အမေ့ထမင်းဝိုင်းအလွမ်းပြေ (Burmese traditional meals: Meat, salty spicy curry and veggie) |
Tomato spicy curry to be served with some veggie |
အသားဟင်းငါးဟင်းခပ်ခြောက်ခြောက်နဲ့ အစိုဟင်းတစ်မျိုးမျိုးတွဲစားနိုင်အောင်လုပ်ပါတယ်။ အိုင်အိုရာကဟင်းတစ်မျိုးတည်းကိုဆက်တိုက်မစားချင်ပါဘူး။ (အမေတို့ အမတို့ တွေကျင့်ပေးလိုက်တာလို့ ဆိုပြီးသူတို့ ကိုဘဲအပြစ်တင်ကြတာပေါ့နော။)း)
အဲဒီတော့အသားတစ်မျိုးတည်းကိုလည်းပုံစံနှစ်မျိုးလောက်တစ်ချိန်တည်းမှာလုပ်ပါတယ်။ အချိန်မရရင်နောက်နေ့ ကျတော့မြန်မာစတိုင်ကတရုတ်စတိုင် သို့ မဟုတ်ကုလားစတိုင်သို့ မဟုတ် တစ်ခြားမြန်မာစတိုင်(အသီးအရွက်နဲ့ ရောတာမျိုး၊ အနံ့ တစ်မျိုးပြောင်းပစ်လိုက်တာမျိုး၊ နံနံပင်အုပ်ထားရာကနေပင်စိမ်း ဒါမှမဟုတ် ရှမ်းနံနံပြောင်းအုပ်တာမျိုး)
ဝက်သားလုံးပြုတ်ကြော် (Meat ball with pork:Burmese style) |
မီးကိုပြန်လျှော့လေ့ရှိပါတယ်။ အဓိကကတော့အတွင်းကိုကောင်းကောင်းကျက်စေချင်တာပါ။ ဒီခေတ်ကလည်းဝက်တို့ ကြက်တို့ ကကူးတဲ့ရောဂါတွေပိုများလာတော့ကြောက်တာလည်းပါပါတယ်။
အသားလုံးတွေကိုအထက်အောက်လှန်လှန်ပေးပြီး နောက်ဆုံးရေခမ်းတော့မှ မွှေးပြီးရဲရဲလေးဖြစ်လာအောင်ဆက်လှိမ့်
ပေးပါတယ်။ ကိုယ်ကြိုက်တဲ့အနေအထားလေးရတော့ချလိုက်ရုံပါဘဲ။ အိုင်အိုရာက အရမ်းမကြွတ်ဘဲအထဲကအိအိနဲ့ အပြင်ကကျွမ်းကျွမ်းလေးကိုကြိုက်တော့ပုံထဲကအနေရရင်ချပါတယ်။
Meat ball with pork: Burmese style with Indian spice |
အမေဆိုရင်တော့...ဟင်းနံ့ လေးကမွှေးတော့အမေတောင်ဗိုက်ဆာလာပြီ..လို့ မသိမသာနဲ့ သူဆာလာကြောင်း
သတင်းပေးပါလိမ့်မယ်။း)
Pork ball and lettuce |
ကြက်မြစ်ကြက်သည်းပြုတ်ကြော်ရိုးရိုးလေး |
ကြက်မြစ်ကြက်သည်းဆိုဝက်သားကြက်သားထက်၊ ငါးထက် အကြိမ်လျှော့ပြီးချက်ပါတယ်။ ဒါပေမဲ့လည်းကြိုက်ကြတော့ချက်တော့ချက်စားဖြစ်ပါတယ်။ အိုင်အိုရာကအမြစ်ကြိုက်တယ်။ သူကအသည်းကြိုက်တယ်။ နှလုံးကိုတော့နှစ်ယောက်လုံးကြိုက်ပါတယ်။ အဲတော့မျှဝယ်ပြီးချက်ပါတယ်။စားတာတော့အားလုံးစားပါတယ်လေ။ အိုင်အိုရာကမချက်ခင်အမြစ်တစ်ခုချင်း နှလုံးတစ်ခုချင်းစီကရှိနေတဲ့အဆီဖတ်တွေကိုဒါးထက်ထက်လေးနဲ့ အကုန်
