Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Monday, April 4, 2011
နေ့ ခင်းအဆာပြေ အကြော်စုံ
ဒီနေ့ တော့တယောက်တည်း ပျင်းပျင်းနဲ့ အကြော်ကြော်စားဖြစ်ပါတယ်။ အင်းယားအလွမ်းပြေပေါ့။ တယောက်တည်းစားမှာဆိုတော့ သိပ်စုံအောင်တော့မကြော်ဖြစ်တော့ပါဘူးလေ။ အင်းယားမှာ သူငယ်ချင်းတွေ နဲ့ သွားသွားစားကြတုန်း က ပန်းကန်တွေအထပ်လိုက်ကြီးဖြစ်သွားတာ။ အကြော်သည်ကချလို့ မနိုင်အောင်အပြတ်အားပေးကြတာတွေသတိရမိတယ်။ ဘာမှကိုချလို့ မနိုင်ဘူး။ ရေနွေးအိုးကအစပေါ့။ ကျောင်းသားဘ၀တုန်းကတော့ဂျီးများပေမဲ့ ကြုံရာစားသလိုဘဲ။
မကြော်ခင်အချဉ်ရည်ကိုအရင်ပြင်ဆင်ထားပါတယ်။ ဒါမှ ကြော်ပြီးရင် တန်းစားလို့ ရအောင်ပါ။ မြန်မာပြည်မှာတုန်းက တတ်နိုင်ရင် ငြုတ်ဆီရှောင်ပါတယ်။ ဆိုးဆေးတွေကြောက်လို့ ပါ။ အခုတော့ ဒီမှာ ဒါတွေရှောင်စရာမလိုတော့ လွယ်လွယ်နဲ့ စားဖြစ်နေပါတယ်။ ကြိုက်လည်းကြိုက်ပါတယ်။ ငြုတ်ဆီထဲကို မန်ကျည်းရည်နဲနဲ၊ ငံပြာရည်နဲနဲထဲ့၊ ကြိတ်ထားတဲ့ ဂျင်းနဲ့ ကြက်သွန်ဖြူ ထဲ့၊ ငြုတ်သီးစိမ်းညှပ်ထဲ့၊ နံနံပင်ညှပ်ထဲ့၊ အပေါ့အငံမြည်းပြီးအဆင်သင့်ပြင်ထားပါတယ်။
တွဲစားဘို့ ဆလတ်ရွက်နဲ့ နံနံပင်အပင်လိုက် ကိုလည်းရေဆေးစစ်ပြီး အသင့်ပြင်ထားပါတယ်။ ဂေါ်ဖီတော့ထုတ်ရမှာပျင်းလို့ မထဲ့တော့ပါဘူး။
 ဘူးသီးတလှည့်၊ ကြက်သွန်မြိတ်တလှည့်ကြော် ပြီးတော့ပုဇွန်ကြော်ကြော်ပါတယ်။ paper towel ခံပြီးအရင်ဆီစစ်အောင်ထားပါတယ်။ ပြီးမှစားမဲ့ပန်းကန်ထဲထဲ့ပါတယ်။
အကြော်နဲ့ လိုက်တဲ့ ရေနွေးကြမ်းလေးထဲ့ ရုံတင်မက သံပုရည်ပါတခွက်ထဲ့ထားပါတယ်။ တကယ်တော့အကြော်ကရေဆာတယ်လေ။
 စားနေတုန်းမှာ နောက်ထပ် ကြက်သွန်မြိတ်နဲ့ ပုဇွန်စိပ်နဲ့ ရောပြီး နှစ်ခုထပ်ကြော်လိုက်ပါသေးတယ်။ ကြက်သွန်မြိတ်ကအရောင်စိမ်းစိမ်းလေးနဲ့ ကြက်သွန်ကြော်လို အနံ့ လေးလည်းမွှေးတော့ ကျမကတော့ စားလို့ ကြိုက်ပါတယ်။ ပြောင်းဖူးနဲ့ တော့သူစားမှ ကြော်ပေးလိုက်တော့မယ်။
ကဲ အဆာပြေလေးသုံးဆောင်သွားကြပါဦးနော်။
လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။
14 comments:
  1. အကြော်တွေကို ထမင်းပူပူလေးနဲ့တွဲစားချင်တယ်.. ဗိုက်ဆာနေတယ်ဗျိုး..
