Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, October 6, 2013
ဝက်သားသရက်သီးသနပ်၊ ၀က်သားအချိုချက်၊ ကြက်မြစ်ကြက်သဲ၊ ချဉ်ပေါင်ဟင်းချို၊ ငရုတ်သီးထောင်း
 ဒီတပါတ်ချက်ထားတာတွေမြန်မြန်လေးတင်လိုက်ပါတယ်။ ကြာသွားရင်လည်းမတင်ချင်တော့ဘူး။
ပြီးခဲ့တဲ့အပါတ်က ပုဇွန်နဲ့ ကြက်ဥသီးစုံဟင်းချက်တယ်။ ပြီးတော့ကြက်တစ်ကောင်ချက်ပြီးဘာမှမချက်ဖြစ်တော့ဘူး။ ကြက်သားမစားချင်တော့လို့ အလုပ်ကို ကြက်ဥကြော်ပြီးယူသွားတယ်။ မုန့် ဟင်းခါးရည်နှစ်ယောက်စာအမြန်ပစ်ထဲ့ချက်ချက်ဖြစ်တယ်။
ဒီတပါတ်တော့ ချစ်ချစ်ကိုဝက်သား နဲ့ ကြက်မြစ်ကြက်သဲတစ်လှည့်ချက်ကျွေးမယ်ဆိုပြီးထုံးစံအတိုင်း အခေါက်ပါတဲ့ပုခုန်းသားဝယ်လာပြီး လှီးဖြတ်ချက်ရပါတယ်။ ပုခုန်းသားတစ်ထုတ်ကိုတုံးတစ်ပြီးတဲ့နောက်မှာ လေးပုံရပါတယ်။ တစ်ပုံကို သူ့ အကြိုက်သရက်သီးသနပ်နဲ့ ချက်ပါတယ်။ တစ်ပုံကို အိုင်အိုရာ့ အကြိုက်အချိုချက်ပါတယ်။ကျန်တဲ့ နှစ်ပုံမှာ တစ်ပုံကိုအသားချည့်ကြော်စားမယ်ဆိုပြီးအသားတွေချည့်ပြားပြားလေးတွေလှီးပြီးဆားပြားနယ်ထားတယ်။ တစ်ပုံကခလယ်ကအရိုးကြီးနဲ့ သူ့ နားကအသားတွေပေါ့။ အဲဒါတော့ဆွတ်ပြုတ်တို့ ဟင်းချိုတို့ အတွက်ပေါ့။ အဲဒီနှစ်ပုံကတော့ဖရီဇာထဲမှာ။။ ပြီးတော့ကြက်မြစ်ကြက်သဲကိုတော့ ပြုတ်ကြော်ခြောက်ခြောက်လေးချက်
ပါတယ်။
ကြက်မြစ်ကြက်သဲပြုတ်ကြော်၊ ၀က်သားအချိုချက်၊ ချဉ်ပေါင်ဟင်းချို နဲ့ ငရုတ်သီးစိမ်းထောင်း။ ဟင်းချိုကတော့မြန်မာဟင်းချိုထုံးစံအတိုင်းပုဇွန်ခြောက်မှုန့် ၊ ငပိနဲနဲ ငံပြာရည်နဲ့ ကြက်သွန်နီထဲ့တည်ထား။ ခရမ်းချဉ်သီးလေးတစ်ဝက်လောက်လှီးထဲ့။ အရည်ကျရင် ချဉ်ပေါင်ထဲ့။ ကြက်သွန်ဖြူဒါးပြားရိုက်ထဲ့။ နံနံပင်အုပ်။ ငရုတ်သီးစိမ်းထုထဲ့လည်းကောင်းတယ်။ အိုင်အိုရာကငရုတ်သီးထောင်းပါလို့ ။
