ကျမအိပ်တဲ့အခန်းကနေလှမ်းရိုက်ထားတဲ့ပန်းခင်း |
ကျမနေတဲ့နေရာကနေ လေးငါးနာရီလောက်ကားနဲ့ သွားရင်ရောက်တဲ့ Covelo ဆိုတဲ့မြို့ လေးက ကျမကိုသိပ်ချစ်တဲ့ အမေရိကန် သူငယ်ချင်းစုံတွဲရဲ့ အိမ်ပါ။ ကျမ က country home လေးတွေကို သိပ်သဘောကျပါတယ်။ စိတ်ကူးထဲမှာလည်း ကိုယ့်စိတ်ကြိုက် country home လေးတအိမ်လောက် ဆောက်ချင်ပါတယ်။ ပိုင်ဆိုင်ချင်ပါတယ်။ (အိပ်မက်တွေလေ) ကျမအားတာနဲ့ တနေရာရာကို အမြဲသွားချင်ပါတယ်။ သွားရင်လည်း ပတ်ဝန်းကျင်တခုလုံး အလွတ်မပေးဘဲ အကုန်မလွတ်တမ်းကြည့်တာဘဲ။ ဓါတ်ပုံကလည်း အရမ်းရိုက်ချင်တယ်။ အခွင့်မသာနဲ့ သာတာနဲ့ ရိုက်ပြီးသားဘဲ။
အိမ်ပတ်လည်ကို Deck ထုတ်ထားတော့ ပတ်ဝန်းကျင် ရဲ့ အလှကို စိတ်တိုင်းကျခံစားနိုင်တယ်လေ။ |
အဲဒီတုန်းက ကျမမာစတာတက်နေတဲ့အချိန်ပါ။ စန်းထွန်းပြောသလိုဘဲ။ မျက်နှာနဲ့ စာအုပ်နဲ့ မခွာနိုင်ပါဘူး။ ကျမလို အသက်ကြီးမှ ကျောင်းပြန်တက်တဲ့သူတွေ အတွက်ပိုလို့ ခက်တယ်လို့ ထင်ပါတယ်။ ယူတဲ့ဘာသာကလည်း အမေရိကန်တွေ ကတောင်ခက်လွန်းလို့ ဘာဘာသာယူတာလည်းမေးတိုင်း သူတို့ ကပြောပါတယ်။ ဟင် genetic ? ငါတို့ အတွက်တောင်သိပ်ခက်တာ။ ငါတို့ တော့ မင်းလောက်မလုပ်နိုင်ဘူးတဲ့။ (ကျမလည်းသူတို့ လောက်မလုပ်နိုင်ပါဘူးး))
ကျမ ပထမယူတာက Conservation Biology ပါ။ နောက်တော့ သူ့ ကို ယူရင် မယူမနေရ နောက်ထပ် နှစ်ဘာသာ ထပ်ယူဘို့ လိုတာနဲ့  ကျမပိုသဘောကျတဲ့ Ecology and Systematic Biology ကို ပြောင်းယူပါတယ်။ ပိုသဘောကျတယ်ဆိုပေမဲ့ ယူသင့်တယ်လည်း ထင်လို့ ယူတာပါ။ Systematic Biology ဆိုတာ ခုနောက်ပိုင်းမှ အရမ်းတွင်ကျယ်လာတဲ့ ဘာသာလို ဖြစ်လာပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက ကွန်ပြူတာ ဆော့ဖ်ဝဲ တွေကို ကောင်းကောင်းတီထွင်ပြီးမှ Biologists တွေက DNA ကိုရှာပြီး မျိုးစိပ်တွေ၊ မျိုးရင်းတွေ၊ စသဖြင့် အဆင့်ဆင့် evolution ဖြစ်တာကိုတွက်ပြီးမှ ခေတ်သစ်နည်း နဲ့ သတ္တ၀ါတွေ အပင်တွေ ရဲ့ အဆင့်ဆင့်ဆက်စပ်ပုံ ကို လေ့လာတာပါ။ ဒါကြောင့် ဟိုးတုန်း က Darwin တို့ ၊ Rothschild တို့ လိုခေတ်က ပြင်ပလက္ခဏာကို အသေးစိပ်လေ့လာပြီး မှ မျိုးခွဲထားခဲ့တာတွေကို DNA ရှာပြီးမှ ပြန်ခွဲတဲ့ဘာသာပါ။ ဒါကြောင့်မို့ လို့ (အထူးသဖြင့်) ငှက်တွေ ဟာဟိုးတုန်းက ခွဲခဲ့တဲ့ family တို့  Genus တို့ ကနေ နေရာတွေ ပြောင်းကုန်တာ အများကြီး ဖြစ်လာပါတယ်။ ကဲ...ကျမပြောချင်တာ ဒီဘာသာတွေ အကြောင်းမဟုတ်ပါဘူး။(ဘေးကချော်ချင်သေးတယ် ..း)) အဲဒီလို ခက်တယ်ဆိုတဲ့ ဘာသာကို ယူမိပြီး ကိုယ်တိုင်လုပ်တဲ့ Research ကလည်း ဓါတ်ခွဲခန်း မှာ စိတ်ဖိစီးမှုများစွာနဲ့ လုပ်ပြီး ကိုးကားစာအုပ်တွေကို ခေါင်းမဖေါ်စတမ်းဖတ်နေခဲ့ရတဲ့ ကျမ သိပ်ချစ်တဲ့ ဒီနေရာလေးအကြောင်းပါ။
အဲဒီလို ခေါင်းမဖေါ်နိုင်လောက်အောင် ကျောင်းရယ်၊စာမေးပွဲတွေရယ်၊ ကျမရဲ့ ဓါတ်ခွဲခန်းရယ်၊ စာတမ်းရယ်၊ တွေနဲ့ အပူလုံးကြွ လူလုံးမလှဖြစ်နေတဲ့ကျမကို ကျမရဲ့ သူငယ်ချင်းတွေ ကဘာမှမလုပ်နဲ့ ။ အပန်းဘဲဖြေ ဆိုပြီး ခဏခဏခေါ်သွားလို့ ကျမ ရဲ့ အပန်းပြေရာနေရာလေးမို့ ကျမသိပ်ချစ်တာပါ။ ကြည့်ပါအုန်း။ ပတ်ဝန်းကျင် ကလည်း စိမ်းစိုပြီး ဟိုးအဝေးကို လှမ်းကြည့်ရင်လည်း ဆွတ်ပျံ့ လွမ်းမောဘွယ်ကောင်းတဲ့ နှင်းတွေဖုံးနေတဲ့ တောင်တန်းကြီးတွေ ကို မျက်စိတဆုံးမြင်နေနိုင်တယ်။ ကျမတင်မကဘူး။ မြင်ဘူးသူတိုင်း သဘောကျမှာ သေချာပါတယ်။
ကျမအိပ်တဲ့အခန်းကနေ ကြည့်ရင် ပန်းတွေရော ငှက်တွေရော တွေ့ ရတယ်။ ကျမ အိပ်ခန်းဘေးမှာ Bird feeder တွေလည်း အများကြီးရှိတော့ ငှက်တွေကလာကြတယ်လေ။ ရောက်တာနဲ့ အဲဒီ Bird feeder တွေထဲကို နေကြာစေ့တွေ လိုက်ဖြည့်ကြတယ်။ ကျမကတော့ ကျမစားလိုက် သူတို့ အတွက်ဖြည့်လိုက်ပေါ့။
