Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Wednesday, February 1, 2012

အဆင်ပြေသလိုလုပ်စားထားသောနံနက်စာများ (နံနက်စာများ..၃)

စမူဆာ (ကိုယ်တိုင်လုပ်)

စမူဆာ

တော်တီးယာအဆာသွတ် (မက်ဆီကန်တွေစားလေ့ရှိတဲ့ Tortilla (တော်တီးယာလို့ ထွက်ပါတယ်) နံပြားလိုဟာကို ကိုယ်ကြိုက်တာတွေထဲ့ပြီး မီးကင်ပြီးစားတာပါ။ စားလို့ ကောင်းပါတယ်။ တယောက်ထဲစားရင်တော့မကုန်နိုင်ဘူး)

တော်တီးယာဒယ်ပြားထဲမှာကင်နေတာ

တော်တီးယာ၊ ချိစ်၊ ကြက်သွန်နီ၊ အရွက်၊ ခရမ်းချဉ်သီးဆော့၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း



ဘိုစာ (ကြက်ဥကိုဖေါက်ပစ်မှသဘောကျပါတယ်။ ပေါက်မှာပူစရာမလိုတော့ဘူးး))


ကျမပန်းကန်

သူ့ ပန်းကန်

ရွှေတောင်ခေါက်ဆွဲသုပ်

ကြာဆံချက်


မကြိုက်ဆုံးဆန်ပြုတ် (ဆန်ပြုတ်ထဲကို ငါးဖယ်၊ နံနံပင်၊ ကြက်သွန်မိတ်၊ ၀က်သားညှပ်ထဲ့ပြီးစားပါတယ်။ )


ပေါင်မုန့် ကို ချိစ်နဲ့ အရွက်ညှပ်ပြီးကင်ထားတာပါ (အရွက်ကို အရင်နွမ်းအောင်အပူပေးထားပါတယ် ပြီးမှချိစ်နဲ့ ရောပြီး ပေါင်မုန့် ထဲညှပ်တာပါ)


Brunch buffet စားတုန်းကပါ

ချိစ်ကိတ်

ကြာဆံသုပ် (၀က်သားနဲ့ ပါ)

တော်တိးယာကို နံပြားလို ကင်ပြီး ပဲပြုတ်နဲ့ စားထားတာပါ

အချဉ်

ကြက်ဥထမင်းကြော်

ဆင်းဒွစ် (ထောပတ်၊ ချိစ်၊ ဆလတ်၊ ကြက်သွန်နီ၊ ငရုတ်စိမ်း)




ပီဇာ ရယ်ဒီမိတ်ကို ကိုယ့်ဘာသာဖုတ်စားထားတာပါ

ပေါင်မုန့် ကို ချိစ် နဲ့ ထောပတ် ထဲ့ပြီး ကျွမ်းပြီးကျွတ်နေအောင် ဖုတ်စားထားတာပါ၊ သစ်တော်သီးတမျိုးနဲ့ တွဲစားပါတယ်။

ရယ်ဒီမိတ်မတ်ပဲကြော်၊ စမူဆာကြော် (အင်ဒီးယန်းဆိုင်က)၊ ရယ်ဒီမိတ် ကိုရီးယား Seafood pancake  ၊ ကော်ဖီ



ပေါင်မုန့် ပေါ်ချိစ်တင် ငရုတ်သီးထောင်းထားတာတင်ပြီး မိုက်ခရိုဝေ့နဲ့ အပူပေး၊ ချိစ်ပျော်တော့စားလိုက်တာပါဘဲ။

ချိစ်ပီဇာ (ကိုယ်တိုင်ဖုတ် ရယ်ဒီမိတ်)
ပေါင်မုန့် ဘေးသားတွေကို ကြက်ဥနဲ့ ထောပတ်နဲ့ ချိစ်နဲ့ ဖုတ်ထားတာ (အလွန်စားကောင်းပါတယ် စိတ်ဝင်စားရင်လုပ်နည်းတင်ပေးပါမယ်။ ပေါင်မုန့် ဘေးသားများဒီတော့မှ လွှတ်မပစ်ရတော့ပါ၊)




