Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Monday, April 18, 2011
တန်ခူးလရဲ့ မုန့် အလှူ အုန်းနို့ ကျောက်ကျောနဲ့ ထမင်းခြောက်ကြော် (ရယ်ဒီမိတ်)
ကျောက်ကျောကလည်း ကိုယ်တို့ အားလုံးလိုလို ထိုးတတ်နေတဲ့အပြင် အညွှန်းမှာလည်းပါတော့ ထိုးနည်းမရေးတော့ဘူးနော်။ (ပျင်းလို့ ပါ)။ ပိုလှသွားအောင်လို့ သာကူစေ့ပန်းရောင် နဲ့ အစိမ်းရောင်လေးတွေထဲ့လိုက်ပါတယ်။
အဲဒါကတော့ ပုံထဲက ထမင်းခြောက်ကြော်ပါ။ ကျမကြိုက်တော့ အမြဲဝယ်ဖြစ်ပါတယ်။ ပေါ့လည်းပေါ့တယ်။ စားလို့ လည်းကောင်းတယ်။ အဆာလည်းပြေတယ်။ ဈေးလည်း မကြီးဘူး။ (တထုတ်ကို၂ ဒေါ်လာဘဲကျပါတယ်)။ သယ်လို့ လည်းကောင်းတယ်။ စားပြီးသွားရင်လည်း အိတ်ခွံကိုလွှင့်ပစ်လိုက်ရုံပါဘဲ။ တကယ့်မြန်ကောင်းသက်သာပါဘဲ။သူတို့ တွေကလည်း ကျမမိတ်ဆက်ပေးတဲ့ ထမင်းခြောက်ကြော်ကို ကြိုက်လွန်းအားကြီးလို့ အိတ်ခွံတောင်းတဲ့သူကတောင်း၊ သူတို့ ချင်းချင်း အိတ်ခွံပုံ ကို scan ဆွဲပြီးပို့ ခိုင်းသူကပို့ ခိုင်း၊ ဆိုင်လိပ်စာမေးတဲ့သူကမေး နဲ့ အဲဒါကျွေးတိုင်း စိတ်ပျော်ရွှင်ရပါတယ်။
 ဒီအထုတ်ပါ။
စိတ်တော့မရှိပါနဲ့ နော်။ ဖေါက်လက်စဘဲရှိနေလို့ တံဆိပ်သိရအောင်တင်ပေးလိုက်တာပါ။ အကျန်ကြီးတင်တယ်လို့ မထင်ပါနဲ့ နော်။ မလေးစားတဲ့သဘော လုံးဝမဟုတ်ပါဘူး။
 မနေ့ ကယူသွားတော့လည်း ဆိုင်လိပ်စာဘဲထပ်မေးကြပါတယ်။ ကျမက အာရှဆိုင်တို့ ၊ တရုတ်ဆိုင်တိုင်းလိုလိုတို့ မှာရတယ်လို့ ပြောထားတာကိုး။ တကယ်လည်းရပါတယ်။ ဘယ်နားကဆိုင်လည်းဆိုပြီးထပ်မေးကြပါသေးတယ်။
အိမ်ပြန်ရောက်တော့တော်တော်မိုးချုပ်နေပါပြီ။ ပင်လဲပင်ပန်း၊ အုန်းနို့ ကလည်းတက်နဲ့ အရမ်းကိုအိပ်ချင်နေတော့တာ။
မင်္ဂလာနှစ်သစ်ပါရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ
17 comments:
  1. Delicious dessert, without doubt, I could skip a meal and eat them with coffee!!!
    ReplyDelete
  2. Thanks for cheering. I am glad that you like them. I should have put a big cup of coffee for you. :D
    ReplyDelete
  3. အရမ်းလှတာပဲ။
    စကားမစပ် ငှက်ကြည့်ပွဲတဲ့လား။
    ဒီမှာတော့ ဒီရာသီက ပန်းကြည့်ပွဲလေ။
    ReplyDelete
  4. မကောင်းမွန်ဝင်း..
