Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label Rice. Show all posts
Showing posts with label Rice. Show all posts
Monday, June 18, 2012
အိုင်အိုရာရဲ့ ချဉ်ပေါင်ထမင်းသုပ်
ချဉ်ပေါင်ထမင်းသုပ် (Rice Salad with Roselle leaf)
အဲဒါချဉ်ပေါင်ကိုသိမ်းထားမယ်ဆိုပြီး အရွက်တွေခြွေ ရေဆေးပြီးတော့ လုံးထားလိုက်တာ။ သိမ်းတဲ့စခန်းတောင်မရောက်လိုက်ပါဘူး။ နောက်နေ့ ကျတော့လုံးထားတာကိုကြည့်နေရင်းနဲ့ ဗိုက်ကလည်းဆာ
ပြီးထမင်းနဲ့ နယ်ပြီးသုပ်စားချင်စိတ်တွေပေါက်လာတာနဲ့ ထွင်ပြီးသုပ်စားလိုက်ပါတယ်။ လက်ဖက်ထမင်းသုပ်လိုပေါ့။ အိုင်အိုရာတို့ အိမ်ကအသုပ်တို့ အထောင်းတို့ အရမ်းကြိုက်ကြတော့ မသုပ်ဖူး မထောင်းဖူးတာတော့ခပ်ရှားရှားရယ်။ လက်ဖက်ဆိုလည်းရန်ကုန်မှာဆိုင်တွေမှာမရောင်းဘူးခင်ကတည်းက အိမ်မှာအမေကသုပ်စားတတ်တော့ငယ်ငယ်လေးကတည်းကစားဖြစ်ပြီး ဟင်းမကြိုက်ကြတိုင်းတအိမ်လုံးကထမင်းနဲ့ သုပ်စားကြတယ်လေ။ အမေကညဘက်ဆိုများသောအားဖြင့် အဲလိုလေးတွေသုပ်သုပ်စားလေ့ရှိတယ်။ ဟင်းတွေမစားချင်ဘူး။ ခြောက်ခြောက်လေးနယ်စားတတ်တယ်။ ထမင်းဆီဆမ်း ငံပြာရည်လေးနဲ့ လက်ဖက်အစာ၊ ပုဇွန်ခြောက်၊ မြေပဲကြော်၊ ငါးအိုးကပ်ချက်ရင်လည်းထမင်းကိုဆီဆမ်းဆားနယ်ပြီး ငါးအိုးကပ်နဲ့ တွဲစားတယ်။ မုန့် ဟင်းခါးချက်ရင် ငါးဆီသတ်ထားတာတွေသပ်သပ်ဖယ်ပြီး မုန့် ဖတ်သုပ်၊ ထမင်းသုပ်သုပ်စားကြတယ်။ ငါးဖယ်တွေနဲ့ ထမင်းကိုသုပ်စားဘို့ ငါးဖယ်ကိုပိုကြော်ကြတယ်။ မုန့် ဟင်းခါးထဲထဲ့ဘို့ ပြုတ်ထားတဲ့ ဘဲဥတွေကို ကြက်သွန်နီပါးပါးလှီးပြီးသုပ်စားကြတယ်။ အမေအသက်ကြီးလာတော့ အိုင်အိုရာတို့ ညီအမတွေကသုပ်ပေးကြရတယ်လေ။ အိုင်အိုရာကလေ အမေကလည်းဟင်းတွေလိုက်ဖက်အောင်ကောင်းကောင်းမွန်မွန်ချက်ထားတာကိုမစားချင်ဘူး။ ခြောက်ခြောက်ကြီး
တွေစားချင်နေတယ်လို့ ပြောခဲ့ဖူးတယ်။ ခုအိုင်အိုရာ အသက်ကြီးလာတော့အမေ့ထက်ဆိုးတယ်ဗျာ။ ဟင်းကိုတစ်ခါကနှစ်ခါမစားချင်ဘူး။ ဟင်းသုံးလေးမျိုးရှိလည်းထမင်းဆီဆမ်းစားတယ်။ တခုခုထပ်လုပ်စားတယ်။ ဟင်းထဲကအနှစ်နဲ့ သာနယ်မစားချင်တာ။ ထမင်းဆီဆမ်းကျတော့အရမ်းကြိုက်ပြန်ရော။ခုလည်းထွင်ပြန်ပြီ။ သူများတွေတော့စားမစားမသိဘူး။ အိုင်အိုရာတော့ကိုယ့်ဟာကိုယ်ထွင်ပြီးသဘောတွေကျနေပြီ။ ဒါကြောင့်မျှပေးလိုက်ပါတယ်ရှင်။
