Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Saturday, February 19, 2011

ကြက်သားဒိန်ချဉ်နှပ်၊ သင်္ဘောသီးသုပ်၊ ငါးခြောက်ဖုတ်၊ မရမ်းသီးထောင်း နဲ့  မယ်ဇလီရွက်ဟင်းချို


ကြက်သားကို ဒိန်ချဉ်၊ ဆား၊ ဆနွင်း၊ ကြက်သားမှုန့် ၊ ငံပြာရည် ၊ မဆလာ နဲ့ တညနှပ်ထားလိုက်ပါတယ်။ (မအားလို့ ပါ၊) ၂ နာရီ၊ ၃ နာရီလောက်နှပ်လည်း ရပါတယ်။ ဒီကကြက်သားတွေ ကနုတော့ နူးလွယ်ပါတယ်။ ချက်တဲ့အခါမှာ တော့ ငြုတ်သီးမှုန့် ၊ ကြက်သွန်ဇြူ၊ နီ၊ ဂျင်း ကြိတ်ထားတာတွေကို သေသေချာချာ ဆီသတ်ပါတယ်။ ဆီသတ်တဲ့ အချိန်မှာ ဇီယာလေးလည်း ထဲ့ပါတယ်။ အားလုံးတော်တော်လေး ကျက်လာတော့ မှ ခရမ်းချဉ် သီး အစေ့ထုတ် ပြီး စိတ်ထားတာတွေထဲ့ ပါတယ်။ အနံ့ တအားပြင်းပြင်း မလိုချင်လို့  ကရဝေးတို့ ၊ သစ်ဂျပိုးတို့ မထဲ့ပါဘူး။ ကုလားလေးမဆလာတော့ ထဲ့ ပါတယ်။ ခရမ်းချဉ်သီး ကို ကြေအောင်မွှေနေတဲ့အချိန်မှာ ဆား နဲ့  ငံပြာရည် နဲ နဲ စီ အနှစ်ထဲ ကို ထဲ့ပါတယ်။ ခရမ်းချဉ်သီး ကြေတဲ့ အချိန် မှာ ကြက်သားတွေ ထဲ့ ပါတယ်။ ဆီပြန်တဲ့ အထိ လုံးလိုက်ပါတယ်။ ဆီပြန်တော့ မှ ရေဆူမြုတ်နေ အောင်ထဲ့ ပြီး မီးနဲနဲ နဲ့  ဆီပြန်တဲ့ အထိ တော်တော် ကြာကြာ တည်ထားလိုက်ပါတယ်။ အနှစ်တွေ မတူးသွားအောင် တော့ မကြာခဏ သာသာလေး မွှေပေးရပါတယ်။ ဆီပြန်တဲ့ အချိန် မှာ မဆလာ လေး ထပ်အုပ်ပြီးချလိုက်ပါတယ်။ အလှူတို့ ၊ ဧည့်သည်ကျွေးဖို့ တို့ အတွက် တင့်တယ်တဲ့ ပုံစံလေးပါ။ ဒိန်ချဉ်နဲ့  နှပ် ထားလို့  များများစားပေမဲ့ လည်းမအီသွားပါဘူးရှင်။