လှီးဖယ်ပစ်ပါတယ်။ အနဲဆုံးတော့အသည်းအမြစ်စားပေမဲ့အဲဒီအဆီတွေတော့မပါသွားဘူးပေါ့နော်။
အပေါ်ကဟင်းကတော့ဆားဆနွင်း၊ငံပြာရည်၊ ကြက်သားမှုန့် နယ်ထားတဲ့ အမြစ်နဲ့ နှလုံးတွေကိုအရင်ရေရယ်ဆီရယ်နဲ့ လုံးပြီး အဖုံးအုပ်တည်ပါတယ်။ မကြာခဏမွှေပေးပြီးနောက်ဆုံးနူးပြီး ရေမခမ်းခင်မှာ အသည်းတွေရောပါတယ်။ ရေသိပ်နည်းရင်နဲနဲထပ်ထည့်ပေါ့။ အသည်းကကျက်လွယ်တော့အကြာကြီးတည်စရာမလိုဘူးလေ။ ရေပွက်ပွက်ဆူပြီးအထဲထိအကျက်နဲ့ မှန်းပြီးရေကို
ဆ ထည့်ပြီးဆီပြန်တော့မွှေးလာပြီလေ။
ဒါကျတော့သိပ်မာသွားရင်မကောင်းတော့ ဆီပြန်ပြီးမွှေးလာပြီဆိုချလို့ ရပါပြီ။ များသောအားဖြင့်ကြက်မြစ်ကြက်သည်းတို့ ဝက်သားလုံးတို့ ကိုအနှစ်နဲ့ ချက်တာထက်ခုလို ခြောက်ခြောက်လေး
ချက်တာကိုပိုသဘောကျပါတယ်။
အိုင်အိုရာတို့ မြန်မာတွေအကြိုက် ခရမ်းချဉ်သီးငပိချက် |
ဒါပေမဲ့ချစ်ချစ်က(လာပြန်ပြီး)) ခရမ်းသီးတို့ ကြက်ဟင်းခါးသီးတို့ မကြိုက်တော့ ခရမ်းချဉ်သီးငပိချက်တို့ စပ်ချဉ်တို့ နဲ့ ပိုတွဲချက်ဖြစ်ပါတယ်။ အဲဒါဆိုအသီးအရွက်ရှိတာနဲ့ ဖက်စားလိုက်ရင်အလုပ်လည်းမများလှ၊ စားလို့ လည်းမညည်းငွေ့ ၊ ခံတွင်းလည်းတွေ့ ပေါ့။ (အကြံပိုင်သော..ငခွေး..အဲလေ..အိုင်အိုရား) )
အော်..မေ့လို့ ခရမ်းချဉ်သီးချက်တာမပါလို့ ပို့ စ်တင်ပြီးမှကမန်းကတန်းပြန်လာထဲ့ပေးနေတာ။
ခရမ်းချဉ်သီးငပိချက်ကဆီသတ်ချက်လည်းရတယ်။ လုံးချက်လည်းရပါတယ်။ အိုင်အိုရာက ဆီပြန်မချက်ပဲ အရည်နဲနဲဆီနဲနဲနဲ့ ချက်ထားတာပါ။ သေးသေးစိပ်ထားတဲ့ခရမ်းချဉ်သီးတွေနဲ့ ကြက်သွန်ဖြူ၊နီ၊ ပုဇွန်ခြောက်မှုန့် ၊ ငရုတ်သီးအစိမ်းမှုန့် ၊ ငပိနဲနဲ တို့ ကိုဆီနဲနဲထဲ့ပြီးကိုယ်ကြိုက်တဲ့အနေရတဲ့ထိလုံးချက်ချက်ထားတာပါ။ (ထုံးစံအတိုင်းမြန်ကောင်းသက်သာပေါ့) လုံးချက်တဲ့အခါသတိထားရမှာက အစိမ်းစော်နံမနေဘို့ ပါဘဲ။ ကောင်းကောင်းကျက်ပြီးကိုယ်သဘောကျနူးတဲ့အနေကျရင် အရသာမြည်း၊ အရည်အနေအထားလည်းကြည့် နဲရင်ထပ်ထဲ့များရင်နဲနဲထပ်တည်၊အတော်ဖြစ်ပြီဆိုရင်ညှပ်ထားတဲ့ ငရုတ်သီးစိမ်းအုပ်၊ ကျက်ရင် နံနံပင်လေးအုပ်လိုက်ရင်တော့အိုခေပြီပေါ့။
