Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, November 27, 2011
ငါးပိရည်ချက်၊ တမာဖူးတို့ ၊ ငါးမွှေချက် နဲ့ မြန်မာဗားရှင်း thanksgiving ပါတီ
ကျမအကြိုက်တမာဖူးတို့ စရာ
မုန့် ဟင်းခါးချက်တော့ ငါးတွေကအများကြီးဝယ်ထားတာရှိနေပါတယ်။ ငါးပြုတ်ကတည်းက အကြံနဲ့ အများကြီးတခါတည်း ပြုတ်လိုက်ပါတယ်။ ထပ်မပြုတ်ရအောင်လို့ လေ။
ငါးပိရည်ချက် (ဆီကအပေါ်ယံလေးပါ။ အောက်ကရေတွေ)
 ဆနွင်းနဲ့ ကြက်သွန်ဖြူ၊နီဆီသတ်၊ နောက် ခရမ်းချဉ်သီး ကြေအောင်ဆီသတ်ပြီးတော့ ပြုတ်ထားတဲ့ ငါးအသားနွှင်ထားတာတွေ ဆီသတ်ပါတယ်။  ဆီနဲနဲဘဲထဲ့ပါတယ်။  ပြီးတော့ ငါးပိရည် အနှစ် (ထိုင်းကလာတာ၊ အကောင်မဟုတ်ဘဲ အနှစ်ချည့်) ကိုထမင်းစားဇွန်း ၃ ဇွန်းလောက် ထဲ့မွှေပြီး ရေဆူထဲ့။ နဲနဲလေးကျအောင်တည်။ ခဏပါဘဲ။ ပြီးတော့ ပွက်ပွက်ဆူထဲကို ညှပ်ထားတဲ့ ငရုတ်သီးစိမ်းတွေ ထဲ့။ ပင်စိမ်း (ရေခဲရိုက်) တွေ အုပ်ပြီး ချလိုက်ပြီးရင်တော့ ကျမအကြိုက် ငါးပိရည်ချက်လေးရပါပြီ။ ငါးပိရည်ကတော်တော်ကောင်းတော့ ဘာမှတောင်ထဲ့စရာမလိုပါဘူး။ အေရှန်းဆိုင်က၀ယ်ထားတဲ့ တမာဖူးတွေ ရေနွေးဖျော၊ သခွားသီး ၊ ဆလတ်ရွက်နဲ့ တို့ စားပါတယ်။ 
 စိတ်တိုင်းကျသုံးဆောင်ပါရှင်။
ငါးပိရည်ချက်
ငါးမွှေချက်
 ငါးမွှေကလည်း စပါးလင်နဲ့ ငံပြာရည်နဲ့ ပြုတ်ထားတဲ့ ငါးပတ်လိုလို ငါးတန်လိုလို (cat fish) ကို စပါးလင်၊ဂျင်း၊ ကြက်သွန်ဖြူ၊နီဆီသတ်ပြီး တော်တော်မွှေးပြီးခြောက်လာမှ ငါးပြုတ်နွှင်ထားတာတွေ ထဲ့ပြီး ချက်ထားတာပါ။ ငါးပြုတ်ရည်တွေလည်း နဲနဲလေးပါတော့ စိုနေပါတယ်။ ခြောက်ပြီးဆီပြန်ခါနီးမှ ငရုတ်သီပွတောင့်တွေ ညှပ်ထားတာထဲ့ပြီး ငရုတ်သီးကျက်တော့ချလိုက်တာပါ။ စပါးလင်နံ့ မပျောက်စေချင်လို့ အမေ့နည်းအတိုင်း ဘာရွက်မှမအုပ်ပါဘူး ဒီတခါတော့။ သိပ်စားလို့ ကောင်းတာပါဘဲရှင် (ဘယ်သူချက်တာလည်းမသိဘူးး))
ပဲပြုတ်နဲ့ မျှစ်ကြော်                                                                                                                                                
