Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, August 19, 2012
ပေါင်မုန့် ဘေးသားတွေလွှတ်မပစ်တော့ဘူး။
ပေါင်မုန့် ဘေးသားတွေကိုကျမနံနက်စာအဖြစ်အသုံးချခဲ့တာလေးတွေကို                                            တင်ပေးမယ်လို့ ပြောထားပြီးအကြွေးတင်နေတာကြာပေါ့နော်။ ဒီတစ်ခါတော့အိပ်လို့ လည်းမပျော်တာနဲ့ ထပြီးပုံတွေရှာပြီးတင်ဖြစ်အောင်တင်ပေးလိုက်ပါပြီ။
 ပထမဆုံး oven ကို ၃၇၅ ဒီဂရီ ဖာရင်ဟိုက်နဲ့ ကြိုဖွင့်ထားပါမယ်။ ကြက်ဥတစ်လုံးကို သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း (အချိုကြိုက်ရင်ပိုထဲ့) ဆားနဲနဲ (မပါလည်းရ) ထဲ့ပြီးခေါက်လိုက်ပါမယ်။ ပြီးတော့မုန့် ဖုတ်မဲ့ဘန်းကို ထောပတ်သုတ်ထားပါမယ်။ ကျမကတော့ paper towel နဲ့ ထောပတ်ကို တို့ ပြီးသုတ်ပါတယ်။ မြန်လို့ ပါ။ ပြီးတော့ မစားလို့ ကျန်နေတဲ့ ပေါင်မုန့် ဘေးသားတွေ (ဒီလိုမလုပ်စားဖြစ်ရင်တော့လွှတ်ပစ်လိုက်ရတာပေါ့) ကိုကြက်ဥနှစ်ထဲခရင်းလေးနဲ့ နှစ်။ ပြီးတော့ဖုတ်မဲ့ဘန်းထဲကိုအောက်ကပုံအတိုင်းသင့်သလိုစီထဲ့။
 အပေါ်ကနေ ထောပတ်နဲနဲ ဒါးလေးနဲ့ ကော်ထဲ့။ ဖုတ်လို့ ရပြီ။
 မိနစ် ၂၀ နဲ့ နာရီဝက်လောက်ဆိုမွှေးပြီးစားလို့ ရပြီ။ ပျော့ပျော့လေးကြိုက်ရင် မိနစ် ၂၀လောက်ဆိုရပါပြီ။ ကိုယ့်မီးဖိုနဲ့ ကိုယ်နဲနဲတော့အတိုးအလျော့ရှိမယ်ထင်ပါတယ်။
အိုင်အိုရာက ကြွတ်ကြွတ်လေးကြိုက်လို့ နဲနဲကျွမ်းကျွမ်းလေးဖုတ်ထားတာပါ။
 စားလို့ ရပါပြီ။ ဘန်းထဲကနေကတ်ကျေးလေးနဲ့ ခွဲပြီးညှပ်ထုတ်လိုက်ပြီးစားမဲ့ပန်းကန်ထဲထဲ့စားလိုက်ရုံပါဘဲ။
မုန့် ဖုတ်ထားတုန်းကော်ဖီအဆင်သင့်လုပ်ထား။ မုန့် ရတော့ရေနွေးထဲ့ပြီးဖျော်လိုက်ရင်တွဲစားလို့ အိုခေပြီနော်။
