Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label spicy paste. Show all posts
Showing posts with label spicy paste. Show all posts
Saturday, July 11, 2015
ဒုတိယအကြိမ်အနိုင်ကျင့်ခံရခြင်း နှင့် တစ်နေ့ သောအခါကအိမ်ချက်ဟင်းလေးများ နဲ့ အချိုပွဲ
တကယ်တော့ ရေးချင်တာက အစားအသောက်အကြောင်း အဓိကမဟုတ်ပါဘူး။
ကိုယ်ခုတစ်လော ရင်ဆိုင်နေရတဲ့ အွန်လိုင်းကြော်ငြာဒုက္ခကို ဖြေရှင်းလိုက်နိုင်တာလေးကို ဘ၀တူတွေကို ဝေမျှရင်း နောက်တစ်ခါဖြစ်ရင်လည်း ဘယ်လိုဖြေရှင်းရမယ်ဆိုတာလေးကို မှတ်ထားချင်လို့ ရေးလိုက်တာပါ။ အရင်တစ်ခါတုန်းက လည်း အနိုင်ကျင့်ခံရခြင်းဆိုပြီး ဒီလိုပြဿနာမူကွဲတစ်မျိုးကို ရေးဘူးပါတယ်။ဒါကြောင့်ဒါကဒုတိယအကြိမ်ပေါ့။
 ရေးလက်စနဲ့ ဒီနေ့ ပြန်ကြည့်မိတဲ့ ဓါတ်ပုံတွေထဲက ကိုယ်ကြိုက်ပြီးမတင်ဖြစ်ခဲ့တဲ့ ဟင်းလေးတွေ့ တာနဲ့ သွားရည်ကျရင်း ကိုယ့်သူငယ်ချင်းတွေလည်း အကြိုက်တူရင် သွားရည်ကျရအောင်ရောတင်ပေးလိုက်တာပါ။ ထုံးစံအတိုင်း အချိုပွဲလေးရောပေါ့။
ကိုယ်အဲဒီနေ့ က မိုက်ခရိုဆော့ အော့ဖစ်စ် လည်း ဖရီးဒေါင်းဖို့ ကြိုးစားခဲ့တယ်။
အဲဒီအချိန်ကစလို့ သူ့ လက်ပ်တော့မှာ PC tech hotline ဆိုတာရယ် Powered by Strong Signal ဆိုတဲ့ ဟာရယ် က ဒုက္ခပေးတော့တာဘဲ။ ဒုက္ခပေးပုံ က ပထမတစ်ခု က စကရင်အပေါ်ညာဖက်ထောင့်နားမှာ လူရုပ်ပုံလေးနဲ့ ပေါ်နေပြီး အကူအညီလိုရင် chat လို့ ရတယ်ဆိုပြီး တစ်ချိန်လုံးပေါ်ပေါ်နေတာ။ တော်တော်အမြင်ကပ်စရာကောင်းတယ်။ ကွန်ပြူတာဖွင့်လိုက်တာနဲ့ သူ့ ပုံက တက်လာပြီ အရင်။ ဒါပေမဲ့ သူ့ ကို right click လုပ်ပြီး exit နှိပ်လိုက်ရင်တော့ ပျောက်သွားတယ်။ ဖွင့်တိုင်းတော့ ပြန်ပေါ်လာတာဘဲ။
ကိုယ်လည်း တော်တော်စိတ်ပျက်နေတာ။
စာဖတ်ဖို့ လည်း အချိန်မပေးနိုင်ဘူးလေ ပြင်ဖို့ က။ ပြီးတော့ ကိုယ်တို့ ကကွန်ပြူတာသမားလည်းမဟုတ်တော့ တစ်ခုတစ်ခုဖြစ်ရင် ဘာကြောင့်ဖြစ်တယ် ဘယ်လိုပြင်လို့ ရတယ်ဆို တာ ဂူဂယ်မှာ ရှာဖတ်ရတာ အချိန်တော်တော်ပေးရတာ။ အဲဒါဖြစ်နေတာ လေးငါးလလောက်တောင်ကြာသွားတယ်။