ပဲပြုတ်ထားတာရှိနေတော့ မျှစ်နဲ့ ရောကြော်ပါတယ်။ ကျမကပဲသိပ်မကြိုက်တော့ မျှစ်နဲ့ ရောကြော်လိုက်မှ ကျမအကြိုက်ဖြစ်သွားပါတယ်။
တာကီကင် (ကြက်ဆင်ကင်)
မြန်မာဗားရှင်း Thanksgiving party meals
 အိုင်အိုရာ့သူငယ်ချင်းတစ်ယောက်က တာကီ အမြဲလက်ဆောင်ရပါတယ် သူ့ အလုပ်ကနေ။ သူက အိုင်အိုရာနဲ့ အမြဲချိန်းတဲ့သူငယ်ချင်းကိုမေးပါတယ်။ တာကီယူမလားလို့ ။ အိုင်အိုရာတို့ က စားပြီးတဲ့အခါတိုင်း နောင်နှစ်မယူလာနဲ့ တော့လို့ ပြောကြပါတယ်။ စားရတာမနိုင်ဘဲ သိမ်းဆည်းရတာခက်၊ ဝေခြမ်းရင်ငြင်းကြနဲ့ ဆိုတော့ မယူတဲ့သူကို စိတ်ဆိုးကြပါတယ်။း)) အဟဲ...ဒါပေမဲ့အချိန်ကျလာပြန်ရင်တော့ မေးတဲ့သူကလည်း ပုံမှန်မေးပြီး ယူလာလို့ ပုံမှန်ပြောတဲ့သူကပြောကြပြီး ပွဲလုပ်ကြပြန်ပါတယ်။ မဆီမဆိုင် ၀င်နွှဲကြပြန်ပါတယ် မြန်မာဗားရှင်းနဲ့ ။
မုန့် တီ (နန်းလတ်နဲ့ ) ကိုတာကီသားနွှင်ပြီးသုတ်ပါတယ်။
မုန့် တီသုပ်ထဲထဲ့စားဘို့ ကြက်ဥပြုတ်
မုန့် တီသုပ်အတွက်
မပါမဖြစ် အကြော်ကလည်း အမြဲကြော်ရတယ်။ (ဟိုနေ့ ကဘဲစားထားပြီးတော့လို့ ပြောရင်လည်း ခံရမှာပါ။ သူငယ်ချင်းတွေကမစားရသေးဘူးလေ။ အိုင်အိုရာ့လက်ရာပွဲတောင်းတော့ထဲ့ဖြစ်အောင်ထဲ့ရတာပေါ့း)))
ထုံးစံအတိုင်း ဘူးသီးကြော်၊ ခရမ်းသီးကြော်၊ ကြက်သွန်မြိတ်ကြော်
အိုင်အို ရာ့ပန်းကန် (ဓါတ်ပုံတွေကတော့အကုန်ေ၀၀ါးနေတာဘဲ။ ဗိုက်ကအရမ်းဆာနေကြတော့ ဒေါသထွက်နေတဲ့လူအုပ်ကြီးကိုကြောက်ရတယ်။ ကျမကိုယ်တိုင်လည်းဆာနေတော့ မြန်မြန်ရိုက်တော့အားလုံးဝါး။အမှတ်တရလို့ သဘောထားပြီး သာကြည့်ရှုကြပါတော့။
သူငယ်ချင်းထိုးတဲ့ရွှေကြည်။ မာစတာက အိုင်အိုရာ။ ရေကျန်တာ ဖုတ်ရင်းနဲ့ အိုဗာဘိတ်က် နဲနဲလေးဖြစ်သွားတယ်။ အရသာကတော့ကောင်းပြီးသားဘဲ ကောင်းတာတွေချည့်ထဲ့ထားတာကိုး။ လုပ်နည်းက တော့ သူများတွေ စနစ်တကျရေးထားတာသာဖတ်ကြည့်ပါရှင်။ ကျမက သူများတွေ လိုစနစ်တကျလုပ်တာထက် ဖြတ်လမ်းတခါတခါလုပ်ချင်တယ်။