ထမနဲ နဲ့ ကော်ဖီ။ ပြီးခဲ့တဲ့ နှစ်ပါတ်လောက်ကထိုးစားထားတာပါ။

အချိန်ရယ်၊ ကိုယ့်မှာရှိနေတာရယ်၊ တခါတခါစားချင်တာရယ်၊ တွေကို အဆင်ပြေသလိုလုပ်စားထားတဲ့နံနက်စာတွေပါ။ အပျင်းပြေမယ်လို့ ထင်ပါတယ်ရှင်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ

21 comments:

  1. ထမနဲအကြိုက်ဆုံးဘဲ။ပါဆယ်ဆွဲသွားတယ်။

    ReplyDelete
  2. Share me about 3rd last photo.Some of them are the same way of mine.I'll make Hta ma nhe on coming pre full moon day to offer Buddha.
    Gyidaw

    ReplyDelete
  3. အကုန် စားချင်ပါတယ် :)

    ReplyDelete
  4. စားချင်တာတွေများနေတယ်
    ဘယ်ကစပြီးစားရမလဲမသိပါဘူး
    အားလုံးအတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. အားလုံးက စားချင်စရာတွေပါဘဲ။ချိစ် သိတ်ကြိုက်တယ်။ထမနဲ ထိုးထားတာလဲနှမ်းအနက်လေးနဲ.စားကောင်းမဲ့ပုံဘဲ။
    အပျင်းပြေရုံတင်မကဘူး ဗိုက်ပါဆာသွားတယ်။

    ReplyDelete
  6. အပျင်းပြေပါတယ်။ဗိုက်ဆာတော့မပြေဘူး။
းp
    ထမနဲနဲ့ ပေါင်မုန့်ဘေးသားချိစ်ကြက်ဥထောပတ်ကိုပြောပြနော်။
    စိတ်ဝင်စားတယ်။
    ဆန်ပြုတ်မကြိုက်ဘူးလား။ ကျွန်မကဆံပြုတ်ကြိုက်တယ်။ :D

    ReplyDelete
  7. မြတ်ကြည်အတွက် မတ်ပဲကြော်နော်။ ပေါင်မုန့် ဘေးသား ချိစ်နဲ့ပြန်ဖုတ်နည်း ရရင် တင်ပေးနော် မမ။

    ReplyDelete
  8. စမူဆာနဲ့မတ်ပဲကြော်ကိုမကြာခနစားဖြစ်တယ်း)
    နကိုယ်ထဲကအစားအသောက်ဆို'လာထား' ပဲ အိုင်အိုရာရေ။
    ဒီလောက်ဖွယ်ဖွယ်ရာရာတွေတင်ပေးတာကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ဆမူဆာ၊ ဆန်ပြုတ်၊ကြာဇ့ချက်၊ရွှေတောင်ခေါက်ဆွဲသုပ်.. ကြိုက်ပါတယ်။

    ReplyDelete
  10. စမူဆာတော့ အရမ်းကြိုက်တယ်..
    ကန်ဒီနဲ့ မမတူနေပြန်ပြီ ကန်ဒီလည်း ကြက်ဥကို တမင်ဖောက်တာ.. ဟီး
    သူများတွေက မပေါက်အောင် ကြော်တာ.. :P

    ReplyDelete
  11. ထမနဲကိုအစားချင်ဆုံးပဲ။ မစားရတာကြာပြီ။ ရွှေတောင်ခေါက်ဆွဲလည်း ကြိုက်တယ်။

    ReplyDelete
  12. ရွှေတောင်ခေါက်ဆွဲ ကြိုက်တယ်။
    ဆန်ပြုတ်ကိုအရမ်းကြိုက်တယ်။
    ဆန်စေ့ပျောက်အောင်ကြိုတာပေါ့။
    လူတော်တော်များများဆန်ပြုတ်မကြိုက်ကြဘူးနော်။
    ကျမတော့အသေကြိုက်တယ်။
    ထိုင်းမှာဟင်းတွေနဲ့ တွဲရောင်းတယ်။
    ဘဲဥဆားငံ၊၀က်အူချောင်း၊မုန်ညုင်းရိုးဆားရည်စိမ်၊
    ဒါတွေနဲ့ စားတယ်။
    ဆန်ပြုတ်ကသိပ်မကြေဘူး။
    အသးတွေနဲ့ နံနံပင်၊ချင်းတွေထဲ့ရင်တော့ဆန်စေ့ပျောက်အောင်ကြိုတာ။
    မကအစုံလုပ်တတ်တယ်နော်..။

