Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Thursday, April 21, 2011
တို့ စရာစုံ၊ ငါးပိကောင်ဆီလည်ရေလည်ချက် နဲ့ သီးစုံချဉ်ရည်ဟင်း၊ ငရုတ်သီးထောင်း
တို့ စရာ (ခရမ်းသီး၊ ဂေါ်ရခါးသီး၊ ကညွတ်၊ ကန်ဇွန်းကြီးရွက်၊ ရုံးပတေသီး)
ဟိုးပြီးခဲ့တဲ့အပါတ်ကချက်စားဖြစ်တာပါ။ သူငယ်ချင်းကို ငါးပိကောင်ချက်မယ်။ အဆင်ပြေရင်လာခဲ့ပါ တို့ စရာတွေနဲ့ စားရအောင်ဆိုပြီး သံချောင်းခေါက်လိုက်ပါတယ်။ သူငယ်ချင်းက သီးစုံချဉ်ရည်ပါစားရအောင်ဆိုပြီး ဆိုင်မှာရောင်းသမျှအားလုံးနီးနီးဝယ်ပါတော့တယ်။ ဗိုက်အရမ်းဆာနေကြတာနဲ့ အသီးအနှံအားလုံးစုံအောင်မလုပ်လိုက်နိုင်ခဲ့ပါဘူး။
ကိုရီးယားကလာတဲ့ ငါးပိကောင်ကို ခရမ်းချဉ်သီးများများနဲ့ ချက်ထားတာပါ။ သူငယ်ချင်းကအပေါ့စားလို့ နဲနဲတော့ပေါ့ချက်ထားပါတယ်။ ငရုတ်သီးလည်းလျှော့ထားပါတယ်။ သူငယ်ချင်းမစားနိုင်မှာစိုးလို့ ပါ။
ကဲ..သီးစုံချဉ်ရည်ကတော့ အိုးလိုက်ချထားပါတယ်။ ပန်းကန်ထဲထဲ့ပြီးမှ ရိုက်ရင်ဗိုက်ဆာနေတဲ့ပရိသတ်ကြီး နှစ်သိန်းက မျက်စောင်းထိုးမှာကြောက်လို့ ရယ်၊ ကိုယ်ကလည်း သိပ်ဆာနေလို့ ရယ် အိုးလိုက်ဘဲရိုက်ထားခဲ့ပါတယ်။ ပုံတွေကို သိပ်မရိုက်နိုင်ခဲ့ပါဘူး။ သီးစုံချဉ်ရည်ကတော့ ဘူးသီး၊ မုန်လာဥ၊ ဂေါ်ရခါးသီး၊ မုန်ညင်းစိမ်းဖူး၊ ရုံးပတေသီး၊ ခရမ်းချဉ်သီး၊ ကညွတ်ရိုးတွေနဲ့ ချက်ထားတာပါ။ ရှမ်းနံနံနဲ့ နံနံပင်အုပ်ထားပါတယ်။ ခုဆို နောက်ရက်တွေမှာချက်စားဖြစ်ခဲ့တာတွေတောင်ပုံနေပြီ။ ဒီဟင်းတွေမတင်ဖြစ်သေးတာနဲ့ မြန်မြန်လေးတင်ပေးလိုက်ပါတယ်ရှင်။ တော်ကြာ ကျောက်ကျော နဲ့ မ၀ဘူးဖြစ်နေမှာစိုးလို့ ပါ။း)
ဒါကတော့ချဉ်ရည်ဟင်းနဲ့ တွဲစားဘို့ ငရုတ်သီးစိမ်းကို ပုဇွန်ခြောက်၊ ကြက်သွန်ဖြူနဲ့ ကြိတ်ထားတာပါ။ ဟုတ်ပါတယ်။ သူငယ်ချင်းကအစပ်မစားနိုင်ပေမဲ့ ချဉ်ရည်ဟင်းကျတော့ ကျမလိုဘဲ ငရုတ်သီးစိမ်းထောင်းလေးနဲ့ မှကြိုက်ပါတယ်။ ကျမတို့ အားလုံး တယောက်တမျိုး ..ယဉ်ယဉ်လေးတွေဆိုပါတော့။း)  (လူသားအားလုံးတခုမဟုတ်တခုရူးနေကြတာမဟုတ်ပါလားရှင်)
တယောက်တမျိုး ကြေး(ဂျီး)များကြတယ်လို့ ပြောတာပါ။။း)
ထုံးစံအတိုင်းအားပေးသွားပါဦး။
ခင်မင်လေးစားသော
အိုင်အိုရာ
နောက်ဆက်တွဲ ။     ။ ကေကေ နှင့် စိတ်ဝင်စားသူများအတွက်
ကေကေရေ..ဒီအထုတ်ပါ။ သုံးကျပ်ပေးရပါတယ်။ ရေခဲသေတ္တာထဲမှာမှတ်မှတ်ရရ ပြန်ရှာကြည့်ပြီးတင်ပေးလိုက်ပါတယ်နော်။
ဒီလို သီးသန့် ထုတ်လေးတွေ သုံးထုတ်ပါပါတယ်။
တရုတ်ကဆိုတော့ စိတ်ဝင်စားချင်မှဝင်စားတော့မှာပေမဲ့ ပုံလေးတွေတင်ပေးလိုက်ပါတယ်။ စမ်းကြည့်ချင်ရင်စမ်းနိုင်အောင်နဲ့  ရှောင်ချင်ရင်လည်း ရှောင်နိုင်အောင်လို့ လေ။
18 comments:
  1. တို့ စရာတွေကို စုံလို့ ။ စားစရာတွေ ကြည့်ပြီး တဂြီဂြီနဲ ့ဆႏၵၿပေနၿပီ :D
    ReplyDelete
  2. အိမ်မှာလည်း ဟိုအပတ်က ငပိရည်လုပ်စားတယ်
    တို့စရာတော့ အိုင်အိုရာလို အစုံမဟုတ်ပါဘူး
    တမျိုးတည်းပါ :) ဒီမှာတော့ စုံလို့ ပိုစားကောင်းမယ်
    Baby taster
    ReplyDelete
  3. စုံလိုက်တာ ရှလွတ်
    ReplyDelete
  4. အစ်မရေ စားချင်လိုက်တာ ကျောင်းပြန် ထမင်းဆာဆာ နဲ့ ၀င်ကြည့်တာ..