ဒါတွေက အရင်ကလုပ်စားထားတဲ့ပုံတွေပါ။ 9" x 1 1/2" သတ္တုဘန်းကိုဆေးရသက်သာအောင် အလူမီနမ်ဖွိုင်လ် အုပ်ပြီးမှ ဖုတ်ထားတာပါ။ မုန့် စားပြီး ဖွိုင်လွှတ်ပစ်လိုက်ရင်ပြီးရော ဘန်းဆေးစရာမလိုတော့ဘူးလေ။း)
အောက်မှာကျတော့ ချိစ်ကခြစ်ပြီးသားဝယ်ထားတာထဲ့ထားတာပါ။
အောက်ကပုံတွေကတော့ ညစာတစ်နပ်စားဖြစ်ထားတာလေးပါ။
ဆလတ်ရွက်ကို Mayonnaise, Ricotta cheese နဲနဲ၊ စပျစ်သီးခြမ်းထဲ့၊ ရှောက်ချိုသီးစိတ်ထဲ့။ငံပြာရည်၊ ကြက်သွန်နီနဲနဲ၊၊ နှမ်းထဲ့ပြီး ဘိုဆလတ်နဲ့ မြန်မာအနံ့ အရသာပေါင်းသုတ်ပါတယ်။ ချို ချဉ် မွှေးလေးဆိုပါတော့။
ကိုယ့်ဖာသာအခြောက်လှမ်းထားတဲ့ဝက်သားခြောက်ဖုတ် ရယ် ၀က်သားပြုတ်ထောင်းကြော်ရယ် ဆလတ်ရယ် ထမင်းရယ်နဲ့ တွဲစားထားတာပါ။ ၀က်သားခြောက်လုပ်ရတာတော့တော်တော်ခက်တယ်။း))
မြန်မြန်ခြောက်အောင်ပါးပါးလှီး ဆားနယ်ပြီးလှမ်းလိုက်ရုံပါ။ ပါးလို့ တစ်ရက် တစ်ညနဲ့ ခြောက်သွားတာကိုဖုတ်စားထားတာပါ။ ည ရှစ်နာရီကျော်ထိသာနေတဲ့နေကိုအသုံးချတာလေ။
ဝက်သားပြုတ်ထောင်းကြော် ။ အသားတွေပြုတ်ထောင်းပြီး ဂျင်း ကြက်သွန်ဖြူ နီ ငရုတ်သီးခြောက်နဲ့ ကြွတ်အောင်ကြော်ထားတာပါ။ စိတ်ဝင်စားရင်တော့ ပို့ စ်တစ်ခုတင်ပေးပါမယ်။
အပိုဆု။ ရွှေပဲသီး ပဲပင်ပေါက်နဲ့ အ၀ါရောင် ပန်းငရုတ် ကို ကြက်သွန်ဖြူ နီဆီသတ်ပြီး ပါးပါးလှီးထားတဲ့ ဝက်သားနဲ့ ရောကြော်ထားတာပါ။ ၀က်သားကျက်မှ အသီးအရွက်တွေထဲ့ ခရုဆီထဲ့ပြီး ခဏဘဲမွှေလိုက်ရင်ရပါပြီ။
မေးထားတဲ့သူငယ်ချင်းတွေအားလုံးကြေနပ်ပါစေလို့ ။ ဒီပို့ စ်လေးကကြွေးတင်နေတာကြာလှပါပြီ။ မတင်ဖြစ်ပေမဲ့ အားနာသတိရနေမိပါတယ်။ စိတ်ရှည်တဲ့ဆွေမွန်များကိုလည်း အားနာကျေးဇူးတင်ပါတယ်လို့ ။ ပြီးရင်ချိစ်ကိတ်လုပ်စားထားတာတွေလည်းရှယ်ပေးမယ်နော်။ (လာမယ်..ကြာမယ်နော်)။ ဒါမှအကြွေးတွေကျေသွားမှာ။
လာလည်သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ .....
ခင်မင်လေးစားသော..