    ReplyDelete
  13. ဘရဏီ..
    ထမနဲပါဆယ်ဆွဲသွားလို့ ကျေးဇူးတင်တယ်နော်။း)

    Gyidaw..
    I will post about the baking (another/ah na thar)bread with egg and cheese for u, Kaung and Myatkyi Lay later. But u know my turtle run. :)I would like to have Htamane you are making too. :D I am sure it will be much much better than mine. I did not put coconut slice as I don't like it.

    စုဘူးအိမ်..
    အကုန်စားသွားကွာ ဒါဆို။း)

    ဂျက်စ်..
    အကြိုက်ဆုံးကစစားသွားလေ။ ဒါမှသိပ်မကြိုက်တာတွေနဲ့ အရင်ဗိုက်မတင်းသွားအောင်..း)

    အန်တီဦး..
    အိုင်အိုရာလည်း ချိစ်ကြိုက်တယ်။ ဒါပေမဲ့ တချို့ ချိစ်တွေကျ မကြိုက်ပြန်ဘူး။ မြန်မာပြည်ကနှမ်းမရှိတော့လို့ ဂျပန်ကလာတဲ့နှမ်းနက်ဘူးဝယ်ထားတာ။
    ထမနဲထဲတော့လှပါတယ်။ လက်ဖက်နဲ့ စားတော့မဲမဲမဲမဲနဲ့ ပိုးကောင်တွေကျနေသလိုဘဲ။း)

    ကောင်း..
    ထမနဲ နဲ့ ပေါင်မုန့် အနားသားဖုတ်နည်း တွေတင်ပေးမယ်နော်။ သိတဲ့အတိုင်းလာမည်ကြာမည်နော်။
    ဟုတ်တယ်ကောင်း..ကိုယ်လေ ဆန်ပြုတ်ကို မကြိုက်တာများတယ်။ ဒီတခါဘဲအကြိုက်မတူတာရှိတယ်နော်ကောင်း။ ဆန်ပြုတ်စားချင်အောင်ဘေးကလိုက်ရတာကပိုများတယ်။ ရန်ကုန်မှာတုန်းကငယ်ငယ်တုန်းကဆို ရွှေတိဂုံဘုရားသွားတိုင်း ရေတာရှည်လမ်းက ဆန်ပြုတ်ဆိုင်တွေကိုအကိုတွေကခေါ်သွားပြီးစားနေကျ။ ဒါပေမဲ့တွဲစားတဲ့ဝက်ခေါင်းသုပ်တို့ ၊ ကြက်သားသုပ်တို့ ၊ ဘဲသွေးသုပ်တို့ ပါမှ။း) အမေကလည်းဆန်ပြုတ်အရမ်းကြိုက်တယ်။ အမေကလေဟာပြင်ဈေးတို့ တရုပ်တန်းတို့ ကငါးရံ့ ဆန်ပြုတ်တို့ ၊ဘဲသားဆန်ပြုတ်တို့ သိပ်ကြိုက်တယ်။
    တခါတလေဘဲစားချင်တယ်။ :P

    မြတ်ကြည်လေး..
    မတ်ပဲက ရေးတာကျန်ခဲ့လို့ အဲဒါ ကုလားဆိုင်ကရယ်ဒီမိတ်ကို ကြော်ထားတာ။(ပြန်ရေးထဲ့ထားတယ်နော်) ဒီမှာကုလားဆိုင်ကလွယ်လွယ်ဝယ်ရတော့ကိုယ်တိုင်မလုပ်ဖြစ်ဘူး။ ဒါပေမဲ့အိမ်မှာလုပ်စားလေ့ရှိတော့ လုပ်တတ်တယ်ထင်တာဘဲ။
    ပေါင်မုန့် ဘေးသားလုပ်စားတာလည်းတင်ပေးမယ်နော်။ အဲလိုလုပ်စားပြီးကြိုက်သွားကတည်းက ပေါင်မုန့် ဘေးသားကျန်နေတာတွေလွှတ်မပစ်ရတော့ဘူး။း)


