ပီဇာ
Ready made pizza ၀ယ်ထားတာကို oven ထဲမှာ ထဲ့ဖုတ်ထားတာပါ။ ကိုယ့်မှာရှိနေတဲ့ spring mix အရွက်တွေနဲ့ ငြုတ်သီးစိမ်း တွေကိုကိုယ်ကြိုက်သလိုထဲ့ထားပါတယ်။ ကျမက ပီဇာကို အေးနေ ပျော့နေရင် လုံးဝမကြိုက်လို့ ပါတီတွေမှာ ကျွေးလည်း ကျွတ်နေသေးမှ ဒါမှမဟုတ် သိပ်ဆာနေမှ စားပါတယ်။ နို့ မို့ ဆိုရင် ပြင်းတွဲတွဲကြီးကို မကုန်မချင်းစားနေရတဲ့ ဒုက္ခ ကိုခံစားရလို့ ပါ။
ပီဇာအစိမ်းကို တ၀က်ခြမ်းပြီး အလူမီနမ်ဖွိုင် ထဲတင်ပြီး oven ထဲမှာ ၁၅ မိနစ်လောက်ထဲ့ဖုတ်ပါတယ်။ ချိစ်တွေပျော်လာ ပြီး အနားတွေ ကျွတ်လာတော့ အရွက်တွေ နဲ့ ငြတ်သီးစိမ်းညှပ်ထားတာတွေထဲ့ပါတယ်။ ပုံထဲကလိုပါ။ သူက အရွက်မကြိုက်လို့ ကိုယ့်အတွက် တခြမ်းကိုဘဲ အရွက်ထဲ့ထားပါတယ်။ တခြား အသားတွေ၊ ပင်လယ်စာတွေ နဲ့ ထက်စာရင် ကြက်သား နဲ့  သို့ မဟုတ် ချိစ်နဲ့ အရွက်တွေနဲ့  ကိုပိုကြိုက်ပါတယ်။
ဒါကတော့ ကျန်တဲ့တခြမ်း ကို ထပ်လုပ်စားထားတာပါ။ ဒီတကြိမ်မှာ တော့ ဒယ်အိုးထဲထဲ့ပြီးစမ်းသပ်ပါတယ်။ အဆင်ပြေပါတယ်။ အရွက်တွေကို နွမ်းနွမ်းကြီးမစားချင်လို့  ချိစ်ပျော်တဲ့အချိန်မှာ ညှပ်ထားတဲ့ ငြုတ်သီးစိမ်းဘဲထဲ့လိုက်ပါတယ်။ ဖွင့်ကြည့်လိုက် ထဲ့လိုက် လုပ်တာအပါအ၀င် ၁၆ မိနစ်ပါ။ အညွှန်းထဲမှာ မီးဖိုပေါ်လိုက်ပြီး ၁၆ က ၁၈ မိနစ်ဖုတ်ပါလို့ ဆိုထားပါတယ်။ ၄၀၀ ဒီဂရီ နဲ့ ပါ။ ဒါပေမဲ့ ကျမကပီဇာထုတ်နေတဲ့အချိန်မှာတော့ မီးဖိုကို ရော ဒယ်အိုးကို ရော pre-heat ထားပါတယ်။
ကျမအတွက် အရွက်တင်ပါတယ်။
သိပ်ပူနေတော့ အရွက်တွေချက်ချင်းနွမ်းသွားတာနဲ့ ပြန်ဖယ်ပြီးဘေးမှာဘဲပုံထားလိုက်ပါတယ်။ အဲဒီလိုအစိမ်းနဲ့ တွဲစားရတာ ကျမပိုကြိုက်သွားပါတယ်။
သူ့ အတွက်ချိစ် နဲ့ ပလိန်းပါ။ ဒါလည်းကောင်းပါတယ်။ ကြွတ်နေတော့လေ။
ဒါတောင်ကုန်အောင်မစားနိုင်ကြလို့  တစိပ်ရဲ့ သုံးပုံတပုံ တစိပ်စီကျန်နေကြပါတယ်။ ကျမတော့ ထပ်စားတော့မှာမဟုတ်ပါဘူး။ သူတော့နေ့ ခင်းဆာရင် စားမလားမသိပါ။