ဒီလိုမျိုးဆိုရင်တော့ဘယ်တော့မှမမုန်းတမ်းစားနိုင်တယ်နော် (ခရမ်းချဉ်သီးငပိချက်နဲ့ တို့ စရာစုံ ခ၀ဲသီးပြုတ်၊ ရုံးပတေသီးပြုတ်၊ မုန်လာဥပြုတ်။ ဆလတ်ရွက်ကိုသပ်သပ်ဗူးနဲ့ ထဲ့ထားတာလည်းအပေါ်မှာပါတယ်နော်။) |
တစ်ခုဘဲ ကျန်တော့တယ်။
အားလုံးသုံးဆောင်နိုင်ပါပြီ။
အမေ့ထမင်းဝိုင်းအလွမ်းပြေ (Burmese traditional meals: Meat, salty spicy curry and veggie) |
ဘလောက်တင်ဘို့ ဓါတ်ပုံရိုက်ရအုန်းမယ်။ မစားနဲ့ အုန်းနော်။ ( ကဲ..ရိုက်ပေါက်။ ချစ်ချစ် ရဲ့ မျက်စောင်းကြီးလာပြီ။ သူငယ်ချင်းတို့ ကတော့မျက်စောင်းမထိုးပါဘူးနော်။ သိပြီးသား။ အိုင်အိုရာနဲ့ အမြဲဟင်းချက်ဖြစ်တဲ့သူငယ်ချင်းရှိနေရင်တော့သူငယ်ချင်းက အဲလို ခဏဆိုရင်ကူပြီးပန်းကန်ကိုပြင်ပေးပါတယ်။ ပေတာလေးတွေသုတ်ပေးတာတို့ ပိုလှအောင်နံနံပင်လေးတွေ
ဘာလေးတွေကူတင်ပေးတယ်။ မြန်မြန်ပြီးမှစားရမှာဆိုပြီးတော့နေမှာ...း) အဲလိုရိုက်မယ်လည်းလုပ်ရော ကင်မရာကဓါတ်ခဲအားနဲနေရင် သေပြီဆရာဘဲ။ မျက်စောင်းကြီးကြီးကြီးတွေထပ်မလာအောင် ကင်မရာလေးအသာချ။ စိတ်လျှော့။ နောက်ချက်တော့မှ ရိုက်တာပေါ့လေဆိုပြီးတေးထား။
ဒီလိုဟင်းမျိုးကတော့အေးလည်းသိပ်ပြဿနာမရှိတော့ချစ်ချစ်ကရိုက်ပါ။ ရိုက်ပါ။ ဆိုပြီးအားပေးပါတယ်။ ဟင်းချိုဟင်းပါရင်တော့လေ သူ့ အတွက်ဟင်းချိုကိုရိုက်ပြီးမှ ခပ်တယ်ဗျာ။ အေးမှာစိုးလို့ တဲ့။
Home made အချိုပွဲ ကိတ်မုန့်  (Cake with Pandan custard) |
ထုံးစံအတိုင်း Cake Mix ကိုဝယ်ပြီးလုပ်ထားတာ။ သူ့ အညွှန်းအတိုင်းလုပ်လိုက်ရင်လွယ်လွယ်လေးနဲ့ ဈေးသက်သာ၊အရမ်းအရသာရှိပြီး သန့် ရှင်းတဲ့ကိတ်မုန့် လေးကိုအချိုတည်းဘို့ ရတာပေါ့။
My favorite cake mix |
( ဒီမှာပါ။ http://mamaiora.blogspot.com/2012/02/blog-post_22.html)
