Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Friday, April 8, 2011
မြန်ကောင်းသက်သာပန်းခြောက်ကြော်
မလွှပွင့်ကြော်အလွမ်းပြေ အနေနဲ့ ကြာဆံချက်ထဲထဲ့တဲ့ ပန်းခြောက်ကို ထွင်ပြီးကြော်စားကြည့်တာသိပ်ကြိုက်သွားလို့ ဒီမှာတင်လိုက်ပါတယ်။ မြန်မာဆန်ဆန်ဟင်းတွေ (ဥပမာ.. ကြက်ဟင်းခါးသီးကြော်တို့ ၊ မျှစ်ခြောက်ကြော်တို့ ၊ မလွှပွင့်ကြော်တို့ ) ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့ မှာသေချာတဲ့ဟင်းတမည်တိုးသွားပါပြီ။ သူများတွေ ဒီလို ကြော်လေ့ကြော်ထရှိတာတော့မကြားဖူးပေမဲ့ စားလေ့ရှိချင်ရှိမှာပါ ပန်းခြောက်ထွက်တဲ့အရပ်တွေမှာ။ ကျမအတွက်ကတော့ ဘယ်ကမှ မကြားဘူးဘဲ ထွင်ပြီးချက်တဲ့ဟင်းတခွက်ပါ။
ရုတ်တရက်ကြီး မမကြော်တဲ့မလွှပွင့်ကြော်အရမ်းစားချင်လာပါတယ်။ မမပို့ ပေးထားတာရှိပေမဲ့ ပြုတ်ရမှာပျင်းလို့ ဘာနဲ့ အစားထိုးရင်ကောင်းမလဲလို့ အမေပြောတဲ့ မဟောသဓါ ဥာဏ်နဲ့ စဉ်းစားလိုက်တော့ ပန်းခြောက်ကို စမ်းသပ်ချင်လာပါတယ်။ နကိုယ်က ကြိုက်ပြီးသားဆိုတော့ အိုကေ မှာဘဲလို့ လည်း တခါတည်းတွေးထားလိုက်ပါသေးတယ်။း)
ပထမဆုံး ပန်းခြောက်တွေ ကို ရေစိမ်ပါတယ်။ နှစ်ရေ၊ သုံးရေ  လဲပြီးတော့ အရောင်မဲမဲတွေလည်း တော်တော်လျော့သွားပြီး အနံ့ လည်း ပျော့သွားပါတယ်။ ပန်းခြောက်တွေလည်း ပျော့ပြီး အနေတော်ဖြစ်သွားပါတယ်။ (သူငယ်ချင်းတယောက် ကဒီပန်းခြောက်ကို လုံးဝလတ်ပြီး ဖြူနေမှ စားပါတယ်။ သူကလေးက ဖြူဖြူရဘို့ ဒီလောက်မလွယ်တာကို မရမချင်း ရှာဝယ်ပြီးမှ ကြာဆန်ဟင်းချက်ပါတယ်။ စားလို့ ပိုကောင်းတာတော့အမှန်ပါဘဲ။ ဒါပေမဲ့ ကျမအတွက်တော့ သိပ်ပြီးဟောင်းမနေရင် ရပါတယ်။) ပြီးရင်ရေစစ်ထားလိုက်ပါတယ်။
ဆီအိုးတည်ပြီး ထုထားတဲ့ ကြက်သွန်ဖြူ၊ သေးသေးလေးတွေလှီးစိပ်ထားတဲ့ ကြက်သွန်နီတွေကို ဆနွင်းလေးနဲနဲထဲ့ပြီးဆီသတ်လိုက်ပါတယ်။ နဲနဲနွမ်းတော့ ငြုတ်သီးအကြမ်းမှုန့် နဲနဲထဲ့ပါတယ်။ မမက မလွှပွင့်ကြော်ရင် ငြုတ်သီးအကြမ်းမှုန့် ကို အများကြီး ငါးခြောက်ကြော်သလိုမျိုးထဲ့ပါတယ်။ ခုလည်းအဲဒီလောက်မများပေမဲ့ နဲနဲစပ်အောင်လို့ ထဲ့တာပါ။ အစပ်မကြိုက်သူကတော့မထဲ့ဘဲကြော်နိုင်ပါတယ်။ ငြုတ်သီးထဲ့ ပြီးတော့ ပုဇွန်ခြောက်ခပ်ကြမ်းကြမ်း ကြိတ်ထားတာတွေကို ထဲ့ပါတယ်။ ချက်ချင်းဘဲမွှေးတက်လာပါလိမ့်မယ်။ ပုဇွန်ခြောက် နဲ့ ငြုတ်သီးမကျွမ်းခင်မှာ ရေစစ်ထားတဲ့ ပန်းခြောက်တွေထဲ့ မွှေပါတယ်။ ငံပြာရည်လေးဖြန်း၊ ဆားလေးပါးပါးထဲ့ပါ။ ကျမတော့အချိုမှုန့် နဲနဲလေးထဲ့လိုက်ပါတယ် အရသာတက်စေချင်လို့ ။
