Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Monday, February 28, 2011
ပုဇွန်ဆီပြန်၊ ငါးလေးချဉ်ကြော်၊ မုန်ညင်းကြော် နဲ့  ဂေါ်ဖီ၊ မှိုခြောက်ဟင်းချို
ပုဇွန်ဆီပြန်ဟင်း။
ကိုယ်က ပုဇွန်သိပ်မာသွားရင် ဟင်းကျန်နဲ့ တူလို့ သိပ်ကြာကြာ မချက်ချင်ပါဘူး။ ပျော့ပြီးထုတ်ထုတ်လေးဖြစ်နေတာကြိုက်ပါတယ်။ ဒါကြောင့် အရည်ကို အရင်ထဲ့တာပါ။ သိပ်မမာသွားမှ လတ်လတ်ဆတ်ဆတ်ချက်ထားတဲ့ အရသာကို ရတယ်လို့ ထင်ပါတယ်။ (ဂျီးသိပ်များတယ်နော်။)
ငါးလေးချဉ်ကြော်။
ရန်ကုန်ကပို့ ပေးလိုက်လို့ သိပ်ပျော်နေတာလေ။ ကြက်သွန်ဖြူ၊ နီ ပါးပါးနဲ့ ခပ်များများလေးလှီးထားတာတွေကို ငြုတ်သီးအကြမ်းမှုန့် လေးထဲ့ပြီး ဆီသတ်ပါတယ်။ ဆီသတ်တုန်းမှာ ဆားလေးပါးပါးထဲ့ပါတယ်။ ပြီးတော့နဲနဲလေးနွမ်းသွားရင် ငါးချဉ်နဲ့  ပါးပါးလှီးထားတဲ့ ငြုတ်သီးစိမ်းတွေကို ထဲ့ပါတယ်။ ငါးချဉ်အရမ်းမကြေသွားအောင် အသာလေးမွှေပြီး ခဏနေရင် နံနံပင်အုပ်ပြီးချလိုက်ရုံပါဘဲ။ ပင်စိမ်းတို့ ၊ ရှမ်းနံနံတို့ နဲ့ လည်း ကောင်းပါတယ်။ ထမင်းဖြူလေးနဲ့ သိပ်လိုက်ပြီး သိပ်ကြိုက်ပါတယ်ရှင်။
မုန်ညင်းကြော် ကို တော့ကြက်သွန်ဖြူ နီဆီသတ်ပြီး ခရုဆီရယ် ကြက်သားမှုန့် ရယ်နဲ့ သိပ်မနွမ်း သိပ်မစိမ်းအောင်ကြော်ပါတယ်။
 ဟင်းချိုကိုတော့ ဝက်ကြိတ်သား၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန်၊ ကြက်သွန်နီ နဲနဲ နဲ့ နဲနဲကျအောင်တယ်ပြီးမှ ပွက်ပွက်ဆူနေတဲ့ အချိန်မှာ အသင့်ရေစိမ်ပြီးသား မှိုခြောက် နဲ့ ဂေါ်ဖီလေးထဲ့ပါတယ်။ ရေစိမ်ထားတဲ့ ပဲကြာဖံလေးဖြောက်ဖြောက်လည်းထဲ့လိုက်ပါတယ်။ တစ်ချိန်ထဲမှာ ကြက်သွန်ဖြူ ထုထားတာလေးထဲ့အပေါ့အငန်မြည်းပြီး ငြုတ်ကောင်းမှုန့် လေးထဲ့လိုက်ရင် ဟင်းချိုနံ့ လေးက မွှေးတက်ပြီးစားချင်စဖွယ်ဖြစ်လာမှာပါ။
Friday, February 25, 2011
နံနက်စာများ ၁
 ၂. ထမနဲ နဲ့ ကော်ဖီပြင်းပြင်း
 ၃. ဆီထမင်း နဲ့  ငါးခြောက်ကြော်
 ၄. အာလူး ပူရီ
  ၅. အာလူးပူရီ အတွက် ဗယာကြော်