သစ်ပင်အောက်ကသစ်သားခုံလေးက ကျမငှက်ကြည့်ရင်းစာကျက်ခဲ့တဲ့နေရာလေးပါ။ Daffodil ပန်းတွေကလည်းအနှံ့ ပွင့်နေခဲ့တယ်။ |
အဲဒီသစ်ပင်အောက်ကခုံလေးမှာ မှန်ဘီလူးရယ်၊ ငှက်စာအုပ်ရယ်၊ ကျောင်းစာအုပ်တွေရယ်၊ လက်တော့ပ်ရယ်၊ မုန့် တွေရယ် အများကြီးချထားပြီး တွေးချင်ရာတွေတွေးနေခဲ့တာပေါ့။ ကျမယူတဲ့ဘာသာထဲမှာ Ornithology ဆိုတဲ့ ငှက်တွေကို လေ့လာတဲ့ဘာသာလည်းပါတော့ မှန်ဘီလူးနဲ့ ငှက်တွေကြည့်တဲ့အချိန် မှာ ကိုယ်က ကျောင်းစာလက်တွေ့ လုပ်နေသလိုလို ဘာလိုလိုဆိုတော့ အဲဒီဘာသာယူထားတဲ့အချိန်တုန်း ကတော့ စာမေးပွဲကို မုန်းပေမဲ့ (ကိုညီလင်းသစ်လိုတော့ စာမေးပွဲကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူးပါဘူး။ မုန်းဘဲမုန်းတယ်) ငှက်ကြည့်ရတဲ့အချိန်တွေမှာတော့ အပန်းဖြေရသလိုဘဲ ခံစားရပြီး ပျော်မိတယ်။
အိမ်ပတ်ဝန်းကျင်ကို လမ်းလျှောက်ထွက်ရင် ဒီလိုမျိုး (ကျမချစ်တာမဆန်းပါဘူးနော်) |
မနက်ဖက်ဆိုရင် အိမ်ပတ်ဝန်းကျင် ကို လမ်းလျှောက်ထွက်တယ်။ မှန်ဘီလူး လေးလွယ်ပြီး ငှက်စာအုပ်လေး ကိုင်ပြီးပေါ့။ သူငယ်ချင်းစုံတွဲက ခုမြင်နေရတဲ့ နေရာကိုပါ ၀ယ်ချင်တာ။ အဲဒီပိုင်ရှင်ကလည်း မြေတွေအကျယ်ကြီး ၀ယ်ထားတာ။ ဒီနားကိုမရောက်ခင်မှာ တခါတခါ မြင်းတွေ အစာစားနေတာ တွေ့ ရတတ်သေးတယ်။ မြင်းတွေကို အဲလို ကွင်းထဲမှာ တွေ့ တော့ ငယ်ငယ်တုန်း က နိုင်ငံခြားကားတွေထဲမှာ ကောင်းဘွိင်မင်းသားတွေ မြင်းစီးတာတွေ တောင်သတိရမိသေးတယ်။ ဒီလိုမျိုးရုပ်ရှင်ထဲက ရှုခင်းမျိုးတွေ ကိုယ့်ဘ၀မှာ မျက်မြင်တွေ့ ရမယ်လို့ မထင်ထားခဲ့မိပါဘူး။
ခြံထဲကနေ ခူးထားတဲ့ပန်းတွေက စီစီရီရီ ငွားငွားစွင့်စွင့် |
ပြန်ကြမဲ့ရက်ကျရင်တော့ ခြံထဲမှာ ပွင့်နေတဲ့ပန်းတွေရှိရင် ခုလိုခူးပြီး ကတ်ထူပုန်းတွေထဲထဲ့ထားပါတယ်။ ကျမရဲ့ အမေရိကန် မမကြီး က ပန်းခူးတော့မယ်ဆိုရင် ပလတ်စတစ်ခွက် တွေအများကြီးထုတ်လာပါတယ်။ ပြီးရင် ရေအရင်ဖြည့်ပြီးမှ ပန်းခူးတဲ့ သွားလေရာနေရာကို သယ်သွားပါတယ်။ ပန်းကိုဖြတ်ပြီးတာနဲ့ သယ်လာတဲ့ရေခွက်ထဲတန်းထဲ့တာဘဲ။ ကျမကလည်း ဒီလိုမျိုး အသီးအပွင့်တွေ ခူးရမယ်ဆိုရင်တော့ လာထားဘဲ။ မမုန်းတမ်းလုပ်တယ်။ (ဒါတောင် အထို်င်အထခဏခဏလုပ်ရတာ မကြိုက်တတ်လို့ ။)