 တာကီဘိတ်က်ထားတဲ့အချိန်မှာ သူငယ်ချင်းနဲ့ ကျမက အကြော်စုံကြော်ဘို့ နဲ့ မုန့် တီသုတ်ဘို့ ပြင်ဆင်ကြတယ်။ လူကလည်း အားလုံးပေါင်းမှ သူငယ်ချင်းနှစ်ယောက်နဲ့ ကျမတို့ နှစ်ယောက်။ တာကီပေးတဲ့သူငယ်ချင်းက နောက်ကျမှလာနိုင်တယ် မအားလို့ လေ။ ချစ်ချစ်ကတော့ ကျမနဲ့ ကျမသူငယ်ချင်းကို သြချတယ်။ လုပ်လည်းလုပ်နိုင်ကြတယ်တဲ့။ လက်ကလည်း ကြီးတယ်တဲ့။ ပြီးရင် သူ့ ကိုအတင်းစားခိုင်းလို့ စိတ်ဆိုးတယ်လေ။ သူကလွယ်လွယ်စားရတော့ ဘယ်တန်ဘိုးထားမလဲနော် ပရိသတ်ကြီးရယ်။
ကျမအကြော်ကြော်နေတဲ့ အချိန်မှာ သူငယ်ချင်းက လည်း ပြီးရင် အဆင်သင့်ဖြစ်နေအောင်ဆိုပြီး ရွှေကြည် လုပ်တယ် နှစ်ယောက်သားဘေးချင်းကပ်။ ကျမက အကြော်ကြော်ရင်း သူ့ ကိုမာစတာလုပ်။ သူငယ်ချင်းခမျာ မွှေရရှာတယ်။ ပြီးတော့ အာဗင်ထဲမှာ ထဲ့ထားပြီး စားပွဲကျင်းကြပါတယ်။ တာကီနဲ့ အကြော်တွေ အရင်စား။ ပြီးတော့ ခဏနား။ ၀ိုင်မေ့ နေလို့ စားရင်းတ၀က်ကျမှ သူငယ်ချင်းယူလာတဲ့ဝိုင် ကိုအားပေးကြ။ ခဏဆိုမှတကယ့်ခဏလေးရယ်။ သူငယ်ချင်းက မုန့် တီသုပ်ဘို့ ဆော်သြတယ်။ ကျမကလည်း အားလုံးအတွက် ဇလုံတခုထဲမှာ ပေါင်းထဲ့ပြီး လက်အိတ်နဲ့ သေသေချာချာ နယ်ပေးတယ်။ ပြီးတော့ ကိုယ့်စိတ်ကြိုက်ပြင်ကြဆိုပြီး ပန်းကန်တွေထဲထဲ့ပေးပါတယ်။ အားပေးသလားတော့မမေးနဲ့ ။
အိုင်အိုရာက မြေပဲတို့ အုန်းသီးတို့ ဘိန်းစေ့တို့ ပါတာမကြိုက်ဘူး။ သူငယ်ချင်း ကပြည့်စုံအောင် ထဲ့ကြတာပေါ့တဲ့။ ပြီးတော့သူကချောင်းဆိုးနေတော့ စားမရဘူး။ အိုင်အိုရာ ကလည်း အပေါ်သားတွေကို ဒါးနဲ့ လှီးပြီးမှစားတယ်။ ချစ်ချစ်က ကျတော့ စပျစ်သီးခြောက်လေးပါရင်ကောင်းမှာတဲ့။
 ရွှေကြည်တောင်မစားနိုင်ကြပါဘူး။ အအေးခံထားတဲ့ဗန်းကို ဘယ်သူမှ မျက်စောင်းမထိုးကြဘူး။ နောက်နေ့ မှ စားဖြစ်ပါတယ်။
သူငယ်ချင်းကျိုပေးတဲ့တိုဟူး (လှတယ်နော်)
ဟိုနေ့ ကအကြော်ကိုသုပ်စားထားတာပါ။ (ကောင်းရေ အ၀စားနော်)
လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
26 comments:
  1. ဟင်းတွေက အများကြီးပဲနော်။ အရင်ဆုံးလာစားသွားတယ်။ တို့ဟူးတွေ ဘာလုပ်လိုက်လဲ အစ်မ?
