Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, August 5, 2012
Farmers' Market ကအပြန်
      Burmese lunch with Prawn curry, Chili leave salad, fish paste spicy curry, Roselle leave and Bamboo shoot soup, and veggie
လွန်ခဲ့တဲ့သုံးလေးပါတ်လောက်က Farmers' Market (ယာသမားဈေး)ရောက်သွားပြီးဝယ်လာတာတွေနဲ့ ချက်စားဖြစ်တာလေးတွေတင်ပေးလိုက်ပါတယ်။ အသီးအရွက်တွေဘဲရောင်းတာဆိုတော့လွယ်လွယ်ယာသမားဈေးဘဲခေါ်လိုက်တော့မယ်။ လယ်သမားဈေးဆိုရင် စပါးတွေဆန်တွေမြင်နေမှာစိုးလို့ ။း) နောင်အဆင်ပြေတဲ့အခါကျရင်အဲဒီဈေးကိုရိုက်ထားတာလေးတွေလည်းတင်ပေးပါ့မယ်။
ကျမပြောပြောနေတဲ့ မြန်မာပင်စိမ်း၊ ကျူတီပြောပြောနေတဲ့ ငရုတ်ရွက်၊ ငရုတ်သီးစိမ်း၊ ဖရုံရွက်၊ ဂေါ်ရခါးညွန့် 
ကြက်ဟင်းခါးညွန့် နဲ့ ချဉ်ပေါင်
ချဉ်ပေါင်
မြန်မာပင်စိမ်း (သူ့ အရောင်ကနဲနဲဖျော့တယ်။ ထိုင်းပင်စိမ်းက ခရမ်းရောင်များပြီးအနံ့ ပိုပြင်းတယ်။ တစ်ခါကမေးဖူးထားလို့ ပုံတင်ပေးလိုက်ပါတယ်။း)
ငရုတ်ရွက်နဲ့ ငရုတ်သီးစိမ်း
ဘယ်ဘက်ကဖရုံညွန့် ၊ ညာဘက်ကဂေါ်ရခါးညွန့် (ဘေးက၀ါဝါလေးကဖရုံပွင့်ကြွေလေးကပ်နေတာ)
ချက်ချင်းမလုပ်ဖြစ်ရင်နောက်နေ့ ကျညှိုးပြီးကြွေကုန်ရော။ ဒါ့ကြောင့်ချက်ချင်းခြွေပြီးရေဆေးစစ်ထားလိုက်ပါတယ်။ ရေစစ်သွားတော့ရေခဲရိုက်ထားလိုက်ပါတယ်။
ငရုတ်ရွက်ကိုလည်းရေဆေးပြီးစစ်
ကြက်ဟင်းခါးညွန့် လည်းရေဆေးပြီးစစ်
ငရုတ်ရွက်တွေပြုတ်ထားတာသုတ်စားဘို့ 
သိမ်းထားဘို့ ငရုတ်ရွက်ပြုတ်နဲ့ ကြက်ဟင်းခါးညွန့် ပြုတ်
ချဉ်ပေါင်ဟင်းလည်းလုံးချက်ပါတယ်။ (ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီး၊ ပုဇွန်ခြောက်၊ ငပိ၊ မျှစ်နဲ့ လုံးချက်ချက်ပါတယ်။ ဆီပါလေကာနဲ့ ချက်ပါတယ်။ အပေါ့အငန် ရေထဲ့ပြီးဆူတော့မြည်းပြီးပြင်ပါတယ်။)
ပုဇွန်ထုတ် (သိပ်တော့မထုတ်ပါဘူးး) ဆီပြန်ပါ။ ကြက်သွန်ဖြူနီကိုဆီသတ်ပြီး ဆားငံပြာရည်နယ်ထားတဲ့ပုဇွန်ကိုထဲ့ချက်ပါတယ်။ ပုဇွန်ခေါင်းနဲ့ ခြေထောက်တွေကို ဘလင်ဒါနဲ့ ကြိတ် ရေစစ်ပြီးထဲ့ပါတယ်။ ရေခမ်းခါနီးမှ ပုဇွန်ကိုထဲ့တာပါ။ နို့ မို့ ရင်ရေတွေများရင်ပုဇွန်ကအကြာကြီးတည်ရရင်မာသွားလို့ ပါ။ ပုဇွန်မာသွားရင်ရက်ကျန်ဟင်းနဲ့ တူလို့ မမာအောင်ရေမများအောင်သတိထားချက်ပါတယ်။ ပုဇွန်ဆီတွေအများကြီးထွက်တော့ဆီများသလိုတော့ရှိပါတယ်။ ဒါပေမဲ့ပုဇွန်ထုတ်ကတော့ဆီများမှကောင်းတဲ့ဟင်းပါ။ ဆီများမှလည်းမွှေးတယ်လို့ ထင်ပါတယ်။