ကားနောက်ခန်းထဲထဲ့ပြီးသွားပြီ |
အဲဒီ ခရမ်းရောင်ပန်းလေးက မြေကြီးကနေ အပွင့်တံလေးတန်းထွက်ပြီး ပေါက်တာ။ သေးသေးလေးတွေ။ သိပ်မကြီးဘူး။ အဲဒီပန်းကို ခူးရတာ သေးတော့ အကြာကြီး ဒူးထောက်ပြီး ခူးမှ တော်တော်များများရတာ။ ကျမက ခရမ်းရောင် တို့ မရမ်းရောင်တို့ သိပ်နှစ်သက်တော့ ဒီပန်းကို ဒုက္ခခံပြီး ခူးရပေမဲ့ ပန်းလေးတွေကို စုပြီးကြည့်ရင် သိပ်လှလို့ ပျော်နေတာပါဘဲ။
မြေပေါ်ကပန်းနဲ့ ကားပေါ်ကပန်းတို့ အလှချင်းပြိုင်နေကြတယ်လေ |
အိမ်ရောက်ရင် မမကြီးက သူ့ သူငယ်ချင်းတွေကို လည်း ပန်းတွေ လက်ဆောင်လိုက်ပေး။ ကျမကို လည်း ကြိုက်တဲ့အိုးယူစေ။ ကျမလည်း ကြိုက်သလောက်ယူလာပြီး အခန်းထဲမှာ ပတ်ချာရမ်းပန်းအိုးတွေ ထားပေါ့။ ဘုရားပန်းလည်းတင်ပေါ့။ ဒါပေမဲ့ သိပ်လုံနေရင်တော့ တံခါးလေးဟရတယ်။ ညကျရင် ဒီပန်းတွေ ကအရမ်းမွှေးလာတတ်လို့ လေ။
ပြန်ခါနီးလေး ၀အောင်ကြည့်သွားအုန်းမယ် |
အပြန်လမ်းကတိမ်တွေ (ဒီပုံမြင်တော့KOMကိုသတိရမိသေး) |
ကျမရဲ့ အမေရိကန် မမကြီးက အသွားအပြန်တလျှောက်လုံး အမေရိကန် တွေရဲ့ စီးပွါးရေး တွေ၊ နိုင်ငံရေးတွေ၊ ရက်အင်ဒီးယန်းတွေ၊ လမ်းမှာတွေ့ တဲ့ ထူးခြားတာမှန်သမျှတွေ အကုန်ပြောပြသွားတယ်။ သိပ်နားထောင်ကောင်းသလို သူ့ ကြောင့်မို့ လို့ တော်တော် နှံ့ နှံ့ စပ်စပ်သိရတယ်။ အိမ်ပြန်ရောက်ပြီးရင်တော့ ကျောင်းစာတွေနဲ့ နပန်းပြန်လုံးခဲ့ရတော့တာပေါ့။ ခုတော့ ၀ဋ်ကျွတ်သွားပါပြီ။ အဲဒီနေရာလေးလည်း မအားလို့ မရောက်တာ အတော်ကြာနေပြီ။ ပြောရင်းနဲ့ လွမ်းလာပြီ။
ပြောနေကျအတိုင်း..ဒီထိသီးခံပြီးဖတ်လာတာ ကျေးဇူးတင်ပါတယ်လို့ ။
ခင်မင်လေးစားသော..