    ReplyDelete
  2. စုံလိုက်တာ ရှလွတ်
    ReplyDelete
  3. ဟောဒီက ပရိတ်သတ်ကလည်း စားချင်တယ်
    ReplyDelete
  4. တကယ့်ကို အစုံပါပဲလား..၊ မြန်မာဗားရှင်း Thanksgiving ကိုလည်း သဘောကျ သွားတယ်..။ ထုံးစံအတိုင်း သွားရည်ယိုစရာ ပဲပေါ့..။း)
    ReplyDelete
  5. ထိုင်းကငပိရည်ဘူးကိုအဲလိုငပိရည်ကျိုချက်လေးချက်တာခုမှသိတယ်မရယ် စားချင်စရာကောင်းလိုက်တာ လုပ်စားဦးမယ်
    ကျေးဇူးပါနော်
    ReplyDelete
  6. စုံပလုံနေတာပဲ :)
    စပါးလင် ၊ ငံပြာရည် ပြုတ်ပြီးမှ ပြန်ချက်တာ အနံလေးလည်း မွှေးတယ် ။ စားလို့ လည်းကောင်း အထားလည်း ခံတယ်နော်...
    ဘိတ်ထားတာလေး စားချင်တယ် ။ တို့ ဟူးကြိုထားတာလည်း လှမလှ ။ ပြောင်ချောချောလေးနဲ့ ။ သုတ်စားလိုက်ရလို့ ကတော့ တဗန်းလုံးကုန်မှာဘဲ ။ စိတ်ကြီးဒယ် :D
    ReplyDelete
  7. အဲလို thanksgiving မျိုးဆိုရင် ဘယ်နှပွဲလာလာပါ.. တစ်ကယ် မငြီးတမ်း ကိုစားမှာ.. အခုတော့ ကြက် ဆင်တွေနဲ့ အရသာမဲ့ ပွဲတွေတိုးနေလို့ သိပ်ကို ညစ်ရ.. ငြင်းလို့လဲမကောင်းး ...
    အခုတော့ ပုံလေးတွေနဲ့ဘဲစိတ်ဖြေလိုက်တယ်..
    ReplyDelete
  8. I want to be your neighbour.You really love to cook,i think.I agree with your CC (let kyee tel).This blog'll be my reference for cooking:P
    Yummy!
    Gyidaw
    ReplyDelete
  9. အိမ်မှာ တခါမှ thanksgiving မလုပ်ဖူးး)
    ကျေးဇူးရှင်မွေးစား အမေဆီ မသွားမနေရလေး)
    နှစ်တိုင်း အဲ့ဒီမှာပဲ လုပ်ဖြစ်တယ်။ နေ့ရော ညပါ အပြင်မှာ ဆက်နေပေမယ့်
    ကိုယ်တော့ ဘာမှ မစားလိုက်ရပါဘူးး( အစာအိမ် ပြန်ရောင်နေလို့လေး(
    ReplyDelete
  10. အားလုံးစားချင်စရာတွေဘဲမို.အားရပါးရစားသွားပြီနော်။အမျိုးပေါင်းကိုစုံလင်
    နေတာဘဲ။လုပ်နိုင်တာကိုချီးကျူးပါတယ်။
    ReplyDelete
  11. စုံနေတာဘဲ ။ ငါးပိရည်နဲ့ တို့စရာကို အကြိုက်ဆုံးဘဲ :)
    ReplyDelete
  12. စုံလိုက်တဲ့ဟင်းတွေ..
    ဒီလိုသာစားလိုက်ရလို့ကတော့ ထိုင်ရာကထနိုင်ဖို့ မလွယ်..
    ငါးနှိုင်းချင်းနဲ့ ချက်ထားတဲ့ ငပိရည်လေး မျက်စိထဲကကို မထွက်ပါဘူးကွယ်..။ ငါးပတ်မွှေလည်း တူတူပေါ့။
    ကြက်ဆင်ကြီးကတော့ နီးနီးနားနားသာဆိုလို့ကတော့ မိုက်ကြေးခွဲချင်စရာရယ်..
    စားနိုင်လိုက်ကြတာနော်. အားကျထှာ
    သူများကျတော့ ခေါ်မဲ့သူလည်း မရှိဘူးး(
    ReplyDelete
  13. မြတ်ကြည်..
    ပဲပြုတ်ကြော်အထိက မနက်ဘက်မှာစားထားတာပါ။ တာကီ နဲ့ အပေါင်းပါတွေကမှ ညဘက်ပါတီမှာစားတာပါ။ တိုဟူးကိုနောက်နေ့ ကျတော့ သုပ်စားတယ်။ ကိုယ်က မြန်မာသုပ်ရှောက်ရွက်လေးနဲ့ ၊ သူငယ်ချင်းက ရှမ်းသုပ်၊ နောက်ရက်ကျတော့ ကြော်စားတယ်။ ကျန်နေသေးတယ်။း)
    ဗစ်..