    ငှက်ကြည့်သွားကြတာပါ။ ပွဲမဟုတ်ပါဘူး။ ဒီမှာ ငှက်ကြည့်ဝါသနာရှင်တွေအရမ်းများပါတယ်။ သဘာဝတောတောင်တွေကိုလည်းထိန်းသိမ်းပြီးဥယျာဉ်တွေတည်ထောင်တားပေးပြီးကားလမ်းတွေရောက်သလိုသန့် စင်ခန်းတွေလည်း ပစ္စည်းအပြည့်စီစဉ်ပေးထားတော့ ရာသီဥတုကောင်းတာနဲ့ အမျှ ငှက်ကြည့်သွားနေကြတဲ့သူတွေနေရာအနှံ့ တွေ့ နေရတာပါဘဲ။ ကျမတို့ အဖွဲ့ က တလတခါသွားပါတယ်။
    ဟုတ်တယ် ချယ်ရီတွေပွင့်တာလည်းကြည့်ချင်လိုက်တာ။
    အိုင်အိုရာ
    ReplyDelete
  5. ထမင်းခြောက်က တစ်ထုပ်ကို ၂ ဒေါ်လာပဲ ကျတယ်ဆိုတာ သေသေချာချာ တွက်ချက်ပြီးမှ ပြောတာလို့ ဆိုလိုချင်လို့ ဂဏန်းပေါင်းစက်ပါ အနီးမှာ ချပြထားတာ ထင်တယ်..၊းD (ခင်ခင်မင်မင် နောက်တာနော်....)
    ReplyDelete
  6. ကျောက်ကျောလည်း ကြိုက်၏
    ထမင်းခြောက်လည်းကြိုက်၏
    မင်္ဂလာနှစ်ပါ
    Baby taster
    ReplyDelete
  7. ကျောက်ကျော လာစားပါတယ်... နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ပါစေ...
    ReplyDelete
  8. အစ်မရေ ကျောက်ကျော လေးက စားချင်စရာ...
    သရေကျသွားတယ်...
    ReplyDelete
  9. ကျောက်ကျော အရမ်းကောင်းမဲ့ ပုံလေးဘဲ
    ReplyDelete
  10. ကျောက်ကျောလေး စားချင်စရာ :)
    စူးနွယ်လေး
    ReplyDelete
  11. ကိုညီလင်းသစ်..
    သဘောပေါက်လွယ်တယ်နော်..(ပြန်နောက်တာနော်း)...)
    ဘေဘီရေ..မင်္ဂလာနှစ်သစ်ပါ။
    ကျောက်ကျောရောထမင်းခြောက်ရောစားသွားနော်။ ကိုယ့် ကျောက်ကျောပုံတွေတင်တော့ ဘေဘီလည်း ကျောက်ကျောလုပ်ဘူးတာသတိရလို့ လာကြည့်လိုက်သေးတယ်။ လုပ်နည်းတော့သိပ်မတူဘူး။ ပုံကတော့ခပ်ဆင်ဆင်ဘဲနော်။
    ရွှေညာသားလေး..
    ကျေးဇူးပါ..မင်္ဂလာနှစ်သစ်ပါ။
    ကိုစိုင်းမင်း..
    လာလည်လို့ ကျေးဇူးပါ။
    စုဘူးအိမ်..
    ကြည့်ရတာ..ကြည့်ရတာ..တကယ်စားရင်တော့..း) အဟဲ..ကောင်းပါတယ်း)
    စူးနွယ်လေး..
    စားချင်ရင်စားပါရှင်..
    ReplyDelete
  12. Ma,
    ဘုန်းကြီးလှူချင်လို့ လုပ်နည်းလေးပြောပြပေးပါလားဟင်....
    လုပ်ကြည့်တာ မတုလို့ပါ....
    ခင်မင်စွာဖြင့်.....
    ReplyDelete
  13. boke..ရေ..