ဝက်သားအချိုချက်။ တုံးတစ်ထားတာတွေကို ဆား၊ပဲငံပြာရည်၊ ခရုဆီ၊ ငန်ပြာရည်၊ ရှာလကာရည်နဲ့ နယ်ပြီးနှပ်ထားပါတယ်။ နာရီဝက်လောက်နေတော့ဆီဇွန်းကြီးနဲ့ တစ်ဇွန်းလောက်ထဲ့ပြီးသကြားထဲ့ပြီးမွှေပါတယ်။ သကြားပျော်ပြီးကိုယ်ကြိုက်တဲ့အညိုရောင်ရပြီဆိုမှ ၀က်သားတွေထဲ့လုံးပါတယ်။ ကျစ်သွားအောင်လုံးပြီးမှ ကြိတ်ထားတဲ့ဂျင်း၊ ကြက်သွန်ဖြူ၊နီထဲ့ပြီးမွှေပေးပါတယ်။ အဖုံးခဏအုပ်ထပ်မွှေ၊ အရည်သိပ်ခြောက်ပြီးသိပ်ကပ်နေရင်ရေနဲနဲထဲ့ပြီးမွှေပါတယ်။ ကြက်သွန်အနှစ်တွေကျက်ပြီးမွှေးပြီးအစိမ်းနံ့ ပျောက်သွားတော့မှရေကိုဝက်သားမြုပ်ရုံထဲ့ပါတယ်။ ဦးဆုံးပွက်ပွက်ဆူအောင်အရင်ချက်ပါတယ်။ ၀က်သားအတွင်းသားထဲထိကျက်ပြီး ပိုးတွေဘာတွေရှိရင်သေအောင်လို့ ပါ။ ကောင်းကောင်းဆူပွက်ပြီးကျက်သွားမှ မီးကိုလျှော့ချပြီးမီးအေးနဲ့ အသားနူးတဲ့ထိတည်ထားလိုက်ပါတယ်။ ရေခမ်းတော့အတော်ပါဘဲ။ ၀က်သားလည်းနူးအိပြီးမွှေးကြိုင်နေပါတယ်။ ဒီလိုချက်ထားရင်နူးအိပေမဲ့အသားကကျစ်ပြီးတင်းတင်းလေးနေပါတယ်။ နူးပေမဲ့မကြေပါဘူး။ တကယ်လို့ ဝက်သားမနူးအိသေးရင်ရေကိုနဲနဲချင်းထပ်ထဲ့ပြီးမီးအေးနဲ့ ဆက်တည်ပါ။
ကြက်မြစ်ကြက်သဲပြုတ်ကြော်။ ဆီထဲ့ပြီးဆား၊ဆနွင်းနဲ့ ငံပြာရည်နယ်ထားတဲ့အမြစ်တွေအရင်ထဲ့။ ရေကိုအမြစ်တွေရဲ  တ၀က်လောက်ပဲထဲ့ ။ အဖုံးအုပ်။ မွှေပေး။ အဖုံးပြန်အုပ်ထား။ ရေခမ်းရင်အမြစ်ကိုမြည်းကြည့်။ အမြစ်ကအကြာကြီးတည်ရင်ပိုမာပါတယ်။ ဒါကြောင့်ကျက်တယ်ဆိုရင် နဲနဲလေးနူးအောင်ခဏဆက်တည်ပြီးရင်အတော်ပါဘဲ။ အမြစ်ကျက်သွားမှ အသဲတွေထဲ့။ အသဲကတော့အရည်တွေပါနေတတ်တော့အိုင်အိုရာကရေမထဲ့ပဲ သူ့ အရည်နဲ့ သူကျက်အောင်တည်ပါတယ်။ အသဲတွေကျက်ပြီးနဲနဲလေးကျစ်စပြုရင်ချလို့ ရပါပြီ။ ဆီလည်းအပြန်ပေါ့။ အိုင်အိုရာတို့ တအိမ်လုံးကအဲလိုလုပ်ထားတဲ့ကြက်မြစ်ကြက်သဲဆီနဲ့ ထမင်းနယ်စားရတာကြီုက်ကြပါတယ်။ အမေကအဲလိုပဲကြိုက်တယ်လေ။ အနှစ်နဲ့ ချက်တာသိပ်မကြိုက်ကြဘူး။ ခုတော့အနှစ်ကြိုက်တဲ့ချစ်ချစ်လည်းအိုင်အိုရာတို့ ဂိုဏ်းဝင်ဖြစ်သွားပြီ။ ကြက်မြစ်ကြက်သဲကဒီလိုချက်မှပိုစားကောင်းတယ်နော်တဲ့။ ဒင်းမသိသေးတာတွေအများကြီးဆိုတာဒင်းမသိဘူး။း)
