Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Tuesday, April 12, 2011
သီးစုံကြက်ဥချဉ်ရည်၊ ၀က်သားလုံးကြော်၊ ငြုတ်သီးဆားထောင်း နဲ့ အမေရိကန်အရွက်များ
သီးစုံကြက်ဥချဉ်ရည် (အာလူး၊ ဘူးသီး၊ ရုံးပတေသီး နဲ့ ကြက်ဥ)
သူကဘဲဥချဉ်ရည်သိပ်ကြိုက်ပါတယ်။ ဒီမှာ ဘဲဥကဈေးကြီးလို့ တခါမှစားဘို့ စိတ်မကူးမိပါဘူး။ ကြက်ဥတွေကလည်းကြီးပြီးဘာလုပ်လုပ်အဆင်ပြေတော့ ကြက်ဥဘဲဝယ်ဖြစ်ချက်စားဖြစ်ပါတယ်။
ချက်နည်းကတော့ ဘာမှမထူးပါဘူ။
 ငြုတ်သီးဆားထောင်းလေးရယ် နဲ့ တွဲစားရင်သိပ်လိုက်ပြီးထမင်းမြိန်ပါတယ်။
အမေရိကန်တွေတချိန်လုံး salad အဖြစ်စားနေတဲ့  spring mix တွေကို တော့ တို့ စရာ အဖြစ်မြန်မာမှုပြုလိုက်ပြီး၊ ဟင်းရွက်အဖြစ် ထဲ့စားလိုက်ပါတယ်။ အချိန်မပေးနိုင်တဲ့အခါ အရွက်အဖြစ် ဘာမှမလုပ်ဘဲစားလို့ ရလို့ ကျမကတော့ ဟင်းရွက်ကြော်အစားထိုးသူ့ ကိုဘဲအစိမ်း စားစားပေးပါတယ်။ အသီးအရွက်သိပ်မကြိုက်တဲ့သူက ဒါကိုတော့အားပေးလို့ ဝမ်းသာရပါသေးတယ်။
မလောက်မှာတော့မပူလေနဲ့ ။ အိုးလိုက်ချပေးထားပါတယ်နော်။
အားလုံးတွဲဖက်ပြီး သုံးဆောင်လိုက်ရင် အရမ်းကောင်းတာမို့  သုံးဆောင်သွားကြပါဦးရှင်။ ငြုတ်သီးထောင်းကတော့ ရှယ်ဘဲ စပ်တယ်နော်။ အစပ်မကြိုက်သူများသတိထားစားပါ။
ခင်မင်လေးစားသော..
အိုင်အိုရာ
18 comments:
  1. စားချင်းစရာလေးတွေ ဟယ်..
    SZH
    ReplyDelete
  2. SZH..
    စားချင်စရာလေးတွေဆို စားလိုက်ပါဟယ်။း))
    ReplyDelete
  3. စားချင်စရာတွေချည်းဘဲ..
    စုံပလုံ..
    ကြိုက်တယ်..
    ReplyDelete
  4. ဟိဟိ.. စိတ်တိုတိုနဲ့ ပြေးလာစားလိုက်ရအောင်ကလည်း ဝေးလိုက်ထှာ.. :D ကျေးဂျူး
    ReplyDelete
  5. ပို့စ်ကို ဖွင့်ဖွင့်ချင်း ကြက်ဥချဉ်ရည်ဟင်းက ဘွားကနဲ ပေါ်လာတယ်၊ မျက်လုံးက ချက်ချင်းပဲ ပိုကျယ်သွားတယ်၊ ဖတ်နေရင်းနဲ့ အောက်ဖက်ကို ဆင်းလာလေလေ၊ လျှာပေါ်မှာ တံတွေးတွေက ပိုပြီး စိုစွတ်လာလေလေ..၊ ဝက်သားလုံးကြော်နဲ့ ငရုတ်သီးထောင်း အရောက်မှာ climax ဖြစ်နေပြီ၊ ထမင်း တပွဲလုံးကိုလည်း တွေ့လိုက်ရော အသံအကျယ်ကြီးတခု ကြားလိုက် ရတယ်၊ “ဂလု” တဲ့....။း)
    ReplyDelete
  6. ကူးရေ..
    စားချင်စရာတွေဆို ကြုံတုန်းလေးစားသွားလေနော်။
    အားတဲ့အခါလာလည်ပါလို့ ။
    ခင်မင်လေးစားသော..
    အိုင်အိုရာ
    အမည်မသိသူရေ..
    စိတ်တော့မတိုပါနဲ့း)) ပါဆယ်ပို့ လိုက်မယ်လေ။
    အိုင်အိုရာ
    ReplyDelete
  7. ကိုညီလင်းသစ်..