ငါးဖန်းမငါးပိကောင်အတုကြော်၊ ငြတ်သီးခြောက်ကြော် နဲ့ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း
အရင်ကစားထားတာလေးပါ။ ကျမကတော့ ငါးဖန်းမငါးပိကောင်ကြော် ကြွတ်ကြွတ်လေး နဲ့ ထမင်းဆီဆမ်း ငြတ်သီးကြော် ကျွမ်းကျွမ်း ကြွတ်ကြွတ်လေးနဲ့ စားရမယ်ဆိုရင် အထက်က ပီဇာနဲ့ လဲစားလို့ စားရင် လဲ စားမှာပါ။ တရုပ်ဆိုင်ကနေ အဲဒီငါးကို တွေ့ တော့ ငါးဖန်းမငါးပိကောင်ကြော်စားချင်သွားပြီး ကိုယ့်ဘာသာ လုပ်လိုက်ပါတယ်။ အမေ နဲ့ ခဏခဏလုပ်ဖူးလို့ တွေဝေခြင်းမရှိဘဲ လုပ်လိုက်ပါတယ်။ ရေဆေးပြီးမှ (တချို့ မဆေးပါ) ဗိုက်ထဲဆားထဲ့ ငါးကိုလည်းဆားနဲနဲ နဲ့ နယ်ပါတယ်။ သိပ်မငံအောင်လို့ နယ်တာကိုတော့ဆားသိပ်အများကြီးမထဲ့ပါဘူ။ ပြီးတော့ ခွက်တခုထဲထဲ့ပြီး အပေါ်က ပလတ်စတစ်အုပ်ပြီး အလေးဖိဘို့ ရှာတော့တော်တော်ရှာတာတောင်မှမရှိဘူး။
ဒါနဲ့ အပြားတစ်ခုရှာခံပြီးသူငယ်ချင်းပေးထားတဲ့ ဒါးသွေးကျောက်ကို အပေါ်ကတင်ထားခဲ့ရပါတယ်။ သိပ်တော့ အလေးမညီဘူး၊ မတတ်နိုင်ဘူးလေ။ ဒီလိုဘဲ ရှိတာနဲ့ ဖြစ်အောင်လုပ်ရတာပါဘဲ ကိုယ်ကစားချင်တာကိုးလေ။ အပြင်မှာဘဲထာပြီးနောက်နေ့ ကျတော့ ထွက်လာတဲ့ အရည်တွေစစ်ပြီး သွန်ပေးပါတယ်။ အိမ်ထဲမှာဆိုတော့ အနံ့ ကနဲနဲ ပြင်းလို့ နောက်နေ့ တော့ အင်္ဂလိပ်ကြောင်အိမ်ထဲမှာဘဲထဲ့ ပြီးအရည်သွန်ပေးပါတယ်။ ၃ ရက်လောက်ကျတော့ ကျမကြော်စားပါတယ်။ သိပ်စားလို့ ကောင်းပါတယ်။ သူလည်း ရန်ကုန်မှာမစားပေမဲ့ အားပေးပါတယ်။ ကောင်းတယ်တဲ့။ ခုထိရှိပါသေးတယ်။ သုံး လေးလလောက် တော့ရှိပါပြီ။ ငါးပိကောင်ကြော် ပြီး ငြုတ်သီးခြောက်ဆက်ကြော်လိုက်ပါတယ်။ ပြီးတော့ အဲဒီဆီ နဲ့  ready made ပဲပြုတ် နဲ့ ထမင်းနဲ့ နယ်ပြီး စားကြပါတယ်ရှင်။ ထပ်တောင်စားချင်လာပြီ ရေးနေရင်းနဲ့ ။
ရေနွေးကြမ်း လေးနဲ့ တွဲစားတော့ သိပ်ကောင်းတာပေါ့နော်။
လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော..
Iora
မှတ်ချက်.. KOM အတွက် ပီဇာ နဲ့  KNLT အတွက် ငြုတ်သီး နဲနဲဖယ်ထားလိုက်တယ်နော်။