လာပါပြီ။ ကျူတီပြောတဲ့ငရုတ်ရွက်သုတ်။ ဒါပေမဲ့အိုင်အိုရာကမြန်မာစတိုင်သုတ်ထားတာပါ။ မြန်မာအသုတ်တွေထုံးစံအတိုင်း ကြက်သွန်ဆီချက်၊ နှမ်း၊ ပုဇွန်ခြောက်မှုန့် ၊ နဲ့ သုတ်ထားတာပါ။ ချဉ်ပေါင်ဟင်းနဲ့ စားမှာမို့ လို့ အစိမ့်ကိုကြက်သွန်စိမ်းနဲနဲထဲ့ပြီးသုတ်ပါတယ်။ အရမ်းအရမ်းကိုစားလို့ ကောင်းတာပါဘဲရှင်။ အိုင်အိုရာတို့ အိမ်မှာငရုတ်ရွက်ကို ငါးဟင်းတို့ ခရမ်းချဉ်သီးဟင်းတို့ မှာအုပ်စားလေ့ ရှိပါတယ်။ ပြီးတော့ဟင်းချိုလည်းတခြားအရွက်တွေနဲ့ ရောပြီးချက်ပါတယ်။တစ်ခါမှသုပ်မစားဖူးပါဘူး။ ကျူတီကလက်ဖက်ရွက်လိုလိုဘာလိုလိုဆိုတော့စိတ်ဝင်စားပြီးသုတ်စားဖြစ်တာပါ။ တကယ်ကိုလက်ဖက်ရွက်လိုလို စိမ့်သက်လေးအရမ်းသုတ်စားလို့ ကောင်းပါတယ်။
ဖရုံညွန့် သင်တော့အဖူးလေးတွေသပ်သပ်ဖယ်ထားတာ ပြုတ်တို့ ဘို့ ဆိုပြီး။ တကယ်စားလို့ ကောင်းတယ်။ ကျန်တာတွေက ရုံးပတေသီးပြုတ်၊ ကြက်ဟင်းခါးညွန့် ပြုတ်၊ ဒညင်းသီးဆားစိမ်( ရယ်ဒီမိတ်) သံပုရာစိတ်သေးသေးလေးတွေကတို့ စားဘို့ ။ အိမ်မှာဆိုတစ်အိမ်လုံးကသံပုရာသီးစိပ်လေးတွေသေးသေးလေးလှီးထားတာတို့ ရတာအရမ်းကြိုက်ကြတယ်။ အမေကတို့ စရာလုပ်တိုင်းအမြဲထဲ့ပေးတယ် ဒက်ဒီကအရမ်းကြိုက်လို့ ။ သံပုရာသီးစိတ်အကြီးကတော့ အိုင်အိုရာ့ ချစ်ချစ်က ပုဇွန်ဟင်းဆို အနှစ်ကိုထမင်းနဲ့ နယ်ပြီး သံပုရာသီးညှစ်တာသိပ်သဘောကျတော့သူ့ အတွက်။
ပုဇွန်ဆီပြန်
ညာစွန်ကညဘက်ကကျန်တဲ့ အာလူးကြက်သား
ချဉ်ပေါင်နဲ့ မျှစ်ချဉ်ရည်
ပင်စိမ်းချက်
ငရုတ်ရွက်သုပ်
စိတ်တိုင်းကျ သုံးဆောင်ပါရှင်။း)
အိုင်အိုရာမတင်ဖြစ်ပေမဲ့ရောက်ရောက်လာတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ အိုင်အိုရာလည်းစာရိုက်ရမှာဘယ်လိုပျင်းမှန်းကိုမသိပါဘူး။ စီဘောက်စ်မှာလာနှုတ်ဆက်တဲ့ဆွေမွန်များကိုလည်း ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေနော်။
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော....