    ဒီကလည်း အိပ်တော့မလို့ ညလသ ဆိုတာတွေ့ လိုက်တော့ မျက်လုံးကကျယ်သွားပြီး ဖတ်မိ ပြုံးမိ ရယ်မိတာ ခု မျက်လုံးပိုကျယ်သွားပြီ။
    အိပ်တော့မှ..တော်ကြာ မနက်ကျ မှန်ကြည့်ပြီး အိုင်အိုရာ ညာခွဲနဲ့ တိုက်ပွဲဆင်နေရဦးမယ်။း)
    ReplyDelete
  8. ဘဲဥချဉ်ရည်ဟင်း ကြိုက်၏
    အရွက်တော့ အမြဲစားဖြစ်၏
    Baby taster
    ReplyDelete
  9. ကျောင်းကအပြန် ဘလော့လေးဖွင့်လိုက်တာ ဟင်းခွက်တွေက ဆီးကြိုနေတယ်ဗျာ။ ဆာဆာနဲ့ ပြီးအောင်မကြည့်နိုင်တော့ဘူး။ ထမင်းအိုးဆီကို ထပြေးရတယ်ဗျို့။ ထမင်းပန်းကန်လေးခူးပြီးတော့ ကွန်ရှေ့မှာ ထိုင်ပြီးစားလိုက်တာ နှစ်ပန်းကန်လောက် ကုန်သွားတယ်...ဟီးးး ငရုတ်သီးထောင်းကို အတော်ကြိုက်တယ်။ ကြိုက်ဆို ပဒေါင်ပြည်မှာ မွေးတာလေ။ အဲ့လူမျိုးက ငရုတ်သီးမပါရင် ထမင်းကိုမစားတာ။ ဟင်းကလည်း ကောင်းမှကောင်းပဲ။ ၀က်သားကြော်တော့ မစားလိုက်ဘူး။ အသားတွေ စားရတာများလို့။ ကျေးဇူးပါနော်....:P ပျော်ရွှင်ပါစေ....
    ReplyDelete
  10. ရုံးဆင်းချိန် ဗိုက်ဆာတုံး လာကြည့်မိတာ ကိုယ့်အမှားပါ
    ReplyDelete
  11. ချဉ်ရည်ဟင်းနဲ့ငရုတ်သီးထောင်းနဲ့တင် ရနေပြီ ၀က်သားမလိုတော့ဘူး
    တခြားသူတွေဖို့ထားလိုက်တော့မယ် :)
    ReplyDelete
  12. ဘေဘီ..
    တကယ်တော့ ကိုယ်ကဘဲဥတို့ ကြက်ဥတို့ သိပ်ကြိုက်တာမှုတ်ဘူး။ သူ့ ဘို့ ချက်ရင်းစားဖြစ်နေတာ။ ချဉ်ရည်ဟင်းတော့ကြိုက်တာများပါတယ်။
    ဟုတ်တယ် အရွက်မပါရင် ထမင်းပွဲကလိုနေတော့တာ။
    ရွှေညာသားလေး..
    ကျေးဇူးတင်ပါတယ် ဆုမွန်အတွက်။ ဒို့ ကျောင်းတက်နေခဲ့တုန်းက ဘလောက်တွေကို မဖတ်ဘဲကို နေရတယ်။ နို့ မို့ ရင် စာကျက်ဘို့ အချိန်ကမလောက်တော့ဘူ။။
    ဗစ်စတာ..
    နောက်တခါ ဗိုက်ပြည့်နေတဲ့ အချိန်လာခဲ့နော်..း)
    စူးနွယ်လေး..
    ကိုယ်တောင်ပြန်ကြည့်ရင်းနဲ့ ငြုတ်သီးထောင်းပြန်စားချင်လာတယ်။
    အားလုံးကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
    မှတ်ချက်လေးတွေ အချိန်ယူပြီးရေးသွားတော့ ၀မ်းလည်းသာ၊ ပိုလည်းကျေးဇူးတင်ရပါတယ်။
    ခင်မင်လေးစားသော..
    အိုင်အိုရာ
    ReplyDelete
  13. ဒီမှာဆို ဘဲဥကိုရှာလို့တောင်မရဘူး။
    ဟင်းတွေလာနည်းယူသွားတယ်နော်။
    ReplyDelete
  14. မကောင်းမွန်ဝင်း..
    ဒီမှာတော့ရှာစရာမလိုပေမဲ့ ဈေးကြီးလို့ မစဉ်းစားပါဘူး။ ဟင်းတွေနည်းယူသွားတယ်ဆိုလို့ ဝမ်းသာပါတယ်။ တခါတခါကိုယ်က ကိုယ်စိတ်ကူးတဲ့ရာကိုယ်လုပ်တာ။း) အဲတော့ သည်းခံ နော်စိတ်နဲ့ မတွေ့ ရင်။
    အိုင်အိုရာ
    ReplyDelete
  15. ငရုတ်သီးဆားထောင်းကြိုက်တယ်..။
    ငယ်ငယ်က သူငယ်ချင်းအိမ်မှာ လိုက်စားနေကျ။
    သူတို့က ပဲဟင်းနဲ့ တွဲစားကြတယ်..။
    အရွက်တွေလဲကြိုက်...။
    အချဉ်ရည်ဟင်းဆမ်းပြီးစားသွားပါပြီ။
    ပေါက်
    ReplyDelete
  16. ပေါက်ရေ..
    လာလည်လို့ ကျေးဇူးပါနော်။
    ကိုယ်တို့ အိမ်ကတခုခု ကို ခဏေခဏတောင်းတယ်။ ငရုတ်သီးတောင်းကတော့မပြတ်သလောက်ဘဲ။ ဟုတ်တယ်။ ပဲဟင်းနဲ့ လည်းလိုက်တယ်။ စား..စား အ၀စားသွားနော်း))
    ခင်မင်လေးစားသော..
    အိုင်အိုရာ
    ReplyDelete
  17. ကြက်ဥ သီးစုံချဉ်ရည်ဟင်း၊
    ဒီနေ့ ချက်မယ်လို့ စိတ်ကူးလေး ကူးစက်သွားပြီ၊
    ReplyDelete
  18. အပြုံးပန်း..
    လာလည်လို့ ကျေးဖူးနော်။
    စိတ်ကူးတွေက ဒီလို ဘဲကူးစက်နေကျလေ။ မကောင်းဘူးလား။
    ခင်မင်လေးစားသော..
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။