    တကယ်ပါပဲ..
    ReplyDelete
  5. အတို့တွေကတော့ ရှယ်ပဲ
    ငပိချက်အဲလိုအရည်စပ်စပ်လေး သိပ်ကြိုက်တယ်
    ခုတလော ငရုတ်သီးစားလို့ ဗိုက်ထဲမှာ ပူနေတယ်
    ဒါကြောင့် ငရုတ်သီးထောင်းကလွဲလို့ အားလုံးစားမယ် :)
    ReplyDelete
  6. Humm.....Delicious....Full of stomach...Eat each n every dish except pounded (crushed)chili.I often use Portugal salted fish here.
    Gyidaw
    ReplyDelete
  7. ကိုရီးယားငါးပိကောင်ကို စိတ်ဝင်စားလို့။ ပုံလေးရှိရင် တင်ပေးပါဦးနော်၊။ ရှာဝယ်ချင်လို့ပါ။ ကျေးဇူး
    ReplyDelete
  8. အကုန်ကြိုက်တယ်ဗျို့
    ReplyDelete
  9. ညယံ..
    တို့ စရာတွေစုံရင်ထမင်းစားချင်စိတ်ပေါက်တယ်နော်။။
    ဘေဘီ..
    ဘေဘီ့ရဲ့ငပိရည်ကိုနယ်စားချင်တာဒီက။
    ဗစ်စတာ..
    ဒါတောင်အကုန်မလုပ်ဖြစ်ခဲ့ဘူးလို့ ပြောထားတာနော်း)
    ရာဇာရေ..
    ထမင်းဆာတုန်း တို့ စရာတွေမြင်ရင်..တကယ်ဗိုက်ပိုဆာတယ်နော်။ စားသွားလေ။
    စူးနွယ်လေး..
    ကိုယ်လည်းငပိချက်ကိုကြိုက်တယ်သိလား။
    ဂျီးဒေါ်..
    ကြည့်ရတာတော့ အကြိုက်ချင်းတူကြပုံဘဲနော်။ အစပ်ကလွဲရင်ပေါ့။
    ကေကေ..
    ရေခဲသေတ္တာထဲမှာကျန်သေးလား ကြည့်လိုက်ဦးမယ်နော်။ မကျန်တော့ရင်တော့ နောက်တခါဝယ်လို့ ရရင် ပုံလေးတင်ပေးပါမယ်နော်။ ၀ယ်လာတဲ့ဆိုင်ကို သွားပြန်ရှာတာ ကိုယ်ဝယ်လာတဲ့အထုတ်မျိုးမရှိတော့ဘူး သူငယ်ချင်းကလည်းလိုချင်တယ်ဆိုလို့ လေ။
    မမငွေစန္ဒာ..
    အကုန်ကြိုက်ရင်အကုန်အားပေးသွားပါဗျို့ ။
    ReplyDelete
  10. ငါးပိကောင်ချက်နဲ့ဆို တစ်ခြားဟင်းတောင် မလိုတော့ဘူး အချဉ်ရည်ဟင်းပါတော့ ပိုပြိးမြိန်ပြီပေါ့ ငရုပ်သီးထောင်းနဲ့ဆိုတော့ လေးပန်းကန်တော့ အသာလေးဘဲနော်
    ထမင်းအိုးကြီးကြီးချက်ရဲ့လား
    မလောက်မှာစိုးလို့
    ReplyDelete
  11. ချောရေ..