အိုင်အိုရာ
36 comments:
  1. အစကနေ အဆုံးထိ အကုန်သရေကျတယ် ချစ်မရေ....
    အသီးရွက်တွေ ပေါတာလည်း သဘောကျတယ်
    ချဉ်ပေါင်ရွက်ဆိုတာ ဒီမှာတော့ နွေရာသီ မြန်မာဆိုင်တွေက ရောင်းမှ စားရတာ မရေ...
    ငရုတ်ရွက်သုတ်လေး ကြိုက်တယ်ဆိုလို့ ပျော်လိုက်ထှာ အရမ်းပဲ
    ငါးရံ့ခြောက်ခွဲနည်း မျှော်တဲ့အထဲမှာ ညလေးလည်း ပါတယ်နော် :))
    ချစ်တဲ့
    ညလေး ကျူတီ
    ReplyDelete
  2. ဟင်းပွဲလေးက သရေကျစရာပဲ မမရယ်.. ကန်ဒီက အသီးအရွက်အရမ်းကြိုက်တာ..
    ReplyDelete
  3. ကြက်သားအာလူး-ပုဇွန်-တညင်းသီးကလွှဲလို့ကျန်တာတွေအားလုံး
    (အရှက်မရှိသရက်စေ့)jas ကပါဆယ်ဆွဲခဲ့ပါတယ်ရှင်
    ဗရုံသီးသားလေးတွေ တို့စားချင်လိုက်တာ သရေတောင်ကျတယ်
    ငရုပ်ရွက်သုပ် ပင်စိမ်းဟင်းရည် တို့စရာတွေ အားလုံးကိုကြည့်မ၀ဘူးကွယ်
    ReplyDelete
  4. ဟင်းတွေကြည့်ရင်းထမင်းတောင်ထပ်ဆာသွားတယ်။အသီးအရွက်တွေပေါတာသဘောကျလိုက်တာ။
    ReplyDelete
  5. ဗိုက်ဆာထှာ... ဟိုက တို့စရာဗန်းကြီးကို ၃ ၄ ခေါက် စောင်းငန်း စောင်းငန်းနဲ့ ကြည့်သွားတယ်.. :P
    ReplyDelete
  6. ထမင်းစားလေးဘာလေးလဲ၊ဖိတ်ပါအုံး....:P
    အဲဒီလိုလယ်သမားဈေးက၊ဘာလူမျိုးတွေလုပ်တာလဲ။
    ဒီဖက်မှာလည်းရှိမယ်နဲ့ တူတယ်။
    ဘယ်လိုရှာရမှာကြောင်း....။
    မအိုင်အိုရေ..တကယ်ဘဲအဲနားလေးပြေးဈေးဝယ်ချင်လာတယ်။
    ဟင်းတွေလည်းအားလုံးကြိုက်စ်....:)))
    ReplyDelete
  7. ကျူတီ..
    အသီးအရွက်တွေကအဲလို Farmers' Market သွားမှအာရှအရွက်တွေရတတ်တာပါ။ ဆိုင်တွေမှာဆိုရင်တော့တရုတ်ကြိုက် မုန်ညင်းမျိုးစုံ၊ ဆလတ်ရိုးတို့ ၊ ကြာစွယ်တို့ ၊ ကန်စွန်းတို့ ၊ ရေမုန်ညင်းတို့ လိုမျိုးတွေသာထည်လဲရှိတာလေ။ ငရုတ်ရွက်ကိုဝယ်တုန်းကရော၊ သုတ်စားတုန်းကရော၊ သင်နေတုန်းကရော ကျူတီလေးကိုအရမ်းသတိရနေခဲ့တာ။း)
    ငါးရံ့ ခြောက်ကကိုယ်ထင်သလို ခွဲထားတာပါ။ ဘယ်သူခွဲတာမှလည်းမမြင်ဖူးဘူး။ ဒါပေမဲ့အိုခေတော့တင်ပေးမယ်နော်။
    ဂျက်..