အိုင်အိုရာက ထိုင်းကလာတဲ့ ဆွမ်းမွှေးရွက်နံ့ နဲ့ လုပ်ထားတဲ့ အနှစ် (Pandan custard)ကိုလုပ်ပြီး ကိတ်မုန့် တုံးနှစ်ခုကြားမှာညှပ်၊အပေါ်က ဂရိဒိန်ချဉ်အုပ်၊ ဘေးကနေ စတော်ဘယ်ရီလေးခြမ်းပြီးတင်ထားတာနဲ့ တွဲစားဘို့ ပြင်ထားတာပါ။
စားလို့ ကောင်းတော့စမ်းလုပ်ကြည့်တဲ့သူတွေလည်းသဘောကျမှာပါ။
အဲဒီကိတ်ကုမ္ဗဏီကတော့အိုင်အိုရာကိုဆုချဘို့ ကောင်းနေပြီ။ ခဏခဏကောင်းကြောင်းကြော်ငြာနေလို့ လေ။ ဆုမချဘဲ သူ့ တံဆိပ်ကိုတင်ထားတယ်ဆိုပြီးတရားလာစွဲမှဒုက္ခ။း(
အားလုံးဘဲလာလည်လို့ ကျေးဇူးတင်ပါတယ်။
ပျော်ပျော်ပါးပါးဝင်နွှဲရင်း တူတူစားကြ အာလူးပေးကြတာပေါ့နော်။
အလည်လာသူဆွေမွန်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
ဟေး....
ReplyDeleteဟင်းတွေအများကြီးပါလားဝေ့။
သားရေတွေအသာသုတ်ပြီးဖတ်နေရတယ်။
များချစ်ချစ်ကြီးဂံခြားခရီးထွက်သွားတာ၁၀ရက်ရှိပြီ။
နေ့ တိုင်းခေါက်ဆွဲနဲ့ ဘဲပြီးနေရတာ။
ဟင်း..အိမ်နီးရင်၊အိပ်ယာလိပ်ပြီးသွားနေပစ်လိုက်မယ်..။
ခရမ်းချဉ်သီးချက်၊ကိုအညာသားကြီးကကြိုက်။
ကျမကခရမ်းချဉ်သီးထောင်းကြိုက်..။တို့ စရာများများလေးနဲ့ ။
ဝက်သားကမစားတာကြာလို့ လားမသိဘူး၊
သူစသွားတဲ့နေ့ ကချက်စားတာ။
နံနေတယ်လို့ ထင်ရတယ်။
မချက်တတ်တော့တာလားသိပါဘူးလေ။
စားစရာပုံတွေပြန်ကြည့်ရင်၊အရမ်းအရသာရှိတာနော်။
ရိုက်သာရိုက်ထား။ပြီးပြအုံးနော်....:)))
စားချင်လိုက်တာနော်.... ဟင်းတွေ ရော၊ ကိတ်မုန်.ရောပဲ....
ReplyDeleteဝက်သားလုံးကြော်ကတော့ အကြိုက်ဆုံးထဲမှာ ပါတယ်ဗျ၊ အခုလို ခရမ်းချဉ်သီး ငါးပိချက်ရယ်၊ တို့စရာတွေရယ်နဲ့ တွဲလိုက်လို့ကတော့ ပွဲသိမ်းပဲ..၊း) မအိုင်အိုရာ ဟင်းချက်ရင် အချိုပွဲရောက်တဲ့အထိ တစ်ဆုံး ပြင်ဆင်တာကို သဘောကျတယ်၊
ReplyDeleteဒါနဲ့စကားမစပ် အမြစ်ကြိုက်တဲ့သူက တွယ်တာမယ်၊ အသည်းကြိုက်တဲ့သူက နူးညံ့ခံစား လွယ်မယ်၊ နှလုံးကြိုက်သူတွေ ကတော့ ရင်ခုန်သံချင်း နီးစပ်မယ်၊ အဲဒီလို အဓိပ္ပါယ်ဖွင့်လို့ ရမလား မသိဘူးနော်...။းp
မီးမီးငယ်..