    မလောက်မှာမပူနဲ့ ထမင်းအိုးကအမြဲ အိုးအပြည့်တည်တာ။ ဧည့်သည်လာရင် ကျွေးနိုင်အောင်လို့ ။
    အိုင်အိုရာ
    ReplyDelete
  12. အဲဒီငါးကို ဒီမှာတော့ ဆာဘာ့ လို့ခေါ်တယ်။
    ဒီငါးကို ကျွန်မအသိမြန်မာတွေလည်း ကြိုက်ကြတော့ ၊ မြန်မာတွေခံတွင်းတွေ့မယ့် အရသာလို့ပြောရမယ်။
    အစိမ်းပဲဖြစ်ဖြစ် ငါးဆားနယ်ပဲဖြစ်ဖြစ် နှစ်မျိုးလုံးရောင်းပါတယ်။
    ကင်လို့ရှိရင် အဆီတက်လာပြီး မွှေးတယ်။ သံပုရာရည်ညှစ်စားရင် သိပ်ကောင်းတာပေါ့။ ကျွန်မကတော့ မြန်မာလိုချက်ရင် စပါးလင်တွေနဲ့ ငါးသလောက်ပေါင်းသလို လုပ်စားတယ်။ အဲဒါလည်း တူပါတယ်။ ခရမ်းချဉ်သီးနဲ့ချက်လည်း ရှယ်တယ်။ သူက ငါးသလောက်နဲ့ တူပုံတစ်မျိုးက စားရင် အိပ်ချင်တယ်၊
    အိုင်အိုရာ ညွှန်းသလို ကျွန်မကလည်း ဒီငါးကို စားကောင်းလို့ ကော်မန့်ပေးလိုက်ပါတယ်။
    ReplyDelete
  13. မကောင်းမွန်ဝင်း..
    သိပ်ကျေးဇူးတင်ပါတယ်။ သိတာလေးတွေမျှဝေပေးလို့ ။
    ဟုတ်တယ် ကိုယ်လည်း အစိမ်းခဏခဏချက်စားတယ်။ ကြိုက်လို့ ။ ငါးသလောက်နဲ့ တူလို့ လေ။
    ReplyDelete
  14. အိုင်အိုရာရေ
    အဲဒီလိုဟင်းအိုးကြီးမျိုးနဲ့အဲဒီလိုတို့စရာမျိုးဆိုရင်တော့ထမင်းလေးခါလောက်ထပ်ထဲ့ရမှာချောပါတယ် တစ်ခါလောက်အိမ်လည်မခေါ်ချင်ဘူးလားဟင်...............:)
    ReplyDelete
  15. မမာ..
    အသစ်မတင်လို့ အဟောင်းတွေအားပေးသွားတယ်လား။
    အဲလိုအိုးကြီးနဲ့ ဘဲပေါ့။ ထမင်းအိုးပါပိုချက်ထားလိုက်မယ်လေ။
    တစ်ခါမဟုတ်ဘူးအမြဲခေါ်ချင်ပါတယ်မမာရေ။း)
    ReplyDelete
  16. ဟန်ကြည်February 18, 2013 at 5:31 AM
    အခုမှပဲ Google ကနေ တကူးတက လင့်ခ်လိုက်ရှာပြီး အလည်ပြန်ရောက်ဖြစ်တော့တယ် အိုင်အိုရာရေ...မဒမ်ဟန်ကြည်က ဟင်းချက်နည်းဆိုဒ်တွေ့ရင် သူ့အတွက်မှတ်ပေးဖို့ ရာဇသံပေးထားတာကို ဖာသိဖာသာ လုပ်နေမိခဲ့တဲ့ ဦးဟန်ကြည်အတွက် ရေကန်အသင့်ကြာအသင့်ဖြစ်သွားတာကြောင့် သည်ကရှေ့ကို ဟင်းချက်နည်းတွေ မကြာမကြာ လာချောင်းမိတော့မှာ သေချာနေပါရောလားး)
    ReplyDelete
  17. ဦးဟန်ကြည်...
    တကူးတကရှာလာလို့ ကျေးဇူးပါရှင်။
    မဒမ်ကြည်ကိုဟင်းချက်ဆိုဒ်တွေရှာပေးထားရင်အကျိုးမယုတ်နိုင်ဘူးနော့်။
    ဟင်းတွေတမျိုးပြီးတမျိုးချက်ကျွေးနေမှာ။း)
    အားတဲ့အခါလာလာလည်ပါ။ ကြိုဆိုပါတယ်။
    အိုင်အိုရာ
    ReplyDelete
  18. ဦးဟန်ကြည်..
    တကူးတကရှာလာလို့ အထူးကျေးဇူးတင်ပါတယ်ရှင်။
    မဒမ်ကြည်ကိုဟင်းချက်ဆိုဒ်ရှာပေးထားတာတော့အကျိုးမယုတ်နိုင်ဘူးနော့်။
    ဟင်းတွေတမျိုးပြီးတမျိုးချက်ကျွေးနေတော့မှာ။ များများသာရှာပေးထားဆရာရေ။း)
    အိုင်အိုရာ
    ကွန်မန့် ကမတက်လို့ ဒါကပြန်ရေးတာ။း)
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။