ကျမတော့ ထမင်းဖြူနဲ့ စားရုံတင်မကဘူး။ ညဘက်ကျတော့ ထမင်းမစားဘဲ သူ့ ချည့် ရေနွေးကြမ်း ရယ် သံပုရာရည် နဲ့ စားပလိုက်ပါတယ်။
(မာမာအေးသီချင်းကိုသတိရမိပါတယ်။ သီချင်းမရပေမဲ့) အင်း..ထပ်ကြော်ဦးမှဘဲ။  (သြော်..မိန်းမ..မိန်းမ)
ပျော်ပျော်ပါးပါး အားပေးမြည်းစမ်းသွားကြပါဦးနော်။
ခင်မင်လေးစားသော..
အိုင်အိုရာ
နောက်ဆက်တွဲ...
photo: http://www.mooseyscountrygarden.com/gardening-articles/orange.html
19 comments:
  1. မြည်းချင်လိုက်တာနော် လုပ်စားရမှာတော့ကိုယ့်ကိုယ်ကိုစိတ်မချလို့
    ReplyDelete
  2. ဒီမှာလည်း ပန်းခြောက်တွေ ပေါတယ်..
    ဟုတ်ပ မြန်မာပြည်မှာတော့ ဈေးကြီးတယ်လေ။
    အင်း နော်
    စမ်းကြည့်ရမယ်.. ဟင်းတစ်ခွက်တိုးတာပေါ့။
    စားကောင်းမှာ သေချာပါတယ်.. အသားငါးထက် အသီးအရွက်တွေကို ပိုပြီးကြိုက်တယ်.. စားချင်လိုက်တာ ခုတောင်ပြောရင်း စားချင်တယ်
    ခရီးထွက်မှာမို့ နှုတ်ဆက်သွားတယ်နော်။ နှစ်သစ်ပြီးမှ ပြန်တွေ့ကြမယ်
    တာ့တာ
    ReplyDelete
  3. Mon Petit Avatar..
    သိပ်မြည်းကြည့်စေချင်ပါတယ်။ ဘာလို့ ဆိုတော့ကျမလည်းသိပ်ကြိုက်သွားလို့ ပါ။
    ချောရေ..
    ပေါရင်တော့စမ်းကြည့်ချောရေ။ ကြိုက်မှာသေချာတယ်။ ရေတော့လဲလဲပြီးစိမ်နော်။ ကိုယ်လဲ ကြာဆံဟင်းစားချင်ရင်အဆင်သင့်ရအောင်ဝယ်ဝယ်ထားလို့ စမ်းဖြစ်တာ။
    ခရီးမှာပျော်ရွှင်ပြီး အစစအရာရာချောမွေ့ အဆင်ပြေပါစေနော်။
    တာ့တာ။
    အိုင်အိုရာ
    ReplyDelete
  4. အင်း..ထပ်ကြော်ဦးမှဘဲ။ (သြော်..မိန်းမ..မိန်းမ)
    အူနှိပ်ရယ်သွားတယ် ၊ နောက်နေ့ ပဲဝယ်ပြီး ကြော်စားလိုက်ပါအုံးမယ်။
    ReplyDelete
  5. ဟင်းအဆန်းလေးပဲ .. တစ်ခါမှ ချက်မစားဖူးဘူး .. မြည်းကြည့်ချင်သား :)
    ReplyDelete
  6. Vista..
    ရယ်သွားရတယ်ဆိုလို့ ဝမ်းသာပါတယ်။
    ကြော်စားကြည့်ပါ။ ကိုယ်တော့တကယ်ကြိုက်သွားတယ်။
    ညယံ..