ReplyDeleteတစ်ယောက်တည်းဆိုကိုယ်လည်းချက်ရတာပျင်းတယ်။ ကြုံရာနဲ့ စားတယ်။ အဲရက်နဲနဲကြာလာရင်တော့သူမကြိုက်ဘဲကိုယ်ဘဲကြိုက်တဲ့ဟင်းတို့ မုန့် တို့ လုပ်စားဖြစ်ပြန်ရော။
ကိုယ်ရောက်စကဆိုဒီကအသားငါးတွေလုံးဝမစားနိုင်ဘူး။ ညှီလွန်းလို့ ။ ကြက်သားတောင်ညှီတယ်။
နောက်ကိုယ်သတိထားပြီးဆိုင်ရွေးဝယ်လာတတ်တယ်။ တရုတ်ဆိုင်တိုင်းလည်းဝက်သားကမကောင်းဘူး။ ဟင်းအိုးတည်လိုက်တာနဲ့ အနံ့ ကနံလွန်းလို့ မကျက်မချင်းကိုတံခါးဖွင့်ထားရတယ်။ မြန်မာပြည်မှာတောင်တခါတခါမှဝက်သိုးသားနဲ့ တိုးမှနံတာပါ။ နော်။
ဒါနဲ့ ခုမနံတဲ့ဝက်သားဆိုင်မှတ်ထားပြီးအဲဒီဆိုင်ကဘဲဝက်သားဝယ်တော့တယ်။ ကြက်သားဆို Smart and Final ကဘဲဝယ်တယ်။ တခါတခါတော့လည်းတရုတ်ဆိုင်ကဘဲကြုံသလိုဝယ်ရပါတယ်။
အားမလျော့နဲ့ ။ သိလား လက်ရည်ကျလို့ မဟုတ်ဘူး။ ဒီက၀က်တွေကိုက နံတာ။ အချင်းချင်းအားပေးနေတာ။း)
ဟုတ်ပါ့။ အိမ်ချင်းနီးရင်မီးခိုးတိတ်ဘဲနော့်။
ချောစု..
ကျွေးချင်လိုက်တာနော်။ ဟင်းတွေရော ကိတ်မုန့် ရော..း)
ကိုညီလင်းသစ်..
ဝက်သားလုံးကြော်ကိုမြန်မာပြည်မှာတုန်းကပိုတောင့်တတယ်။ ကြိတ်တဲ့စက်လေးတွေမရှိတုန်းကဆိုဒါးနဲ့ စဉ်းပြီးမှလုပ်ရတာလေ။ အမေလုပ်တဲ့ဝက်သားလုံးကိုဘယ်လိုလုပ်လုပ်မှီကိုမမှီဘူး။
ဒါဆိုလည်းအချိုပွဲထိသဘောကျသုံးဆောင်ပေတော့နော်။း)
အင်း...ဟုတ်သလိုလိုဘဲ။ ကျမက တွယ်တာတတ်တယ်။ သူကစိတ်ထားတော့နူးညံ့တယ်ခံစားမလွယ်ဘူး။ နှလုံးကြိုက်သူချင်းတော့ရင်ခုန်သံချင်းနီးစပ်တယ်။
ဟာ..တော်တော်နီးစပ်တာဘဲ။ နတ်မျက်စိများရှိနေသလာ။း))))
ကိုညီလင်းသစ်ကကော..ဘာကြိုက်တာလဲ။းဝ
ဟင်းတွေအကုန်လုံးစားချင်စရာတွေဘဲ။ဝက်သားမစားလို.အသဲအမြစ်၊ခရမ်းချဉ်သီးချက်၊တို.စရာတွေအားပေးသွားပါတယ်။
ReplyDeleteကိတ်မုန်.လေးလဲပါတယ်။ခရမ်းချဉ်သီးချက်လေးကမြင်တာနဲ.တင်စားချင်စဖွယ်။
Aunty Oo..