    တီတင့်..
    တကယ်တော့ကြုံရာရှိတာတွေလုပ်စားဖြစ်တာများပါတယ်။ မြန်မာစာတွေကတော့ဆန်ပြုတ်ကလွဲရင် စားချင်လို့ လုပ်စားဖြစ်ပါတယ်။

    ရှင်လေး..
    ကြာဆံချက်နဲ့ ရွှေတောင်ခေါက်ဆွဲသုပ်ကိုယ်လည်းကြိုက်တယ်။ စမူဆာကတော့ကိုယ့်အကြိုက်ဆိုကြိုက်တယ်။ လက်ဖက်ရည်ဆိုင်ကရောင်းတာတွေတော့မကြိုက်တာများတယ်။း)

    ကန်ဒီ..
    အဟီး..ကြက်ဥကိုတမင်ဖေါက်တာချင်းတူနေတော့ရယ်ချင်တယ်။
    ပေါက်မှာမစိုးရတော့ဘူးလေ။ မကောင်းဘူးလားး)စမူဆာကိုအိမ်လုပ်ဘဲကြိုက်တာများတယ်။ အပြင်က၀ယ်ရင် သုပ်စားပစ်တာများတယ်။

    ပါရမီဖြည့်ဖက်လေး..
    ထမနဲကြိုက်တယ်လား။ ဒီမှာလည်းကိုယ့်ဘာသာကိုယ်လုပ်မှ စားရတာဆိုတော့ ခဏခဏတော့မစားဖြစ်ပါဘူးလေ။
    ရွှေတောင်ခေါက်ဆွဲကြိုက်တာချင်းတော့တူနေပြီ။း)

    မီးမီးငယ်..
    ရွှေတောင်ခေါက်ဆွဲ..ကြိုက်
    ဆန်ပြုတ်..မကြိုက်
    ဆန်စေ့ပျောက်အောင်ကြိုပါတယ်။ ဒါပေမဲ့သူ့ အလိုလို နူးမြေ့နေအောင်အကြာကြီးကြိုပါတယ်။ ခြေပြီးကြေတာကိုအမေကမကြိုက်လို့ ပါ။
    ထိုင်းမှာအလုပ်ရုံဆွေးနွေးပွဲသွားတက်တုန်းက နေ့ တိုင်းမနက်စာကို ဆန်ပြုတ်တိုက်တယ်။ ပုံမှန်ကတော့ဂျင်းနဲ့ ကြက်ဥ။ ကျန်တာတွေကတော့ကြုံသလိုထဲ့ပေါ့။ ဂျင်းမထဲ့လို့ ယတွေကကိုယ့်ကို ခလေးလို့ စားကြတယ်။
    ဘန်ကောက်မှာတုန်းက ဆန်ပြုတ်ကျတော့ ထမင်းစေ့တွေလိုဘဲ။ သိပ်မကြေဘူး။ ပုဇွန်တွေ ငါးဖတ်တွေ ငါးဖယ်တွေ အရွက်တွေပါတယ်။ ဒို့ ကအစုံမလုပ်တတ်ပါဘူး။ အိမ်မှာဆိုအမတွေလုပ်တာများတယ်။ ကိုယ်လုပ်ချင်တာဆိုရင်တော့ကိုယ့်ဘာသာကိုယ်လုပ်ရမှ။ ဇွဲက။း)

    ReplyDelete
  14. အမှန်အတိုင်းဝန်ခံရရင် ဒီဘလော့လေးကိုသိပ်ချစ်မိပေမယ့် ၀ိတ်ချချင်တဲ့အချိန်မှာတော့ မလာချင်တာအမှန်ဘဲ လုပ်ပြထားသမျှ သွားရေတွေကျလွန်းလို့ပါ မမရယ်း(((

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  15. တော်တီယား ကျောင်းမှာလည်း ကျွှေးတယ်..တရုတ်ကောင်လေးတွေကတော့ ကြိုက်လို့ တဲ့..စန်းထွန်းကတော့ ကြိုက်ဝူး..မမအိုင်အိုရာ ပို့ စ်တွေ ဖတ်ရတာ ဗိုက်စာတယ်..ဘလော့ကြီးကို ကိုက်စားလို့ ရရင် သိပ်ကောင်းမှာပဲ...