သူငယ်ချင်း က သင်္ဘောသီး ခြစ်နေတာ စိတ်မရှည် လို့  ပါးပါးလေးတွေ ဆက်လှီးပေးပါတယ်။ ထိုင်းစတိုင်နဲနဲ နဲ့  ကိုယ့်စတိုင် ပေါင်းပြီး ကိုယ်သဘောကျသလို သုတ်ပါတယ်။ (I am the boss for what I cook. Right?) ငြုတ်သီးစိမ်း အစိမ်း နဲ့  အနီ ကို ကြက်သွန်ဖြူနဲ့  ရော ကြိတ်ပါတယ်။ ထညက် ကို ရေနွေးလေး နဲနဲထဲ့ ပြီး microwave ထဲ 30 second လောက်အပူပေးပြီး ကြေအောင်လုပ်လိုက်ပါတယ်။ ပြီးတော့ မှ ကြိတ်ထားတဲ့ ငြုတ်သီး တွေရယ်၊ ကြက်သွန်ဖြူတွေရယ် ပေါင်းထဲ့၊ ငံပြာရည် ထဲ့ သံပုရာရည်များမျာ ညှစ်ထဲ့ပြီး ချို ချဉ် ငံ စပ် ပြင်းပြင်းလေး လုပ် ပြီး သင်္ဘောသီးထဲ ထဲ့၊ ပုဇွန်ခြောက်မှုန့် ထဲ့ ကြက်သွန်နီ၊ နံနံပင် နဲ့  ရှမ်းနံနံ ထဲ့ ပြီးခရင်းသို့ ဇွန်း ၂ ချောင်း နဲ့ မွှေပါတယ်။ ကျမ အသုပ်သုတ်ရင် လည်း ဖြစ်နိုင်ရင် လက်အိတ် နဲ့ နယ်ရတာသဘောကျပါတယ်။ ကျမ သုတ်တာ စားတဲ့ သူတွေလည်း စိတ်ရှင်း၊ ကျမလည်း လက်မ နံ၊ ကိုယ်သုတ်တာ များရွံနေမလားလို့ စိတ်မပူရ၊ တချက်ခုတ်သုံးချက်ပြတ်ပေါ့။

သင်္ဘောသီးသုတ်

 ရန်ကုန် ကပို့ လိုက်တဲ့ ကကူရံ  ငါးခြောက်ဖုတ် နဲ့  သိပ် ကိုသဘောကျနေပါတယ်။ 


 ဒါလည်း ရန်ကုန်က ပို့ လိုက်တဲ့ မရမ်းသီးထောင်း၊ (သိပ်ပျော်နေတာ)



မယ်ဇလီရွက်ဟင်းချိုပါ။ ထိုင်းက ပုလင်းနဲ့ လာတာကို ကြက်ခြေထောက်ရယ်၊ ပုဖွန်ခြောက်မှုန့် ရယ် နဲ့  ချက်ထားတာပါ။ ခါးသက်သက်လေး မို့ လို့ သိပ်ကြိုက်ပါတယ်။

မယ်ဇလီရွက်ဘူးပါ။ ပုလင်းလို့ ပြောမှမှန်မယ်ထင်တယ်။

 

သရက်သီးကင်းလေးလည်း ရန်ကုန် က ပို့ ပေးလိုက် လို့ သုငယ်ချင်း ပေးထားတဲ့ ငပိရည်ဖျော် ပါ heat ပြီးတွဲစားလိုက် ပါသေးတယ်။ မနက်ဖန် တော့ သွေးတွေများ တိုးနေမလားဘဲ။(တော်သေးတယ်။မတိုးဘူး)


စိတ်တိုင်းကျ သုံးဆောင်သွားပါဥိးနော်။
Thanks for visiting. Happy reading!

Iora

9 comments:

  1. စားချင်လိုက်တာ တောက်(သရေကျသံ)
    ခုတော့ မစားနိုင်တဲ့ဘ၀ ရောက်နေတယ်း(
    မယ်စလီရွက်က အဲ့မှာ ဈေးပေါတယ်နော်
    ဒီမှာတော့ ၁.၅၉ ပေးရတယ်

    ReplyDelete
  2. နေမကောင်းဘူးဆိုလို့  စိတ်တောင်မကောင်းဘူး။ နေကောင်းတော့စားနော်။
    တရုပ်ဆိုင်က၀ယ်တာလေ။ ဒို့ ကဈေးနှုန်းတွေ သိပ်မမှတ်မိဘူး၊ ပိုက်ဆံပေါလို့ တော့မဟုတ်ဘူး၊ ဦးနှောက်မကောင်းတာ။ ကိုယ်ဈေးနှုန်း ပြောရင် လွဲပြီသာမှတ်၊

    ReplyDelete
  3. Waow...တကယ့်ကို စားပွဲက မထစတမ်း စားလိုက်ချင်တဲ့ ဟင်းပွဲတွေ ချည်းပဲ..၊ သင်္ဘောသီးသုတ်ကို စိတ်ဝင်စားတယ်၊ မယ်ဇလီ ပုလင်းကိုလည်း ခဏခဏ တွေ့ဖူးပေမယ့် အခုမှပဲ 'သြော်, မယ်ဇလီဆိုတာ သူကိုး' ဖြစ်သွား တော့တယ်...။ :D