    စုံဆိုမနက်ညပေါင်းသွားတာကိုး။ ကိုယ်ရေးထားတာကလည်း မရှင်းမရှင်းနဲ့ ။
    အဲဒီကပရိသတ်..
    စားချင်ရင်စားသွားပါနော်။
    ကိုညီလင်းသစ်..
    မြန်မာဗားရှင်းကို သဘောကျသွားတယ်ဆိုတော့အရင်နှစ်တွေကဘာတွေလုပ်ခဲ့ပါလိမ့်ဆိုပြီး ပြန်စဉ်းစားမိတယ်။ ပုံတွေရှိရင် လုပ်ဖြစ်ခဲ့တာလေးတွေတင်လိုက်အုန်းမယ်။ (လာပြန်ပြီ..နောက်တမျိုး)
    ကျော်..
    လုပ်စားလုပ်စား။ အရမ်းမြန်တယ်သိလား။ ကျိုစရာမှမလိုတာကိုး။ လာလည်လို့ ဒို့ ကကျေးဇူးတင်ရမှာပါ။
    ဗစ်..
    ကျန်သေးတယ်။ ကျန်သေးတယ်။ ရွှေကြည်တွေရော တိုဟူးတွေရော။ သူငယ်ချင်းကလည်း အဲဒါတောင် သူ့ တိုဟူးကိုစိတ်တိုင်းမကျဘူး။ ရှမ်းတွေဟာ တော်တော်အကောင်းသိကြပါလားနော်။း)
    စိတ်ကြီးရင် အပြတ်အားပေးသွားပေတော့။း)
    ကူး..
    ဟုတ်ပါ့၊ ဘိုပွဲမှာ တာကီရယ်ဖရုံသီးရယ် ကန်စွန်းဥတွေရယ် နဲ့ ဘိုတေ့စ်လေနော်။ ဒါပေမဲ့ရိုးရာလေးကတော့ချစ်စရာပါ။ ကိုယ်ကတော့ တောကျတယ်ဆိုဆို ငါးပိတို့ ငရုတ်သီးတို့ ပါမှ အစားအစာလို့ ထင်တယ်။
    Gyidaw..
    You are most welcome. I am honored that my blog will be your ref:. Then my cc will be very happy if you agree with him. :)
    ဘေဘီ..
    တကယ်တော့မလုပ်တာကောင်းတယ် ပြောရမလား။ လုပ်ရင်တော့ တာကီကို တကယ်ဖြိုနိုင်မဲ့အုပ်စုလိုမယ်။ ဟင်း..ဟင်း
    အစာအိမ်နာနေသလားလို့ တွေးနေတာ နေမကောင်းလို့ အားနေတယ်ဆိုတာဖတ်ရကတည်းက။ ဂရုစိုက်ပါနော်။ မဟာဖြေဆေးနဲ့ လည်းသက်သာပုံမရဘူး။ ကိုယ်တော့ သရိုးသရီဖြစ်တာနဲ့ မဟာဖြေဆေးကြီး ကိုမှန်မှန်သောက်လိုက်ရင် ပျောက်သွားတယ်။ လေစာတွေလည်း ရှောင်ပေါ့နော်။ အမြန်သက်သာပါစေလို့ ဆုတောင်းပေးနေမယ်နော်။
    အန်တီဦး..
    မနက်စာ ညစာပေါင်းထဲ့ထားလို့ ပါရှင်။ မနက်စာ ကအဲဒီဟင်းတွေနဲ့ ထမင်းစားထားတာပါ။ ဟင်းက အရင်နေ့ ကချက်ထားတာပါ။ တာကီနဲ့ အပေါင်းပါများလုပ်ပြီး နောက်နေ့ ကျတော့ အရမ်းညောင်းတာပါဘဲ။ အများဆုံးလုပ်သွားတာက သူငယ်ချင်းပါ။
    စုဘူးအိမ်..
    ကိုယ်လည်း တို့ စရာနဲ့ ငါးပိချက်ကို ပိုကြိုက်တယ်။
    ချော..