    ဒီပို့ စ်တင်ဖြစ်တာ ဂျက်ကြောင့်ဆိုလည်းမမှားဘူး။ ဂျက်ခဏခဏလာပြီးအဟောင်းလေးတွေအားပေးသွားခဲ့ရတာအားနာလို့ လေ။း)
    အဲဒီဈေးက၀ယ်တဲ့အညွန့် တွေဆိုရင်အဲလိုအသီးလေးတွေအပွင့်လေးတွေပါပါလာတတ်တာသိပ်ပျော်တယ်လေ။ အဲဒီတစ်ခေါက်မှာတော့ဖရုံသားသားလေးတွေပေါ့။ ပြီးခဲ့တဲ့အခေါက်တွေသွားတုန်းက ကြက်ဟင်းခါးညွန့် ကနေကြက်ဟင်းခါးသီးသားသားလေးတွေ၊ ငရုတ်ရွက်ကနေ ငရုတ်သီးတွေအများကြီးဘဲပါလာတယ်လေ။ ဟင်းပြန်ချက်စားလို့ ရအောင်ကိုပါတာ။း)
    အေအိတ်ခ်ျ..
    အဲဒီမှာလည်းအသီးအရွက်တွေပေါမှာပေါ့နော်။ ဒီမှာကတော့ အဲဒီလိုဈေးသွားမှ ဒီလိုကျမတို့ အကြိုက်အရွက်တွေရတတ်တာပါ။ ဒါလည်းရာသီချိန်မို့ ပါ။ အမြဲတော့မရပါဘူး။ တို့ စရာဗန်းကြီးကိုစောင်းငန်းစောင်းငန်းကြည့်မနေနဲ့ ဆွဲသာသွားတော့။ အဲဒီတုန်းက၀ယ်လာတာတွေအများကြီးဆိုတော့အသီးအရွက်တွေရေရေလည်လည်မမေ့အောင်လှည့်စားနေရတာ။း)
    မီးမီးငယ်..
    ဖိတ်ပါတယ်။ ဖိတ်ပါတယ်။ ကျူတီပြောသလိုဘဲ တစ်ကမ္ဘာလုံးကဘော်ဒါတွေစုံတဲ့နေ့ မှာဖိတ်ဘို့ စီစဉ်ထားပါတယ်။ အဟဲ။
    အဲလိုဈေးကများသောအားဖြင့်ကိုယ်တို့ အေရှန်းအသီးအရွက်တွေကတော့ လာအိုးစ်တို့ ဗီယက်နမ်တို့ ကမ္ဘောာဒီးယန်းတို့ ဖီလစ်ပင်းနိုတို့ တွေစိုက်ပြီးလာရောင်းတာတွေ့ ပါတယ်။
    အဲဖက်မှာလည်းရှိတယ်။ ခုဘဲရှာကြည့်လိုက်တာ။
    http://www.state.nj.us/jerseyfresh/searches/urban.htm ဒီလင့်လေးမှာ မီးမီးငယ်နေတဲ့ County ကိုရိုက်ထဲ့ပြီးရှာကြည့်ရင်အားလုံး ၀က်ဆိုဒ်ရော လိပ်စာရော လမ်းညွှန်ဒါရိုက်ရှင်း
    ရောတွေ့ ပါလိမ့်မယ်။ ပြီးတော့ကိုယ်သွားချင်တဲ့ Roadside Market တို့  Community Farmers Markets တို့ ကို အပေါ်နားလေးမှာ ကလစ်ကြည့်လို့ ရတယ်နော်။ ကိုယ်တောင်မီးမီးငယ်အတွက်ရှာရင်းအွန်လိုင်းကနေလျှောက်လည်လိုက်သေးတယ်။ မားကက်နှစ်ခုလောက်။း)
    အဲဒီလင့်လေးကနေရှာကြည့်ပြီး သွားဝယ်ဖြစ်ရင်ပြောနော်။ ဒီကပြန်သွားရည်ကျရအောင်လို့ ။
    ဟင်းတွေအားလုံးကြိုက်ရင်စိတ်တိုင်းကျတီးပြီးမှပြန်နော။း)
    ReplyDelete
    Replies
    1. ချစ်စရာကောင်းတဲ့အိုင်အိုရာကို..မွမွ..အာဘွား...:P
      ကြီးကြီးပေးလိုက်တယ်...။
      စနေတခု၊တနင်္ဂနွေတခု ရွှေးထားတယ်။
      အိမ်နဲ့ ၁၄မိနစ်၊ရမိနစ် လောက်ဘဲဝေးတယ်တဲ့။
      ပျော်ထှာ...စနေမြန်မြန်ရောက်ချင်ပြီ..။
      ကျေးဇူးအထူးအထူးတင်ပါတယ်ရှင်။
      Delete
    2. မီးမီးငယ်..