ပုဇွန်ခြောက်၊ ဆား၊ ကြက်သွန်ဖြူနဲ့ ကြိတ်ထားတဲ့ငရုတ်သီးစိမ်းထောင်း။ ဒီလိုအစပ်လေးပါမှထမင်းစားရတာပိုအရသာရှိတာ။ နို့ မို့ ရင်ပေါ့ပေါ့ကြီးလိုဘဲ။
အိတ်ထဲကငရုတ်သီးကမထောင်းရက်ဘူး။ ချစ်စရာကောင်းတဲ့မမကြီးအိမ်ကနေခူးလာတာ။ ရေဆေးပြီးအဲလိုဇစ်ပ်လော့က် ပလတ်စတစ်အိတ်လေးထဲထဲ့ပြီး ထမင်းစားရင်ဆားလေးနဲ့ တို့ ပြီးကိုက်စားတာ။ လတ်ဆတ်တော့အရမ်းမွှေးတာ။ ညာဖက်ကအကြီးတွေက Walmart က၀ယ်ထားတာ။ အဲဒါနဲ့ အပေါ်ကငရုတ်သီးထောင်းကိုထောင်းထားတာ။
ကောင်းလိုက်တဲ့ချဉ်ပေါင်ဟင်းချိုလေး။ သဘောကောင်းတဲ့မမကြီးအိမ်ကခူးလာတာ။ ၀က်သားဟင်းလည်းမအီတော့ဘူး။ အစပ်လေးနဲ့ လည်းလိုက်။ ကျေးဇူးပါမမရေ။း)
ကြိုက်သလောက်ထဲ့။ အားရပါးရထဲ့။
ကြက်မြစ်တစ်ထုတ်နဲ့ ကြက်သဲတစ်ဗူး။ အများကြီးဘဲ အားရပါးရလွေးပေတော့။း)
ဟိုးထိပ်က ၀က်သားသရက်သီးသနပ်။
ဒါကဒီနေ့ မနက်စာ။ ဂေါ်ရခါးသီးကြော်နဲ့ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း
ဒါကတော့ပီဘိ မြန်မာဟင်းဘဲ။ သရက်သီးသနပ်ထဲကဆီတွေကလည်းထွက်။ ၀က်သားကလည်းထွက်နဲ့ ။ အနှစ်ပဲခပ်စားကြတာပေါ့။ နှမြောတယ်ဆိုပြီး ဆီတွေမစားနဲ့ အုန်းနော်။ အနှစ်တွေစားပြီးရင်ပိုတဲ့ဆီတွေ ပစ်ရင်ပစ်။ မပစ်ရင်နောက်လိုက်ဖက်တဲ့ဟင်းတစ်မျိုးထဲထဲ့ချက်ပေါ့။ တစ်ခါလောက်ချက်ထားတာတော့ ထရန်စ်ဖက် မဖြစ်လောက်ပါဘူး။ သေချာတော့မမှတ်မိဘူး။ မီးပြင်းနဲ့ ထပ်ခါထပ်ခါသုံးပြီးကြော်ထားတဲ့ဆီကတော့ကျန်းမာရေးအတွက်မကောင်းဘူး။ ကဲ..