အိုင်အိုရာ
ဂျီးဒေါ်နဲ့ မြတ်ကြည်လေး အပါအ၀င်စိတ်ဝင်စားသူများအတွက်အမှတ်တရ။
19 comments:
  1. ဘေးသားကို အကြွေးမထားဘဲ တင်ပေးလိုက်ပြီပေါ့လေ...၊း)
    ဒီမှာတော့ ပေါင်မုန့် ဘေးသားကော၊ အလယ်သားကော မစားဖြစ်တော့လို့ မာသွားရင် ကမ်းစပ်သွားပြီး ဘဲတွေ၊ ငန်းတွေ၊ စင်ရော်တွေ သွားကျွေးလိုက်တာ များတယ်ဗျ၊း) နောက်တစ်ခါတော့ ကိုယ်ဟာကိုယ်ပဲ လုပ်စားတော့မယ်၊
    ဝက်သားခြောက်က တကယ့်ကိုစားချင်စရာ..၊ ကျနော် မပြောနဲ့..သီပေါမင်းတောင် မြင်ရင် သွားရည်ကျအုံးမှာ မြင်ယောင်တယ် မအိုင်အိုရာရေ...။းD
    ReplyDelete
  2. တီတင့်လည်း သားတွေငယ်စဉ်က ပေါင်မုန့်ဘေးသားကို ပူတင်းဖုတ်ကျွေးလေ့ရှိတယ်။ အခုတော့ သားတွေက ဖွယ်ဖွယ်ရာရာလုပ်ကျွေးဘို့ တောင်းဆိုကြတယ် အိုင်အိုရာရေး) ဆလပ်ရွက်သုပ်ကိုဘယ်လို လုပ်လုပ် မိုင်းယိုးနက်စ်ပါရင် ကြိုက်တယ်။ နည်းကောင်းလေးတွေ ဖတ်မှတ်သွားတယ် လုပ်စားအုံးမယ် ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  3. Bread Pudding လေးလိုပဲပေါ့... မိုက်တယ်... လုပ်ကြည့်အုံးမယ်...း)))
    ReplyDelete
  4. ပေါင်မုန့် အနားသားလေးတွေကလည်း အသုံးဝင်သားနော်
    အသုံးချတတ်သူက တော်လို့ပါလေ...
    ချိစ်များများထည့်ပြီး ဖုတ်စားချင်တယ်း))
    အိုင်အိုရာရဲ့ ဆလတ်လေးလည်း ကြိုက်တယ် ချစ်စရာလေး...
    ReplyDelete
  5. မုန့် ဆိုဘာမုန့် မှဖုတ်တတ်ဘူး..။
    ပေါင်မုန့် တော့အမျိုးသားကကြိုက်လို့ ဝယ်လေ့ရှိတယ်။
    ဘေးသားတွေကိုကျမကဟင်းအနှစ်တွေနဲ့ တို့ စားလေ့ရှိတယ်။
    (လွှင့်ပစ်ရတာနှမြောလို့ လေ..ဟီး)
    မအိုင်အိုရာမုန့် ဖုတ်တဲ့နည်းကမိုက်တယ်။
    ဒီလိုလွယ်လွယ်ဆိုရင်တော့ကျမလိုက်လုပ်ရအုံးမယ်။
    http://www.kingarthurflour.com/blog/
    ကျမဒီဘလော့ကိုဖတ်ပြီးလိုက်လုပ်ဖို့ ကြံနေတာကြာပေါ့။
    တခါမှအကောင်အထည်မဖော်နိုင်သေးဘူး။
    ReplyDelete
  6. ကိုညီလင်းသစ်...
    ဒီလောက်မြှောက်တော့လည်းခေါင်မိုးတွေဘာတွေပေါက်ကုန်မှာစိုးရတယ် မြောက်ပြီးတော့လေ။း)
    သီပေါမင်းကပွဲတော်တည်ပြီးတာနဲ့ တောင်စွယ်မှာနေကွယ်တာနဲ့ ဒင်းကိုရှင်းပစ်ဆိုသေရော။
    အကြွေးတွေများနေလို့ ဖြည်းဖြည်းချင်းဆပ်ရတာလေ။ အဟဲ။
    တီတင့်..
    ဆလတ်ရွက်သုပ်ဘယ်လိုလုပ်လုပ်ကြိုက်တယ်ဆိုမပင်ပန်းအချိန်မကုန်ဘဲအမြဲဟင်းတစ်ခွက်ရနိုင်တာပေါ့နော်။
    သားတွေကကြီးလာပြီဆိုတော့ငယ်ငယ်ကလိုညာကြွေးလို့ မရတော့ဘူးနော်။း) မာမီတင့်လက်စွမ်းပြမှရတော့မှာ။း)))
    မာမီတင့်လက်ရာကတော့မိုက်ပြီးသားပါ။
    မသက်ဝေ...
    ဟုတ်ပါတယ်။ မလေတော့ဘူးပေါ့နော။း)
    ချော..