အိုင်အိုရာ
ရှုခင်းတွေ အရမ်းလှတာပဲ မအိုင်အိုရာ..၊ ဝရန်တာလေးနဲ့ ခုံတန်းလေး ကိုတော့ သဘောကျသွားပြီ၊ အဲဒီ နေရာတွေမှာ ထိုင်ပြီး ကော်ဖီတခွက်နဲ့ စာဖတ်ရရင် ဇိမ်ပဲ..၊ ပန်းတွေလည်း အတော်လှတယ်၊ Systematic Biology ကိုလည်း စိတ်ဝင်စားတယ်ဗျ..၊ အဲဒီလို ဘာသာတွေ များများယူမိရင်တော့ စာမေးပွဲတွေကို သဘောကျတဲ့စိတ် နည်းများ သွားမလား မသိဘူး..။း)
ReplyDeleteတက္ကသိုလ် ဘာသာရပ် အကြောင်းတွေလည်း စိတ်ဝင်စားပါတယ် အစ်မအိုင်အိုရာရေ။ ရို့စ်လည်း ဒီမှာ သူတို့ ဘာသာစကားနဲ့ Molecular Biology ပရိုဂရမ် တက်ဖြစ်ခဲ့တယ်။ သူတို့ အဖြူတွေတောင် စာသိပ်မလိုက်နိုင်လို့ course စစချင်း ကျောင်းသား ၁၂ ယောက်လောက်က ၅ ယောက်လောက်ပဲ ကျန်ခဲ့တော့တယ်။
ReplyDeleteရှုခင်းနဲ့ ပန်းပုံလေးတွေ အရမ်းလှတာပဲ။ တ၀ကြီး ကြည့်သွားတယ်း)
ရောက်ဖူးချင်လိုက်တာ။ဓါတ်ပုံတွေကကြည်လင်ပြတ်သားလိုက်တာ။ရှုခင်းရော
ReplyDeleteပန်းတွေရောတအားလှတာဘဲ။ဒီလိုရှုခင်းမျိုးအပြင်မှာမမြင်ဘူးဘူး။မြင်ဘူးတဲ့
အိုင်အိုရာကံကောင်းပါ့။ရှုခင်းအလှ၊ပန်းအလှတွေကိုတဝကြီးခံစားသွားပါတယ်။
ဓါတ်ပုံတွေကြည့်ပြီး သဘောကျသွားတယ်။
ReplyDeleteတနေ့ နေ့ တော့လာလည်မယ်နော်။
လှလိုက်တာ သူက ဟင်းပဲ ချက်တတ်တာမဟုတ်ဘူး
ReplyDeleteဓါတ်ပုံ ရိုက်လည်း ကျွမ်းသားး) ကိုယ့်ကိုလည်း ဓါတ်ပုံရိုက်ပေး
ဟဟ ကင်မရာ ခပ်ကြီးကြိးလိုတယ်နော် ကိုယ့်ပုံကမဆံ့မှာစိုးလို့ပါ :P
I wish I could stay there: those scenes are beautiful and peaceful!
ReplyDeleteMon Petit Avatar
ကိုညီလင်းသစ်..
ReplyDeleteရှုခင်းတွေလှတာတော့တကယ်သိလား။ အဲဒီရောက်ရင်ပြန်ကိုမပြန်ချင်တော့ဘူး။ ဓါတ်ပုံဖိုင်တွေ ရှာမတွေ့ လို့ သွားတဲ့လမ်းတလျှောက်မှာ မြစ်တစင်းရှိသေးတယ်။ ရေးဘို့ ကျန်သွားလို့ မမကြီးက မနက်ဆို အိတ်စ်ပရက်ဆို အပြင်းစား ဘရူးလုပ်ပေးတယ်။ ခွက်ကြီးတွေအပြည့်ကိုင် ပြီးမှခြံထဲထွက်ကြတယ်။ ကော်ဖီကိုတချိန်လုံးထပ်ဖြည့်နေကြတာ။
အဲဒီဘာသာတွေယူပြီး စာမေးပွဲကို ပိုသဘောကျရင်ကျသွားမှာ။ တော်တဲ့သူတွေဆိုတော့...း))
ရို့ စ်..
ရို့ စ်မှတ်ချက်လေးတွေ့ ပြီး ချက်ချင်းဘဲကောက်ရေးဖြစ်လိုက်တာ သိလား။ မနက်ကျထတောင်မထနိုင်ဘူး။ ကျောင်းကဘာသာရပ်တွေ ကသိချင်လို့ ဖတ်ရင်တော့သိပ်စိတ်ဝင်စားဘို့ ကောင်းပါတယ်။ စာမေးပွဲဖြေဘို့ ဖတ်ရရင်တော့ အချိန်ကလောက်ကိုမလောက်ဘူး။း)
ရှုခင်းပုံတွေ ပန်းပုံတွေအများကြီး ရိုက်ထားတာရှိသေးတယ်။ ကြုံရင်ကြုံသလို တင်ပေးပါ့မယ်နော်။
အန်တီဦး..
