Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Wednesday, March 16, 2011

ငါးကြင်းဟင်း၊ ၀က်ပဲငပိ၊ တရုပ်ဟင်းနုနွယ်ရွက်ကြော်၊ နဲ့ ငပိထောင်းသံပုရာသီးညှစ်

ငါးကြင်းဟင်းဆီလည်ရေလည်

ချက်နည်းကတော့ ဘာမှမထူးပါဘူး။ ကြက်သွန်တို့ ဘာတို့ ဆီသတ်၊ ခရမ်းချဉ်သီးထဲ့ ၊ ငံပြာရည်ထဲ့ အနှစ်တွေကြေပြီးမွှေးလာတော့ငါးထဲ့။ ခဏလေးအဖုံးအုပ်ပြီးလုံးထား။ ပြီးတော့ကိုယ်နှစ်သက်သလောက်ရေဆူထဲ့။ အရည်လေးနဲနဲခမ်းရင် ငြုတ်သီးစိမ်းထဲ့၊ နံနံပင်အုပ်ပြီးချ။ ဒါပါဘဲ။

နံနံပင်အများကြီးနဲ့ စားချင်လို့ အပင်လိုက်ထဲ့ထားပါတယ်။ ဟင်းတခါနွှေးရင်တခါပြန်ထဲ့ပါတယ်။


ဝက်သားဟင်း


ညဘက်မှာ ၀က်သားကိုအချိုဘဲစားချင်လို့ အချိုချက်ချက်ထားပါတယ်။ ချက်နည်းကတော့မခက်ပါဘူး။ ရှာလကာရည်၊ ငံပြာရည်၊ ခရုဆီ၊ ဆား၊ နဲ့ နယ်ထားတဲ့ဝက်သားကို သကြားလေးနဲနဲလှော်ပြီးမှ ပြုတ်ကြော်လိုလုပ်ထားတာပါ။  ကြက်သွန်ဖြူတွေအမွှာလိုက်ထဲ့ထားပါတယ်။


မနက်ကျတော့ တရုပ်ပဲငပိ ထဲ့ပြီးအသွင်ပြောင်းလိုက်ပါတယ်။
ဟင်းတမျိုးထဲဆက်တိုက်မစားချင်ပါဘူး။ အချိန် နဲ့ mood ရရင်ရသလို ဆက်စားရဦးမယ်ဆိုရင် ပုံပြောင်းပစ်တတ်တဲ့အကျင့်ဆိုးရှိပါတယ်။ မပြောင်းဖြစ်ရင် အဲဒီဟင်းကိုမစားဘဲ လက်ဖက် တို့ ငါးခြောက်ဖုတ် တို့ နဲ့ စားပါတယ်။



တရုပ်ဟင်းနုနွယ်လို့ ကိုယ့်ဘာသာ နံမည်ပေးလိုက်တယ်။ Chinese Spinach လို့ ခေါ်တဲ့ ဒီအရွက်ကို တခါမှမစားဘူးပါဘူး။ စမ်းသပ်ချင်နေတာ။

အဲဒီနေ့ ကတော့ သိပ်လတ်နေတာတွေ့ တာနဲ့ ဝယ်လာပြီးစမ်းကြော်စားကြည့်ပါတယ်။ ဟင်းချိုလည်းချက်ပြီးစားကြည့်လိုက်ပါသေးတယ်။ ကြိုက်ပါတယ်။ နောင်စားရမဲ့စာရင်းထဲထဲ့လိုက်ပါပြီ။

 


ဒီလိုမြန်မာဆန်ဆန်ပုဇွန်ခြောက် လေး၊ ငြုတ်သီးဖတ်လတ်လေး၊ ကြက်သွန်ဖြူ၊ နီနဲ့ ကြော်စားပါတယ်။ သိပ်နုညံ့ပြီးနဲနဲလေးသက်ပါတယ်။ ကျမအကြိုက်ပေါ့။













ဒါကဟင်းချိုချက်စားကြည့်ထားတာပါ။ ငါးတဖတ် ပစ်ထဲ့ပြီးချက်ထားတာပါ။ ကြက်သွန်ဖြူလေးဒါးပြားရိုက်ထဲ့၊ငြုတ်ကောင်းလေးထဲ့ပေါ့။


ငပိထောင်း သံပုရာသီးညှစ်




ရောက်တုန်းရောက်ခိုက် ဆင်နွှဲသွားပါဦးလို့ ....