ReplyDeleteကြိုက်တာမှန်သမျှအားပေးသွားပါနော်။
အစုံအလင်ပါလား အိုင်အိုရာရေ အချိုပွဲလေးတွေလည်း အမြဲ စီစဉ်ပေးတယ်နော်။
ReplyDeleteစကားမစပ် ဒီကနေ့ တီတင့်အိမ်မှာချက်တာနဲ့ ဆင်နေတယ် ခရမ်းချဉ်သီးငါးပိချက်နဲ့ အတို့အမြှုပ်လေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမချစ်ချစ်ကြီးကတော့ နေ့တိုင်းအစားကောင်းတွေ စားရမှာပဲနော် ဟိ
ReplyDeleteအားကျလိုက်တာ :D :D
တီတင့်..
ReplyDeleteခရမ်းချဉ်သီးချက်အခုလည်းချက်ထားသေးတယ်။ ခုလေးတင်ငါးဖယ်ကြော်နဲ့ ခရမ်းချဉ်သီးငါးပိချက်နဲ့ စားထားတာ။ စားလို့ ကောင်းတယ်နော်။ ကြမ်းကြမ်းချက်ချက် ချောချောချက်ချက်သူက။
ပေးတဲ့ဆုနဲ့ အမြဲပြည့်စုံလိုပါတယ်ရှင်။ ကျေးဇူးပါ။ တီတင့်လည်းအမြဲစိတ်ချမ်းသာကိုယ်ကျန်းမာပါစေရှင်။
ကန်ဒီ..
သူကအစားကောင်း(ထားပါတော့ အစားကောင်းဘဲ။ ကိုယ်ကဘိုစာတွေသိပ်မကြိုက်တော့အိမ်ချက်ကိုဘဲရသလောက်စီစဉ်တတ်တယ်လေ။ အိမ်ထမင်းအိမ်ဟင်းဆိုပါတော့ အစားကောင်းဆိုတာထက်)အမြဲလိုလိုစားရတော့ဘာချက်ချက်ရတယ်။ သူကဖြစ်တယ်ချည့်ပြောတယ်။ သူ့ အတွက်မပူနဲ့ ဘဲအမြဲပြောတယ်။ ပေါချောင်ကောင်းတရုတ်စာတွေကျတော့ဆိုင်ရှေ့ ဖြတ်သွားရင်တောင်နှာခေါင်းပိတ်သွားမိတယ်။ မြန်မာပြည်မှာလိုလည်းမမွှေးဘူး။းP
မြန်မာဆိုင်သွားစားလည်းဈေးသာကြီးတာကိုယ်ချက်သလောက်ဘဲရှိတာ။ တချို့ ဟင်းဆိုကပြားဟင်းဖြစ်ပြီးစားတောင်မစားချင်ဘူး။
ကောင်းလိုက်တာနော်..
ReplyDeleteဟင်းတွေကြည့်ပြီး သွားရည်အတောင့်လိုက်ကျချင်သွားတယ်
ကိတ်မုန့်လေးလည်း သဘောကျတယ်
လုပ်ထားတာ ချစ်စရာလေးရယ်။။
သိပ်တော်တာဘဲ
ချော..
ReplyDeleteအို..ကိုယ်ကလည်းချောရဲ့ မက်မွန်သီးဟင်းလေးကိုသွားရည်ကျနေတာ။
မန့် ရတာအဆင်မပြေလို့ ခြောက်ခါမြောက်ထရိုင်းပြီးတော့မှ လက်လျှော့ခဲ့တာ။ (ညံ့ချက်)
တော်တော့တော်ဘူးနော်။ သူလိုကိုယ်လိုဘဲ။း)
အိုင်အိုရာ
အောင်မလေး..ဗိုက်ဆာသွားပြီ မမအိုင်အိုရာရေ..ကိတ်မုန့် လေးက လွယ်သားဆိုတာ လုပ်စားဦးမယ်..
ReplyDeleteစန်းထွန်း..
ReplyDeleteတကယ်လွယ်တယ်။ လုပ်ကြည့်။ တစ်ယောက်ထဲဆိုတော်တော်စားယူရမယ်။
း)
အိုင်အိုရာ
နောက်ကျနေပြီ ကျန်သေးရဲ့လားနော်
ReplyDeleteမရောက်တာလဲကြာတော့ ဟင်းကောင်းလေးတွေလွမ်းနေမိတယ်
ဂျက်..
