Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Sunday, February 6, 2011

ဖရုံသီးကင်းအစာသွပ်




အဲဒီအပါတ်က ၀ယ်ခဲ့တဲ့ ဟင်းသီးဟင်ရွက်တွေ...တအားလတ်လို့ ချက်တောင်မစားရက်ဘူး

ဖရုံသီး အကင်းစိမ်းစိမ်းလေးတွေထဲကို နှစ်သက်ရာအသား (ဒီမှာတော့ ၀က်ကြိတ်သားပါ) ကိုနှစ်သက်ရာ အမွှေးအကြိုင်နဲ့  ပြင်ဆင်ပြီး ပေါင်းလိုက်တာပါဘဲ။ အသားကို ဂျင်း၊ ကြက်သွန်ဖြူ၊ နီ၊ ငြုတ်သီးခြောက် အကြမ်းနဲနဲ၊ ငြုတ်ကောင်းမှုန့်  နဲနဲ၊  ဆီ၊ ဆား၊ ငံပြာရည်နဲနဲ၊ ခရုဆီနဲနဲ၊ ကော်ရည်နဲနဲ ထဲ့ပြီး အရင်ကျက်အောင် လုပ်ပြီးတော့ မှ အသားခြစ်ထုတ်ထားတဲ့ဖရုံသီးထဲကို ဇွန်းနဲ့ သပ်သပ်ယပ်ယပ် လေးထဲ့ပြီးရေနွေးတယ်ထားတဲ့ အိုးထဲမှာ စကာတင်ပြီးပေါင်းလိုက်တာပါ။ ခြစ်ထုတ်ထားတဲ့ ဖရုံသီးအသားလေးတွေလည်း နဲနဲရောထဲ့လိုက်ပါသေးတယ်။ အနူးအအိ ကြိုက်သလိုချနိုင်ပါတယ်။ ကိုယ်ကတော့ အစိမ်းရောင် မပျောက်သေးဘဲ နဲနဲလေးအိသွားတဲ့ အချိန်မှာ ချလိုက်ပါတယ်။ ပြီးတော့မှ ပန်းကန်ပြင်တော့ အဆင်သင့်လုပ်ထားတဲ့ ချဉ်စပ်လေး ဘေးမှာထဲ့ ပြီးတွဲစားပါတယ်။ သိပ်ချက်တတ်ပြီး၊ သိပ်ဂျီးများ တဲ့သူငယ်ချင်းက good တယ်  good တယ်ဆိုတော့၊ ပျော်ကြရသေးတယ်။ အော်..မေ့လို့ ကုလားမဆလာလေး ပါလေကာထဲ့လိုက်သေးတယ်။ စမ်းသပ်ကြည့်လို့ ကြိုက်တယ်ဆိုရင်ပြောဦးနော်။ ဒါလည်းလက်တဲ့ စမ်းထားတာပါဘဲ။

5 comments:

  1. အသီးအနှံတွေ လတ်လိုက်တာနော်
    ကိုယ့်သူငယ်ချင်းတယောက်က
    North Carolina မှာနေတာလေ သူ
    တို့ဆီ ရောက်ရင် ဟင်းသီးဟင်းရွက်
    ပေါမှပေါ့ပေါ့ကွယ်။ ဖရုံသီးဟင်းလေးက
    စားချင်စရာ။ ကိုယ်တော့ ချက်စားပလိုက်မယ်
    ဒီလောက် လတ်ဆတ်တာနော်။ လက်တည့်
    စမ်းစေချင်ရင် ဖရုံသီးပို့ပေး :P

    ReplyDelete
  2. ပို့ ပေးချင်လိုက်တာ..ကိုယ်ထွင်ထားတာကို စမ်းမယ်ဆိုလို့ ...
    ဒီလောက်လတ်တာ..ချက်ကို စားပစ်ဦးမယ်..ဟုတ်လား

    ReplyDelete
  3. ဒီလို ဖရုံသီးလေးတွေ ဒီမှာ ခဏခဏတွေ့ပေမယ့် ဒီလိုစားလို့ရတာ မစဉ်းစားမိဘူး၊ စားချင်စရာလေးပါပဲ..၊

    "ဟိုလိုလို ဒီလိုလို" မှာ ပြောထားသလို လာဖတ်ရတာ အချိန်ကုန်တယ်လို့တော့ မဟုတ်ပါဘူး၊ ရေးသာရေးပါဗျာ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကိစ္စတွေကို စိတ်ဝင်စားတယ်၊ ကျနော်ကိုယ်တိုင်တည်း အဲဒီ field ထဲမှာ လုပ်နေတာပါ...။

    ReplyDelete
  4. ဟင်းသီးဟင်းရွက်တွေကလတ်ဆတ်လိုက်တာနော်၊ငြုပ်သီးစိမ်းနဲူ့းဘူးသီးလိုချင်လိုက်တယ်။
    ဖယုံသီးတော့ကြိုက်ဘူး။

    ReplyDelete
  5. ကိုညီလင်းသစ်..လာလည်လို့ ကျေးဇူးတင်ပါတယ်နော်။ စိတ်ဝင်စားတာချင်းတုတော့ ၀မ်းသာမိပါတယ်။ ကိုညီလင်းသစ်တို့ လိုစာရေးကောင်းတဲ့ လူတွေရေးမှ ကျမတို့ လူမျိုးတွေစီ message က ရောက်မှာ။

    ငွေစန္ဒာရေ..ကိုယ်လည်း ဖရုံသီး အကြီးဆို တခါမှ ကိုယ်တိုင် ချက်မစားဘူး။ ဒါလေးကတော့ စိမ်းစိမ်းလေးဆိုတော့ ၀ယ်ချင်မိလို့ ။ ကိုယ်က အစပ်မပါရင် ဘ၀ကမပြည့်စုံ သလိုခံစားရတဲ့သူလေ။ ဒါကလည်း farmers' market သွားမှရတာပါ။

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။