 |
တို့ စရာ၊ ပန်းပွင့်နဲ့ ကြက်ဥကြော်၊ ကင်မွန်းရွက်ချဉ်ရည်၊ ငါးအိုးကပ် |
ကိုင်း...ဒီတခါတော့ တို့ စရာထဲကဇူခိနိကလွဲရင် အားလုံး Authentic Burmese food လို့ ပြောလို့ ရသလောက်ပါဘဲရှင်။ အင်း..ဒါပေမဲ့ ငါးပိရည်ကလည်းထိုင်းကလာတာဆိုတော့ မြန်မာစစ်စစ်တော့ မဟုတ်ပြန်ပါဘူး။
 |
Watercress ရေမုန်ညင်း ( ဇရစ်ရိုး သို့ မဟုတ် ကန်ဇွန်းရွက် အစားထိုး) နဲ့ ကင်ပွန်းရွက်ချဉ်ရည် |
ကျမတို့ အမေက ကင်ပွန်းရွက်ချဉ်ရည်ချက်ရင် အချဉ်လည်းပြေ၊ ၀ါးစရာအဖတ်လည်းပါအောင် ဇရစ်တို့ ကန်ဇွန်းတို့ ထဲ့ချက်တတ်ပါတယ်။ ပတတ်စာပေါ်ချိန်ဆိုရင်တော့ ပတတ်စာလေးနဲ့ ပေါ့။ ပတတ်စာနဲ့ ကတော့ကျမအကြိုက်ဆုံးပါ။
 |
ငါးအိုးကပ် (ငါးမြစ်ချင်း) |
ငရုတ်သီးမှုန့် ၊ကြက်သွန်ဖြူ၊ နီဆီသတ်။ ခရမ်းချဉ်သီးထဲ့၊ ငံပြာရည်ထဲ့၊ ကျမက ခရမ်းချဉ်သီးသိပ်မကြေဘဲအိုးကပ်လုပ်ချင်လို့ သိပ်မကြေသွားခင်မှာ ငါးထဲ့ပါတယ်။ အိုးကပ်လုပ်မှာမို့ ရေဆူလည်း သိပ်အများကြီးမထဲ့ပါဘူး။ ငါးက အမြီးကလွဲရင် အသားတွေချည့်လွှာထားတာမို့ ရေအများကြီးမလိုပါဘူး။ ငါးထဲ့ပြီး အဖုံးအုပ်ထား၊ ခဏနေတော့မှရေဆူလေးအလောတော်ထဲ့။ အိုးလေးနဲနဲလှုပ် လှုပ်ပေးပြီး ဆီပြန်တဲ့ထိတည်ပြီး တော့ ကပ်အောင်ထားလိုက်တာပါဘဲ။
 |
ငါးပိရည် နဲ့ တို့ စရာ။ စားခါနီးမှ ငရုတ်သီးအလှော်မှုန့် ကြွတ်ကြွတ်လေးထဲ့ |
 |
ဒညင်းသီးပြုတ်၊ နံနံပင်၊ မုန်ညင်းဖူးပြုတ်၊ ဇူကိနိပြုတ်၊ သံပုရာသီးစိတ် |
 |
စိတ်တိုင်းကျတို့ စရာတွေ |
 |
စတီးဇလုံနဲ့ ဖျော်ထားတာ ငါးပိရည်ကို |
 |
ငါးပိရည်ဖျော်ရင် အများအားဖြင့် ငရုတ်သီးစိမ်း နဲ့ ခရမ်းချဉ်သီးကိုမီးအုံးဒါမှမဟုတ် ငါးပိရည်ထဲထဲ့ပြုတ်ပြီးဖျော်တာပိုသဘောကျလို့ အဲလိုဖျော်ထားတာပါ။ |
 |
ဆီပြန်ပြီ နံနံပင်အုပ် |
|
|
 |
နဲနဲလေးအိုးကပ်အောင်ဆက်ထားပြီးတော့ |
 |
ဒီလိုခပ်ကပ်ကပ်လေးဖြစ်လာပြီး အနံ့ လေးမွှေးလာရင်တော့ သုံးဆောင်လို့ ရပါပြီရှင် | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | |
|
|
|
| |
|
|
|
|
|
|
|
|