ထမင်းတစ်ပန်းကန်စာရယ်၊ လုံးထားတဲ့ချဉ်ပေါင်ဇွန်းကြီးတစ်ဇွန်းစာမပြည့်တပြည့်ရယ်၊ပုဇွန်ခြောက်ရယ်၊ (အမှုန့် နဲ့ ပိုကောင်းတယ်)ငရုတ်သီးဆီကြော်ရယ်၊ ကြက်သွန်နီပါးပါးလှီးရယ်၊ငန်ပြာရည်ရယ်၊ နံနံပင်ပါးပါးလှီးရယ်၊ ဆီစိမ်းလေးနဲနဲရယ်၊ ပဲမှုန့် အကျက်မှုန့် နဲနဲရယ် (မထဲ့လည်းရ) အားလုံးသမအောင်ရောနယ်ပြီး ဆလတ်ရွက်ရယ်၊ ကြက်သွန်ဖြူရယ် (အပြင်သွားစရာရှိရင်မစားနဲ့ နော်း)) ကိုက်စားလိုက်တာ စိတ်ထဲမှာအရမ်းသဘောကျပြီး ထပ်သုပ်စားအုန်းမယ်လို့ တေးထားလိုက်သေးတယ်။ ငရုတ်သီးကြော်ကလည်းကြွတ်နေတော့လေ အရမ်းမွှေးပြီးစားလို့ ကောင်းတယ်။
ဆလတ်ရွက်လေးနဲ့ ထုပ်ပြီးစားကြည့်တယ်။ တကယ်ကောင်းတယ်။ သိလား။
နောက်တစ်လုပ်။
ငါးဖယ်ကြော်ထားတာရှိနေတော့သူနဲ့ လည်းတွဲစားတယ်လေ။ ငါးဖယ်ကြီးကြီးနှစ်ခုက ငရုတ်သီးစိမ်းတွေထဲ့ထားတယ်နော်။ စပ်စပ်။
Farmers' market က ချဉ်ပေါင် ၀ယ်မလို့ ကြည့်နေတာပါ။ ဒီဘက်လေးကပင်စိမ်း။
ချဉ်ပေါင်တွေလည်းအများကြီးဘဲကြော်ပစ်လိုက်တယ်။ ကြာကြာထားမယ်ဆိုပြီးဆီတွေများများထဲ့ထားပါတယ်။ ဒယ်လိုက်ချထားပါတယ်။း)
Cheese cake လေးလုပ်စားထားတာပါ။ အစပ်ပြေအချိုတည်းသွားနော်။ ချိစ်ကိတ်လုပ်နည်းသိချင်ရင်တော့တင်ပေးပါမယ်။ (လာမယ်ကြာမယ်...နော်)
ငါးရံ့တွေလတ်လတ်ဆတ်ဆတ်တွေ့ တော့သူငယ်ချင်းနဲ့ ဝမ်းသာအားရ၀ယ်လာကြပါတယ်။ သူငယ်ချင်းကတော့ချက်စားမယ်တဲ့။ ကျမကငါးရံ့ခြောက်ခွဲစားမယ်ဆိုပြီးတစ်ကောင်စီဝယ်လာကြပါတယ်။ အဲဒီတစ်ကောင်ကို ၁၀ ဒေါ်လာကျပါတယ်။ ငါးရံ့ခြောက်ဒီမှာဝယ်ရင်လည်းအဲဒီလိုတစ်ကောင်ကို ၁၀ ဘဲကျတော့ လုပ်အားရှုံးပါတယ်။ ဒါပေမဲ့သန့် ရှင်းလတ်ဆတ်ပြီး ဆားကိုယ်ကြိုက်တဲ့အနေလေးရပါတယ်ရှင်။း)
 တစ်ကယ်တော့ကျမတွေးထားတာမြန်မြန်ဆန်ဆန်တင်လို့ ရမဲ့ချဉ်ပေါင်ထမင်းသုပ်လေး ပုံနဲ့ စာတိုတိုပါ။ မရေးဘူးမရေးဘူးနဲ့ တော်တော်ရှည်သွားပြီး ဟိုရောက်ဒီရောက်တွေဖြစ်တာခွင့်လွှတ်ပါရှင်။
လာလည်တဲ့သူတွေလည်းအဟောင်းတွေဘဲဖတ်နေရလို့ သိပ်အားနာပါတယ်ရှင်။ မတင်ဖြစ်တာတွေအများကြီးတင်ဖြစ်အောင်တင်မယ်လို့ တော့တွေးထားပေမဲ့ဦးစားပေးကိစ္စတွေများနေလို့ ပါနော်။
စာဖတ်သူမိတ်သစ်မိတ်ဟောင်းနှူတ်ဆက်သွားသူများရောတိတ်တိတ်လေးပြန်သွားသူများရောစိတ်ချမ်းသာ
ကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
Tuesday, May 8, 2012
မြန်ကောင်းသက်သာနဲ့ ဝမ်းနည်းဝမ်းသာနှုတ်ဆက်ပွဲ
ကန်စွန်းရွက်ကြော်၊ ကြာဆံကြော်၊ ကြက်သားအာလူး၊ သခွားသီးနဲ့ ကြက်သွန်ချဉ်၊ တရုတ်နံနံရိုး နဲ့ ခါဂျက်ဥ၊ ချစ်ပ်စ်၊ ၀က်သားလုံးကြော် နဲ့ ဆလတ်ရွက်၊ ဟင်းချို၊ လက်ဖက်သုပ်
