Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, March 12, 2011
နံနက်စာများ ၂
ပီဇာ
Ready made pizza ၀ယ်ထားတာကို oven ထဲမှာ ထဲ့ဖုတ်ထားတာပါ။ ကိုယ့်မှာရှိနေတဲ့ spring mix အရွက်တွေနဲ့ ငြုတ်သီးစိမ်း တွေကိုကိုယ်ကြိုက်သလိုထဲ့ထားပါတယ်။ ကျမက ပီဇာကို အေးနေ ပျော့နေရင် လုံးဝမကြိုက်လို့ ပါတီတွေမှာ ကျွေးလည်း ကျွတ်နေသေးမှ ဒါမှမဟုတ် သိပ်ဆာနေမှ စားပါတယ်။ နို့ မို့ ဆိုရင် ပြင်းတွဲတွဲကြီးကို မကုန်မချင်းစားနေရတဲ့ ဒုက္ခ ကိုခံစားရလို့ ပါ။
ပီဇာအစိမ်းကို တ၀က်ခြမ်းပြီး အလူမီနမ်ဖွိုင် ထဲတင်ပြီး oven ထဲမှာ ၁၅ မိနစ်လောက်ထဲ့ဖုတ်ပါတယ်။ ချိစ်တွေပျော်လာ ပြီး အနားတွေ ကျွတ်လာတော့ အရွက်တွေ နဲ့ ငြတ်သီးစိမ်းညှပ်ထားတာတွေထဲ့ပါတယ်။ ပုံထဲကလိုပါ။ သူက အရွက်မကြိုက်လို့ ကိုယ့်အတွက် တခြမ်းကိုဘဲ အရွက်ထဲ့ထားပါတယ်။ တခြား အသားတွေ၊ ပင်လယ်စာတွေ နဲ့ ထက်စာရင် ကြက်သား နဲ့  သို့ မဟုတ် ချိစ်နဲ့ အရွက်တွေနဲ့  ကိုပိုကြိုက်ပါတယ်။
ဒါကတော့ ကျန်တဲ့တခြမ်း ကို ထပ်လုပ်စားထားတာပါ။ ဒီတကြိမ်မှာ တော့ ဒယ်အိုးထဲထဲ့ပြီးစမ်းသပ်ပါတယ်။ အဆင်ပြေပါတယ်။ အရွက်တွေကို နွမ်းနွမ်းကြီးမစားချင်လို့  ချိစ်ပျော်တဲ့အချိန်မှာ ညှပ်ထားတဲ့ ငြုတ်သီးစိမ်းဘဲထဲ့လိုက်ပါတယ်။ ဖွင့်ကြည့်လိုက် ထဲ့လိုက် လုပ်တာအပါအ၀င် ၁၆ မိနစ်ပါ။ အညွှန်းထဲမှာ မီးဖိုပေါ်လိုက်ပြီး ၁၆ က ၁၈ မိနစ်ဖုတ်ပါလို့ ဆိုထားပါတယ်။ ၄၀၀ ဒီဂရီ နဲ့ ပါ။ ဒါပေမဲ့ ကျမကပီဇာထုတ်နေတဲ့အချိန်မှာတော့ မီးဖိုကို ရော ဒယ်အိုးကို ရော pre-heat ထားပါတယ်။
ကျမအတွက် အရွက်တင်ပါတယ်။
သိပ်ပူနေတော့ အရွက်တွေချက်ချင်းနွမ်းသွားတာနဲ့ ပြန်ဖယ်ပြီးဘေးမှာဘဲပုံထားလိုက်ပါတယ်။ အဲဒီလိုအစိမ်းနဲ့ တွဲစားရတာ ကျမပိုကြိုက်သွားပါတယ်။
သူ့ အတွက်ချိစ် နဲ့ ပလိန်းပါ။ ဒါလည်းကောင်းပါတယ်။ ကြွတ်နေတော့လေ။
 ငါးဖန်းမငါးပိကောင်အတုကြော်၊ ငြတ်သီးခြောက်ကြော် နဲ့ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း