ငါးဟင်း၊ ငပိရည်နဲ့ တို့စရာ ဒညင်းသီး၊ မုန်ညှင်းစိမ်းတို့နဲ့ အ၀စားသွားတယ်နော် မမအိုင်အိုရာ...။
ReplyDeleteဇုခီနီသီးကိုအဲလိုပြုတ်တို့စားဦးမှ။
ReplyDeleteပန်းပွင့်ကြက်ဥကြော်ဒီမှာလည်းအခုတလော စားဖြစ်နေတယ်။
ရန်ကုန်မှာစားခဲ့တဲ့ ငါးပိရည်ဖျော်ထဲကို ကြက်သွန်နီဥ သေးသေးမီးဖုတ်ထည့်တာကြိုက်တယ်။
အိုင်အိုရာရယ် ဟင်းတွေကပြောစရာမရှိအောင်ကောင်းတယ်။ ကျွန်မကတော့ ငါးပိရည်အဲလိုအဖျော်နဲ့ တို့စရာပန်းကန်ကြီးနဲ့တောင် ထမင်းတစ်ပန်းကန်အရင်ကုန်မယ်....သိလား။
စားချင်စရာတွေကြီးပဲ.. ငါးဟင်းဆိုသိပ်ကြိုက်တာ.. စမ်းချက်ကြည့်ရင်ကောင်းမလား :D :D
ReplyDeleteမအိုင်အိုရာရေ... ဗိုက်ဆာတယ်ဗျို့..၊း)
ReplyDeleteငါးပိရည်၊ ဒညင်းသီးပြုတ်၊ ငါးဟင်းက အနှစ်လေးနဲ့တင် သုံးပန်းကန်လောက်တော့ အသာလေးပဲ...။းD
ဒညင်းသီးကလွဲရင်ကျန်တာအားလုံးစားသွားတယ်ဗျို့ ။
ReplyDeleteဒညင်းသီးကကျောက်ကပ်မကောင်းတော့ဆရာဝန်ကမစားနဲ့ ဆိုလို့ ပါ။
မြန်မာထမင်းဆိုင်ရောက်ရင်ကျမထိပ်ဆုံးစကိုင်တာက၊
ိုတို့ စရာပန်းကန်ဘဲ။
ချပေးတဲ့အရွှက်အသီးအားလုံးစားတယ်။
ချည်ရည်ဟင်းလည်းကြိုက်တယ်အများကြီးစားသွားပြီနော်:P
I am hungry sis, all the dishes look yummy!
ReplyDeleteရို့ စ်..
ReplyDeleteစားသွား..စားသွား အ၀စားသွားပါရို့ စ်ရေ။ ၀တ္ထုလေးလာဖတ်သွားတယ်နော်။း))
ကောင်း..
ဇူခိနိကိုပြုတ်စားဘို့ ကိုယ်လည်းမေ့မေ့နေတာ။ ဘာမှမရှိမှလက်ထဲမှာရှိနေရင်လုပ်စားဖြစ်တော့တာ။
ဟုတ်တယ် ဟုတ်တယ် ကြက်သွန်နီလေးမီးအုံးပြီးထောင်းထဲ့လည်းကောင်းတယ်။ ကိုယ်လည်းကြိုက်တယ်။ ဒါပေမဲ့ကိုယ်က နောက်နေ့ ကျန်နေရင် အနံ့ များပြောင်းသွားမလားဆိုပြီး (ပျင်းလည်းပျင်းတာနဲ့ )ထဲ့တော့ဘူး။
ကန်ဒီလေး..
ကြိုက်ရင်စမ်းချက်ကြည့်လေ။ သိပ်မကြာပါဘူး။ (ငါးမကိုင်ရရင်လေ)း)
ကိုညီလင်းသစ်..
အေးဗျာ..အိမ်ချင်းနီးကြရင်ကောင်းမှာ။ ကျမကအဲလိုတွေ ငါးပိရည်တွေတို့ စရာတွေနဲ့ ဆို သူငယ်ချင်းတွေ မောင်နှမတွေနဲ့ သိပ်စားချင်တာ။ မြန်မာပြည်မှာဆို တို့ စရာကို ဘန်းနဲ့ ပြင်ရတာ အမယ်တွေအများကြီးလုပ်လို့ လေ။
မီးမီးငယ်..