မသိတာတွေအသာထား။ ကိုယ်တကယ်သိတာပြောတော့မယ်။ ကိုယ်လိုချက်ထားလည်းဆိုတား)။ ငရုတ်သီးမှုန့် ၊ဂျင်း၊ ကြက်သွန်ဖြူနိကြိတ်ထားတာနဲ့ အစောကနှပ်ထားတဲ့ဝက်သားတွေရောနယ်။ သရက်သီးသနပ်ထမင်းစားဇွန်းနဲ့ သုံးဇွန်း။ ငံပြာရည်ထဲ့။  ဆီနဲနဲထဲ့။  ဆနွင်းနဲနဲထဲ့။ အားလုံးစိတ်တိုင်းကျနယ်ပြီးရင် အဖုံးအုပ်ပြီးလုံး။ မွှေပေး။ ရေခမ်းသွားရင် ၀က်သားမြုပ်ရုံရေထဲ့ပြီးပွက်ပွက်ဆူပြီးဝက်သားကျက်အောင်တည်။ ၀က်သားကောင်းကောင်းကျက်ပြီဆိုရင် မီးလျှော့ပြီးမီးအေးနဲ့ တည်ထား။ မကြာခဏမွှေပေး။ အရည်မခမ်းသေးပေမဲ့အနှစ်တွေကပ်ပြီးတူးတတ်တယ်။ ၀က်သားနူးလာရင်တအားမမွှေနဲ့ အုန်း။ ကြေကုန်မယ်။ အသားကိုမထိုးမိအောင်မွှေပေး။ ရေခမ်းခါနီးဆိုလှုပ်လည်းသိပ်မထိရောက်တတ်ဘူး။ ဇွန်းကိုအသားတဲ့တဲ့မထိအောင်ထိုးမွှေပေးပေါ့။
ချဉ်ပေါင်ရိုးနဲ့ ကန်စွန်းရိုးကိုရေစိမ်ထားတာ။ အမြစ်လေးတွေထွက်လာပြီ။
အချိုပွဲ ဖလန်း။ ဒါလုပ်နည်းတင်ပေးဘူးတယ်နော်။ ကိုယ်လည်းအဲဒီကပြန်ကြည့်လုပ်ရတာ။ မလုပ်တာကြာလို့ ..း)
ဓါတ်ပုံတွေကဖုန်းနဲ့ ရိုက်ထားတာ။ သည်းခံလက်စနဲ့ သည်းခံအားပေးသွားကြပါတော့လို့ ...
ခင်မင်လေးစားသော..
အိုင်အိုရာ
အမြန်ချက်မုန့် ဟင်းခါးဟင်းရည်
 သည်းခံအားစမ်းနေတယ်လို့ တော့မထင်လိုက်ကြပါနဲ့ ။ ဖုန်းပုံနဲ့ ကင်မရာပုံဘယ်လောက်ကွာလည်းသိချင်လို့ ကင်မရာထဲကပုံတွေထပ်တင်ကြည့်လိုက်တာပါ။ ဘာမှမရေးတော့ပါဘူး။ .....(ပရိသတ်ကြီးကိုကြောက်ရတယ်။)
ကန်စွန်းရွက်ခြံထွက်။ ကိုယ့်ခြံထွက်ဟုတ်ပါဘူး။ သူများခြံထွက်လို့ ပြောမလို့ ပါ။း) မမရေ ကျေးဇူးပါ။ အရမ်းလတ်ဆတ်ပြီးရှားရှားပါးပါးစားရတာမို့ နတ်သုဒ္ဒာနဲ့ မလဲဘူးနော်။ မှိုနဲ့ ကြော်စားတယ်။ ဓါတ်ပုံမတွေ့ လို့ ။
တကယ်ပြီးပါပြီ။း)
24 comments:
  1. ကန်းစွန်းရွက်ကတော့ ရှားမှရှား..ကန်တက်ကီမှာ ကန်စွန်းရွက်ရတယ် ချဉ်ပေါင်ငတ်တယ်...မေရီလန်းမှာ ချဉ်ပေါင်ရတယ် ကန်စွန်းရွက် ငတ်တယ်...ဝက်သားဆို မီးမီး သိပ်ကြိုက်...အဲဒီလိုလေး ချက်စားဦးမယ်...း)
    ReplyDelete
    Replies
    1. စန်းထွန်းလေး...