ခုတော့ရောက်ဘူးသွားတယ်လို့ သဘောထားလိုက်တော့နော်။
အဲဒါမျိုးတွေမြင်ဘူးလို့ ကံကောင်းတယ်သတ်မှတ်ရင် အိုင်အိုရာကတော့သိပ်ကံကောင်းတဲ့အထဲမှာပါလိမ့်မယ်။ မြန်မာပြည်မှာလည်းတနိုင်ငံလုံးနီးနီး ခရီးတွေထွက်ခဲ့ဘူးတော့ လှတာတွေ အများကြီးမြင်ဘူးခဲ့ပါတယ်။ ပြည်ပမှာလည်း တော်တော်လှတဲ့နေရာတွေ အများကြီးမဟုတ်ပေမဲ့ လှတာလေးတွေ မြင်ဘူးတော့ မယ်ကံကောင်းလို့ သတ်မှတ်ရမလိုဖြစ်နေပြီ။း)
ရှုခင်းအလှနဲ့ ပန်းအလှတွေ ခံစားသွားလို့ ကျေးဇူးတင်ပါတယ်ရှင်။ အားတဲ့အခါလာလည်ပါလို့ လည်းဖိတ်ပါတယ်။
ရှင်လေး..
ဓါတ်ပုံတွေကြည့်ပြီး သဘောကျသွားတယ်ဆိုလို့ ဝမ်းသာမိပါတယ်။
ဒါနဲ့ ဘယ်ကနေရေးနေတာလဲ။ အမေ့စီရောက်နေပြီမှတ်တာ။ အမေနေကောင်းစိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
ဘေဘီ..
ဟင်း..ဟင်း..သိပ်မမြှောက်နဲ့ ..နကိုယ်ကမှ ခပ်ကဲကဲရယ်။ ကင်မရာချတော့မှာမဟုတ်ဘူး။း)
ဘေဘီ့ကိုလည်းရိုက်ပေးမယ်။ လှမှာမပူနဲ့ ။ မလှမှာများတယ်။ သူငယ်ချင်းတွေနဲ့ ခရီးသွားလို့ ရိုက်ရင် သူတို့ ကလှလားမေးရင် မသိဘူး။ ကိုယ်ကြိုက်သလိုနေ..ကင်မရာမင်းကပေါ်တာရိုက်မှာလို့ ပြောလို့ သူတို့ မှာသုတ်သုတ်သုတ်သုတ်နဲ့ အိုက်တင်ပေးရတယ်။ ဘေဘီ့ ကိုမြင်ဘူးတာ သွယ်သွယ်လှလှလေး အိမ်မက်ထဲမှာ။ မကြုံလို့ အဲဒီအိမ်မက်မပြောရသေးတာ။း)))
မွန်..
ကိုယ်လည်း နေချင်တာဘဲအဲဒီမှာ။ သိပ်အေးချမ်းပြီး လှတာဘဲ။ တချို့ နေရာတွေမှာ သိပ်လှတဲ့ ကျောက်တောင်တွေ လည်း ရှိသေးတယ်။ ဓါတ်ပုံဖိုင်ရှာမတွေ့ လို့ ။ သူတို့ စုံတွဲကတော့ ၀ိကင်းန်ဒ် ဆို ကားလေးမောင်းပြီး ထွက်သွားလိုက်ကြတာဘဲ။ အားကျစရာ။
ရှင်လေးရေ..
ReplyDeleteလာလည်ပါနော်။ ကိုယ့်အိမ်တော့မဟုတ်ဘူး..ဟီးဟီး
အိုင်အိုရာ
ငှက်ကလေးတွေကို လေ့လာ ...