အော်..ကျောက်ကပ်သိပ်မကောင်းရင်တော့ရှောင်နော်။ အစားတလုတ်နဲ့ ဒုက္ခရောက်ရတာတော့မတန်ဘူးသိလား။
ကိုယ်လည်း တို့ စရာတွေအများကြီးချပေးတဲ့ထမင်းဆိုင်ဆို သိပ်သဘောကျတာ။ တခါတခါထမင်းတောင်မထဲ့ရသေးဘူး တို့ စရာနဲ့ ငါးပိရည်ချည့်စားနေတာနဲ့ တော်တော်ပြည့်နေပြီ။
အဲဒီကင်မွန်းရွက်က သူငယ်ချင်းက ရန်ကုန်က အခြောက်ခံပြီးမှာထားတာကို လက်ဆောင်ပေးထားလို့ စားရတာ။ နို့ မို့ ရင် ဒီမှာတခါမှမတွေ့ ဘူးရယ်။
မွန်..
ဆာရင်ဒီကပုံတွေဘဲ စားသွားတော့နော။
ကျန်းမာရေးဂရုစိုက်ပါနော်။ ဘန်ကောက်ရောပုံမှန်ပြန်လည်ပတ်နေပြီလားမွန်ရေ။
ဘုရားရှစ်ခိုးတိုင်း ဘလော့ဂါသူငယ်ချင်းမောင်နှမတွေ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးတယ်။
I like all your dishes and want to be your neighbour.I was busy and luckily i come to you with morning coffee mug.Though i'm late, it's still there and i eat all. Have a nice day!
ReplyDeleteGyidaw
ငါးပိရည်ဖျော်စားချင်တယ်။
ReplyDeleteGyidaw..
ReplyDeleteI am so glad that you like my dishes and want to be my neighbour. But I am afraid that you are moving away soon after you have been my neighbour because of smell of cooking. (Hnyaw de so pi ma pyay gyay naw).
Have a nice day too. Thanks.
မြတ်ကြည်လေး..
ငါးပိရည်ဖျော်အဲဒီမှာမစားဖြစ်ဘူးလား။
ဒီမှာစားသွားနော်။
ငပိရည်မစားရတာ၃နှစ်လောက်ရှိရောပေါ့  :)
ReplyDeleteအောင်ညလေး ဗိုက်ဆာလိုက်တာနော်..
ReplyDeleteဘရဏီ..
ReplyDeleteထိုင်းကလာတဲ့ပုလင်းတွေ ၀ယ်လို့ မရဘူးလားအဲမှာ။
ကိုယ်လည်း ကျိုရေးခက်လို့ အမြဲမစားနိုင်ပါဘူး။း(
စန်းထွန်း..
အားနာတာနော်။ စန်းထွန်းစီမှာ အဆောင်မှာစားရတာဆိုတော့လုပ်စားဘို့ လည်းမလွယ်နဲ့ ။
စာတွေလာမွှေဖတ်သွားသေးတယ်။
အခုအချိန်မှာဘာမြင်မြင်စားချင်နေတာနဲ့တော့ခက်ပြီအိုင်အိုရာရေ။
ReplyDeleteချက်ထားတာတွေကလည်းအားလုံးဆွဲငင်အားအတော်ကောင်းတယ်။
တို့စရာတွေကအစဟင်းတွေအားလုံးအဆုံးရှယ်ပဲ။ ကင်ပွန်းရွက်ချဉ်ရည်လည်းကြိုက်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဝိတ်ချပါ့မယ်ဆိုမှ အောင်မလေး ဗိုက်ဆာလိုက်တာနော်း(
ReplyDeleteချစ်တဲ့
မဒိုးကန်
ငါးပိရည် နဲ့ တို့ စရာ ဆိုရင်တော့ အားမနာတော့ပါဘူးဗျာ
ReplyDeleteတီတင့်..
ReplyDeleteတကယ်တော့တို့ စရာတွေလုပ်ရတာတခါတခါသိပ်ပျင်းတယ်။ အင်း..ဟင်းလည်းတခါတခါလုံးဝမချက်ချင်ဘူး။း)
ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်တီတင့်ရေ။
မဒိုးကန်..
ဝိတ်ချချင်ရင် တို့ စရာနဲ့ ဟင်းတွေများများစားသွားနော်။း)
ဘိုဖြူ..
အားမနာနဲ့  စား စား...း)
အိုင်အိုရာ
အိုင်အိုရာရေ- အိပ်ခါနီးရောက်လာပြီး စားချင်စရာကောင်းတာတွေတွေ.သွားလို. ဗိုက်ပြန်ဆာပြီး မအိပ်နိုင်တော့ပါ...း)
ReplyDeleteချောစု..
Deleteချောစုစီလာလည်ရင်လည်းအရမ်းဗိုက်ဆာတာဘဲ။
လာလည်လို့ ကျေးဇူးနော်။
အိုင်အိုရာ
This comment has been removed by the author.
Delete