Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Friday, February 11, 2011
မြန်ကောင်းသက်သာ ငါးအိုးကင်းပူတိုက် နဲ့  ကညွတ်အိုးကင်းပူတိုက် သို့ မဟုတ် BBQ မကျအကြော်မကျ
တခါတခါ ညဘက်တွေ သိပ် rich ဖြစ်တာတွေ မစားချင်တဲ့ အခါဆို ဒီလို မြန်ကောင်းသက်သာ လုပ်စားပါတယ်။
လုပ်ရတာကလည်း super fast ဘဲ။ Mackerel ငါးကငါးသလောက် နဲ့ အရသာ နဲ့  အနံ့ ဆင်ပြီး အရိုးနုပြီး အလယ်ရိုးတစ်ခုပဲ ပါတော့ ကျမရော၊ သူရောကြိုက်ပါတယ်။ ဆိုင်ကတုံးပေးလိုက်တာကို အရိုးမပါအောင် ပြန်လွှာလိုက်ပါတယ်။ သံပုရာသီး ညှစ်၊ ဆားနဲနဲ၊ ငံပြာရည်နဲနဲ အသားမှုန့်  သို့  အချိုမှုန့် ထဲ့လိုရင် ထဲ့ပြီးခဏလေး နှပ်ထားလိုက်ပါတယ်။
အဲဒီအချိန်မှာ တို့ စားဘို့  ချဉ်ငံစပ် ကို ငြုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင် နုပ်နုပ်လှီးထားတာကို သံပုရာသီး နဲ့  ငံပြာရည် နဲ့  စပ်ပါတယ်။ သိပ်အရသာ ပြင်းသွားရင် ရေ လေးနဲနဲရောပါတယ်။
နောက် ကညွတ်ကို လည်း ရင့်တာဖြတ်ပြီး ရေစစ်ထားပါတယ်။ ပူနေတဲ့ nonstick pan ထဲကို ဆီ one table spoon သာသာထဲ့ပြီး ငါးကို ထဲ့ပါတယ်။ မြန်မာနည်းနဲ့  ဆီအများကြီးထဲ့ ကြော်တာမျိုးမဟုတ်ဘဲ ဆီပါလေကာ မကပ်အောင်ထဲ့ တဲ့ သဘောပါဘဲ။ ကိုယ်ကြိုက်တဲ့ အနေမှာထက်အောက် လှန်ပြီးချပါတယ်။ ကိုယ်က အပေါ်နဲနဲ ကျွမ်းပြီး အတွင်းက မမာတာကို ကြိုက်ပါတယ်။
ကညွတ် ထဲ ငြုတ်သီးနဲနဲပါထဲ့လိုက်သေးတယ် (ကိုယ့်အတွက်)
Home made margarita  တခါတလေ ဒါနဲ့ ......
ready made orange juice တခါတလေဒါနဲ့ .......
အားပေးသွားပါဦး ရောက်တုန်းရောက်ခိုက်.....
6 comments:
  1. ဟုတ်ကဲ့ ရောက်တုန်းရောက်ခိုက်
    အားပေးသွားတယ်နော်း)
    ReplyDelete
  2. Baby ရေ အားပေးသွားလို့ ကျေးဇူးနော်။
    နောက်လည်း လာအားပေးနော်။
    ReplyDelete
  3. Waow.... တကယ့်ကို ရိုးရိုးလေးနဲ့ ဗိုက်ဆာစေတယ်၊ ငါးကြော်နဲ့ margarita နဲ့ကတော့ လိုက်ဖက်မှာ အသေအချာပဲ၊ အားပေးသွားတယ်ဗျို့....။
    ReplyDelete
  4. ကိုညီလင်းသစ်ရေ....စာမူခ ပေးသွားလို့  ကျေးဇူးပါဘဲ (ကိုမောင်မျိုးစကားငှားသုံးထားတယ်။ ကိုညီလင်းသစ်ဘဲ သိမှာလေ...
    ReplyDelete
  5. ငါးကိုအဲလိုကြော်တာကြိုက်တယ် ဂျက်လဲကညွတ်ဆိုရင်ရေဆူဆူထဲ ထဲ့ ခဏပြန်ဆယ် ပြီးရင် ဆီပူထဲထဲ့ ခရုဆီနဲနဲထဲ့ ဒါပဲ....ဆီပူထဲ ၁၀စက္ကန့်လောက်ပဲထားလိုက်တယ် ပုံတွေပြန်ကြည့်မိမှစားချင်လာပြီ
    ReplyDelete
    Replies
    1. ဂျက်..
      ဒီပို့ စ်တင်ထားတာ ငါးနှစ်မြောက်ရှိတဲ့အချိန်မှာ မန့် သွားတာမို့ မှတ်မှတ်ရရပါဘဲ။
      တခါတခါအဟောင်းတွေကြည့်မိရင် ဗိုက်ဆာလာတယ်။
      သူများချက်ထားတာသွားကြည့်မိရင်တော့ မပြောနဲ့ တော့။
      Delete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။