မြန်မြန်နဲ့ စားကောင်း သူတို့ လည်းစားနိုင်၊ အမြင်မှာလည်းလှ လူလည်းသက်သာ၊ ငွေလည်းသိပ်မကုန်၊ သိပ်လည်းအလုပ်မရှုပ်မဲ့ဟင်းတွေကို သူနဲ့ တိုင်ပင်ပြီးစီစဉ်ချက်လိုက်ပါတယ်။ ကျမစီစဉ်လိုက်တာကတော့ ကြက်သားအာလူး(အာလူးကရှိပြီးသား)မဆလာချက်ရယ်၊ ၀က်သားလုံးပြုတ်ကြော်ခြောက်ခြောက်လေးရယ်၊(မကြော်ဘူးလေ။ ကြော်ရင်အချိန်ပေးရတယ်။ လူပင်ပန်းတယ်။ညှော်တယ်။ ပျော့သွားရင်လည်းစားမကောင်းဘူးလေ)လက်ဖက်သုပ်ရယ်  (ဒါလည်းအဆင်သင့်ရှိပြီးရယ်ဒီမိတ်အထုတ်)၊ ကညွတ်ဖြစ်ဖြစ်အစိမ်းရောင်အရွက်တစ်မျိုးကြော်ရယ် (ကန်စွန်းရွက်ကြော်ဖြစ်သွားပါတယ်။ မြန်တယ်လေ။ကညွတ်ကဈေးကြီးနေပြီးကန်စွန်းရွက်ကသက်သာနေတယ်။)   နောက်ဆုံးတင်ထားတဲ့ပို့ စ်က ပုံစံမျိုး ကြာဆံကြော်ရယ်၊ ကြက်ရိုးပြုတ်ဟင်းချိုကို ကြက်သွန်မြိတ်၊ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်ကောင်းခတ်နဲ့ Appetizer ကိုတော့လွယ်လွယ်ရှိနေတာကိုဘဲလှအောင်ပြင်ထဲ့လိုက်ပါတယ်။ အာလူးကြော်ရယ်၊ နောက်ထပ်ချစ်ပ်တစ်မျိုးရယ်၊ ကျမတော့သိပ်သဘောကျတာမဟုတ်ပေမဲ့ဒီကဘိုပွဲတွေမှာအမြဲလိုပါလေ့ပါထရှိတဲ့ တရုတ်နံနံရိုးရယ်၊ ခါဂျက်ဥရယ်နဲ့ သူနဲ့ တွဲစားဘို့ ဟုမ်းမိတ်ဆော့စ်တစ်မျိုးကိုပဲပြုတ်နဲ့ ဖန်တီးလိုက်ပါတယ်။
သူငယ်ချင်းတို့ လည်း ပွဲရှိလို့ မစဉ်းစားချင်ရင်ဒီလိုပဲလုပ်ကြည့်ရင်သိပ်မပင်ပန်းပဲလှလှပပနဲ့ ပြီးသွားပြီး အားလုံးလည်းအားပေးကြတာတွေ့ ရပါလိမ့်မယ်။ ကျမက တနင်္ဂနွေနေ့ ခင်းပိုင်းမှာစားဘို့ စီစဉ်ထားတာပါ။ အားလုံးအဆင်ပြေတဲ့အချိန်ညှိလိုက်ကြတာလေ။ အဲတော့သောကြာနေ့ ညမှာ ကျောက်ကျော နှစ်ဘန်း (အဖြူသက်သက်ရယ် သာကူပန်းရောင်နဲ့ အစိမ်းရောထားတာရယ်)အရင်ထိုးထားလိုက်ပါတယ်။ အဲဒါကလည်းဘာမှမကြာပါဘူး။ ပင်လည်းမပင်ပန်းဘူး။ နာရီဝက်ဆိုတစ်ဘန်းရတာပါဘဲ။ အဲဒီညကတည်းကတစ်ဘန်းကိုလှီးပြီးဘူးတွေထဲထဲ့ပြီးရေခဲသေတ္တာထဲထဲ့ထားလိုက်တယ်လေ။ နောက်နေ့ တဘန်းကိုလှီးပြီးထဲ့ပေါ့။   ကျောက်ကျောကတော့လွယ်လို့ ထိုးနည်းမလိုပါဘူးနော်။
 သောကြာမှာဈေးဝယ်တယ်။ ကြက်သားကိုစနေနေ့ မနက်ပိုင်းမှာဆားဆနွင်း၊မဆလာ၊ ဒိန်ချဉ်၊ ကြက်သားမှုန့် ၊ ငံပြာရည်နဲ့ နယ်ပြီးနှပ်ထား။ ကြက်သားနယ်ပြီးတော့ကန်စွန်းရွက်ရယ်၊ ကြာဆံကြော်ရယ်ထဲထဲ့မဲ့ အသီးအရွက်တွေ (ခါဂျက်ဥ၊ ဘရော့ကလီ၊ ပန်းမုန်လာ၊ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ ကိုလည်းသင်ပြီးလှီးချွတ် ရေစစ်ထားပါတယ်။ ပြီးတော့ရေအရမ်းစစ်အောင်မစောင့်ပဲ   ရေခဲသေတ္တာထဲမှာ ထဲ့ထားလိုက်ပါတယ်။ ကြက်သွန်ဖြူကတော့နကိုယ်တည်းကသင်ပြီးသားတွေရှိတော့သင်စရာမလိုတော့ဘူး။ ဂျင်းပဲသင်ထားလိုက်တယ်။ ပဲပြုတ်နဲ့ ပုဇွန် အထုတ်တွေကိုရေခဲသေတ္တာအောက်ထပ်မှာရွှေ့  ထားလိုက်တယ်။ နောက်နေ့ သုံးရင်မခဲနေအောင်လို့ လေ။