    ကြက်ဆင်ကြီးကလည်း အဲလိုမိုက်ကြေးခွဲမဲ့သူကိုမျှော်နေတာဆရာ။
    ဒီကသူများကိုလည်း ဖိတ်မဲ့သူမရှိလို့ ကိုယ့်ဘာသာကိုယ်ဖိတ်ပြီးလုပ်လိုက်တာပါ အားမငယ်ပါနဲ့ ကွယ်။း) နောက်နှစ်ကျဖိတ်မယ်နော် လေယာဉ်ဘိုးတော့ မတတ်နိုင်ဘူးနော်။ (အန်တီတင့်စီကတောင်း)
    ReplyDelete
  14.ှုစန်းထွန်..
    တံတွေးမမျိုချပါနဲ့ ...စိတ်ကြိုက်စားသွားပါ။ အလျှံပယ်ဘဲနော်။
    အိုင်အိုရာ
    ReplyDelete
  15. ဆောရီး..စန်းထွန်းရေ..၀တ်စပေါက်ကျန်ပြီး တချောင်းငင်နဲ့ ဟထိုးရှေ့ မှာပေါ်နေလို့ ။း)))))))
    အိုင်အိုရာ
    ReplyDelete
  16. အိမ်မှာလဲ ငပိရည်ကျိုချက်တာမျိုး ချက်လေ့ရှိတယ်။ ဒါပေမဲ့ အိုင်အိုရာချက်ထားတာလေးက စားချင်စဖွယ်ပိုကောင်း သလိုပဲ။ အားလုံးစားချင်ဖွယ်ရာတွေချည်းပဲ တင်ထားပါလား။ ဒီပို့စ်ဖတ်ပြီး တစ်ခုခုထ စားမှဖြစ်မယ်။
    ReplyDelete
  17. အောင်မယ်လေးဗျာ ..ဗိုက်ဆာနေပါတယ်ဆို ဒီဘလော့ ရောက်လာမှ ကလီစာတွေ ဘောင်ဘင်ခတ်ကုန်ပါပြီ။
    ReplyDelete
  18. တမာဖူးနဲ့ ငါးပိချက်ကိုစားချင်လိုက်တာအိုင်အိုရာရယ်။
    အကြော်သုပ်ပန်းကန်မြင်တာ အားရတယ်။
    အဲဒါနဲ့ အိမ်နောက်ဖေးသွားပြီး မြန်မာရေနွေးကြမ်းလေးထည့်တယ်။
    ပြီးတော့ ပြန်လာအဲဒါလေးကြည့် ရေနွေးမှုတ်သောက်ပေါ့။
    ....ငတ်ထှာ..........
    ReplyDelete
  19. တီဆွိ..
    ငါးပိချက်ကတော့ဘယ်လိုချက်ချက်စားကောင်းတာပါဘဲနော်။
    ဟုတ်ဘူးလား။
    ကေအိုတူး..(ကိုတူး?)
    အစားအသောက်တွေကြည့်မိရင်ကျမလည်း ဗိုက်ဆာလာတာဘဲ။
    ကောင်း..
    တမာဖူးတွေတရုပ်ဆိုင်ကတထုတ်ဝယ်ထားတာ သူကမစားတော့ ကို်ယ်တယောက်ထဲစားနေတာ မကုန်ကိုမကုန်နိုင်ဘူးကောင်းရေ။
    အိမ်ချင်းနီးရင်ကောင်းမှာဘဲနော်။ တူတူရေနွေးကြမ်းလေးသောက်ပြီး စားရင်းစကားပြောလို့ ရတာပေါ့နော။
    အိုင်အိုရာ
    ReplyDelete
  20. အမလေး မသိလိုက်ဘူးကုန်ပြီထင်တယ်
    မြန်မြန်စားမှ(ကျန်တာလေးတွေ)နောက်ကျသွားလေခြင်းကွယ်
    အားလုံးကောင်းတယ် အားလုံးကြိုက်တယ်
    ကျေးဇူးလဲတင်ပါတယ်ကျန်တာလေးကိုပဲ သုံးဆောင်သွားပါတယ်ရှင်
    ReplyDelete
  21. ဂျက်စ်..