    ReplyDelete
  16. မဒိုးကန်..
    ဟုတ်တယ်..စားစရာတွေကြည့်ပြီးစားချင်လာရင်စိတ်ထိန်းရတာမလွယ်ဘူး။
    ထမင်းလျှော့ပြီး ဟင်းများများစားလေနော်။ ဖိုင်ဘာများများစား။ အရွက်ဟင်းတွေ တို့ စရာတွေစားပေါ့နော်။း)

    စန်းထွန်း..
    မက်ဆီကန်တော်တီးယာကို သူတို့ အဆာတွေထဲ့ထားတာတော့ တော်တော်များများစားဘူးသလောက်မကြိုက်ဘူးစန်းထွန်းလိုဘဲ။
    ပဲတွေကလည်းပါသေး။ ဘူရိတိုလို့ ခေါ်တယ်လေ။
    တော်တီးယာ(နံပြားလိုဟာ)ကတော့ ကိုယ်ကြိုက်သလို မော်ဒီဖိုင်းလုပ်စားရင် သိပ်မဆိုးဘူးရယ်။
    ဒါပေမဲ့တော်တီးယာကို ဆိုင်မှာလတ်လတ်ဆတ်ဆတ်ကြော်ပေးတာကို
    salsa ခရမ်းချဉ်သီးပန်ထွေဖျော်လိုဟာနဲ့ စားရတာတော့တော်တော်သဘောကျတယ်။ ဟီး..ဒါပေမဲ့ ကြော်ပြီးသားရယ်ဒီမိတ်အထုတ်ဝယ်မိရင်တော့နောင်တရတယ်။ တခါစားပြီးလုံးဝဆက်မစားချင်လို့ ။း))

    အိုင်အိုရာ

    ReplyDelete
  17. I love, love, love all of them. Oops, I did lie something, I don't like congee, it makes me lose appetite, hehe. Sorry about my comment if it upset you, sis.

    ReplyDelete
  18. Mon..
    Yay..I've got one vote for disliking congee.:p
    Although I have modified it I still think it is a "lumamar sar".
    Thanks for negatively voting congee that shows we have same taste. :D
    Iora

    ReplyDelete
  19. ထမနဲလည်း လုပ်စားတာဘဲလား
    တော်လိုက်တာ .
    မုန့်တွေလည်း အမျိုးမျိုးဘဲ စိတ်ဝင်စားစရာကြီး
    တစ်ချို့ဟာတွေများဆို စားတောင် မစားဖူးဘူး..
    စားကြည့်ချင်လိုက်တာ..
    ကျွေးချင်စိတ်လေး မရှိဘူးလားဟင်...
    မုန့်တွေအားလုံး ကြိုက်မယ်လို့ထင်တယ်
    ချိစ်တွေ ထောပတ်တွေကြက်ဥတွေလဲ ကြိုက်တယ်ဆိုတော့လေ..
    မြန်မာမုန့်တွေတော့ ပြောစရာမရှိဘူး.. ကြိုက်ပြီးသားဆိုတော့
    မနက်စာတွေ တအားကောင်းတာဘဲ.. မနာလိုတော့ဘူးး)

    ReplyDelete
  20. ချော..
    ထမနဲလုပ်စားရတာပါ။ မလုပ်ရင်တော့ ဘယ်တော့မှမစားရဘူးလေ။း)
    မုန့် တွေဘယ်စားဘူးမလဲ ကိုယ်စိတ်ထဲလုပ်ချင်သလိုလုပ်ထားတာကိုးချောရဲ့ ။
    သိပ်ကျွေးချင်တာပေါ့ ကိုယ်လုပ်တာကိုမက်မက်မောမောစားမဲ့သူမျှော်နေတာ။
    မြန်မာစာတွေကလွဲရင်ကျန်တာတွေ အများစုက စားချင်တာထက် ရှိတာကိုစားချင်အောင်လုပ်ဖြစ်လိုက်တာပါ။
    အိုင်အိုရာ

    ReplyDelete
  21. အတော်များများ လုပ်စားဖြစ်တာပဲ၊
    ဘရာကြော်လေး ပြင်ထားတာ သဘောကျလိုက်တာ၊
    ရိုက်ချက်တွေကို ကြိုက်တယ်။

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။