ညနေပိုင်းကျတော့ကြက်သားကိုဂျင်း၊ ကြက်သွန်ဖြူနီ၊ မဆလာ၊ ပျဉ်းတော်သိမ်၊ ဇီယာနဲ့ ဆီသတ်ပြီးမှ ပေါင်းအိုးထဲမှာရေကိုကြက်သားမြုတ်ရုံထဲ့ပြီးတည်လိုက်ပါတယ်။ ပေါင်းအိုးနဲ့ ဆိုတော့ ဆယ်မိနစ် ကျော်ကျော်လောက်ဆိုအသားကကျက်ပြီး အာလူးရောလို့ ရတဲ့အနေရပြီ။ ဆီလည်ရေလည်အနှစ်နဲ့ ချက်မှာဆိုတော့ ရေကိုများများထဲ့ထားပါတယ်။ အာလူးကလည်းအရည်တွေစုတ်အုန်းမှာဆိုတော့များများထဲ့မှ မခြောက်မှာပါ။ တနင်္ဂနွေမနက်ကျတော့မှ အာလူးဆားနယ်ပြီးရောလိုက်ပါတယ်။ အာလူးကိုနဲနဲလည်းကြေစေချင်။ အားလုံးလည်းမကြေစေချင်ဆိုတော့ တ၀က်ကိုဒီတိုင်းရော၊ တ၀က်ကိုဆီနဲ့ လှိမ့်ပြီးမှထဲ့လိုက်ပါတယ်။ ချခါနီးတော့မဆလာလေးထပ်အုပ်တော့မွှေးမွှေးလေးပေါ့။
ကြာဆံကြော် (ပြီးခဲ့တဲ့ပို့ စ်မှာကြော်တဲ့အတိုင်းကြော်ထားတာပါ။ အသားမပါပါဘူး။ ပုဇွန်နဲ့ ကြက်ဥနဲ့ အသီးအရွက်တွေပဲပါပါတယ်။)
သခွားသီး၊ကြက်သွန်နီ နဲ့ ငရုတ်ဆီ၊ သကြားလေးနဲနဲထဲ့ပါတယ်။
သူတို့ တွေလာပြီးတော့မှ ကန်စွန်းရွက်ကြော်ပါတယ်။ စားပြီးတော်တော်လေးကြာမှရိုက်ရလို့ နဲနဲမဲနေပြီ။               
ဧည့်သည်တွေစားနေတုန်းမှာမြန်မြန်ရိုက်ရတော့မြင်တဲ့အတိုင်းဝါးတားတားဘဲ။ မကုန်ခင်မြန်မြန်ရိုက်ရတာ။ဝက်သားလုံးကိုလည်းစနေနေ့ ကတည်းက ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ခရုဆီ၊ ကြက်သားမှုန့် နယ်လုံးပြီးပြုတ်ကြော်လုပ်ထားလိုက်ပါတယ်။ ကျမကစနယ်ကတည်းကချက်မဲ့ဒယ်အိုးကြီးထဲထဲ့ပြီးနယ်ပြီးဘေးမှာလုံးပြီးစီသွားလိုက်တာ။ ဆေးရတာသက်သာအောင်ရယ်၊ အချိန်ကုန်သက်သာအောင်ရယ်ပေါ့။ ပြီးတော့ရေနဲ့  ဆီနဲ့ တစ်ခါတည်းထဲ့ပြီး အသားလုံးတွေမာသွားတော့မှတစ်လုံးစီပုံမပျက်အောင်ဇွန်းနဲ့ အသာလေးမွှေရင်းခွဲသွားပါတယ်။ ဆီပြန်တဲ့ထိတည်ထားလိုက်ပါတယ်။ မနက်စားခါနီးကျမှ ရဲရဲလေးဖြစ်အောင်အပူပေးပြီးပြန်လှိမ့်ပြီးမှ ပွဲပြင်လိုက်ပါတယ်။ ပန်းကန်လည်းလှ တွဲစားလို့ လည်းရအောင် အမေရိကန်ရိုမိန်းဆလတ်ရွက်နဲ့ ဘေးမှာစိတ်ထားတဲ့သံပုရာသီးနဲ့ တွဲထဲ့လိုက်ပါတယ်။
ပုံတွေဝါးနေတာတော့သီးခံလက်စနဲ့ သီးခံတော့နော်။ ဒါကလက်ဖက်သုပ်။ သူ့ ကိုလည်းဂေါ်ဖီတွေစနေနေ့ ကတည်းကလှီးပြီးနယ်မဲ့အိုးထဲအဆင်သင့်ထဲ့အုပ်ထားလိုက်တာ။ ခရမ်းချဉ်သီးပါရေဆေးပြီးထဲ့ထားလိုက်တယ်။ မနက်ကျတော့ကြက်သားထဲအာလူးရောနေချိန်မှာခရမ်းချဉ်သီး ရော သံပုရာသီးရောလှီးထဲ့ထားလိုက်တယ်။ လက်ဖက်ပုလင်းတွေအဆင်သင့်ဘေးမှာထားထားလိုက်တယ်။ မြန်အောင်လို့ ။ စားခါနီးမှလက်အိတ်စွတ်ပြီးအားလုံးထဲ့ငံပြာရည်၊ နဲ့  ဆီထဲ့ပြီးနယ်ပေးလိုက်ပါတယ်။ ငရုတ်သီးမစားနိုင်ကြတော့ဘေးမှာပဲပုံပေးလိုက်ပါတယ်။
