေ့သွားရော။ ဒီမှာပြန်ပြန်လာကြည့်ရတယ်လေ။ ကိုယ့် စာဖတ်သူတွေလည်း လုပ်နိုင် ကိုယ်လည်း ပြန်လုပ်နိုင်ဆိုတော့ မဆိုးဘူးဘဲ။ ဒီချိစ်ကိတ် က စပျစ်ခြောက်ထဲ့လုပ်ထားတာ။ အိုင်အိုရာ့အတွက်ဆိုရင် တော့ နည်းနည်း ချိုသွားတယ်။ စပျစ်သီးက ချိုတော့ နည်းနည်းပဲ ထဲ့ရင်ထဲ့ ကိတ်သားကို အချိုလျှော့ထဲ့ရင်ထဲ့ ပေါ့ ။
လာအားပေးသူများ အားလုံးကျေးဇူးတင်ပါတယ်ရှင်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ ပျော်ရွှင်ကြပါစေ။
ခင်မင်လေးစားသော
အိုင်အိုရာ
Saturday, February 20, 2016
ထမင်းဘူးများ
ထမင်းဘူးများ...
ချစ်ချစ်အတွက်ထဲ့ပေးခဲ့တဲ့ ထမင်းဘူးတွေပါ။ အဆင်ပြေရင် ပြေသလို ရိုက်ထားခဲ့တဲ့ပုံတွေပါ။
ရိုက်ထားတာတော့ ကြာလှပါပြီ။ အမှတ်တရ ဖြစ်အောင်နဲ့ ကိုယ့်စီလာလည်တဲ့ဘလော့သူငယ်ချင်းတွေအတွက်တင်ပေးလိုက်တာပါ။
ကြက်ကင်၊ ကညွတ်ကြော် နဲ့ ပဲပြုတ်အစပ်သုပ်
 ကြက်ကင်က ဆိုင်က၀ယ်ထားတာပါ။ ကညွတ်ကို ပုစွန်ခြောက်၊ ကြက်သွန်ဖြူနီ ခရမ်းချဉ်သီးနည်းနည်းနဲ့ ကြော်ပါတယ်။ ပဲပြုတ်ကိုတော့ ပုံထဲကအတိုင်း ကိုယ်ထဲ့ချင်တာတွေထဲ့ပြီး အအီပြေအောင်သုပ်ပေးထားတာပါ။ ပဲပြုတ်က တော့ ကိုယ့်ဖာသာပြုတ်ထားရတာပေါ့ရှင်။
ငပိကြော်၊ အစိမ်းကြော်၊ သခွားသိးအချဉ်သုပ် နဲ့  ၀က်ဦးနှောက်မဆလာချက်
ကိုက်လံကြော်၊ ၀က်အူချောင်းကြော်၊ သရက်သီးသနပ်၊ ၀က်ခေါင်းသုပ် နဲ့ ကြက်ဥခေါက်ကြော်
ပြောမယ်ဆိုရင် ဒါတွေက သူ့ အကြိုက်တွေပေါ့။ အသီးအရွက် ကို တော်တော်ရွေးတယ်။ ကိုက်လံတို့ ကညွတ်တို့ ဆိုရင်တော့ မညည်းမငြူ စားတယ်။ ၀က်ခေါင်းသုပ် လည်း အကြိုက်တူတယ်။ ကြက်ဥခေါက်ကြော်ကိုလည်း သူတော်တော်ကြိုက်တယ်။ ချက်ထားတာတွေက ကြာလှပြီဆိုတော့ တော်တော်ပြန်စဉ်းစားရတယ်။ ရိုက်ပြီးသွားတော့ ဘလော့မှာ တင်ဖို့ ရည်ရွယ်မိပြီး ချက်ခဲ့တာ ကြာသွားပြီဖြစ်ပေမဲ့ တင်ဖြစ်အောင်တင်ပေးလိုက်တာပါ။ 
မုန်ညင်းစိမ်းဖူးကြော်၊ ငပိကြော်နဲ့  ၀က်ဦးနှောက်ဆီပြန်
ဝက်သားကြာဆံကြော် နဲ့ ကြက်သွန်အချဉ်
ဝက်သားသရက်သီးသနပ်၊ ကိုက်လံနဲ့ ပြောင်းဖူးကြော်၊ ငပိကြော်
ခုတလော ဘလော့မိတ်ဆွေတွေကို သတိရနေလို့ ပို့ စ်တင်လိုက်တာပါ။
ဒီနှစ်မာဒီဂရာစ် ပုတီးပစ်ပွဲတော် နဲ့ မီစီစီပီ ကို အားလပ်ရက်သွားလည်တာ ရေးချင်ပေမဲ့ ပုံတွေ နဲ့ ဗီဒီယိုတွေ တော်တော်များများ ရှာရမှာ အချိန်ယူဖို့ မလွယ်သေးလို့  ရည်ရွယ်ယုံပဲ တတ်နိုင်ပါသေးတယ်လို့ ။
အားလုံးကိုသတိရချစ်ခင်လျှက်..
