မုန်လာဥသုပ် နဲ့  ငါးအိုးကင်းပူတိုက်
တခါတလေ ထမင်းမစားချင်ရင် ဒီလိုလုပ်စားဖြစ်ပါတယ်။ မုန်လာဥကို ခြစ်နဲ့ ခြစ်ပြီး ဆားနဲ့ နယ်ပြီး ရေဆေးစစ်ထားပါတယ်။ မိမိနှစ်သက်သလို လှီးနိုင် ခြစ်နိုင်ပါတယ်။ ဒီတခါတော့ အမျှင်လေးတွေရအောင်ခြစ်ထားပါတယ်။ မုန်လာဥနီကတော့သိပ်မကြိုက်လို့ အရောင်လေးရရုံပဲ ထဲ့ထားပါတယ်။ ဆလတ်ရွက်ကိုလည်း အရှည်မျှင်မျှင်လေးရအောင်လှီးထားပါတယ်။ ပြီးတော့ ကြက်သွန်နီပါးပါးရေဆေးထားတာနဲနဲ၊ ဆားနဲနဲ၊ ကြက်သွန်ကြော်လေးနဲနဲ၊ သကြားနဲနဲ၊ ငံပြာရည်နဲနဲ၊ ထဲ့ သံပုရာရည်ညှစ်ထဲ့ပါတယ်။ ဆီစိမ်းပါလေကာလေးထဲ့။ နှမ်းလေးထဲ့ပြီးနယ်ပါတယ်။ အပေါ့အငံမြည်းပြီးပန်းကန်ထဲမှာ ထဲ့ပါတယ်။ အစပ်ကြိုက်ရင် ငြုတ်သီးစိမ်းထဲ့နိုင်ပါတယ်။ ကျမတော့နဲနဲလေးဘဲထဲ့ထားပါတယ်။
ကျမကတခါတလေ အသုပ်ဘက်စိတ်ပါနေရင် လိုအပ်တာတွေကို အားတဲ့အချိန်မှာ အဆင်သင့်လှီးထားပြီးဘူးထဲထဲ့၊ရေခဲသေတ္တာထဲထဲ့ထားတတ်ပါတယ်။ သုပ်စားချင်တဲ့အခါ လွယ်လွယ်စားရအောင်လို့ ။
ငါးရယ်၊ မုန်လာဥသုပ်ရယ် နဲ့ တွဲစားဘို့ ကန်ဇွန်းရွက်လေးပူပူနွေးနွေးကြော်လိုက်ပါတယ်။ ကြက်သွန်ဖြူ နဲ့ ငြုတ်သီးစိမ်းဒါးပြားရိုက်ပြီး ကြက်သားမှုန့် သို့ အချိုမှုန့် နဲ့ ကြော်ပါတယ်။ ကန်ဇွန်းရွက်ကတော့မြန်မာပြည် ကိုမမှီပါဘူး။ ကြော်ရင်မဲချင်တယ်။ အရိုးကလည်းရင့်တယ်။ ကြိုက်တော့လည်းဝယ်စားမိပါတယ်။
အရင်တုန်းကလုပ်စားထားတာပါ။ ဒါပေမဲ့မကြာခဏတော့စားဖြစ်ပါတယ်။ Juice တမျိုးမျိုး သို့ ရေနွေးကြမ်း နဲ့ စားပါတယ်။ များများစားပေမဲ့လည်း အီပြီးမကျန်ခဲ့လို့ သိပ်သဘောကျပါတယ်။
ရောက်တုန်းရောက်ခိုက် အားပေးသွားပါဦးနော်။
ကျေးဇူးတင်လျှက်....
ခင်မင်လေးစားသော..
Iora
ဟေး - ဒီနေ့တို့ပထမဦးဆုံးလာစားတယ်ကွ :-)
ReplyDeleteငါးအိုးကင်းပူတိုက်တဲ့။ စားချင်လိုက်တာ။ မုန်လာဥသုပ်လေးကလည်းစားချင်စရာနော်။ ကန်စွန်းရွက်တော့ ဘယ်လိုလုပ်လုပ် အချိန်မရွေးစားတယ်။
စားကောင်းမှာပဲ
ReplyDeleteတိုက်ဆိုင်လိုက်တာ တို့လည်း ငါးနဲ့အသုပ်လုပ်စားတယ်
ငါးဆိုကြိုက်တယ် ကန်စွန်းရွက်လည်းကြိုက်
စူးနွယ်လေး
ပါရမီဖြည့်ဖက်လေး..