ချစ်ပ်စ်..နဲ့ ပဲပြုတ် Humus . Humus ဆိုတာ popular ဖြစ်တဲ့ Middle Eastern dip တစ်မျိုးပါ။ သူတို့ အရှေ့ အလည်ပိုင်းမှာတော့ဘယ်လိုစားတယ်မသိ။ Bread နဲ့ စားတယ်လို့ တော့ကြားဘူးတယ်။ ဒီမှာတော့အဲဒီတရုတ်နံနံရိုးတို့ ၊ ခါဂျက်ဥတို့ ၊ ငရုတ်သီးအပွတောင့်ရောင်စုံတွေလှီးထားတာတို့  နောက်ပြီး မက်ဆီကန်အစာတစ်မျိုးဖြစ်တဲ့ တော်တီးယာလို့ ခေါ်တဲ့ချစ်ပ်စ်တွေနဲ့ တွဲစားကြပါတယ်။( Tortilla chips ကို ခရမ်းချဉ်သီးပန်ထွေဖျော်ပုံစံမျိုးစုံနဲ့ လည်းစားကြပါသေးတယ်။) အိုင်အိုရာလည်းကိုယ်ကြိုက်တာတွေကိုယ်ထဲ့ပြီးအိုင်အိုရာ့စတိုင်လုပ်လိုက်ပါတယ်။ ပဲပြုတ်ကို ရေနဲနဲ့ ထဲ့၊ ကြက်သွန်နီကြော်ထဲ့၊ ဆားနဲနဲထဲ့၊ မဆလာနဲနဲထဲ့ သံပုရာသီးနဲနဲညှစ်ထဲ့ပြီး ဘလင်ဒါနဲ့ ကြိတ်လိုက်တာ အပေါ်ကလို တို့ စားလို့ ရသွားပါတယ်။ သူတို့ လည်းအရမ်းကြိုက်ကြလို့ လုပ်နည်းမေးနေသေးတယ်။း)) အတုကို။
ကျောက်ကျော..ကိုယ့်ဖာသာကိုယ်လည်းမြည်းရသေးတာပေါ့နော်။း)
ကျောက်ကျော..ဘယ်တော့မှမမုန်းတဲ့ကျောက်ကျော
စနေနေ့ ကတည်းကဘူးထဲထဲ့ထားပြီးဘူးလိုက်ပဲချကျွေးလိုက်တော့တယ်။း)
အုန်းထမင်း နဲ့ ရိုးရိုးထမင်းနှစ်မျိုးချက်ပါတယ်။ ဒါကအုန်းထမင်း။ ထမင်းနှစ်အိုးလုံးကို နေ့ ခင်း ၁၂ နာရီမှာစတည်ပါတယ်။ ဒါမှ နေ့ ခင်း ၁နာရီကျော်မှာအဆင်သင့်လည်းဖြစ်နေအောင်ပူလည်းပူနေအောင်ပလတ်မဖြုတ်သေးဘဲတင်ပေးထားလိုက်ပါတယ်။ ပန်းကန်တွေဇွန်းတွေခရင်းတွေခွက်တွေအားလုံး ဘူဖေးလိုကိုယ့်ဖာသာကိုယ်ထဲ့စားနိုင်အောင်အဆင်သင့်တင်ပေးထားလိုက်ပါတယ်စနေနေ့ ညကတည်းက။ ပြီးတော့အပေါ်ကနေအားလုံးကိုအုပ်ထားပြီး မနက်ကျမှအုပ်ထားတာကိုဖယ်ထားလိုက်ပါတယ်။ သူတို့ လည်းစိတ်ကြိုက်ထဲ့။ အိမ်ရှင်လည်းသက်သာပေါ့။
ပုံတွေဝါးနေတာသီးခံပါနော်။
အိုင်အိုရာတို့ အိမ်ကလက်ဖက်သုပ်ရင်ဂေါ်ဖီဖတ်ကြီးမှကြိုက်တယ်။ သေးရင်နယ်ပြီးရင်နွမ်းဖတ်သွားလို့ မကြိုက်ဘူးလေ။
ကျောက်ကျောအတွင်းသား
အချိုပွဲ အုန်းနို့ သာကူကျောက်ကျော
အုန်းနို့ ကျောက်ကျော
ကျောက်ကျောဘန်းအအေးခံထားတာ
ကဲ..လာပါပြီ ကိုကိုတို့ မောင်မောင်တို့ အကြိုက်၊ ခလယ်ကပုလင်းကဘီယာပုလင်း။ဘယ်ဘက်က စက္ကူဘူးကလည်းဘီယာဘူးဘဲ။