    ReplyDelete
  4. သင်္ဘောသီးသုပ်လေးစားချင်တယ်။ မရမ်းသီးထောင်း မြင်တော့ မထိန်းနိုင်တော့ဘူး။ သွားရည်တောင်ကျချင်လာပြီ။ အကြိုက်တွေချည်း လာတွေ့နေတယ်။

    ReplyDelete
  5. ကိုညီလင်းသစ်ရေ..မထစတမ်းစားကြေးဘဲနော်.
    သင်္ဘောသီးသုတ်ကို စိတ်ဝင်စားရင်လည်း ယူသွားပေတော့..သင်္ဘောသီးကကျန်နေသေးတော့ များများစားမဲ့သူရှိလေ ကောင်းလေဘဲ.. (ဟဲဟဲ)"ဟုတ်ကဲ့ .. မယ်ဇလီဆိုတာသူပါဘဲရှင်" :D

    ပါရမီဖြည့်ဖက်လေး...
    ကြည့်ရတာ..ဒို့ လိုဘဲ..ချဉ်ငံစပ် ကြိုက်ပုံဘဲ။ စိတ်မထိန်းထားပါနဲ့ ..ကြိုက်တာသာ သုံးဆောင်သွားပါနော်။

    ခင်မင်လေးစားသော
    Iora

    ReplyDelete
  6. အားကျလိုက်တာကွယ်၊စားချင်စရာတွေချည်းပါဘဲ။သင်္ဘောသီးသုတ်၊
    ငါးခြောက်ဖုတ်နဲ့မရမ်းသီးထောင်းတွေနှိုက်စားသွားတယ်နော်။

    ReplyDelete
  7. ငွေစန္ဒာ (လမင်းလေး) ရေ..
    ကိုယ်လည်း အဲဒီငါးခြောက်ဖုတ် နဲ့  မရမ်းသီးထောင်းမစားရတာ ကြာပေါ့။ သယ်လာပေးတဲ့ သူငယ်ချင်းကို အရမ်းကျေးဇူးတင်နေတာ။ သူမသယ်လာပေးရင် စားရမှာ မဟုတ်ဘူး။
    စားပါ စားပါ ကြိုက်သလောက်စားပါနော်။
    ခင်မင်လေးစားသော
    Iora

    ReplyDelete
  8. ဘုရားရေ
    ဟင်းတွေ ကောင်းလှချည့်
    မကြိုက်တဲ့ဟင်းလည်း တစ်ခုမှ မပါဘူး
    ခုနေများ စားလိုက်ရရင် ထမင်း ဘယ်နှပန်းကန် ကုန်မယ်တော်င မခန့်မှန်းနိုင်ဘူး
    သိပ် ဆာနေတာ
    ဟင်းတွေကြည့်ပြီး ဗိုက်က အသံမြည်လာတယ်
    တော်ပြီ
    ရှိတဲ့ ကြက်ဥကြော်နဲ့ဘဲ စားတော့မယ်
    ဟင်းမချက်စားဖြစ်တာ ကြာပြီလေ

    ReplyDelete
  9. ချော ရေ..
    ရန်ကုန်က ပို့ ထားလို့ ..အဲဒီလောက်စိုပြေနေတာ။ နို့ မို့ ဆိုရင်ကြက်သား၊ ၀က်သား၊ ငါး၊ အချိန်ရရင် ပုဇွန်ချက်။ ဟင်းသီးဟင်းရွက် ဆိုလည်း မုန်ညင်းမျိုးစုံ နဲ့ ပြီးနေရသလောက်ဘဲ။
    Hunger is good meal ဆိုတော့ ကြက်ဥကြော် နဲ့ စားလဲကောင်းမှာပါ ဆာနေတဲ့ အချိန်ဆိုရင်လေ။
    လာလည်လို့ ကျေးဇူးတင်ပါတယ်နော်။
    ခင်မင်လေးစားသော
    Iora

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။