    ကိုယ့်အိမ်ဦးနတ်ကပေါင်မုန့် တစ်အားကြိုက်တယ်။ ခဏခဏ၀ယ်တော့ဘေးသားတွေကခဏခဏကျန်တယ်လေ။ ဒီလိုလေးဆိုရင်တော့ကိုယ်ကစားချင်တယ်။ ချိစ်ကြိုက်တော့လေ။ ဒါပေါ့ချိစ်များများနဲ့ ဆိုတော့ပိုကောင်းတာပေါ့ချောရ။ သူ့ ချည့်ဆိုရင်တော့ဝေါင်ဝေါင်ရှေးဘဲ။ တို့ တောင်မတို့ ဘူး။ ထောပတ်လေးသုတ်ပြီးခြောက်ပြီးကြွတ်နေအောင်အာဗင်ထဲမှာဖုတ်လိုက်ရင်လည်း မုန့် ကြွတ်လိုမျိုးအရသာရဘူးတယ်။ ကိုယ်ကမုန့် ကြွတ်မကြိုက်တော့ဆက်မစမ်းသပ်တော့ဘူးလေ။
    မီးမီး..
    ကိုယ်လည်းဟိုလုပ်ဒီလုပ်လုပ်လို့ ကိုယ်ကြိုက်တဲ့အနေလေးတွေရတာကိုပြန်ပြန်လုပ်စားဖြစ်တာပါ။ ဒါကလည်းမုန့် ဖုတ်တယ်မခေါ်နိုင်ပါဘူး အမှိုက်ရှင်းနည်းတစ်မျိုးလို့ ဘဲယူဆနိုင်ရုံပါ။း)
    သိတဲ့အတိုင်းမြန်ကောင်းသက်သာဆိုရင်တော့ခဏခဏလုပ်ဖြစ်ပေမဲ့လက်ဝင်တာဆိုတော်တော် mood ပါမှလုပ်ဖြစ်တာ။ မုန့် ဖုတ်တာပျော်စရာကောင်းပေမဲ့လုပ်ပြီးဆေးရကြောရသိမ်းရတာတွေကတော့ပျင်းစရာ။ Evy လိုစိတ်ရှည်လက်ရှည်နဲ့ လှတပတလေးတွေဖုတ်တတ်ရင်သိပ်ကောင်းမှာလို့ တွေးနေတာ။
    အဲလိုဟင်းအနှစ်နဲ့ တို့ စားလိုက်တော့ပိုတောင်သက်သာအသုံးဝင်သေးတယ်မီးမီးရယ်နော်။း)
    အဲဒီဝက်ဆိုဒ်သွားကြည့်လိုက်သေးတယ်။ ဒါမပြန်ခင်။ အားမှထပ်သွားလိုက်အုန်းမယ်။ ကျေးဇူးနော်။
    ReplyDelete
  7. လာတာတောင်နောက်ကျနေပြီ။ကျန်သေးရဲ.လား။ပေါင်မုန်.ရောချိစ်ရောသိတ်ကြိုက်။တီတင့်လိုဘဲမိုင်ရောနိစ်ပါရင်
    အကုန်ကြိုက်ဘဲ။
    ReplyDelete
  8. အန်တီဦး..
    ကျန်ပါတယ် မကျန်လည်းဘေးသားတစ်ထုတ်ရှိသေးတယ်။ ထပ်လုပ်လို့ ရပါတယ်။း)အိုင်အိုရာလည်းချိစ်သိပ်ကြိုက်တယ်။ Mayonnaise ကတော့ကြိုက်လှတယ်မဟုတ်ဘူးရယ် ချစ်ချစ်ကအသီးအရွက်သိပ်မကြိုက်ပေမဲ့ အန်တီဦးတို့ တီတင့်တို့ အဖွဲ့ ဝင်ဘဲ။ Mayonnaise နဲ့ သုတ်ပေးတဲ့ဆလတ်တွေဆိုကြိုက်ပြီးများများစားတယ်လေ။း)
    ReplyDelete
  9. ကြိုက်တယ်အစ်မ လွယ်လဲလွယ်တယ်နော်.. မနက်စာစားနေတုန်းလာဖတ်ဖြစ်လို့ တော်သေးတယ်.. မဟုတ်ရင် ဂလုဂလုနဲ့ ဖြစ်နေမှာ :D
    ReplyDelete
  10. ဗာစို တဲ. ဗိုလ်စာလေးတွေလုပ်စားဖြစ်ရင် မမအိုင်အိုရာရဲ. ပေါင်မုန်.ချိစ်ကပ်မုန်.လေးကို သတိရနေမယ်။ချိစ်များများနဲ.ဖုတ်တာဆို သိပ်ကောင်းမှာနော်။ပေါင်မုန်.ဘေးသားကိုပူတင်းလုပ်စားဖြစ်တာများတာ။
    ဝက်သားခြောက်နဲ. ဆလပ်သုပ်ကို ဒီပို.စ်မှာ အကြိုက်ဆုံး။ :)
    ReplyDelete
  11. စနိုး..