တိုတိုပြောရရင် မနေ့ ကတော့ကိုယ်ဟိုရှာဖတ် ဒီရှာဖတ်နဲ့ နောက်ဆုံး လွယ်ပြီးအသုံးတဲ့တဲ့ ဗီဒီယိုလေးတစ်ခု You Tube ကနေတွေ့ ပြီး သူပြောတဲ့အတိုင်း လုပ်လိုက်တာ အကုန်လုံး ပျောက်ပြီး အဆင်ပြေသွားတယ်။ တစ်နေ့ လုံးနီးနီး အဲဒါနဲ့ ပြီးသွားရော။
ဒီအောက်ကလင့်လေး နှစ်ခုပါ။ တစ်ဦးတည်းပါဘဲ။
https://www.youtube.com/watch?v=yAz1dpR9WKc
https://www.youtube.com/watch?v=Fl3RMpPIT_w
ခုတော့ အရမ်းစိတ်ချမ်းသာသွားပါပြီ။ ကွန်ပြူတာဖွင့်လိုက်ရင် ဘာမှမတက်လာဘူး။ ဘေးနှစ်ဖက်ကို လာကျူးကျော်ထားတဲ့ ကြော်ငြာဆိုဒ်တွေလည်း မရှိတော့ဘူး။ စကရင်အကျယ်အတိုင်း ပြန်မြင်ရပြီ။
ကဲဒါတွေပြီးတော့...
အစားအသောက်လေးနဲ့ ပိတ်လိုက်ကြစို့ နော်။
အရင်တုန်းက ချက်စားထားတဲ့ အိမ်ချက်ဟင်းရိုးရိုးလေးတွေပါ။ အကြိုက်တူတဲ့သူတွေ ကြည့်ရအောင်ပေါ့။
ငပိထောင်း။ ပုဇွန်ခြောက် ငရုတ်သီးစိမ်းလှော် ကြက်သွန်ဖြူ နဲ့ 
ငပိထောင်း ရယ် ပဲပုတ်ကြော်ရယ် ငါးနဲ့ မုန်လာရယ် တို့ စရာရယ် ရိုးရိုးလေးပါ။
ငါးနဲ့ မုန်လာဥကို ခရမ်းချဉ်သီးများများနဲ့ အချဉ်ချက်ထားတာပါ။ နံနံပင်အုပ်လို့ ပေါ့။
ရှိတာကို တို့ စရာလုပ်ထားတာ။ ကေးလ် ရယ် သခွားသီးရယ် ချယ်ရီခရမ်းချဉ်ရယ်
ဂျပန်ပဲပုတ်ကို ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီး နည်းနည်း နဲ့ ငရုတ်သီးစိမ်းနဲ့ ကြော်ထားတာပါ။
Cat fish ကို ဒီလိုချက်စားတာ တော်တော်ကောင်းတယ်။  ဆီနည်းနည်းနဲ့ အနှစ်လေးအရင်ဆီသတ် ခရမ်းချဉ်သီးများများထဲ့ အရသာထဲ့ ကြေတော့ ငါးထဲ့ အုပ်ထား။ ရေလေးခမ်းသွားတော့ မှ ရေဆူထည့် မန်ကျည်းရည်ထဲ့ ငံပြာရည်ထဲ့ အပေါ့အငံမြည်း ပြီးချခါနီး နံနံပင်အုပ်။
ဒါလည်း အရင်တုန်း က လုပ်စားထားတာ။ ပေါင်မုန့် ထဲကို စထရော်ဘယ်ရီယိုထိုးထားတာတစ်လွှာညှပ် ရှောက်ယိုနဲ့ ချိစ်တစ်လွှာညှပ် အားလုံးကို ထပ်ပြီး မှ ကြိုက်တဲ့ပုံလှီး ပန်းကန်ထဲထဲ့ပြီး အပေါ်က ခရင်မ် နဲ့ စထရော်ဘယ်ရီယို ဆမ်းထားတာပါ။ဆူပါအီးဇီး ။ မြန်ကောင်းသက်သာပါဘဲ။
မမေ့သေးပဲ အရောက်လာခဲ့ကြတဲ့မိတ်ဟောင်းတွေရော..