ဒါနဲ့ အပြားတစ်ခုရှာခံပြီးသူငယ်ချင်းပေးထားတဲ့ ဒါးသွေးကျောက်ကို အပေါ်ကတင်ထားခဲ့ရပါတယ်။ သိပ်တော့ အလေးမညီဘူး၊ မတတ်နိုင်ဘူးလေ။ ဒီလိုဘဲ ရှိတာနဲ့ ဖြစ်အောင်လုပ်ရတာပါဘဲ ကိုယ်ကစားချင်တာကိုးလေ။ အပြင်မှာဘဲထာပြီးနောက်နေ့ ကျတော့ ထွက်လာတဲ့ အရည်တွေစစ်ပြီး သွန်ပေးပါတယ်။ အိမ်ထဲမှာဆိုတော့ အနံ့ ကနဲနဲ ပြင်းလို့ နောက်နေ့ တော့ အင်္ဂလိပ်ကြောင်အိမ်ထဲမှာဘဲထဲ့ ပြီးအရည်သွန်ပေးပါတယ်။ ၃ ရက်လောက်ကျတော့ ကျမကြော်စားပါတယ်။ သိပ်စားလို့ ကောင်းပါတယ်။ သူလည်း ရန်ကုန်မှာမစားပေမဲ့ အားပေးပါတယ်။ ကောင်းတယ်တဲ့။ ခုထိရှိပါသေးတယ်။ သုံး လေးလလောက် တော့ရှိပါပြီ။ ငါးပိကောင်ကြော် ပြီး ငြုတ်သီးခြောက်ဆက်ကြော်လိုက်ပါတယ်။ ပြီးတော့ အဲဒီဆီ နဲ့  ready made ပဲပြုတ် နဲ့ ထမင်းနဲ့ နယ်ပြီး စားကြပါတယ်ရှင်။ ထပ်တောင်စားချင်လာပြီ ရေးနေရင်းနဲ့ ။
ရေနွေးကြမ်း လေးနဲ့ တွဲစားတော့ သိပ်ကောင်းတာပေါ့နော်။
လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော..
Iora
မှတ်ချက်.. KOM အတွက် ပီဇာ နဲ့  KNLT အတွက် ငြုတ်သီး နဲနဲဖယ်ထားလိုက်တယ်နော်။
13 comments:
  1. တို့လည်းပီဇာမကုန်ဘူး
    ငါးဆားနယ် လုပ်ကြည့်မလားလို့ ညနေကပဲစိတ်ကူးနေတာ
    ငပိတစ်ချက် စားချင်လာလို့
    ငဖန်းမငပိကောင်တော့ အသေကြိုက်တယ်
    ကြော်ပြီးအိုးကပ်လေး ချက်စားချင်တယ်
    စူးနွယ်လေး
    ReplyDelete
  2. ညီလင်းသစ်March 12, 2011 at 3:55 PM
    ငရုတ်သီး အနီခြောက်တောင့်တွေ တွေ့တာနဲ့ ချက်ချင်း သွားရည်ကျချင် လာရော..၊ အောက်ဆုံးမှာ ငရုတ်သီး နဲနဲဖယ်ထားတယ်ဆိုလို့ ဝမ်းသာ သွားတယ်၊ ကျေးဇူး..၊ တကယ်ပါ၊ အဲဒီလို ငရုတ်သီးခြောက်နဲ့သာဆိုရင် ပဲပြုတ်ထမင်းနဲ့ တင် စားလို့ရနေပြီ၊ ငါးတောင် မလိုတော့ဘူး...။ :D
    ReplyDelete
  3. နဲနဲဘဲဖယ်လို့ဖြစ်မလားလို့အဟင်. အညားကြီးစားမယ်။
    ReplyDelete
  4. ၇ယ်ဒီမိတ် ပဲပြုတ်ဆိုတာ ဘာပါလိမ်.
    ReplyDelete
  5. စူးနွယ်လေးရေ..
    ငါးဆားနယ်လည်းကြိုက်တာဘဲ။ ပိုတောင်မြန်မြန်စားရသေးတယ်နော်။
    ကိုယ်စားချင်တာတွေကလည်း ငါးပိ ငါးခြောက်ထဲကကို မထွက်ဘူးဆို။
    ကိုညီလင်းသစ်..
    ငြုတ်သီးကြိုက်တတ်တာသိနေတော့ မမေ့ပါဘူးဆရာရယ်။
    မြန်မာပြည်မှာရှိတုန်းက ဘိုစာကို တခုတ်တရ လုပ်စားရတယ်။ ဘိုစာတွေပတ်ချာဝိုင်းနေတော့ မရှိတဲ့ရှားတဲ့မြန်မာစာတွေဘဲ စားချင်နေတယ်။ ဒုက္ခ..ဒုက္ခ..