      မိုင်၅၀လောက်ဝေးတဲ့နေရာမှာရှိတဲ့တရုတ်ဆိုင်မှာတော့ကန်စွန်းရွက်ကရှိတယ်။ အဲလောက်အဝေးကြီးမသွားနိုင်ကြဘူး။ တစ်လတခါနှစ်လတစ်ခါလောက်မှသွားဖြစ်ကြတယ်။ အခုလည်းအဲဒီမမကအိမ်မှာစိုက်ထားတာတွေလာခူးခိုင်းလို့ သဘောတွေကျနေတာ။ ကိုယ်တို့ အိမ်လည်းဝက်သားကြိုက်ကြတယ်။
      Delete
  2. ပျော်စရာကြီး စားစရာတွေများကြီးမိုက်တယ်
    ဘလော့ကြီးတခုလုံးဝါးစားသွားပီ သရက်သီးသနှပ်နဲ့ ချက်တဲ့ဝက်သားလည်းကြိုက် ကြက်မြစ်ကြက်သည်းလည်းကြိုက် ကန်စွန်းမှိုကြော်လည်းကြိုက် အိုင်အိုရာက ဟင်းချက်တော်တယ် မုန့် ဟင်းခါးလည်းစားသွားတယ် ဂေါ်ရခါးသီးကြော်က ဘူးသီးကြော်ထက်ချိုလို့ ကြိုက်တယ်
    အောက်က ပူတင်းလုပ်နည်းလေး ပြန်ရှာကြည့်ပီး လုပ်စားရမယ် စားချင်စရာလေး နောက်လည်းများများချက်ပီး တင်နော် (( အစားမှန်သမျှ မငြင်းသူ
    ReplyDelete
    Replies
    1. ပိုးပိုး...
      အားလုံးကြိုက်တယ်ဆိုတော့ဝမ်းသာသွားပြီ။
      ပူတင်းလုပ်စားပြီးရင်တင်အုန်းနော်။ အဆင်ပြေမှာပါ။
      မခက်ဘူး။
      Delete
  3. အဲဒီသဘောကောင်းတဲ့မမကြီးအိမ်နဲ့ နီးနီးနေချင်လာပြီနော်...
    ငရုတ်သီးတွေကလည်းရှယ်ဘဲ
    ဒီမှာတထုတ်ဝယ်ရင်ပုပ်ချင်နေတာကတဝက်ပါတာ..
    အဲဒီလိုဟင်းမျိုးတွေတွေ့ တော့အိမ်ကိုပိုသတိရတယ်
    ကန်စွန်းရွှက်ရောချဉ်ပေါင်ရော..ကကြီးဆိုင်မှာမရှိဘူး
    မုန်လာဥနဲ့ မုန်ညှင်းချဉ်ရည်ဟင်းဘဲလွေးနေရတာ
    စကားမစပ်..ခုထိပူတင်းဖုတ်လို့ လှလှလေးမရသေးဘူး.. ဟင့်..:(
    ReplyDelete
    Replies
    1. မီးမီး...
      ကိုယ်တို့ ဆိုမမအိမ်မှာအရွက်တွေသွားခူးကြရင်တအားပျော်တာ။ ကိုယ်လည်းငတ်နေတာကြာပြီဆိုတော့မစားရသေးဘူး။ အပင်တွေမြင်တာနဲ့ တင်ပျော်နေတာ။ ခူးနေတဲ့အချိန်မှာပျော်လွန်းလို့ မျက်နှာကတပြုံးပြုံးဖြစ်နေတာ။
      ကိုယ်တရုတ်ဆိုင်က၀ယ်ရင်လည်းငရုတ်သီးစိမ်းကပုပ်မဲ့ဟာကတ၀က်ပါတာဘဲ။ Walmart ကကျတော့တစ်တောင့်ချင်းရွေးယူလို့ ရတယ်။ မရွေးလည်းအညှာညှိုးတာပဲရှိတယ်ပုပ်တာတော့မရှိဘူး။
      ပူတင်းကဘာအဆင်မပြေတာလဲ။
      ခွက်ထဲကနေထုတ်တာအဆင်မပြေတာလား။ လွယ်တော့လွယ်တယ်ဟုတ်လားလို့ ...