မျက်စိလည်လမ်းမှားရောက်လာတဲ့ မိတ်သစ်တွေရော..
တမင်လာလည်တဲ့ သူတွေရော..
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ချစ်ခင်လေးစားသော..
အိုင်အိုရာ
Sunday, February 9, 2014
အပျော်နေ့ လေးတစ်နေ့ ရဲ့ နောက်ဆက်တွဲ
ကြက်ဥဆီပြန်၊ ၀က်သားအချိုချက်၊ ဘူးသီးနဲ့ ကြာဆံဟင်းခါး၊ မန်ကျည်းသီးထောင်း ငပိရည်ကျိုချက် နဲ့ တို့ စရာ
လား တစ်ဝက်လို့ ပြောရမလားဘဲ။ အချိန်လည်းသိပ်မရှိတော့မထူးဆန်းတဲ့ချက်နည်းတွေမရေးတော့ဘူးနော်။ အရင်ကလည်းတင်ပြီးသားတွေဘဲလေနော်။
ကင်းပုံသီးချက်တာပါ။ ကြက်သွန်ဖြူနီကြိတ်ထားတာကိုဆီအရင်သတ်။ မွှေးပြီးနဲနဲခြောက်လာတော့ပုဇွန်ခြောက်မှုန့် ထဲ့၊ ခရမ်းချဉ်သီးလေးတစိတ်လောက်ဖဲ့ညှပ်ထဲ့။ ပြီးတော့ကင်းပုံသီးထုထားတာတွေထဲ့။ ဒီတစ်ခေါက်တော့အဖတ်ကြီးကြီးစားချင်လို့ သိပ်သေးသေးမဖဲ့ပစ်ပါဘူး။ များသောအားဖြင့်ဆိုရင်တော့ထုထားတာကိုခပ်ရွယ်ရွယ်လေးတွေဖဲ့ပြီး မျှစ်နဲ့ ချက်ပါတယ်။ မျှစ်ထဲ့ရင်ရုံးယူရင်အနံ့ နံမှာစိုးလို့ မထဲ့တော့ဘူး။ ကင်းပုံသီးထဲ့ပြီးဆား၊ ငံပြာရည်ထဲ့ လုံးထား။ မအိသေးတော့ရေလေးနဲနဲထပ်ထဲ့ပေါ့ အဖုံးအုပ်ပြန်တည်။ အိုင်အိုရာကနှပ်သလိုမျိုးစားချင်လို့ ရေနှစ်ခါသုံးခါလောက်နဲနဲချင်းထဲ့ပြီးတည်ထားတာပါ။ နောက်ဆုံးကျငရုတ်သီး
စပ်စပ်လည်းရုံးယူသွားရင်ပါအောင်လို့ ငရုတ်သီးစိမ်းထဲ့လိုက်ပါတယ်။
ကြက်ကိုအကောင်လိုက်ချက်စားရတာကြိုက်လို့ ခုနောက်ပိုင်းအချိန်ရတိုင်းအကောင်လိုက်ပဲချက်ဖြစ်ပါတယ်။ ရိုးရိုးဆီပြန်ချက်ထားတာပါ။ ဆီမကြိုက်သူတွေအသားလေးပဲဆည်စားနော်။ တပါတ်စာရုံးသွားရင်ယူသွားနိုင်အောင်ချက်ထားတာပါ။ အခါခါခွဲခွဲခပ်ထဲ့ရတော့နောက်ဆုံးကျဆီလည်းအိုးထဲသိပ်မကျန်တော့ပါဘူး။ ထမင်းဘူးကပြန်ပါလာရင်ဆေးပစ်လိုက်တော့ဆေးတဲ့ထဲပါတာခပ်များများ။
အဆင်ပြေသလိုတွေးကြည့်ပါတော့ ဘယ်လိုကြောင့်တခြမ်းစောင်းဖြစ်သွားတယ်မသိ။
ကင်းပုံသီးဟင်းကျက်ပြီ။ ကြိုက်သလောက်ထဲ့စား။ ဒါကတကယ်တော့ကြက်သားနဲ့ ကင်းပုံသီးကပြီးခဲ့တဲ့အပါတ်ကချက်စားထားတာပါ။