ခင်မင်လေးစားသော.....

အိုင်အိုရာ

12 comments:

  1. I ate all of your curries.It's so delicious.After busy week,collect energy to go into kitchen by looking at ur post:D
    Thanks for sharing.
    Gyidaw

    ReplyDelete
  2. ဟင်းတွေ စုံနေတာပဲ.. စားချင်တယ်.. ဟင်းချက်ချင်စိတ် ပြန်ပေါ်လာတယ်..

    ReplyDelete
  3. ညီလင်းသစ်March 16, 2011 at 5:15 AM

    Wow.... လာပြန်ပြီ၊ မော်နီတာပါ ကိုက်စားပစ်ချင်တဲ့ ပို့စ်တစ်ခု...၊း)

    ငါးဟင်းရည်လေးဆမ်း၊ အထဲက ငရုတ်သီးစိမ်းနဲ့ နံနံပင်ယူ၊ ပြီးတော့ ငါးပိထောင်း၊ တရုတ်ဟင်းနုနွယ်..ဒါဆိုရင်ပဲ ကျနော့်အတွက်တော့ အတော်လေး ပြည့်စုံနေပါပြီ၊

    ReplyDelete
  4. Same as Ko NLT, wanna eat everything even the monitor, humm!

    ReplyDelete
  5. Gyidaw..
    I am so glad that you ate all. Did you get energy after looking at them? I also practice like that sometimes. But after looking at the food images then I feel so hungry and can't wait to cook myself. So, I just have to eat what I have :( :D

    Sunny..
    စားပါ။စားပါ။ ကြိုက်သလောက်သာစားပါရှင်။

    ကိုညီလင်းသစ်..
    ဒီလိုဆိုတော့.. မော်နီတာပါကိုက်စားပစ်ချင်တဲ့ ပို့ စ်တင်တဲ့ထဲမှာ ကိုယ်လည်းပါသွားပြီပေါ့။ ကိုညီလင်းသစ်စားမဲ့ပုံစံရေးလိုက်တာ ကျမတောင်ပြန်စားချင်လာတယ်။

    Mon Petit Avatar..
    Please make your self at home.
    You are flattering me!!!




    I am honored that you all visit to me. Thanks.

    ခင်မင်လေးစားသော..
    အိုင်အိုရာ

    ReplyDelete
  6. ချော(အစိမ်းရောင်လွင်ပြင်)March 16, 2011 at 11:13 AM

    အား ငါးဟင်းက စားချင်လိုက်တာ နံနံပင်နှိုင်းချင်းနဲ့
    ဒီနေ့ဟင်းတွေ ဟင်းနုနွယ်ဆိုတာကလွဲလို့ အားလုံးကြိုက်တယ်
    အဲဒီအရွက်တော့ မစားဖူးလို့ မသိဘူး။
    ငပိထောင်းလေးများ ခုရ ခုစားချင်လာပြီ။
    ဗိုက်ဆာတယ်.. စာရေးနေရင်း ရောက်လာတာ ဗိုက်ဆာတာ ထမစားဖြစ်ဘူး
    ခုတော့ မနေနိုင်တော့ဘူး ထစားရတော့မယ်..

    ReplyDelete
  7. ငါးပိထောင်း၊ငါးဟင်းနဲ့ဟင်းနုနွယ်ကြော် သိပ်ကောင်းပေါ့။ငါးကိုအဲလိုချက်ရင်အရမ်းကြိုက်တယ်။

    ReplyDelete
  8. ငါးဟင်းကတော့ တကယ့်ရှယ်ပဲ နံနံပင်အကြိုက်နဲ့တော့ တွေ့နေပြီ
    ငပိထောင်းနဲ့လိုက်မှလိုက်
    ဟင်းနုနွယ်လည်းကြိုက်...