အာလူးဟင်း
 ဖက်ထုတ်ရွက် ကို ကြော်ထားတဲ့ ပူရီ
 ၆. ဆင်းဒွစ်ခ်ျ
 ၇. တိုဖူးသုတ်
 ၈. မုန့် ဟင်းခါး
 ၉ . အာပူလျှာပူ
 ၁၀. ကြာဇံချက်
 ၁၁. တိုဖူးသုတ် နဲ့ ထမင်း
 ၁၂. ဘယ်ဘက် ကတိုဖူးသုတ်၊ ညာဘက် က ခေါက်ဆွဲသုတ် 
  ၁၃. ရွှေတောင်ခေါက်ဆွဲသုတ်
 ၁၄. ဘူးသီးကြော် နဲ့  ထမင်းဆီဆမ်း
 ၁၅. Tiny sandwich with cheese and veggie
 ၁၆. မုန့် ဟင်းခါး
 ၁၇. သိပ်မကြိုက် တဲ့ ဘိုစာ
 ကိုယ့်အတွက် ကြက်ဥက အကျက်
 ၁၈. တိုဖူးကြော် နဲ့  ရောသုတ်တဲ့ တိုဖူးသုတ် (ဒီတိုဖူးက ကိုယ်တိုင် လုပ်တာ၊ ကျန်တဲ့ တိုဖူးတွေ က သူငယ်ချင်းပေးတာပါ)
Saturday, February 19, 2011
ကြက်သားဒိန်ချဉ်နှပ်၊ သင်္ဘောသီးသုပ်၊ ငါးခြောက်ဖုတ်၊ မရမ်းသီးထောင်း နဲ့  မယ်ဇလီရွက်ဟင်းချို
ကြက်သားကို ဒိန်ချဉ်၊ ဆား၊ ဆနွင်း၊ ကြက်သားမှုန့် ၊ ငံပြာရည် ၊ မဆလာ နဲ့ တညနှပ်ထားလိုက်ပါတယ်။ (မအားလို့ ပါ၊) ၂ နာရီ၊ ၃ နာရီလောက်နှပ်လည်း ရပါတယ်။ ဒီကကြက်သားတွေ ကနုတော့ နူးလွယ်ပါတယ်။ ချက်တဲ့အခါမှာ တော့ ငြုတ်သီးမှုန့် ၊ ကြက်သွန်ဇြူ၊ နီ၊ ဂျင်း ကြိတ်ထားတာတွေကို သေသေချာချာ ဆီသတ်ပါတယ်။ ဆီသတ်တဲ့ အချိန်မှာ ဇီယာလေးလည်း ထဲ့ပါတယ်။ အားလုံးတော်တော်လေး ကျက်လာတော့ မှ ခရမ်းချဉ် သီး အစေ့ထုတ် ပြီး စိတ်ထားတာတွေထဲ့ ပါတယ်။ အနံ့ တအားပြင်းပြင်း မလိုချင်လို့  ကရဝေးတို့ ၊ သစ်ဂျပိုးတို့ မထဲ့ပါဘူး။ ကုလားလေးမဆလာတော့ ထဲ့ ပါတယ်။ ခရမ်းချဉ်သီး ကို ကြေအောင်မွှေနေတဲ့အချိန်မှာ ဆား နဲ့  ငံပြာရည် နဲ နဲ စီ အနှစ်ထဲ ကို ထဲ့ပါတယ်။ ခရမ်းချဉ်သီး ကြေတဲ့ အချိန် မှာ ကြက်သားတွေ ထဲ့ ပါတယ်။ ဆီပြန်တဲ့ အထိ လုံးလိုက်ပါတယ်။ ဆီပြန်တော့ မှ ရေဆူမြုတ်နေ အောင်ထဲ့ ပြီး မီးနဲနဲ နဲ့  ဆီပြန်တဲ့ အထိ တော်တော် ကြာကြာ တည်ထားလိုက်ပါတယ်။ အနှစ်တွေ မတူးသွားအောင် တော့ မကြာခဏ သာသာလေး မွှေပေးရပါတယ်။ ဆီပြန်တဲ့ အချိန် မှာ မဆလာ လေး ထပ်အုပ်ပြီးချလိုက်ပါတယ်။ အလှူတို့ ၊ ဧည့်သည်ကျွေးဖို့ တို့ အတွက် တင့်တယ်တဲ့ ပုံစံလေးပါ။ ဒိန်ချဉ်နဲ့  နှပ် ထားလို့  များများစားပေမဲ့ လည်းမအီသွားပါဘူးရှင်။