အသစ်လာလည်သူများကို လည်း ကျေးဇူးတင်ပါတယ်ရှင်။
အိုင်အိုရာ
Sunday, February 9, 2014
အပျော်နေ့ လေးတစ်နေ့ ရဲ့ နောက်ဆက်တွဲ
ကြက်ဥဆီပြန်၊ ၀က်သားအချိုချက်၊ ဘူးသီးနဲ့ ကြာဆံဟင်းခါး၊ မန်ကျည်းသီးထောင်း ငပိရည်ကျိုချက် နဲ့ တို့ စရာ
လား တစ်ဝက်လို့ ပြောရမလားဘဲ။ အချိန်လည်းသိပ်မရှိတော့မထူးဆန်းတဲ့ချက်နည်းတွေမရေးတော့ဘူးနော်။ အရင်ကလည်းတင်ပြီးသားတွေဘဲလေနော်။
ကင်းပုံသီးချက်တာပါ။ ကြက်သွန်ဖြူနီကြိတ်ထားတာကိုဆီအရင်သတ်။ မွှေးပြီးနဲနဲခြောက်လာတော့ပုဇွန်ခြောက်မှုန့် ထဲ့၊ ခရမ်းချဉ်သီးလေးတစိတ်လောက်ဖဲ့ညှပ်ထဲ့။ ပြီးတော့ကင်းပုံသီးထုထားတာတွေထဲ့။ ဒီတစ်ခေါက်တော့အဖတ်ကြီးကြီးစားချင်လို့ သိပ်သေးသေးမဖဲ့ပစ်ပါဘူး။ များသောအားဖြင့်ဆိုရင်တော့ထုထားတာကိုခပ်ရွယ်ရွယ်လေးတွေဖဲ့ပြီး မျှစ်နဲ့ ချက်ပါတယ်။ မျှစ်ထဲ့ရင်ရုံးယူရင်အနံ့ နံမှာစိုးလို့ မထဲ့တော့ဘူး။ ကင်းပုံသီးထဲ့ပြီးဆား၊ ငံပြာရည်ထဲ့ လုံးထား။ မအိသေးတော့ရေလေးနဲနဲထပ်ထဲ့ပေါ့ အဖုံးအုပ်ပြန်တည်။ အိုင်အိုရာကနှပ်သလိုမျိုးစားချင်လို့ ရေနှစ်ခါသုံးခါလောက်နဲနဲချင်းထဲ့ပြီးတည်ထားတာပါ။ နောက်ဆုံးကျငရုတ်သီး
စပ်စပ်လည်းရုံးယူသွားရင်ပါအောင်လို့ ငရုတ်သီးစိမ်းထဲ့လိုက်ပါတယ်။
ကြက်ကိုအကောင်လိုက်ချက်စားရတာကြိုက်လို့ ခုနောက်ပိုင်းအချိန်ရတိုင်းအကောင်လိုက်ပဲချက်ဖြစ်ပါတယ်။ ရိုးရိုးဆီပြန်ချက်ထားတာပါ။ ဆီမကြိုက်သူတွေအသားလေးပဲဆည်စားနော်။ တပါတ်စာရုံးသွားရင်ယူသွားနိုင်အောင်ချက်ထားတာပါ။ အခါခါခွဲခွဲခပ်ထဲ့ရတော့နောက်ဆုံးကျဆီလည်းအိုးထဲသိပ်မကျန်တော့ပါဘူး။ ထမင်းဘူးကပြန်ပါလာရင်ဆေးပစ်လိုက်တော့ဆေးတဲ့ထဲပါတာခပ်များများ။
အဆင်ပြေသလိုတွေးကြည့်ပါတော့ ဘယ်လိုကြောင့်တခြမ်းစောင်းဖြစ်သွားတယ်မသိ။
ကင်းပုံသီးဟင်းကျက်ပြီ။ ကြိုက်သလောက်ထဲ့စား။ ဒါကတကယ်တော့ကြက်သားနဲ့ ကင်းပုံသီးကပြီးခဲ့တဲ့အပါတ်ကချက်စားထားတာပါ။