    စူးနွယ်လေး

    ReplyDelete
  9. ဟင်းတွေကို အနီးကပ်ရိုက်ထားတာ ကွန်ပြူတာစကရင်ကိုတောင် သားရေတွေသွားစင်တော့မလို့ ....:-) စားချင်တယ် အကုန်လုံးကို..

    ReplyDelete
  10. ချောရေ..
    ဟင်းနုနွယ်ဆိုတာကိုယ်ပေးလိုက်တဲ့နံမည်ပါ။ ဘယ်လိုခေါ်လဲမသိပါဘူး။ ကိုယ်လည်းငပိထောင်းသိပ်ကြိုက်။ ရန်ကုန်မှာတုန်းက အမအကြီးဆုံးက လက်သီးဆုပ်၂လုံးစာလောက်လုံးလုံးပြီးသူလာရင်ယူလာတယ်။ ဒါမှမဟုတ်လုပ်ပေးထားခဲ့တယ်။ သူတပါတ်နှစ်ပါတ်နေပြီးပြန်လာရင် အဲဒီအလုံးကြီးကကုန်သွားပြီ။ သူကပြောနေကျစကားကိုပြောတယ်။
    ဟဲ့..ညီးတို့ ဟာဟုတ်မှဟုတ်သေးရဲ့ လားဟယ်..တဲ့။ဟုတ်သမှသိပ်ဟုတ်။ သူငယ်ချင်းတွေကလည်းအားပေးတယ်လေ။ ဒါတောင်အစပ်မစားနိုင်တဲ့ ကုလားလေး ဆိုတာရှိသေးလို့ ။း)))))

    မမငွေစန္ဒာ..
    ငါးကဟင်းတွေထပ်လို့ သာချက်ရတာပါ။ သူကအားမပေးဘူး။ အားပေးရင်လည်း နဲနဲဘဲ။ ကြော်ရင်တော့စားတယ်သူက။

    စူးနွယ်လေး..
    အကြိုက်တွေတော်တော်တူတယ်နော်။ ဒီအပါတ်တောင် farmers' market သွားထားလို့ နံနံပင်တွေအများကြီးဝယ်ထားသေးတယ်သိလား။

    လပြည့်ရိပ်ရေ..
    ဟင်း..ဟင်း..အနီးကပ်ရိုက်ထားတော့ ကောင်းသယောင်ယောင် နဲ့ ထင်ယောင်ထင်မှားဖြစ်အောင်လေ..း)) စားပါ။စားပါ။ အကုန်စားပါ။

    ခင်မင်လေးစားသော..
    အိုင်အိုရာ

    ReplyDelete
  11. ငါးပိထောင်းအရမ်းကောင်းမဲ့ပုံဘဲနော်။ ငါးဟင်းလေးကလည်း စားချင်စရာ။ ကျွန်မတော့ ခွင့်မတောင်းဘဲ လင့်ယူသွားမိပြီ။ :)

    ReplyDelete
  12. စုဘူးအိမ်..
    ငါးပိထောင်းသာပြောတာ။ ငြုတ်ဆုံမရှိလို့ ငြုတ်သီးတို့ ကြက်သွန်ဖြူတို့ ကိုသပ်သပ်ကြိတ်ပြီးမှ ပုဇွန်ခြောက်ရယ် ငါးပိကင်ရယ် ငြုတ်သီးတွေရယ်ကို စတီးခွက်ခပ်ငယ်ငယ်ထဲမှာ အားလုံးကိုစေးနေအောင် ဇွန်းနဲ ဖိဖိပြီးသမအောင်လုပ်ထားတာပါ။ ဖြစ်သွားတာပါဘဲ။း))
    လင့်လေးယူသွားလို့ ကျေးဇူးတင်ပါတယ်နော်။

    ခင်မင်လေးစားသော..
    အိုင်အိုရာ

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။