      တစ်ချို့ ဖားမားစ်မားကက်က အေရှန်းအရွက်တွေသိပ်မရှိတတ်ဘူး။ Spanishတွေ American တွေကြိုက်တတ်တဲ့အသီးအရွက်တွေချည့်ရောင်းတာလည်းရှိတတ်တော့အင်တာနက်မှာအရင်
      စနည်းနာသွားရင်ကောင်းမယ်ထင်တယ်နော်။ တစ်ချို့ ကျတော့ကြီးတဲ့ဈေးဆိုရင်တော့ အားလုံးစုံနေအောင်ရတာလည်းရှိတယ်။ ပန်းတွေအပင်တွေရောပေါ့။
      အဆင်ပြေရင်ပို့ စ်တင်လိုက်နော်။း)
      Delete
    3. မအိုင်အိုရာရေ့ ...
      ဟိုစီပုံးဆိုတာ၊ရေးလို့ တောင်မပြီးသေးဘူး။
      သူကတက်သွားတာဘဲ..:)))
      ရေးတာ ၄နေရာ၊အဟိ..၁၄ နေရာလို့ မှားရိုက်လိုက်တယ်လေ။။
      ဂလိုဂလို...စနေနေ့ ကဈေးလေးလည်းကောင်းပါတယ်။
      ဂရိအစားအစာတွေလည်းရလို့ ၊ဝယ်စားလိုက်သေးတယ်။
      ကြားရက်ထဲမှာရောင်းတဲ့ဈေးတွေလည်းရှိတယ်။
      မ..ကိုမှန်းကြည့်တာ၊လှလှလေးနဲ့ အရပ်မြင့်မြင့်လေး၊သဘောကောင်းမှကောင်း...။
      အဟီး...ဟော...ထမင်းစားဖိတ်ပြီ...သိတယ်နော်..:P :P
      Delete
  8. ဆောရီး ..ဆောရီး ကန်ဒီ..
    ဘယ်လိုကျော်သွားလည်းသိပါဘူး။ ကန်ဒီလေးရေ ဟင်းရွက်မပါရင်စားလို့ ကိုမ၀င်ဘူး။ ဟင်းဟင်း..ဒါပေမဲ့အသားလေးရောပေါ့။း)
    အန်တီဦး..လည်းဆောရီးနော်။ ကျော်သွားလို့ ။း)
    အသီးအရွက်တွေ အဲဒီဈေးမှာအများစုက ဘာဝယ်ဝယ်တစ်စည်း တစ်ဒေါ်လာဘဲ။ ကြက်ဟင်းခါးညွန့် ကျတစ်ချို့ ဆိုင်တွေက ၂ကျပ်ခွဲတောင်တောင်းတယ်။ ငရုတ်ရွက်တွေကတရုတ်ဂရောစရီတွေမှာ တစ်ပေါင်ကို ၄ကျပ် ၅ကျပ်လောက်ပေးရတယ်။ ဒီမှာတော့တစ်စည်းတစ်ကျပ်ဘဲ။ မြင်းခွာရွက်လည်းဈေးကြီးတယ်။ တစ်ဆိုင်လောက်ဘဲတင်တယ်။
    ReplyDelete
  9. ဟင်းရွက်တွေစုံနေပါလား ဟရို့။ ဒီမှာတော့ ချဉ်ပေါင်ရွက် အဲလိုအစိမ်းရဖို့ မလွယ်ဘူး။ အိုင်အိုရာရဲ့ ဟင်းတွေကြည့်ရတာ " လူဖြစ်ကျိုးနပ်လောက်ရဲ့ ... " ဆိုတဲ့ စကားကို သတိရသွားတယ်။
    ReplyDelete
  10. တီဆွိ..
    ဟားဟား..