    မြည်းကြည့်ရုံတင်မက..စားသွားပါနော..
    ခင်မင်လေးစားသော..
    အိုင်အိုရာ
    ReplyDelete
  7. သုပ်တာနဲ့ ပြုပ်တာပဲစားဖူးတယ်
    ကြော်တာတော့ မစားဖူးဘူး
    ကြော်စားအုံးမှပဲ
    Baby taster
    ReplyDelete
  8. ပန်းခြောက်အပင်သေးသေးလေး အိမ်မှာတစ်ပင်ရှိတယ်။ ကြာဇံဟင်းခါးထဲမှာဘဲ ထည့်စားဖူးတာ။ ကြော်တဲ့အရသာလည်း အတော်ကောင်းမဲ့ပုံဘဲနော်
    ReplyDelete
  9. အစ်မရေ တော်တော်လေးကောင်းမယ့်ပုံပဲနော်။ ကျနော်လည်း ပန်းခြောက်ကို ကြာဇံဟင်းထဲ မှာဘဲစားဖူးတယ်။ မလွှပွင့်က ရွာမှာအတော်ပေါတော့ ကြော်စား၊သုပ်စား၊တို့စား မျိုးစုံနေအောင်စားဖူးတယ်။ မလွှပွင့်ကြော်ကိုတောင် လွမ်းမိသေးဗျာ။ပန်းခြောက်ကြော်ကလည်း တချက်ကြည့်တော့ မလွှပွင့်ကြော်နဲ့ခပ်ဆင်ဆင်လေးပဲ ။ပန်းခြောက်ပင်က ဘယ်လိုမျိုးလဲအစ်မ မြင်ဖူးရင် ဗဟုသုတလေး မျှဝေပါအုံးနော်....ပျော်ရွှင်ပါစေ...
    ReplyDelete
  10. ကောင်းမှာပဲနော် မလွှပွင့်ကြိုက်တယ်ဆိုတော့လေ
    ဒီလိုတော့ မချက်ဖူးသေးဘူး
    စူးနွယ်လေး
    ReplyDelete
  11. ဘေဘီရေ..
    သုပ်စားတာကောင်းလားဟင်။
    သုပ်စားဘို့ ကြံနေတာ။း)
    အိုင်အိုရာ
    ReplyDelete
  12. စုဘူးအိမ်..
    အိမ်မှာရှိဘူးတယ်ဆိုတော့လတ်လတ်ဆတ်ဆတ်စားဖြစ်မှာပေါ့နော်။ ကြာဆံချက်ထဲမှာရှိတဲ့ အခြေခံအရသာကို ပုဇွန်ခြောက်တို့ ဘာတို့ ထဲ့ပြီး ဆီနဲ့ ကြော်လိုက်တော့ အရသာကပိုကောင်းသွားတာပေါ့နော်။
    အိုင်အိုရာ
    ReplyDelete
  13. ရွှေညာသားလေး..
    ဒို့ လည်းမလွှပွင့်ခြောက်ကြော်သိပ်ကြိုက်တာ။ မလွှပွင့်ပေါ်ချိန်ဆို ၀ယ်ဝယ်ပြီးဖျာနဲ့ တောင်လှမ်းပြီးသေသေချာချာသိမ်းထားတာ။
    ဒို့ လည်းမေမြို့ ရုက္ခဗေဒဥယျာဉ်မှာတာဝန်ရှိတဲ့သူကရှင်းပြလို့ ပန်းခြောက်ပင်ကိုအဲဒီမှာမြင်ဘူးတာ။ သိပ်များများမသိပါဘူ။။ Lily ပင်လို့ သိတာဘဲ။ အပွင့်တွေက ရိုးတံရှည်ကြီးမှာမှ အခိုင်လိုက်အဆုပ်လိုက်ပွင့်တာ။ ၀ါဝါ လိုလို လိမ္မော်ရောင်လိုလို နဲ့ အရမ်းလှတာဘဲ။ ပန်းခြံတွေမှာ ပန်းခင်းကြီးတွေ အဖြစ်စိုက်ကြတာများတယ်။ ရှာဖတ်ကြည့်တော့ စားလို့ ရတဲ့ Lily က Dal Lily လို့ သိရတာဘဲ။ ဒါပေမဲ့ မြန်မာပြည်မှာစားတဲ့ အပင်မျိုးဟုတ်မဟုတ်တော့မသိပါဘူး။ စုဘူးအိမ်တို့ အိမ်မှာရှိဘူးတယ်ဆိုတော့ စုဘူးအိမ်တော့ပုံမြင်ရင်သိမလားဘဲ။ ကိုယ် Day Lily ပုံရှာတင်ကြည့်လိုက်ဦးမယ်။ တယောက်ယောက်များသိမလားလို့ လေ။
    အိုင်အိုရာ
    စူးနွယ်လေး..