    ဟုတ်တယ် လွယ်လွယ်လေးရယ်။ အဆင်ပြေတဲ့ခါလုပ်စားကြည့်လေ။ တကယ်လွယ်မှန်းသိလိမ့်မယ်။ ထောပတ်သုတ်တာကတောင်သပ်သပ်ယပ်ယပ်သုတ်နေရသေးတယ်။ ဒါကဟိုဖဲ့ဒီဖဲ့နဲ့ ဖုတ်လိုက်ရုံဘဲ။း)
    မွန်မွန်..
    သေချာတာပေါ့။ ချိစ်ကြိုက်တဲ့သူတွေကတော့များလေကြိုက်လေပေါ့နော။း)
    အိုင်အိုရာ
    ReplyDelete
  12. အိုင်အိုရာဖျော်ထားတဲ့ကော်ဖီခွက်ကြီးကိုင်ပြီး blog တစ်ခုလုံးကအစားတွကိုစားသွားတယ်နော်
    မာမာ
    ReplyDelete
  13. မာမာ..
    စားစားအားမနာနဲ့ စား....း)
    ကော်ဖီထပ်ဖျော်ပေးမယ်လေ။ နော်။
    အိုင်အိုရာ
    ReplyDelete
  14. မမအိုင်အိုရာတို့ များ တော်ချက်..မစားချင်လို့  လွှင့်ပစ်ရတဲ့ ပေါင်မုန့် ဘေးသားတောင် စားချင့်စဖွယ်ဖြစ်တယ်..မြန်မာနဲ့ ဘိုစတိုင် ရောသမထားတဲ့ အရွက်သုပ်လေးတော့ စားကြည့်ချင်သား..လာမယ် ကြာမယ်ဆိုတဲ့ ပို့ စ်လေးတွေ မျှော်နေပါတယ် ခင်ဗျား...
    ReplyDelete
  15. စန်းထွန်း..
    တော်လားလျှော်လားတော့မသိပါဘူး။
    စိတ်ကူးတဲ့ရာလုပ်တတ်တဲ့အကျင့်တော့ရှိတယ်။း)
    ချဉ်ပေါင်တွေရလို့ သတိရနေတာ။ မျှော်နေမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ကြာလှချည်လားဆိုပြီးတော့တော့အချဉ်မပေါက်နဲ့ နော်။ အဟက်..
    အိုင်အိုရာ
    ReplyDelete
  16. ပေါင်မုန့်ဘေးသားတွေတောင် စားချင်စရာကောင်းအောင်လုပ်တတ်တယ် မရေတော်လိုက်တာ ကော်ဖီခွက်ကြီးလဲ သရေကျတယ် :D
    ReplyDelete
  17. စုရေ..
    မန့် ထားတာလေးစပန်မ် ထဲရောက်နေလို့ ခုမှတွေ့ တာ။း) ဆောရီးနော်။
    ကော်ဖီခွက်ကြီးနဲ့ ဆိုတော့မငိုက်တော့ဘူးလေစုရေ။ နော။
    ReplyDelete
  18. Thanks a lot dear.I often go to the lake and feed the ducks.Sometimes i bake them pudding.My sons enjoy it.I like salad too.We've same taste,you know.
    Gyidaw
    ReplyDelete
  19. Gyidaw,
    You are most welcome.
    KNLT also did like that and actually it is much nicer than baking and eating ourselves. Naw. :D
    It is quite sure that we have the same taste, which is amazing.
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။