ReplyDeleteအလုပ်တွေများနေတယ်ဆို။
မနေ့ ကတောင်ကဗျာလေးလာဖတ်သွားသေးတယ်။
အွန်လိုင်းစားစရာဆိုတော့အမြဲကျန်နေတာပေါ့ဂျက်ရယ်။း)
အို်င်အိုရာ
အိုင်အိုရာရေ
ReplyDeleteဟင်းတွေအများကြီးချက်တာနော်
လာစားချင်သွားမိတယ်
ရှယ်ဟင်းတွေမို့သဘောကျတယ်
မမာ..
ReplyDeleteနေ့ တိုင်းဟဲဗီးမချက်နိုင်တော့များသောအားဖြင့်အဲလိုလုပ်ဖြစ်ပါတယ်။ အသီးအရွက်လည်းဆလတ်ရွက်တို့ ခါဂျက်ဥတို့ လိုမျိုးကိုအဆင်သင့်စားနိုင်အောင်အသင့်ထဲ့ထားတတ်ပါတယ်။ အသီးအရွက်မကြော်နိုင်ရင်အသီးအရွက်စားလို့ ရအောင်ပါ။း)
တကယ်ဘဲကျွေးချင်ပါတယ်မမာရယ်။
အိုင်အိုရာကမမာလိုနေ့ တိုင်းချက်တာစားချင်တာပါ။း)
အမရေဟင်းပွဲတွေကြည့်ပီးသားရေယိုသွားတယ်
ReplyDeleteစားချင်စဖွယ်တွေကြည့်ပါပဲအားပေးသွားပါတယ်နော်
အိုင်အိုရာရေဟင်းအစုံကိုမြီးသွားပါတယ်။
ReplyDeleteအန်တီ.သားတွေကိုအဲဒီအတိုင်းလိုက်ချက်ကြွေးကြည်.လိုက်မယ်နော်။
ခင်တဲ.အန်တီလေးမေခင်
အမရေ ဟင်းချက်နည်းတွေမှတ်သွားတယ်သိလား
ReplyDeleteပစ်ပစ် အခုဟင်းချက်သင်နေတာအမရ ဟိဟိ
မြတ်နိုးသူ..
ReplyDeleteအားပေးသွားလို့ ကျေးဇူးနော့်။း)
အန်တီလေးမေခင်..
လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။
သားတွေကိုချက်ကျွေးလို့ ကြိုက်သွားရင်ထပ်လာလည်လှဲ့ ဦးနော်။ အမြဲကြိုဆိုနေပါတယ်။း)
ပစ်ပစ်..
ချက်သာချက်ပစ်ပစ်ရေ။ ကို်ယ်ချက်မှကိုယ်စားရတဲ့ဘ၀ရောက်နေကြတာမှုတ်လား။
ပျော်ပျော်နေနော် ပစ်ပစ်။ စိတ်မညစ်တော့ဘူးမှုတ်လား။ စိတ်ညစ်ရင်ဟင်းတွေချက်ပစ်သိလား။ စတာပါ။း)
မမအိုင်အိုရာ
ReplyDeleteထမင်းစားပြီး အချိုပါတည်းသွားပါတယ် ......
ထမင်းစားချိန်လာဖတ်မိတဲ့ ကိုယ့်ကိုယ်ကိုကျိန်ဆဲသွား
ReplyDeleteMis December..
ReplyDeleteလာလည်လို့ ကျေးဇူးပါ။ အားတဲ့အခါထပ်လာလည်ဘို့ ဖိတ်ပါတယ်နော်။
ဗစ်..
အပြင်မှာဆိုခူးခပ်ကျွေးလိုက်မှာပါ။း)
အိုင်အိုရာ
အမြဲတမ်း စားချင်စရာကောင်းတာလေးတွေကို စုံစုံလင်လင်ချက်ထားတော့ သရေယိုပြီးစားချင်တာပေါ့....း)
ReplyDeleteချောစု..
ReplyDeleteဒါဆိုအမြဲတမ်းလာစားလေနော်။း)
အိုင်အိုရာ