ReplyDeleteပန်းကလေးတွေကို ခူးဆွတ်...
မြက်ခင်းစိမ်းတွေပေါ်မှာလမ်းလျှောက် ...
ပျော်စရာကြီးပါလား Iora ရေ...
အပျော်လေးတွေမျှဝေပေးတာ ကျေးဇူး။
ပန်းခူးနည်းလည်း မှတ်သွားတယ်နော်..
မိုးစက်ပွင့်
အစ်မရေ လာလည်ပီး စာတွေဖတ်သွားပါတယ် ။ စာအရေးအသားလည်းတော်တော်ကောင်းပါတယ်။
ReplyDeleteအိုင်အိုရာရေးးး
ReplyDeleteအဲဒီနေရာကမပြန်ဘူးဆိုတာ ယုံတယ်။ ဓါတ်ပုံတွေနဲ့တင် စွဲမက်စရာပဲနော်။
နိုင်ငံခြားမှာ ဘွဲ့လွန်တန်းလောက်ကနေစတက်ရတဲ့ ဒွတ်ခကတော့ အလွန်ကိုကြီးမားလှပါတယ်။
ဟင်းတွေကလည်း စားချင်စရာကောင်းလှသလို ရှုခင်းတွေကလည်း သွားချင်စရာကောင်းတယ်။
အဘွားပြောဘူးတာရှိတယ် “ လက်ဆိပ်ရှိတဲ့လူတွေများ ဘာလုပ်လုပ်ဖြစ်တယ်” တဲ့။
အိုး နေချင်လိုက်တာ
ReplyDeleteကိုယ့်ပတ်ဝန်းကျင်မှာ ပန်းတွေလည်းရှိတယ်
ကျယ်ကျယ်လွင့်လွင့် ခြံတွေလည်းရှိတယ်
လေကောင်းလေသန့်လည်းရှိတယ်
ငှက်တွေလည်းရှိတယ် သစ်ပင်တွေလည်းရှိတယ်
ဒီလိုနေရာမနေလို့ ဘယ်နေရာနေလို့ကောင်းမလဲနော်
Daffodil ပန်းလေးတွေက အနီးကပ်ကြည့်တော့ သစ်ခွနဲ့ တူသလိုလိုနော်
သိပ်လှတာဘဲ
စိတ်ချမ်းသာဖို့ကောင်းလိုက်တာ
မိုးစက်ပွင့်..
ReplyDeleteကိုယ့်ရဲ့ အပျော်လေးတွေ ကိုမျှပြီး ခံစားပေးလို့ ကျေးဇူးတင်ပါတယ်နော်။ အဲလိုလေးအမြဲနေနေရရင်တော့ လောကစည်းစိမ်ပေါ့မိုးစက်ရယ်..
ပန်းကိုအဲလို ခူးတာတကယ်ခံတယ်သိလား။
မြစ်ဆုံ..
လာလည်ပြီး အချိန်ပေးစာဖတ်သွားလို့ ကျေးဇူးတင်ဝမ်းသာပါတယ်ရှင်။ စာအရေးအသားလည်း ကောင်းပါတယ်လို့ မှတ်ချက်ချီးမြှင့်သွားတော့ ပိုလို့ ကျေးဇူးတင် ၀မ်းသာရပါတယ်။ နောင်လည်း အချိန်အားရင် လာလည်ဘို့ ဖိတ်ပါတယ်နော်။
ဝေး...မကောင်းမွန်ဝင်းရေးးး....
ဘ၀တူတွေဆိုတော့ အဲဒီဒုက္ခတွေ ကွင်းကွင်းကွက်ကွက် ခံစားတတ်မှာပေါ့နော်။
ဟင်း..ဟင်း..ဟင်း..(ကျေနပ်သံဖြင့်) သိပ်မမြှောက်နဲ့ ကိုယ့်ဆရာရေ။ အီစကို ကနကိုယ်ကမှ လုပ်ချင်တာရာလုပ်တတ်တဲ့သူ။း))
ချော..