    မပူနဲ့ မပူနဲ့  အများကြီးမှ အများကြီးရယ်။ ခုထိကိုရှိသေးတယ်။ မလောက်ရင် အကုန်ထပ်လုပ်ပေးလို့ ရသေးတယ်။
    လာအားပေးလို့ ကျေးဇူးတင်ပါတယ်။း)
    ReplyDelete
  22. ညီမရေ
    US မှာနေတယ်ဆိုတော့ ဘယ်မြို့မှာလဲ။ အမက New York မှာပါ။ ဟုတ်တယ် ယိုးဒယားဆိုင်မှာ ငပိရတယ်နော်။ အမကတော့ ကြက်သွန်နီ ဖြူကြော်ကို အဲဒီကဘဲဝယ်တယ်။ အိမ်မှာကြော်ရင်လည်း အနံရှိတယ်လေနော့်။ ညီမရေ တမာဖူးလေးဘယ်က၀ယ်တာလဲ စားချင်လိုက်တာ။ ညီမလေးတို့ blog တွေကိုကြည့်ပြီး ကိုယ်ကြိုက်တာလေးတွေကို လုပ်လုပ်စားရတယ်။ မိတ်ဆွေလည်းတိုးတာပေါ့နော်။ ကျေးဇူးတင်တယ်နော်။ နောက်ညီမရဲ့ ငါးပိကောင်ကြော်လေ။ အမက အဲဒီငါးကို ဒီတိုင်းအကျွတ်ကြော်စားတယ် ကောင်းတယ်နော်။
    ReplyDelete
  23. ညီမရေ
    US မှာနေတယ်ဆိုတော့ ဘယ်မြို့မှာလဲ။ အမက New York မှာပါ။ ဟုတ်တယ် ယိုးဒယားဆိုင်မှာ ငပိရတယ်နော်။ အမကတော့ ကြက်သွန်နီ ဖြူကြော်ကို အဲဒီကဘဲဝယ်တယ်။ အိမ်မှာကြော်ရင်လည်း အနံရှိတယ်လေနော့်။ ညီမရေ တမာဖူးလေးဘယ်က၀ယ်တာလဲ စားချင်လိုက်တာ။ ညီမလေးတို့ blog တွေကိုကြည့်ပြီး ကိုယ်ကြိုက်တာလေးတွေကို လုပ်လုပ်စားရတယ်။ မိတ်ဆွေလည်းတိုးတာပေါ့နော်။ ကျေးဇူးတင်တယ်နော်။ နောက်ညီမရဲ့ ငါးပိကောင်ကြော်လေ။ အမက အဲဒီငါးကို ဒီတိုင်းအကျွတ်ကြော်စားတယ် ကောင်းတယ်နော်။
    ReplyDelete
  24. မမူရာ..
    တမာဖူးကကယ်လီဖိုးနီးယားကတရုပ်ဆိုင်က၀ယ်တာပါ။
    ဖရိုးဇန်းအသီးအရွက်တွေထားတဲ့နေရာမှာတွေ့ တာပါ။ ဒညင်းသီးတို့ ဆူးပုတ်တို့ ထိုင်းငရုတ်သီးအနီတို့ ထားတဲ့နားလေးကတွေ့ တာပါ။
    အဲဒီငါးကိုဒီတိုင်းတော့မစားဖူးဘူးမမူရာ။ ကောင်းတယ်ဆိုရင်နောက်တစ်ခါကြော်စားအုန်းမှဘဲ။ အားတဲ့အခါလာလည်ဘို့ ဖိတ်ပါတယ်ရှင်။ မှတ်ချက်လေးပေးသွားလို့ လည်းကျေးဇူးတင်ပါတယ်ရှင်။
    ReplyDelete
  25. ဟားဟား- အမတမာဖူးကို ကယ်လီဖိုးနီးယားကို သွားဝယ်ရမယ် ညီမရေ (စတာနော်)
    အမဒီက ယိုးဒယားဆိုင်ကိုရောက်ရင် ရှာကြည့်အုံးမယ်။ တရုတ်ဆိုင်မှာတော့ မတွေ့မိဘူး ဒါပေမယ့်နောက်တရုတ်ဆိုင်တွေ ဈေးသွားဝယ်ရင် သတိထားရှာကြည့်အုံးမယ်နော်။
    လာလည်တယ်ညီမလေးရေ- ညီမလေးထဲက စားစရာလေးတွေက သွားရည်ကျရတယ်လေ :)
    မမူယာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။