ReplyDeleteပထမဆုံးဆိုတော့ဆုချရမယ်။ ဘာစားချင်လည်းပြော။းD
စူးနွယ်လေး...
ဒါဆို"လဲ"စားရအောင်နော်။
အကြိုက်တွေတူနေပြီ။ :D ဒီကစူးနွယ်ချက်ထားတဲ့ ငါးပိရည်ချက်ကိုအရမ်းစားချင်နေတာ။
ခင်မင်လေးစားသော
Iora
ကျနော်လည်း မနေ့က ကန်စွန်းရွက်တွေ ဝယ်လာတယ်၊ မစားရတာ ကြာလို့ ဒီစနေ၊ တနင်္ဂနွေမှာ ကြော်စားမလို့...၊ စကာမစပ် ကန်စွန်းရွက်ကြော်ထဲက ငရုတ်သီးစိမ်း ၂ တောင့်ကို မျက်စပစ်သွားတယ်...။ ;-)
ReplyDeleteစားချင်စရာလေးတွေ...
ReplyDeleteဟုတ်တယ်... ငါးကို ဆီများများနဲ့ ကြော်စားတာထက် အခုလို Grill လုပ်စားရတာ ပိုသဘောကျနေတယ်...း))
ကိုညီလင်းဖို့ ငြုတ်သီးစိမ်း နှစ်တောင့်ပဲ ချန်ပြီး ကျန်တာတွေ အကုန် စားသွားတယ်... ...း))
Just read စူးနွယ်လေး's blog, and now more and more hungry due to this fish too!
ReplyDeleteကန်စွန်းရွက်ကြော် ငါးကြောက် အသုပ်
ReplyDeleteကိုယ့်တွက် ကျန်သေးလားဟင်
မအားသေးလို့ မလာဖြစ်ရင် ခွင့်လွတ်ပါ
၂၁ရက်နေ့ နောက်ပိုင်းမှ လာမယ်နော်
ခရီးထွက်မှာမို့ပါး)
Baby taster
ကိုညီလင်းသစ်..
ReplyDeleteကျမလည်းကန်ဇွန်းရွက်ချဉ်ရည်ဟင်းချက်စားချင်နေတာ။ ဖြတ်စရာဟင်းတွေရှိနေလို့ အောင့်ထားရတယ်။ စကားမစပ်.. မျက်စပစ်မနေပါနဲ့ ယူသာစားသွားပါ။း))
မသက်ဝေ..
ဟုတ်တယ်နော်..တခါတလေ အဲဒီလိုစားရတာ ငါးရဲ့ အရသာပိုကောင်းသလိုဘဲနော်။ ဘာလို့ လဲဆိုတော့ ငါးရဲ့ နုညံ့မှုကိုခံစားရလို့ လေ။
ကြည့်ရတာ ကိုညီလင်းသစ်အတွက် ငြုတ်သီးအထုတ်လိုက်ဆောင်ထားရင်ရပြီနဲ့ တူတယ်။ စားပါ။ စားပါ။ အားမနာပါနဲ့  ...း))
Mon Petit Avatar..
Then, why don't you eat them all :D
Baby..
နောက်ကျရင်..ထပ်လုပ်ပေးမှာပေါ့..
အားကျလိုက်တာ..ကိုယ်ကခရီးထွက်ရတာ သိပ်သဘောကျတာ။
Have a nice trip!
ခင်မင်လေးစားသော..
Iora
မုန်လာဥသုပ်က နည်းတယ်
ReplyDeleteမလောက်ဘူး
ငါးကလည်း ၂တုံးဆိုတော့ နည်းသေးတယ်
နောက်ခါ များများကြော်နော်
ကန်စွန်းရွက်ကြော် များများစားသွားမယ်