လာပါပြီ။ ကိုကိုကာလသားတို့ အကြိုက် Tequila. တီကီးလာဆိုတာမက်ဆီကန်အရက်တစ်မျိုးပါ။ သိပ်ပြင်းပါတယ်။  သူ့ ကိုသောက်ရင် ဖန်ခွက်သေးသေးလေးထဲကိုထဲ့ပြီး straight  သောက်ရင်သောက်။ " lick..sip.. suck" လို့ ပြောပြီးသောက်တဲ့ နည်းနဲ့ သောက်ရင်သောက်။ လက်ညှိုးအရင်းနားမှာ ဆားကိုတင်၊ ရှောက်သီးစိပ်ကို အဆင်သင့်ထား ဖန်ခွက်သေးသေးထဲကိုတီကီးလာထဲ့။ ၀မ်း တူး သရီး ဆို ဆားကိုအရင်လျက်၊ တီကီးလာကိုမော့၊ ရှောက်သီးစိပ်ကိုပါးစပ်နဲ့ မြန်မြန်စုတ်။ ပြင်းလွန်းအားကြီးလို့ လျှာတွေအာတွေပူဆင်းသွားတာပေါ့။ အိုင်အိုရာကတော့တီကီးလာကိုပင်းတယကိုအမေရိကန်သူငယ်ချင်းမလေး (ကြယ်ကြွေတာကြည့်တဲ့သူငယ်ချင်းလေ)နဲ့ သူ့ သူငယ်ချင်းတွေနဲ့ သွားကြတုန်းကဟိုတယ်မှာညစာမစားခင် အပေါ်ကနည်းကိုသင်ပေးခဲ့လို့ မြန်မာပြည်မှာတတ်လာခဲ့တာပါ။ ပြင်းသလားတော့မမေးနဲ့ ဘဲ။ ဒီမှာလည်းသူငယ်ချင်းယောက်ျားလေးတွေဂုဏ်ပြုကြ နှုတ်ဆက်ကြရင်အဲဒါနဲ့ ဘဲလေ။ တစ်ချိန်လုံးကြုံနေရတယ်။
ဒီပွဲလည်းထုံးစံအတိုင်းလက်ကျန်တွေရှိနေသေးတယ်လေ။ သူကတော့ကြက်သားဟင်းတွေမကုန်ခင် အုန်းထမင်းထပ်ချက်ကြွေးပါတဲ့လေ။ ၀က်သားလုံးကတော့အကုန်ပြောင်ပြီ။
သူငယ်ချင်းသွားတော့မယ်ဆိုတော့ရှိနေတုန်းက ခဏခဏမတွေ့ ဖြစ်ခဲ့တာနောင်တရနေတာ။
အမြဲပါဘဲလေ။ နေ့ တစ်ဓူဝကိစ္စတွေနဲ့ ဘ၀ကကုန်နေရတယ်။
တွေ့ ကြုံ ဆုံကွဲ ဓမ္မတာဘဲ ဆိုပေမဲ့ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေးကိုတော့   လွမ်းနေမိဦးမှာပါ။     
ကဲ...ရေးတာလည်းရှည်နေပြီ။ ဖတ်ရတဲ့သူလည်းစိတ်မရှည်ဖြစ်နေလျော့မယ်။
အိုင်အိုရာလည်းအိပ်ချင်လှပြီ။ ဘုရားလည်းမရှစ်ခိုးရသေးဘူး။ မနက်လေးနာရီထိုးသွားပြီ။ မြန်မြန်အိပ်မှ။
မနက်ကျခေါင်းကိုက်နေရင်ဒုက္ခ။း))
ထုံးစံအတိုင်းလာလည်လို့ မိတ်ဟောင်းမိတ်သစ်များအားလုံးကိုကျေးဇူးတင်ပါတယ်လို့ ။
ခင်မင်လေးစားသော...
အိုင်အိုရာ   
Sunday, March 18, 2012
ရှော့ကပ်မုန့် လင်မယားလုပ်စားကြမယ်
ဒီပုံတွေကအဆင်သင့်ဖြစ်နေလို့ မုန့် လင်မယားလုပ်စားတာလေးအရင်တင်ပေးလိုက်ပါတယ်။ ကိုယ့်ချစ်သူငယ်ချင်းတွေကို တင်ပေးမယ်ပြောထားတာလေးတွေမမေ့ပါဘူး။ ဘိန်းမုန့် နဲ့ ပေါင်မုန့် ဘေးသားတွေလုပ်စားနည်းတွေလေ။ထုံးစံအတိုင်းလာမယ်ကြာမယ်နော်။ ခွင့်လွှတ်။ မရေးတာကြာလို့ လက်ကွက်တောင်သိပ်မမှတ်မိလို့ ပြင်ပြင်ရိုက်နေရတယ်။
ကျမကမုန့် လင်မယားသိပ်ကြိုက်ပါတယ်။ ရန်ကုန်မှာတုန်းကတော့ လွယ်လွယ်နဲ့ ဝယ်စားလို့ ရတော့တစ်ခါမှလုပ်စားကြည့်ဘို့ မတွေးမိပါဘူး။ ဒီမှာတော့စားချင်ရင်လုပ်စားမှစားရတော့အရသာနဲ့ ထဲ့တာတွေကိုသိသလောက်၊ ခံစားရသလောက်၊ ကိုယ်နှစ်သက်သလိုလုပ်စားကြည့်ရာကနေလွယ်လွယ်ကူကူအဆင်ပြေပြေလုပ်စားဖြစ်နေပါတယ်။