ကြက်ဟင်းခါးသီးကြော်ပုံကောင်းကောင်းမရှာနိုင်လို့ ပါလာတာဘဲတင်လိုက်တယ်။ ချစ်ချစ်ကခြောက်နေမှစားလို့ တော်တော်ခြောက်ခြောက်လေးကြော်ထားတာပါ။ ခြောက်ရင်မခါးသလောက်ပဲဆိုတော့သူကကြိုက်တယ်လေ။
လာပါပြီ ကဆစ်သီးလို့ ထင်တဲ့အသီး (ချစ်စရာလေးတွေနော်။)
အလူမီနမ်ဖွိုင်လ်နဲ့ ပတ်ပြီးအာဗင်ထဲမှာဖုတ်ထားတာပါ။ မပေါက်အောင်လို့ ခရင်းနဲ့ ဖေါက်ထားတာလေ။
ထက်ခြမ်းခွဲပြီးအသားလေးတွေခြစ်ယူတော့ဒီလိုအခွံလေးတွေကျန်တယ်။ ဒါပေမဲ့ဝါးကြည့်တော့အရမ်းနုပြီးချိုနေလို့ အခွံတွေပါပြန်ထဲ့ကြိတ်လိုက်တော့တယ်။း)
စုပြောသလိုဘဲ။ ငရုတ်သီးစိမ်းနဲ့ ငပိနဲ့ ပုဇွန်ခြောက်နဲ့ ကြက်သွန်ဖြူနဲ့ ရောကြိတ်ထားတာပါ။
ကဆစ်သီးလို့ ထင်တဲ့အသီးထောင်းရပါပြီဘယ်ဘက်က။ စုလုပ်တာတော့ကြက်သွန်နီထဲ့တယ်။ ကိုယ်က ကြာကြာထားရင်ညီးစော်နံသွားမှာစိုးလို့ မထဲ့ထားဘူး။ စားလို့ တော့တကယ်ကောင်း။ အစေ့လေးတွေကလည်းပြောင်းဖူးနုနုလေးကျနေတာဘဲတော်တော်ချိုတယ်။ ငံငံစပ်စပ်ချိုခါးမှာအနံ့ လေးကလည်းမီးဖုတ်ပြီးဆီစိမ်းလေးစမ်းထားတော့မွှေးနေတာဘဲ။ (စုလေးရေ ကျေးဇူးနော်။) ညာဘက်ကငပိထောင်း။ ငပိပိုဖုတ်ပြီးငပိထောင်းပါလုပ်ထားလိုက်တယ်။ ငပိထောင်းလည်းကုန်နေလို့ လေ။
ငရုတ်သီးခြောက်ကြော်၊ ငရုတ်သီးစိမ်းမီးကင်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူများများနဲ့ ကြိတ်ထားတဲ့အိုင်အိုရာ့အကြိုက်ငပိထောင်း
။
မွှေးကြိုင်နေတဲ့ကဆစ်သီးလို့ ထင်တဲ့အသီးထောင်း
ဒါကငါးချဉ်ကြော်မလို့ ကြက်သွန်ဖြူနီဆီသတ်နေတာ
ကိုယ်တိုင်လုပ်ထားတဲ့ငါးချဉ်။ တော်တော်စားလို့ ကောင်းတယ်။
ချခါနီးတော့ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်။ သူလည်းမွှေးနေတာဘဲ။
ဒါကကြားဖြတ်။ နှင်းမကျတဲ့အရပ်မှာနှင်းတွေကျလို့ ထူးထူးခြားခြားမို့ ရိုက်ထားတာ။ အဲဒီပိုက်အောက်ကစနိုးတွေ။ နယူးယောက်ဘက်ကလူတွေကတော့ရီတာပေါ့ရီတာပေါ့ဆို..ပြောတော့မှာ။ အဟက်..