ကြက်ဟင်းခါးသီးကြော်ပုံကောင်းကောင်းမရှာနိုင်လို့ ပါလာတာဘဲတင်လိုက်တယ်။ ချစ်ချစ်ကခြောက်နေမှစားလို့ တော်တော်ခြောက်ခြောက်လေးကြော်ထားတာပါ။ ခြောက်ရင်မခါးသလောက်ပဲဆိုတော့သူကကြိုက်တယ်လေ။
လာပါပြီ ကဆစ်သီးလို့ ထင်တဲ့အသီး (ချစ်စရာလေးတွေနော်။)
အလူမီနမ်ဖွိုင်လ်နဲ့ ပတ်ပြီးအာဗင်ထဲမှာဖုတ်ထားတာပါ။ မပေါက်အောင်လို့ ခရင်းနဲ့ ဖေါက်ထားတာလေ။
ထက်ခြမ်းခွဲပြီးအသားလေးတွေခြစ်ယူတော့ဒီလိုအခွံလေးတွေကျန်တယ်။ ဒါပေမဲ့ဝါးကြည့်တော့အရမ်းနုပြီးချိုနေလို့ အခွံတွေပါပြန်ထဲ့ကြိတ်လိုက်တော့တယ်။း)
စုပြောသလိုဘဲ။ ငရုတ်သီးစိမ်းနဲ့ ငပိနဲ့ ပုဇွန်ခြောက်နဲ့ ကြက်သွန်ဖြူနဲ့ ရောကြိတ်ထားတာပါ။
ကဆစ်သီးလို့ ထင်တဲ့အသီးထောင်းရပါပြီဘယ်ဘက်က။ စုလုပ်တာတော့ကြက်သွန်နီထဲ့တယ်။ ကိုယ်က ကြာကြာထားရင်ညီးစော်နံသွားမှာစိုးလို့ မထဲ့ထားဘူး။ စားလို့ တော့တကယ်ကောင်း။ အစေ့လေးတွေကလည်းပြောင်းဖူးနုနုလေးကျနေတာဘဲတော်တော်ချိုတယ်။ ငံငံစပ်စပ်ချိုခါးမှာအနံ့ လေးကလည်းမီးဖုတ်ပြီးဆီစိမ်းလေးစမ်းထားတော့မွှေးနေတာဘဲ။ (စုလေးရေ ကျေးဇူးနော်။) ညာဘက်ကငပိထောင်း။ ငပိပိုဖုတ်ပြီးငပိထောင်းပါလုပ်ထားလိုက်တယ်။ ငပိထောင်းလည်းကုန်နေလို့ လေ။
ငရုတ်သီးခြောက်ကြော်၊ ငရုတ်သီးစိမ်းမီးကင်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူများများနဲ့ ကြိတ်ထားတဲ့အိုင်အိုရာ့အကြိုက်ငပိထောင်း
။
မွှေးကြိုင်နေတဲ့ကဆစ်သီးလို့ ထင်တဲ့အသီးထောင်း
ဒါကငါးချဉ်ကြော်မလို့ ကြက်သွန်ဖြူနီဆီသတ်နေတာ
ကိုယ်တိုင်လုပ်ထားတဲ့ငါးချဉ်။ တော်တော်စားလို့ ကောင်းတယ်။
ချခါနီးတော့ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်။ သူလည်းမွှေးနေတာဘဲ။
ဒါကကြားဖြတ်။ နှင်းမကျတဲ့အရပ်မှာနှင်းတွေကျလို့ ထူးထူးခြားခြားမို့ ရိုက်ထားတာ။ အဲဒီပိုက်အောက်ကစနိုးတွေ။ နယူးယောက်ဘက်ကလူတွေကတော့ရီတာပေါ့ရီတာပေါ့ဆို..ပြောတော့မှာ။ အဟက်..