    ကိုယ်သုံးထားတာကတော့ တယ်လီဖုန်းတံဆိပ်အထုတ်သေး ၂ ထုတ်ကို အုန်းနို့ ဘူး ၂ ဘူး နဲ့ လုပ်ထားတာပါ။ အညွှန်းတော့မကြည့်မိဘူး။ မကြည့်ဘူးဆိုတာထက် စာလုံးလေးတွေကသေးလို့ စိတ်မရှည်တာနဲ့ ဆက်မဖတ်တာပါ။ အညွှန်းအတိုင်းမှန်းထဲ့ကြည့်ပေါ့နော်။ ကိုယ်ကမျက်မှန်းနဲ့ ရေနဲနဲနဲ့ အရင်ရောမွှေပေးပါတယ်။ ရေမများသွားအောင်တော့သတိထားပါတယ်။ အုန်းနို့ လည်းထဲ့မှာဆိုတော့ ကျိုချိန်ကြာပြီးလူပင်ပန်းမှာစိုးလို့ ပါ။ ကျောက်ကျောမှုန့် တွေအားလုံးသမသွားရင်တော့စကျိုပါတယ်။ ကျိုရင်းနဲ့ ဘဲသကြားကိုကိုယ်ကြိုက်တဲ့အရသာရတဲ့ထိထဲ့ပါတယ်။ ဆက်တိုက်တော့မကပ်သွားအောင်မွှေပေးပါတယ်။ ပြီးတော့ အုန်းနို့ ဘူး ၂ဘူးဖေါက်ထဲ့ပါတယ်ကျိုနေတဲ့အိုးထဲကို။ ဆားလေးပါးပါးအရသာလေးအောင်ထဲ့ပါတယ်။ အဲဒီအချိန်မှာ နောက်မီးဖိုတခုမှာ အိုးတခုထဲမှာရေများများဆူအောင်တည်ပြီးသာကူကို ပြုတ်ထားပါတယ်။ အဲဒီနှစ်အိုးကို တပြိုင်တည်းဘဲတည်ရင်း ကျောက်ကျောကိုမွှေပေးပါတယ်။ ကျောက်ကျောကရေသိပ်များများမထဲ့ထားတော့ ခဏလေးနဲ့ ဆူပါတယ်။ ဆက်မွှေပေးပြီးပျစ်လာတဲ့အခါကျတော့ပန်းကန်လေးထဲမှာ စမ်းထဲ့ပြီးခဏနေလို့ ခဲသွားတာတွေ့ ရင်အအေးခံမဲ့ဗန်းထဲကို လောင်းထဲ့လိုက်ပါတယ်။ ကျောက်ကျောရည် နဲနဲ ချန်ထားပြီးတော့ အဲဒီအရည်ထဲကို ခုနကကျို (ပြုတ်)ထားတဲ့ သာကူစေ့တွေကို ကော်ဖီစစ်နဲ့ ဆယ်ထဲ့လိုက်ပါတယ်။ သကြားလေးနဲနဲထပ်ထဲ့ပါတယ်။ နဲနဲပေါ့သွားလို့ ။ ပြီးတော့ အဲဒီသာကူပါတဲ့ကျောက်ကျောရည်တွေကို ခုနကကျောက်ကျောချ့ည့်ထဲ့ထားတဲ့ဗန်းထဲကို ညီညီမျှမျှရောက်အောင် ဗန်းထဲကို ဖြေးဖြေးချင်းလောင်းထဲ့လိုက်ပါတယ်။ သာကူကလေးပြီး ကျောက်ကျောရည်ကလည်းအရည်ပဲဖြစ်နေသေးတော့ အောက်ခြေကိုရောက်သွားမှာပါ။ မပူပါနဲ့ ။ ညီညီလေးထဲ့ပေးဘို့ ဘဲလိုတာပါ။ ၄၅ မိနစ် လောက်ဘဲကြာမယ်ထင်ပါတယ်။ ဒီမှာကအေးတော့ ခဲသွားပါတယ်။ လှီးတဲအခါကျတော့ သာကူတွေက အောက်ဘက်မှာ ပြင်လိုက်လေးဖြစ်နေပါလိမ့်မယ်။ ကျောက်ကျောခဲသွားမှအပေါ်ကတထပ်တင်ရင်လည်း ရမယ်ထင်ပါတယ်။ ကိုယ်ကတော့ အချိန်မပေးချင်တော့ အဲဒီလိုဘဲလုပ်လိုက်ပါတယ်။ သာကူကိုတခါထဲကျောက်ကျောရည်ထဲထဲ့ပြီး လောင်းထဲ့အအေးခံရင်လည်းရနိုင်မယ်တင်ပါတယ်။ နောက်တခါ အဲဒီလိုစမ်းကြည့်လိုက်ပါဦးမယ်။ ရေနွေးတအိုးလည်းအဆင်သင့်တည်တားပါတယ်။ ကိုယ်အဆင်သင့်မဖြစ်ခင်ပျစ်သွားရင် ရေနွေးရောနိုင်အောင်လို့ ပါ။ ခုလောက်ဆို သိပ်အကူအညီမဖြစ်ပေမဲ့ သဘောပေါက်မယ်ထင်ပါတယ်။ အုန်းနို့ ဘူးတချို့ ကမကောင်းပါဘူး။ ကျမအထင် ဆန်မှုန့် တွေရောထားတယ်လို့ ထင်ပါတယ်။ အုန်းနို့ ဘူးကောင်းတာရွေးသုံးဘို့ လိုပါတယ်။ ဒါမှကိုယ်တို့ မြန်မာတွေကြိုက်တဲ့ အုန်းနို့ ကျောက်ကျောမျိုးရမှာပါ။
    မရှင်းရင်လည်းထပ်မေးနိုင်ပါတယ်။ အားမနာပါနဲ့ နော်။ နောက်ဆိုရင်တော့သတိလေးထားပြီးအချိုးအဆတွေမှတ်ကြည့်ဘို့ ကြိုးစားပါမယ်။
    ခင်မင်လေးစားသော
    အိုင်အိုရာ
    ReplyDelete
  14. ကျေးဇူးအများကြီးတင်ပါတယ် မအိုင်အိုရာ....
    မေးပြီး အလုပ်များလွန်းနေလို့ ခုမှလာကြည့်ရတာပါ...
    ကြိုးစားပြီးလုပ်ကြည့်ပါ့မယ် ....
    ReplyDelete
  15. I would like to invite you all to come and listen Myanmar Music Online. I have a lot Myanmar Songs and Myanmar Mp3 collected on my site.
    Myanmar Online Music: http://www.myanmaronlinemusic.com/
    Thanks a lot!!
    ReplyDelete
  16. ၀ုတ်တယ်ဗျို. ၀ုတ်တယ်။အုန်.နို.ဘူးတချို.မကောင်းဘူးဆိုတာ သိပ်သိပ်ဟုတ်။
    ယိုးဒယားကလာတဲ. အုန်.နို.ဘူးတိုင်းမကောင်းဘူး။ အိမ်ကယောင်္ကျားကိုဝယ်ခိုင်းလိုက်ရင် သူက အုန်းနို.ဘူးဖြစ်ပြီးရောဝယ်လာရော။ ကောင်းတဲ.တံဆိပ်ကိုသေချာပြပြီးမှာမှ ရတယ်။
    သာကူနဲ.ကျောက်ကျောလုပ်နည်းလေးအတွက်လဲ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  17. အမည်မဖေါ်သူရေ..
    ဒီလေသံကိုရင်းနှီးနေသလိုဘဲ။ ဘယ်သူများပါလိမ့်။
    ဟုတ်တယ်။ အုန်းနို့ မကောင်းတဲ့ဘူးဆို ကျောက်ကျောနဲ့ ကိုအနံ့ အရသာမတူဘူးနော်။
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။