    မလွှပွင့်ကြိုက်ရင်တော့ကြိုက်မှာသေချာတယ်။ သူကမလွှပွင့်လို မခါးဘဲသက်တယ်ဆိုရုံလေးဘဲသက်တယ်။
    အိုင်အိုရာ..
    မှတ်ချက်..ဘေဘီ၊ စုဘူးအိမ်၊ ရွှေညာသားလေး၊ စူးနွယ် တို့ ရေ..ကိုယ်ဒီနေ့ မှတ်ချက်ပြန်ရေးနေတာ သုံးကြိမ်ရှိပြီ။ လိုင်းကဘာဖြစ်နေမှန်းမသိဘူး။ တင်လိုက်တိုင်းပြုတ်ပြုတ်သွားလို့ ။ ပြန်ပြန်ရေးတာသုံးခါ၊ ဒီတခါဆိုရင်တော့ မနက်ကျမှဘဲရေးတော့မယ်။
    ReplyDelete
  14. ဟင်း.....ကံကောင်းလို့ လေးကြိမ်မဖြစ်ဘဲမနက်မကူးလို့ ။း))))))))))
    အိုင်အိုရာ
    ReplyDelete
  15. မဟော်သဓါဖြစ်ဖြစ်၊ အမရာဖြစ်ဖြစ်၊ ဘယ်သူ့ဥာဏ်ပဲ ဖြစ်ဖြစ်ပါ၊ အခုလို ထွင်တာလေးတွေ သဘောကျတယ်၊ စားကောင်းမှာတော့ သေချာတယ်..။း)
    ReplyDelete
  16. ကိုညီလင်းသစ်..
    ပြောထားသလိုပေါ့..မြန်မာပြည်ကလာတဲ့သူဘဲ။ ဘယ်ခေလိမ့်မလည်း။ ဘယ်လိုအစားထိုးရင်ကောင်းမလဲလို့ တွေးတတ်တယ်နော်။ ဥပမာ..ရထားစက်ခေါင်းပြင်တဲ့ထဲမှာပစ္စည်းမရှိလို့ ဆေးလိပ်ဖင်စီခံညှပ်ထားတာမျိုး၊ ရေနံအစားဟိုအပင်စိုက်တာမျိုး၊ အဲလိုမျိုးဟိုလိုမျိုးတွေလေ..တီထွင်တဲ့ဥာဏ်ကရှိပြီးသား။း)))
    စားကောင်းတယ်ကိုညီလင်းသစ်ရေ..
    အိုင်အိုရာ
    ReplyDelete
  17. This comment has been removed by the author.
    ReplyDelete
  18. ဒီနေ့ ပန်းတွေအကြောင်း လိုက်ဖတ်ဖြစ်ရင်းနဲ့ ပန်းခြောက်ရဲ့ အပင်ကို တွေ့တာ.. အစ်မရဲ့ ပန်းခြောက်ကြောက်ကို သတိရသွားတယ်။ ခုထိ မကြော်စားဖြစ်သေးဘူး။ DayLily ဆိုတဲ့ ပန်းပင်ကို အခြောက်ခံထားတာတဲ့။ ဒါပေမယ့် Daylily ကလဲ အနွယ်တွေ အများကြီး ရှိသေးတယ်ထင်တယ်။ ပန်းခြောက်ကိုတော့ Dried Golden Needle တဲ့။
    ReplyDelete
  19. ကျန်ခဲ့လို့.. အပေါ်က အစ်မတင်ထားတာ ပန်းခြောက်ပင် ဟုတ်တယ်။ :) နာမည်အတိအကျက တရုတ်လိုဘဲသိလို့။ (金針花)
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။