      Delete
    2. လွယ်တာကလွယ်ပါတယ်..
      ဒီကလည်းခပ်လွယ်လွယ်လေးတွေဘဲတတ်တာ..
      ဟီး...ဒီတခါထပ်လုပ်အုံးမယ်...
      ဒါနဲ့ ..မအိုင်အိုရာရေ...ချီကာဂို..ဖက်ကပြောင်းရအုံး၊
      မလိုလိုပါဘဲ၊....မတို့ နဲ့ နီးတဲ့နေရာဆိုပိုကောင်းမှာနော်...
      Delete
    3. ချီကာဂိုဆိုရင်တော့မိုက်တယ်ကွာ။
      သူငယ်ချင်းကပြောပြတာ။ ကုလားဆိုင်တွေမှတန်းကိုစီနေတာဘဲတဲ့။
      တရုတ်တန်းကလည်းအကြီးကြီးတဲ့။
      ကိုယ်တောင်သွားလည်ချင်နေတာ။
      မြို့ ကလည်းသိပ်လှသိပ်စည်သိပ်စမ်းကမ်းရှိတယ်တဲ့။
      ကိုယ်တို့ နဲ့ နီးတဲ့နေရာမှာငတ်တယ်။ တရုတ်ဆိုင်ကမိုင်၅၀လောက်မောင်းမှရတာ။
      ကုလားဆိုင်က မိုင်အစိတ်ကျော်။း(
      Delete
  4. အိမ်မှာ ညီမလေးက ၀က်သားမစားတော့ မချက်ဖြစ်တာများတယ် အိုင်အိုရာ့ဝက်သားအချိုချက်လေးကြည့်ပြီး စားချင်သွားတယ် ချက်စားဦးမယ်. ငါးပိထောင်းစပ်စပ်လေးနဲ့ဆို ဂွတ်ရှယ်ပါပဲ..။
    ReplyDelete
    Replies
    1. မိုးငွေ့ ....
      ဟုတ်တယ်။ အစားမညီရင်မချက်ဖြစ်တာများတယ်နော်။
      ငပိထောင်းစပ်စပ်လေးနဲ့ ဆိုရှယ်ပေါ့။
      ကိုယ်လည်းငပိထောင်းထားတာရှိတယ်။ အဲဒါကိုငရုတ်သီးစိမ်းထပ်ထောင်းထားတာ။ ပြီးတော့ငါးပိရည်ကျိုကိုချက်ထားတာလည်းရှိသေးတယ်။ ကဲ..မလွန်ဘူးလား။း)
      Delete
  5. မမအိုင်အိုရာ ၀က်သားအရမ်းကြိုက် တယ်စားချင်တယ်။ ဟင်းတွေအားလုံးစားချင်တယ်။ ပူတင်းလေးဖုတ်ပြီး သားပိုင်
    ကိုလုပ်ပေးအုံးမယ်။
    မလေးမြတ်
    ReplyDelete
    Replies
    1. မလေးရေ..
      ဒါဆိုကိုယ်တို့ တွေအကြိုက်တူကြတာပေါ့နော။
      အသက်ကြီးမှအခေါက်ပါမှစားချင်တတ်တာ။
      ပူတင်းလေးလုပ်ကြည့်ပြီးကြိုက်သွားမှာသေချာပါတယ်။
      အဆင်မပြေရင်တော့မေးနော်။ ..ကိုယ်လည်းစဉ်းစားပြီးဖြေပေးပါမယ်။း)
      Delete
  6. အိုင်အိုရာရဲ့ ပို့စ်လေးတွေဖတ်ရတိုင်း စုံစုံလင်လင်လေး တင်လေ့ရှိတယ်....