အောက်ကဟာကငါးချဉ်ကြော်ပါ။
ဒါကအဲဒီနေ့ က၀ယ်လာတဲ့ဘူးသီးတစ်လုံးကိုကြော်စားတာပါ။ တစ်ယောက်စာထဲမို့ အားတော့နာပါတယ်နည်းနည်းလေးဖြစ်နေတယ်။
ဝက်သားအချိုချက် ကမန်ကျည်းသီးစိမ်းထောင်းနဲ့ လိုက်လို့ အချိုချက်လိုက်တာလေ။
ဘူးသီးနဲ့ ကြာဆံဟင်းခါး
စိတ်ကြိုက်သယ်ကြသုံးဆောင်ကြတော့နော်။
ကြက်ဥ ပုဇွန်ခြောက် ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်
ငပိရည်ကျိုငပိချက်။ တကယ်တော့အဲဒီအရင်ကရခိုင်မုန့် တီချက်စားထားတာ။ ငရုတ်သီးစိမ်းအနှစ်ထောင်းတွေအများကြီးကျန်နေလို့ ဝယ်လာတာတွေနဲ့ တို့ စားလို့ ရအောင်ချက်လိုက်တာပါ။ ငါးနဲ့ ငရုတ်သီးစိမ်းထောင်းတွေနဲ့ ကြက်သွန်ဖြူနီကိုဆီနည်းနည်းလေးနဲ့ အရင်သတ်ပြီးမှငပိရည်ကျိုကိုထဲ့ချက်လိုက်တာပါ။ ပွက်ပွက်ဆူပြီးခဏနေတော့အရသာမြည်းပြီးနံနံပင်အုပ်တာပေါ့။
မန်ကျည်သီးစိမ်းထောင်းကိုအပေါ်ယံလေးဆီစိမ်းစမ်းထားပါတယ်။ ခုကြည့်ရင်းနဲ့ တောင်ပြန်စားချင်လာပြီ။ ကျန်သေးတယ် တစ်ခါစာချက်စားမလားလို့ ။
တက်စာတွေချည့်ပဲ။ လုပ်လိုက်ရင်အဲလို။ နဲနဲပဲစားတာပေါ့။ ကြက်ဟင်းခါးသီးနဲ့ ခရမ်းသီးကလည်းအရမ်းလတ်တော့ပြုတ်တို့ လိုက်တာ။ မျှစ်ကတော့ဘူးဖေါက်ပြီးပြန်ပြုတ်ထားတာပါ။
ဟင်းနုနွယ်ရွက်ပါကြော်လိုက်တယ်မနွမ်းသွားခင်လေ။
မုန့် ဟင်းခါးနောက်နေ့ ချက်စားလို့ ဝယ်လာတဲ့ဘူးသီးကိုကြော်စားတာပါ။
မုန့် ဟင်းခါးကရာသက်ပန်ချစ်သူ
နောက်နေ့ ကျတော့ပဲကြော်ပါကြော်လိုက်သေးတယ်။ သူများလို တစ်ချပ်ချင်းကြော်နေရမှာစိတ်မရှည်အချိန်ကုန်တော့တစ်ချပ်တစ်ချပ်ကိုအဲလောက်ကြီးဒယ်အပြည့်ထဲ့ပစ်လိုက်တယ်။ ပြီးတော့ချေပစ်ရမှာဘဲနော့်။း)
 ဘေးကဂေါ်ရခါးသီးကြော်။
ဘူးပဲမုန့် ဟင်းခါး
နယ်လိုက်ပြီ
အချိုပွဲလေးတော့နောက်တစ်ပို့ စ်ကျမှပဲသုံးဆောင်တော့နော်။
အင်ဒီးယန်းဆိုင်က၀ယ်လာတာလေးတွေချက်ထားတာမျှော်နေမှာစိုးလို့ 
အကုန်စုပေါင်းစပ်ပေါင်းတင်ပေးလိုက်ပါတယ်။
ဆွေမွန်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
အစဉ်ကျေးဇူးတင်လျှက်..
ခင်မင်လေးစားသော..
အိုင်အိုရာ