ဟုတ်တယ်..ဟုတ်တယ်..ဒီလိုနေရာမျိုးမှမနေချင်ရင်..ဘယ်လိုနေရာမျိုးမှာနေချင်မလဲနော်။ ချော လိုကချင်ပြည်ကလာတဲ့သူဆို သိပ်သဘောကျမှာ။ အဲဒီ Daffodil ပန်းလေးတွေကို သေချာကြည့်ရင် အရောင်စပ်ထားတာလေးတွေ ကွဲတာလည်းတွေ့ ရလိမ့်မယ်သိလား။ နောက်မှ ပန်းအိုးလေးတွေ တင်ပေးအုန်းမယ်နော်။ ကြက်ဥကြော် အရောင်လေးလည်း ရှိသေးတယ်။
ရှုခင်းလေးလှတယ် ဘယ်နေရာလဲ
ReplyDeleteခက်တဲ့ဘာသာ ယူထားတာ တော်တာပေါ့။
ဘယ်နေရာ ဘယ်လောက်လှလှ ကိုယ့်အိမ်တော့ ပြန်ချင်တယ် မြေကြီးပေါ် မအိပ်ချင်လို့ 
့း-)
ဆောင်း
သိပ်လှပြီး သိပ်သာယာတဲ့နေရာလေး..
ReplyDeleteDaffodil တွေကို ချစ်တယ်... အဲဒီနေရာလေးကို ရောက်ချင်တယ်... ပြီးတော့ ဓါတ်ပုံတွေ ရိုက်ချင်တယ်...
ဆောင်း..
ReplyDeleteအဲဒါ ကယ်လီဖိုးနီးယားပြည်နယ်၊ ကိုဗဲလိုး မြို့ လေးရဲ့ ပတ်ဝန်းကျင်ပါ။
ခက်တဲ့ဘာသာနဲ့ ဆိုင်တဲ့ ဘက်ဂရောင်းကြောင့်ယူဖြစ်တာပါ။ တော်လို့ မဟုတ်ပါဘူး။
မြေကြီးပေါ်မဟုတ်တဲ့ လပ်ဇူရီဟိုတယ်တခုခုရဲ့ အိပ်ခန်းဆိုရင်ရော..?
ကျမလည်း အိပ်ယာပြောင်းရင် မျက်စိကြောင်တတ်ပါတယ်။ မြေကြီးပေါ်မှမဟုတ်ပါဘူး။း)
မသက်ဝေ..
ဒါဆို ကိုယ့်ဆန္ဒ နဲ့ တထပ်တည်းဘဲ။ ကိုယ်ကလည်း အထပ်ထပ်သွားလည်း မရိုးဘူး။ သာယာတယ်။ ပန်းတွေကိုချစ်တယ်။ ဓါတ်ပုံတွေ ထပ်ထပ်ရိုက်ချင်တယ်။ အဲလို ခံစားချက်တွေ ဘဲထပ်ထပ်ခံစားရတယ်။
အစ်မရေ။ အလည်တစ်ခေါက်ရောက်လို့ ကြုံရင် မြတ်ကြည်ကို ခေါ်သွားပေးပါ။
ReplyDeleteခေါ်သွားဘို့ ကို ခေါ်သွားမဲ့သူတွေ စီအရင်ခေါ်သွားရမယ်..း)ဟုတ်ပြီလား။
ReplyDeleteမြတ်ကြည်သို့ ...(ကျန်ခဲ့လို့ အထက်မှာ)
ReplyDeleteလှပတဲ့ ရှုခင်းတွေနဲ့ ရောင်စုံပန်းပွင့်လေးတွေကြောင့် စိတ်ထဲ ကြည်နူးသွားရတယ်...။ ပုံလေးတွေက အနက်ခံနဲ့ဆိုတော့ အရမ်းကို လှနေတယ်။ မြသွေးလည်း အနက်ခံကြိုက်ပေမယ့် စာဖတ်ရင် မျက်စိကြိမ်းတယ်ဆိုလို့ အဖြူရောင်လေး ပြောင်းပေးထားရတယ်..။
ReplyDelete