    ဒီလိုပြောတာလေးတွေကိုစွဲနေတာပေါ့။း)
    အိုင်အိုရာလည်းချဉ်ပေါင်ပေါ်ခါစကမရလိုက်ဘူး။ မနှစ်က၀ယ်ပြီးရေခဲရိုက်ထားတာလည်းစားတာများလို့ ကုန်သွားတာအစောကြီး။ခုတစ်ခါရေခဲရိုက်ထားဘို့ ဝယ်ထားတော့လည်းနဲနဲနောက်ကျနေပြီ။ နောက်တစ်ခေါက်သွားရင်တော့ချဉ်ပေါင်သီးတို့ အပွင့်တို့ တင်နေမလားမသိ။း)
    ReplyDelete
  11. စားချင်လိုက်တာနော်
    ReplyDelete
  12. Anonymous..
    ကျွေးချင်လိုက်တာနော်
    ReplyDelete
  13. တစ်နေ့လုံးအလုပ်များနေတာ အိုင်အိုရာရေ အွန်လိုင်းတက် ဘလော့ထဲလဲဝင်ရော စားချင်စရာလေးတွေက ခရီးဦးကြိုပြုနေတော့ ဗိုက်အတော်ဆာသွားပြီ။ ဟင်းရွက်တွေက လတ်ဆတ်နေတာပါလား အဲဒီလိုစိမ်းစိမ်းလေးတွေ ကြော်စားရင် ပိုချိုသလိုပဲ ဟင်းပွဲစေ့ အားပေးသွားပြီနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  14. မြတ်နိုးသူ(MUFL)August 6, 2012 at 2:17 AM
    ဟင်းပွဲတွဲအများကြိးပဲပြင်ထားတာစားချင်စဖွယ်ပဲနော်
    ငရုပ်ရွက်သုပ်ကိုလည်းစိတ်ဝင်စားသွားပါတယ်
    ReplyDelete
  15. ငရုပ်ရွက်သုပ်တခါမှမစားဖူးဘူးစားချင်လိုက်တာအိုင်အိုရာရေပာင်းပွဲအကုန်စားသွားပါတယ် သီတာ
    ReplyDelete
  16. တီတင့်..
    ဟုတ်တယ်တီတင့်..အဲဒီဈေးက၀ယ်လာရင်တချို့ အသီးအနှံဆို တစ်လလောက်တောင်ခံတယ်။ စားရင်လည်းပိုချိုတယ်။ တရုတ်ဆိုင်တွေက၀ယ်ရင်တော့သုံးလေးရက်ဆိုပုတ်ရင်ပုတ်မပုတ်ရင်ရိမရိရင်ဝါဘဲ။
    မြတ်နိုးသူ..
    ငရုတ်ရွက်သုပ်တကယ်ကိုကောင်းပါတယ်။ ရာနှုံးပြည့်ဘဲ။
    လာလည်လို့ ကျေးဇူးတင်ပါတယ်။ အားတဲ့အခါထပ်လာလည်လှဲ့ ပါနော်။
    သီတာ..
    ငရုတ်ရွက်သုပ်တကယ်စားလို့ ကောင်းပါတယ်။ အိုင်အိုရာတောင်ထပ်စားချင်နေတာ။ တရုတ်ဆိုင်ကဈေးကြီးလို့ အောင့်ထားတာ။ ယာသမားဈေးသွားဖြစ်မှဘဲဝယ်စားဖြစ်မှာ။း)
    ReplyDelete
  17. YUMMY YUMMY^^
    :D
    AnnE
    ReplyDelete
  18. :D အသီးအနှံတွေ စုံလို့ပဲ။ အကြွေးနော် မမ။ :P
    ReplyDelete
  19. AnnE..
    :D Thanks.
    မြတ်ကြည်လေး..
    Farmers Market ကျေးဇူးကြောင့်လေ။ ဟုတ်ကဲ့ အကြွေးနော်။း)
    ReplyDelete
  20. မမအိုင်အိုရာတို့ ဈေးက ချဉ်ပေါင်ရွက်တောင် ရတယ်..မိုက်တယ်ဗျား..အိမ်နားမှာ ဖားမားမားကတ် ရှိတာ သွားမယ်ကြံစည်တိုင်း ပျင်းတာနဲ့  မသွားဖြစ်ဘူး..သွားဦးမှပဲ.တို့ စရာတွေ စုံလို့ ..ထမင်းမြိန်မှာ အသေအချာပဲ..