အောက်ကဟာကငါးချဉ်ကြော်ပါ။
ဒါကအဲဒီနေ့ က၀ယ်လာတဲ့ဘူးသီးတစ်လုံးကိုကြော်စားတာပါ။ တစ်ယောက်စာထဲမို့ အားတော့နာပါတယ်နည်းနည်းလေးဖြစ်နေတယ်။
ဝက်သားအချိုချက် ကမန်ကျည်းသီးစိမ်းထောင်းနဲ့ လိုက်လို့ အချိုချက်လိုက်တာလေ။
ဘူးသီးနဲ့ ကြာဆံဟင်းခါး
စိတ်ကြိုက်သယ်ကြသုံးဆောင်ကြတော့နော်။
ကြက်ဥ ပုဇွန်ခြောက် ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်
ငပိရည်ကျိုငပိချက်။ တကယ်တော့အဲဒီအရင်ကရခိုင်မုန့် တီချက်စားထားတာ။ ငရုတ်သီးစိမ်းအနှစ်ထောင်းတွေအများကြီးကျန်နေလို့ ဝယ်လာတာတွေနဲ့ တို့ စားလို့ ရအောင်ချက်လိုက်တာပါ။ ငါးနဲ့ ငရုတ်သီးစိမ်းထောင်းတွေနဲ့ ကြက်သွန်ဖြူနီကိုဆီနည်းနည်းလေးနဲ့ အရင်သတ်ပြီးမှငပိရည်ကျိုကိုထဲ့ချက်လိုက်တာပါ။ ပွက်ပွက်ဆူပြီးခဏနေတော့အရသာမြည်းပြီးနံနံပင်အုပ်တာပေါ့။
မန်ကျည်သီးစိမ်းထောင်းကိုအပေါ်ယံလေးဆီစိမ်းစမ်းထားပါတယ်။ ခုကြည့်ရင်းနဲ့ တောင်ပြန်စားချင်လာပြီ။ ကျန်သေးတယ် တစ်ခါစာချက်စားမလားလို့ ။
တက်စာတွေချည့်ပဲ။ လုပ်လိုက်ရင်အဲလို။ နဲနဲပဲစားတာပေါ့။ ကြက်ဟင်းခါးသီးနဲ့ ခရမ်းသီးကလည်းအရမ်းလတ်တော့ပြုတ်တို့ လိုက်တာ။ မျှစ်ကတော့ဘူးဖေါက်ပြီးပြန်ပြုတ်ထားတာပါ။
ဟင်းနုနွယ်ရွက်ပါကြော်လိုက်တယ်မနွမ်းသွားခင်လေ။
မုန့် ဟင်းခါးနောက်နေ့ ချက်စားလို့ ဝယ်လာတဲ့ဘူးသီးကိုကြော်စားတာပါ။
မုန့် ဟင်းခါးကရာသက်ပန်ချစ်သူ
နောက်နေ့ ကျတော့ပဲကြော်ပါကြော်လိုက်သေးတယ်။ သူများလို တစ်ချပ်ချင်းကြော်နေရမှာစိတ်မရှည်အချိန်ကုန်တော့တစ်ချပ်တစ်ချပ်ကိုအဲလောက်ကြီးဒယ်အပြည့်ထဲ့ပစ်လိုက်တယ်။ ပြီးတော့ချေပစ်ရမှာဘဲနော့်။း)
 ဘေးကဂေါ်ရခါးသီးကြော်။
ဘူးပဲမုန့် ဟင်းခါး
နယ်လိုက်ပြီ
အချိုပွဲလေးတော့နောက်တစ်ပို့ စ်ကျမှပဲသုံးဆောင်တော့နော်။
အင်ဒီးယန်းဆိုင်က၀ယ်လာတာလေးတွေချက်ထားတာမျှော်နေမှာစိုးလို့ 
အကုန်စုပေါင်းစပ်ပေါင်းတင်ပေးလိုက်ပါတယ်။
ဆွေမွန်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
အစဉ်ကျေးဇူးတင်လျှက်..
ခင်မင်လေးစားသော..
အိုင်အိုရာ