    ဟင်းလျာစုံကနေ အချိုပွဲအထိပဲ ..စိတ်ဝင်စားစရာ ထမင်းဝိုင်းလေးပါ..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  7. တီတင့်...
    ချက်စားဖြစ်တာတွေကအများကြီးအလျဉ်မှီအောင်မတင်နိုင်ဘူးဖြစ်နေတယ်။
    တပါတ်လုံးအလုပ်သွားရင်အဆင်ပြေအောင်သုံးလေးခွက်ချက်ချက်ထားတာ။
    မြန်မာပြည်မှာလိုသွားခါနီးမှချက်ယူသွားဖို့ အချိန်မလောက်လို့ ရုံးပိတ်တာနဲ့ ချက်ရတော့တာပါ။
    မနက်သွားခါနီးကိုအသီးအရွက်လောက်ပဲလုပ်နိုင်တယ်လေ။ ဒါတောင်တခါတလေမကြော်မချက်နိုင်မသုပ်နိုင်လို့ သခွားသီးတို့ ခါဂျက်ဥတို့ ပဲထဲ့ယူသွားရတာ။
    အချိုပွဲကလည်းအိမ်ဦးနတ်က အချိုကြိုက်တော့တခုခုအမြဲလုပ်ပေးဖြစ်တော့တင်ပေးနိုင်တာပါ။
    ပေးတဲ့ဆုနဲ့ အမြဲပြည့်ပါရစေရှင်။.
    အိုင်အိုရာ
    ReplyDelete
  8. ဟန်ကြည်October 9, 2013 at 1:03 PM
    ဗျိုး မအိုင်အိုရာ...သဘောကောင်းတဲ့ မမကြီး ကျွန်တော့်အိမ်ဘေး ပို့ပေးလိုက်စမ်းပါဗျာ...တစ်ပတ်ဆယ်ရက်လောက်ဆိုရင် ပြန်ပို့ပေးမယ်...း) ဒီမှာက ပြည်တွင်းမှာနေပြီး အော်ဂဲနစ်မစားရဘဲ ဆေးဆိုးဆေးထိုးချည်းစားနေရတော့ လူလည်း ပွတတဖြစ်နေပြီ...ကိုယ့်ဘာသာစိုက်စားရအောင်လည်း သမင်မွေးရင်း ကျားစားရင်းဖြစ်ဦးမယ်...း)
    ReplyDelete
  9. ဆရာဟန်ကြည်ရေ...
    သဘောကောင်းတဲ့မမကြီးတော့ခုလောက်ဆိုမျက်ခုန်းလှုပ်နေလောက်ပြီ။း)
    ကျမလည်းချဉ်ပေါင်နဲ့ ကန်စွန်းငတ်နေတာကြာ.....လှပြီ။
    မမကြီးစိုက်ထားတာတွေစားရမြင်ရတော့ဘယ်လိုကြည်နူးမှန်းကိုမသိဘူး။
    ဟုတ်တယ်နော်။ ကျမအဲဒီဆိုးဆေးနဲ့ ထိုးဆေးတွေကိစ္စကိုတော်တော်လေးနှလုံးထိနေတယ်။
    ဆိုးဆေးထိုးဆေးကတကယ်တော့ချက်ချင်းရပ်အောင်လုပ်လို့ ရတဲ့ကိစ္စပါ။
    မလုပ်လို့ ပါ။
    လာလည်လို့ ကျေးဇူးပါရှင်။
    အိုင်အိုရာ
    ReplyDelete
  10. ၀က်မစားလို့ တခြားဟင်းတွေအားလုံး 'မ' သွားလိုက်ပါပြီ ဗူးသီးကြော်ကလဲ စားချင်စရာအလွန်ကောင်းပါပဲ မုန့်ဟင်းခါးလေးနဲ့ ဆွဲလိုက်ရရင်တော့ မြန်မာပြည်ကိုပါမေ့လောက်တယ်
    ReplyDelete
    Replies
    1. ဂျက်..