သူငယ်ချင်း က သင်္ဘောသီး ခြစ်နေတာ စိတ်မရှည် လို့  ပါးပါးလေးတွေ ဆက်လှီးပေးပါတယ်။ ထိုင်းစတိုင်နဲနဲ နဲ့  ကိုယ့်စတိုင် ပေါင်းပြီး ကိုယ်သဘောကျသလို သုတ်ပါတယ်။ (I am the boss for what I cook. Right?) ငြုတ်သီးစိမ်း အစိမ်း နဲ့  အနီ ကို ကြက်သွန်ဖြူနဲ့  ရော ကြိတ်ပါတယ်။ ထညက် ကို ရေနွေးလေး နဲနဲထဲ့ ပြီး microwave ထဲ 30 second လောက်အပူပေးပြီး ကြေအောင်လုပ်လိုက်ပါတယ်။ ပြီးတော့ မှ ကြိတ်ထားတဲ့ ငြုတ်သီး တွေရယ်၊ ကြက်သွန်ဖြူတွေရယ် ပေါင်းထဲ့၊ ငံပြာရည် ထဲ့ သံပုရာရည်များမျာ ညှစ်ထဲ့ပြီး ချို ချဉ် ငံ စပ် ပြင်းပြင်းလေး လုပ် ပြီး သင်္ဘောသီးထဲ ထဲ့၊ ပုဇွန်ခြောက်မှုန့် ထဲ့ ကြက်သွန်နီ၊ နံနံပင် နဲ့  ရှမ်းနံနံ ထဲ့ ပြီးခရင်းသို့ ဇွန်း ၂ ချောင်း နဲ့ မွှေပါတယ်။ ကျမ အသုပ်သုတ်ရင် လည်း ဖြစ်နိုင်ရင် လက်အိတ် နဲ့ နယ်ရတာသဘောကျပါတယ်။ ကျမ သုတ်တာ စားတဲ့ သူတွေလည်း စိတ်ရှင်း၊ ကျမလည်း လက်မ နံ၊ ကိုယ်သုတ်တာ များရွံနေမလားလို့ စိတ်မပူရ၊ တချက်ခုတ်သုံးချက်ပြတ်ပေါ့။
သင်္ဘောသီးသုတ်
 ရန်ကုန် ကပို့ လိုက်တဲ့ ကကူရံ  ငါးခြောက်ဖုတ် နဲ့  သိပ် ကိုသဘောကျနေပါတယ်။ 
 ဒါလည်း ရန်ကုန်က ပို့ လိုက်တဲ့ မရမ်းသီးထောင်း၊ (သိပ်ပျော်နေတာ)
မယ်ဇလီရွက်ဟင်းချိုပါ။ ထိုင်းက ပုလင်းနဲ့ လာတာကို ကြက်ခြေထောက်ရယ်၊ ပုဖွန်ခြောက်မှုန့် ရယ် နဲ့  ချက်ထားတာပါ။ ခါးသက်သက်လေး မို့ လို့ သိပ်ကြိုက်ပါတယ်။
မယ်ဇလီရွက်ဘူးပါ။ ပုလင်းလို့ ပြောမှမှန်မယ်ထင်တယ်။
သရက်သီးကင်းလေးလည်း ရန်ကုန် က ပို့ ပေးလိုက် လို့ သုငယ်ချင်း ပေးထားတဲ့ ငပိရည်ဖျော် ပါ heat ပြီးတွဲစားလိုက် ပါသေးတယ်။ မနက်ဖန် တော့ သွေးတွေများ တိုးနေမလားဘဲ။(တော်သေးတယ်။မတိုးဘူး)
စိတ်တိုင်းကျ သုံးဆောင်သွားပါဥိးနော်။
Thanks for visiting. Happy reading!
Iora