ဆန်မှုန့် ၁ဆ၊ ရေ၂ဆထဲ့ဖျော်ထားတဲ့အထဲကို ဂျင်းနဲနဲထောင်းထဲ့ပြီးဆားနဲနဲထဲ့ပါတယ်။ ကြက်သားမှုန့် နှစ်သက်ရင်နဲနဲထဲ့နိုင်ပါတယ်။ ကြက်သွန်မြိတ်၊ နံနံပင်နဲ့ ပဲပြုတ်ကိုပုံမှာပြထားသလိုထဲ့မွှေထားပါတယ်။ ကိုယ့်စိတ်ကြိုက်ဆိုတော့ အားလုံးများများလေးထဲ့ထားပါတယ်။ ဆိုင်က၀ယ်စားရင်သိပ်အားမရဘူးလေ။ ငုံးဥတော့မကြိုက်လို့ အမြဲဘဲဒီပုံစံဘဲလုပ်စားဖြစ်ပါတယ်။ ငုံးဥကြိုက်တဲ့သူကတော့အိုးထဲကိုအရည်ထဲ့ပြီးချိန်မှာအပေါ်ကဖေါက်ထဲ့လိုက်ရုံပါဘဲ။
အိုးထဲကိုဆီနဲနဲစီအရင်ထဲ့ပါတယ်။ အဲလိုထဲ့မှတူးမသွားပဲကွှတ်ကျွတ်လေးတွေရပါတယ်။ဂျပန်ဆိုင်က၀ယ်ထားတဲ့မုန့် လင်မယားအိုးပါ။ ဈေးသိပ်မကြီးပါဘူး။ ၁၁ကျပ်လောက်ဘဲပေးရပါတယ်။ 
တော်တော်တော့လေးတယ်။ နင့်နေတာဘဲ။ လက်ကိုင်လေးကို ဘေးဘက်မှာအမြဲသတိနဲ့ လှဲ့ ထားရတယ်။ ခြေထောက်ပေါ်ပြုတ်ကျလို့ ကတော့ကျေသွားမှာသေချာတယ်။။ လက်နှီးနဲ့ ငြိပြီးခြေထောက်ပေါ်ပြုတ်ကျရင်တော့..သေပြီဆရာဘဲ။    
ပြီးတော့စတီးဇွန်းတိုလေးနဲ့ တစ်ခွက်စီလိုက်ထဲ့ပါတယ်။
ကျမမှာကိုရီးယားတွေစားတဲ့ဇွန်းရှည်ရှည်လေးရှိတော့အဲဒီဇွန်းလေးနဲ့ အသာလေးခွာပြီး
တစ်ခြားလိုနေသေးတဲ့ခွက်လေးတွေပေါ်လိုက်ထပ်လိုက်ပါတယ်။
အပေါ်ကနေဆီလေးနဲနဲဖြန်း။ ထပ်ထားတာလေးတွေဟိုဖက်ဒီဖက်လှန်ပေးပြီးခပ်ညိုညိုလေးဖြစ်လာရင်ဆယ်ထဲ့ရုံပါဘဲ။
ကျမအတွက်ကတူးတူးလေးတွေ။ ဒါကတစ်ရက်။
အဲဒီတစ်လောတုန်းကဆက်တိုက်ပဲလုပ်စားဖြစ်နေခဲ့တယ်။ ဒါကနောက်တစ်ရက်။
ဒါကတစ်ခါ။
ဒါကတစ်ခါ
များသောအားဖြင့်မြန်မာမုန့် တွေကရိုးရာနည်းအရဆိုရင်ဆန်ကိုရေစိမ်။ ပြီးတော့ကြိတ်။ ပြီးတော့ရေစစ်။
 ပြီးတော့လိုသလိုအဆာပလာထဲ့လုပ်ကြတာမြင်ရတွေ့ ရဖတ်ရပါတယ်။ ဒါပေမဲ့ကျမတို့ က၀ယ်စားအဲလိုလုပ်စားလို့ မရတော့ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ဖန်တီးပြီးအနီးစပ်ဆုံးအရသာနဲ့ ပုံသဏ္ဍန်
တူအောင်စမ်းသပ်လုပ်စားကြည့်ရာကနေတစ်ခါတစ်လေတော့ ကျမတို့ ရှော့ကပ်လုပ်စားတာတွေလည်းမြန်ပြီးစားလို့ ကောင်းတာတွေ့ ရပါတယ်။ ဒီမုန့် လင်မယားဆိုအရသာတစ်ထေရာတည်းတူတယ်လို့ ကျမထင်မိပါတယ်။ ရေမုန့် လည်းဆန်မှုန့် နဲ့ လုပ်စားရင်
အရသာမကွဲဘဲရပါတယ်။ 
လုပ်စားရတာလွယ်ပြီးစားလို့ ကောင်းတော့ပျင်းတဲ့အခါအပျင်းပြေလုပ်စားကြည့်နော်။ တစ်ခါတစ်ခါတွေးမိပါတယ်။ ငယ်ငယ်ကလိုအိုးပုတ်တမ်းဆော့နေရသလိုဘဲလို့ ။ တစ်ခုတစ်ခုစမ်းသပ်လုပ်ရင် စိတ်ထဲကထင်တာကိုလုပ်နေရတော့လေ။
အားလုံးကိုလာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။ ရင်းနှီးခင်မင်စွာနဲ့ ပေးတဲ့မှတ်ချက်များကိုတန်ဖိုးထားကြိုဆိုလျှက်ပါလို့ ။
ခင်မင်လေးစားသော...