    ReplyDelete
  2. Same as Sunny, wanna eat those assorted fritters with rice!!
    ReplyDelete
  3. Sunny, Mon Petit Avatar,
    ကိုယ်လည်း ထမင်းပူပူလေးဆီဆမ်းပြီး အကြော်နဲ့ စားရတာကြိုက်တယ်ဆရာ။
    ကိုယ်တို့ သုံးယောက်တူတူစားရရင်ကောင်းမှာ..ဒီမှာတယောက်တည်းစားရလို့ ပျင်းနေတာ။
    ReplyDelete
  4. အစားမြင်တာနဲ့ပြေးလာခဲ့တာ
    တို့လည်းထမင်းဆီဆမ်းဆားဖြူးနဲ့ တွဲစားချင်တယ်
    ဒါပေမယ့် ထမင်းပူမဟုတ်၊ ထမင်းကြမ်းနဲ့မှ
    စူးနွယ်လေး
    မနေ့ကတောင် ခရမ်းသီးကိုအကြော်လို ကြော်စားလိုက်သေးတယ်
    ReplyDelete
  5. ဟာ ဒါဆိုမှီသေးတယ်။ ၀င်စားသွား။ ထပ်ကြော်လိုက်မယ် စူးနွယ်လေးရေ..
    ReplyDelete
  6. အဲဒါဆိုရင်တော့ ပိုပိုသာသာလေး လုပ်လိုက်ပါဗျာ၊ ဒီမှာ နောက်တစ်ယောက် လည်း ဝင်လာပြီ၊ အင်း... တချို့လူတွေ ပျင်းတဲ့အခါ တချို့လူတွေက သွားရည်ကျစရာတွေ ဖြစ်လာတတ်ပါလားနော်....၊း)
    ReplyDelete
  7. ဟေး..ခုဘဲအဲဒီကမန့် ပြီးပြန်လာတာ။ လမ်းမှာမဆုံလိုက်ကြဘူးနော်။
    စိတ်ချ..စိတ်ချ..အကြော်တို့ လက်ဖက်တို့ ကလူများမှပျော်စရာကောင်းတာ။ ဒါမှလုပ်ရတဲ့သူအားရှိတာ။
    တချို့ လူတွေမှန်ကြည့်ပြီးသွားတိုက်တော့..တချို့ လူတွေအိပ်ရေးပိုပျက်ရသလိုပေါ့နော..း)
    ReplyDelete
  8. စားချင်လိုက်တာtomorrow မှာကြော်စားအုံးမယ်။
    ReplyDelete
  9. သူရို့ကြီးဘဲ စားတယ် အီးဟီးဟီး။
    ReplyDelete
  10. အမည်မသိသူရေ..
    စားချင်ရင်ဝင်စားသွားပါ။ အားမနာပါနဲ့ နော်။
    လာလည်လို့ ကျေးဇူးတင်ပါတယ်။
    ခင်မင်လေးစားသော..
    အိုင်အိုရာ..
    Ms KOM,
    နဲနဲလေးနောက်ကျသွားတာကိုး။
    မပူနဲ့ မပူနဲ့ ဘူးသီးအလုံးလိုက်ကျန်သေးတယ်။ အားလုံးကျန်ပါသေးတယ်။ ကြော်လိုက်ရင်ခဏလေး။ ခဏတော့စောင့်။ တိတ်..တိတ်..
    အိုင်အိုရာ..
    ReplyDelete
  11. ဟေး... ရက်စက်လှချည်လား!!!တို့လည်းအကြော်စုံကြိုက်တယ်။
ုပုဇွန်စိပ်ကြော်မစားရတာကြာပေါ့။စားချင်လိုက်တာ ထပ်ကြော်မယ်ဆိုစောင့်မယ်လေနော်။
    ReplyDelete
  12. မမငွေစန္ဒာ..
    မရက်စက်ပါဘူး။ များတို့ ကအသည်းမာသလိုလိုနဲ့ မမာပါဘူး ခွိ..း)))
    ကြိုက်တဲ့သူတွေလာထားနော်။ နောက်တဒယ်ကြော်နေပြီ။
    ပုဇွန်စိပ်ကြော်မစားရတာကြာပေါ့..ခုမှစားရတာ..ဘ၀တူပါဘဲ။
    ReplyDelete
  13. အား...........
    နှိပ်စက်တယ်
    အကြော် ကို ငံပြာရည်လေးနဲ့ တို့
    ထမင်းကြမ်းလေးနဲ့ လွေး
    လွမ်းတယ်လေး......
    ReplyDelete
  14. အန်တီချမ်း..
    ခုတော့အန်တီအိုင်အိုရာလည်း နှိပ်စက်သူစာရင်းထဲပါသွားပြီပေါ့။
    အိုင်အိုရာ လည်း တခြားအစားအသောက်ဘလောက်တွေလိုက်ကြည့်ပြီးရင်ဟိုဟာစားချင်သလို ဒါစားချင်သလိုနဲ့ ။ စားစရာမရှိတဲ့အချိန်ဆိုရင်တော့ ကြေကွဲစရာပါ..း)
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။