    ReplyDelete
  21. စန်းထွန်း..
    အဲဒီဈေးကတပါတ်မှာ ၂ ရက်ဘဲရှိတယ်။ အဲဒီနေ့ ကိုသွားဖြစ်မှရတာလေ။ မသွားဖြစ်တာကခပ်များများရယ်။ တခါတခါကျဝယ်ချင်တာတွေကအရမ်းများတော့စွတ်ဝယ်ချလာရော။ ပြီးတော့မချက်ဖြစ်လိုက်တာတို့ နိုင်အောင်မစားနိုင်တာတို့ ဖြစ်ရော။ ဒါလည်းမမှတ်ဘူး ရောက်ရင်တော့အရမ်းပျော်ပြီးဝယ်ချင်နေတာဘဲ။ ပြီးတော့လည်း ကိုယ်ကြိုက်တဲ့ အေးရှန်းသီးနှံတွေမြင်ရတာလည်း ရီလက်စ်ဇေးရှင်းတစ်မျိုးဘဲလို့ ခံစားရတယ်။ သွားကြည့်သိလား။း)
    ReplyDelete
  22. အမ အိုင်အိုရာ
    တင်ထားတဲ့ပုံလေးကြည့်ပြီး စားချင်လိုက်တာအမရယ်
    အဲလိုထမင်းဝိုင်းမျိုးဝေးနေတာကြာပေါ့လေ
    ReplyDelete
  23. Though i'm late,i enjoy your colourful dishes.I also can't have my meal without green:D....
    Gyidaw
    ReplyDelete
  24. ပစ်ပစ်..
    အိမ်နဲ့ ဝေးနေတဲ့သူတိုင်းအဲလိုပါဘဲကွယ်။ ကျွေးချင်လိုက်ပစ်ပစ်ရယ်။
    ဂျီးဒေါ်..
    ဟုတ်တယ် အစိမ်းရောင်လေးမြင်မှထမင်းစားချင်စိတ်ဖြစ်တယ်။ ဒါပေမဲ့အပေါ်မှာပြောခဲ့သလိုပေါ့။ အသားလေးလည်းပါမှ။ ဟိ..
    ReplyDelete
  25. ပစ်ပစ်..ကျွေးချင်လိုက်တာပစ်ပစ်ရယ်..လို့ ပြောတာ။ စာကျသွားတယ်။း)
    ReplyDelete
  26. မမအိုင်အိုရာရေ စုလာလည်တာ ဗိုက်တွေအရမ်းဆာသွားတယ် အကုန်သဘောကျတယ် မရေ
    ReplyDelete
  27. စု..
    လာလည်တာကျေးဇူးပါ။ ကိုယ်လည်းစုစီလာလည်ရင်သိပ်ဗိုက်ဆာတာဘဲ။း)
    ReplyDelete
  28. Dear Iora,I want to know how to do frozen rosely leaf? I always visit your blog and I like your coking style.Thanks alot.
    ReplyDelete
  29. Monlay..
    After washing the Roselle Leaves, just put them in a pot and heat them. ( It is like make them cooked without adding anything. In Burmese " Lone te") When they all get cooked their color would change. Then let them cool. Later I put them in the Ziploc and keep them in the freezer, upper room of Refrigerator. I keep some in the small bags that good enough for soup and some in the big bags that good enough for making "Chinpaung Kyaw".
    It will last for long time. I have kept them like a year or more but usually it runs out before next season. :D
    Thanks for visiting me too.
    ReplyDelete
  30. Thanks alot reply to me.Today I made it (lone te).Last 3 days I get roselle leaves.What ever you cook all of curry are looks delicious and colourful dishes.I waiting how to make cheese cake.:p
    ReplyDelete
  31. may i know how to go the farmer's market[in s'pore]?thks.
    ReplyDelete
  32. ritcivil84singapore....
    Actually as I live in the US I have no idea whether there are farmers markets in S'pore or not. I tried to look for you and I just found that there is a farmers market at Loewen Gardens. I am not quite sure if it is still open though.
    According to the info it is held twice a month.
    Here is a link. http://thepantrycookeryschool.com/wp/farmers-market/
    Thanks for visiting me.
    Iora
    ReplyDelete
    Replies
    1. thank you for reply,i thought you live in singapore,sorry about that.
      Delete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။