အိုင်အိုရာ
Friday, November 11, 2011
အမြန်ချက်ထောပတ်ထမင်းနဲ့ ကျန်ဖြတ်လိုက်ဖက်ဟင်းများ
အုန်းထမင်းချက်စားပြီး ဟင်းတွေကျန်နေတာနဲ့ ထောပတ်ထမင်းချက်စားလိုက်တာပါ။
အမြန်နည်းဆိုတဲ့အတိုင်း ကိုယ့်မှာ ရှိနေတဲ့ မာဂျရင်းထောပတ်ကို ဆီနဲနဲနဲ့ ကရဝေးရွက်နဲနဲ၊ သစ်ဂျပိုးခေါက်နဲနဲ နဲ့ ဆီသတ်လိုက်ပါတယ်။ မွှေးလာပြီး ထောပတ်မတူးသွားခင် ဆေးထားတဲ့ ဆန် (ရိုက်စ်ကွတ်ကာထဲကို) ထဲကို ထဲ့လိုက်ပါတယ်။ စိပ်ထားတဲ့ ကြက်သွန်နီစိပ်၊ စပျစ်သီးခြောက် (အ၀ါဘဲကြိုက်ပါတယ်။ အညို နှစ်သက်ရင်အညိုထဲ့)သကြားနှစ်သက်သလောက်၊ ဆားနဲနဲ၊ ထဲ့မွှေပြီး ချက်နေကျထက်ရေနဲနဲလေးပိုထဲ့ပါ။ ကျမ ချက်နေကျအတိုင်းထဲ့လိုက်တာ မာသွားလို့ ရေနွေး တောက်ပြီး ပြင်ပေးလိုက်ရပါတယ်။ အဲဒါကြောင့် ပုံထဲကလိုမျိုး ဆန်သားမလှဘဲ နဲနဲ ကျိုးသွားပါတယ်။ ဆန်သားလေးစင်းနေမှလှပါတယ်။ ခုတော့သီးခံပေအုန်းတော့ ဘော်ဒါတို့ ရေ။
ပြောခဲ့တဲ့အတိုင်း အုန်းထမင်းချက်စားတုန်းက ကျန်နေတဲ့ ကြက်သားဟင်းကို လိုက်ဖက်ပြီး စားချင်စဖွယ်ဖြစ်အောင် မော်ဒီဖိုင်းလုပ်ပါတယ်။ အရင်ချက်ထားတာက မြန်မာချက်ပါ။ ဟင်းတမျိုးထဲကို ဆက်စားရတာမုန်းတော့ အင်ဒီးယန်းစတိုင်ဖြစ်အောင်လို့ မဆလာတို့ ၊ ဇီယာတို့ ၊ ထဲ့ပြီး ပြင်ပါတယ်။ ကြက်သွန်နီကြော်တွေကို မဆလာနဲ့ ရောပြီး မှ ရေဆူထဲ့ထားတဲ့ ကြက်သားဟင်း ထဲကို ရေမခန်းတခန်းမှာ ထဲ့ပြီး အဖုံးအုပ်ပေးထားလိုက်ပါတယ်။ ရေလဲခန်း ကြက်သွန်ကြော်တွေလည်း အိပြီးမွှေးလာတော့ ကြက်သားအတုံးတွေ နဲ့ သာသာလေးမွှေပေးထားတာပါ။
အသီးအရွက်လည်းပါအောင် လို့ ရေခဲသေတ္တာထဲမှာ ရှိနေ တဲ့ အသီးအနှံတွေကို မန်ကျည်းရည်တို့ မဆလာတို့ ထဲ့ပြီး ခပ်ပျစ်ပျစ်ချက်လိုက်ပါတယ်။ အာလူး၊ ခရမ်း၊ ရုံးပတေ၊ ငရုတ်သီးစိမ်းထဲ့ပြီး မုန်ညင်းစေ့ နဲ့ ဇီယာကို အနှစ်ဆီသတ်ချိန်မှာ ထဲ့ပြီး ဆီသတ်ပါတယ်။  ဆီသတ်ပြီးတော့ မာတာတွေ အရင်ထဲ့ ပျော့တာတွေ နောက်ထဲ့ အားလုံးထဲ့ပြီးတော့ ရေဆူထဲ့ အချဉ်ရည်ထဲ့ အရသာပြင်ပြီး အရည်နဲနဲလေးကျတော့ ရှမ်းနံနံအုပ်ပြီးချပါတယ်။
ဟင်းတွေ ကြိုက်သလိုထဲ့ပါရှင်။
သရက်သီးသနပ်နှစ်သက်ရင် ပုလင်းထဲမှာပါ။
ငရုတ်သီးကတော့ အရင်ထဲ့တာဘဲ။း)
ဘာလချောင်ကြော်လည်း လက်ကျန်ဘဲ။ ဗက်ဂျီကလွဲရင် အားလုံး ကျန်ဖြတ်ဟင်းတွေပါ။
အိုးလိုက်ချထားတယ်နော်။ ဆန်တွေကမာသွားလို့ ရေတောက်ပြီး နှပ်ထားရလို့ ကျိုးနေတယ်။ မလှဘူးနော်။ ခွင့်လွှတ်။
အလင်းရောင်ရတဲ့ ပြူတင်းပေါက်နားမှာ လာရိုက်တော့ လေတိုက်လို့ ဟင်းတွေကပိုအေးပြီး ရိုက်နေရင်းနဲ့ ကို အပေါ်ယံတွေတင်းပြီး မလှတော့ဘူး။
မော်ဒီဖိုင်းလုပ်ထားတဲ့ ကျန်ဖြတ်ကြက်သားမဆလာချက်
ဒါလည်းအိုးလိုက်
နောက်နေ့ ကျတော့ မုန်ညင်းစိမ်းကြော်နဲ့ တွဲစားပါတယ်။ (ဓါတ်ပုံရိုက်ချင်ရင် ပေါက်ကရတင်ထားတဲ့စားပွဲကို ရှင်းရတာတလုပ်။ တခါတခါကျတော့ ဘေးကိုတွန်းပြီးဘဲ ရိုက်လိုက်တော့တယ် စိတ်မရှည်လို့ ။ ဘုရားစာအုပ်၊ မျက်မှန်၊ လက်သဲညှပ်၊ လက်သဲဆိုးဆေး၊ သွားကြားထိုးတံ၊ဖုန်း၊ အားသွင်းတဲ့ဖုန်းကြိုး၊ ကွန်ပြူတာနဲ့ ဆက်တဲ့ကင်မရာကြိုး၊ဘာကြိုးညာကြိုး၊ လက်တော့၊ချာဂျာ၊ ဓါတ်ခဲ၊ သော့တွဲ၊ ဘောပင်၊ ပြေစာ၊ဟိုအထုတ်ဒီအထုတ်၊ အထင်ကြီးစရာတော့တခုမှမပါဘူးရယ်)
မပျင်းမရိ လာရောက်အားပေးသွားလို့ ကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