      ဂျက်ပြောတာနဲ့ မုန့် ဟင်းခါးတောင်စားချင်လာပြီ။း)
      အိုင်အိုရာ
      Delete
  11. ချဉ်ပေါင်ဟင်းရည် ဝက်သားရယ် ငရုပ်သီးထောင်းလေးရယ် တစ်ပြိုင်တည်း စားလိုက်ရရင်တော့ ဘုရားဘုရား ဝိတ်တက်လာဖို့မြင်တယ်။ ၃ပန်းကန်အနည်းဆုံးကုန်မှာမို့..
    ဖတ်နေရင်း သွားရည်တောင် မြိုချလိုက်မိသေးတယ် တကယ်..
    စားပြီးသွားရင် ပူတင်းလေး အချိုပွဲဆက်ဆွဲ... ဟင်... ပေါင် ၁၄၀ ဖြစ်သွားပြီ :)
    ReplyDelete
  12. ချော...
    မန့် ထားတာလေးခုမှစပန်မ်ထဲကတွေ့ လို့ ။
    ချောကလှပြီးသားဒီတစ်ပွဲနဲ့ တော့မ၀လောက်သေးဘူး။
    ဒါမျိုးဆက်တိုက်စားရင်တော့ဝမှာ။
    ချောရေးပုံနဲ့ ကိုယ်တောင်ပြန်စားချင်လာတယ်ကွာ။ တကယ်ဘဲ။း)
    အိုင်အိုရာ
    ReplyDelete
  13. မမအိုင်အိုရာရေ စားစရာတွေကရှယ်ပဲ ဂေါ်ရခါးသီးကြော်ကလည်း စားချင်စရာ
    ပူတင်းကလည်း မိုက်မှမိုက် အမရေ
    ငရုတ်စိမ်းထောင်းလေးကလည်း သွားရည်ကျလိုက်တာ ..
    စကားမစပ် အမရေ အမရဲ့ အုန်းနို့ကျောက်ကျောသာကူလေး သဘောကျလို့ ထိုးစားတာ ပျော့သွားတယ်
    ဘာလိုသွားလဲ မသိဘူးနော်.. ပြန်လုပ်စားဦးမယ်း)
    မိုးစက်ဝိုင်
    ReplyDelete
    Replies
    1. မိုးစက်လေး...
      ရေနဲနဲကျန်နေလို့ ထင်တယ်။ သာကူကပျော့တာလား။ ကျောက်ကျောကပျော့တာလား။
      အဲလိုအားပေးတဲ့သူမျိုးဆိုသိပ်ချက်ကျွေးချင်ပါတယ်။ တကယ်။
      မမအို်င်အိုရာ သို့ တီတီအိုင်အိုရာ
      Delete
    2. မမရေ ..
      သာကူက ပျော့နေတာ သာကူထည့်တာ များသွားလို့ ထင်တယ်နော် မမ ..
      ဒါပေမဲ့ စားလို့တော့ ကောင်းတယ် သိလား ဘာရမလဲ ကိုယ့်ဟာကိုယ် အားပေးတာလေ..း))
      မိုးစက်ဝိုင်
      Delete
  14. မိုးစက်လေး..
    သာကူပြုတ်တာနဲနဲလွန်သွားလို့ ထင်တယ်။
    သူကပူတဲ့ကျောက်ကျောရည်ထဲမှာဆက်ပြုတ်သလိုဖြစ်တတ်တယ်လေ။ အနေတော်ထက်နဲနဲလေးစောချမှအိုခေတယ်။
    ဟုတ်တယ် ဟုတ်တယ် စားလို့ ကောင်းဖို့ အရေးကြီးတယ်နော့်။
    အို်င်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။