    Ms Kom,
    ready made ဆိုတော့မြန်ပါတယ်။ ထပ်လုပ်ပေးပါမယ်။ ကြိုက်သလောက်သာစား။
    Iora
    ReplyDelete
  6. Anonymous ရှင့်..
    ready made ပဲပြုတ် လို့ ပြောရတာ က ဆိုင်က၀ယ်တားတဲ့ပြုတ်ပြီးသား frozen ပဲပြုတ်ကို ရေခဲရိုက်ထားတာပါ။ စားခါနီးမှ microwave ထဲပြန်နွှေးပြီးစားရတာပါ။
    ReplyDelete
  7. Humm, this is very self torturing just to look at those delicious food and yet not able to really eat it!
    ReplyDelete
  8. ချော(အစိမ်းရောင်လွင်ပြင်)March 12, 2011 at 10:47 PM
    ဟိဟိ
    ပဲပြုတ်ထက် ပီဇာကို ပိုကြိုက်တယ်း)
    ပဲပြုတ်က အမြဲစားရတာမို့လားမသိပါဘူး။
    ပီဇာကို အေးအေးကြီးတော့ မကြိုက်ဘူး
    ချိစ် များများနဲ့ ပိုကြိုက်တယ်..
    ဒီနေ့အဲလိုငါးဆားနယ် ကြော်စားတယ်..
    တစ်ညလုံးရေစိမ်ထားတာ
    အငံတောင် ပျောက်သွားပြီး အရသာ ပေါ့သွားတယ်း(
    ReplyDelete
  9. ပီဇာ ကြိုက်ဖူး.........
    ငါးပိကောင်လဲ ကြိုက်ဖူး........
    ပြီးတော့ ပဲပြုတ်လဲ ကြိုက်ဖူး.............
    ကိုညီလင်းနဲ့ ငြုတ်သီးကြော်ပဲ လုစားသွားတယ်....း))
    ReplyDelete
  10. Mon Petit Avatar,
    Yeah, it is kind of torturing actually as we cannot eat via images. I feel that way sometimes too. However, sometimes, it makes me less stress and happy by looking them. (i mean others' food images, not mine)း)))
    ချော ရေ..
    ကိုယ်လည်း ဒီနေ့ ငါးဆားနယ် လိုလို ငါးပိကောင်လိုလို ကိုရီးယားကလာတာ ချက်စားဖြစ်တယ်။ ဆားပေါ့တော့ တော်တော်စားကောင်းတယ်။
    မသက်ဝေ..
ှုဒီတခါတော့လာလည်ရကြိုးမနပ်ဘူးပေါ့နော်။
    ကြိုက်တတ်တာလေးတွေ သံချောင်းခေါက်ထားပါဦး..း)))
    ခင်မင်လေးစားသော..
    Iora
    ReplyDelete
  11. လော်ရာရေအလေးမရှိရင်အိုးကြီးကြီးထဲရေအပြည့်ထည့်
    ပြီးဖိထားလိုက်၊တလုံးနဲ့မရရင်၂လုံးဆင့်တင်ထား၊ ငွေစန္ဒာတော့အဲလိုပဲလုပ်တယ်။ပီဇာတော့စားချင်ဘူး
    ပဲပြုတ်ထမင်း နဲ့ ငါးဖန်းမငါးပိကောင်အတုကြော်၊ ငြတ်သီးခြောက်ကြော်ကိုမနက်ဖြန် breakfast
    အတွက်ယူသွားပြီ။
    ReplyDelete
  12. အခုမှ အလည်ရောက်ဖြစ်လို့ ဟင်းတွေ ငေးရင်း လင့်လေးလည်း ယူသွားပါတယ်..
    ReplyDelete
  13. မမငွေစန္ဒာ..
    ဟုတ်တယ်နော်။။အဲလိုလုပ်လို့ ရသားဘဲ။ ဥာဏ်ကလိုအပ်ရင်မထွက်ဘူ။။မလိုရင်ထွက်တယ်။
    ယူသွား..ယူသွား ကြိုက်သလောက်ယူသွားပါရှင်။
    စကားမစပ် ကျမရဲ့ ဘလောက် နံမည်က အိုင်အိုရာ ပါ။ သူငယ်ချင်းတယောက်ကလည်းး I ကို L လို့ ထင်ပြီး အဲလိုဘဲ ထင်တယ်။း))
    Sunny ရေ..
    လင့်လေးယူသွားလို့ ကျေးဇူးတင်ပါတယ်နော်။
    နောက်လည်းလာရောက်ပြီး ငေးရုံတင်မက ၀င် လွေး သွားပါနော်..
    ခင်မင်လေးစားသော..
    Iora
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။