Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, October 18, 2014
အနိုင်ကျင့်ခံရခြင်း
တကယ်တော့ခုတစ်လောကျမစိတ်မအားလူမအားဖြစ်နေပါတယ်။
ကျမစိတ်မအားတာကျမစိတ်မထားတတ်လို့ ဖြစ်ပါလိမ့်မယ်။
ကျမတစ်ခုခုလုပ်စရာရှိနေရင် မပြီးမချင်းစိတ်မအားဘူး။
လူကသာမလုပ်တာစိတ်ကမအားဘူး။း)
ပူပင်စရာတွေကို စိတ်ထဲမှာသိမ်းဆည်းမထားဖြစ်အောင်လေ့ကျင့်နေတယ်လေ။
အတွေ့ အကြုံတွေအရ စာတွေအရ ပူပင်ရတာတွေဟာ ဖြစ်လာလို့ ပူရတာထက်စိုးရိမ်မှုကြောင့်ပူပင်ရတာပိုများပါတယ်။
ဒါကိုသေသေချာချာနားလည်ခဲ့ပြီးသားပါ။ ဘ၀အတွေ့ အကြုံတွေအရ။
လူကလည်းအမြဲတမ်းအားနေတယ်ရယ်လို့ မရှိဘူး။
အပြင်ကိစ္စရှိရင်ရှိမရှိရင်အိမ်ကိစ္စရှိ။
အိမ်ရှင်မဆိုတော့လည်းရုံးပိတ်ရက်မှာမှလုပ်စရာတွေကလည်းများသား။
အဲလိုအချိန်မှာ ဒီနှစ်ရက်သုံးရက်မှာ ကျမဘလော့ကိုဖွင့်လိုက်ရင်
neocounter.neoworxblogtools.net/.....ဆိုတဲ့ဝက်ဆိုဒ်ကိုအလိုလိုဆက်ပြီးသားဖြစ်ပြီး
ရောက်ရောက်သွားတယ်။
တချို့ လည်းကြုံဘူးမယ်ထင်ပါတယ်။ သူတို့ တွေကြုံတုန်းကလည်းအတော်စိတ်ပျက်သွားကြမယ်ထင်ပါတယ်။ကျမနှစ်သက်တဲ့ဘလော့လေးတွေအဲလိုဖြစ်နေတုန်းက
စိတ်မကောင်းဘူးဖတ်မရလို့ ။ ဒါပေမဲ့ဘာကြောင့်အဲလိုဖြစ်သွားသလဲဆိုတာကိုတော့ နားမလည်ခဲ့ဘူး။ ဘလော့သက်တမ်းကုန်သွားလို့ များလားလို့ ပဲတွေးမိခဲ့တယ်။
ခုကျမကိုယ်တိုင်ကြုံတော့ ကိုယ့်ဘလော့လေးပျက်သွားမှာစိုးရိမ်သလို နှမြောစိတ်လည်းဖြစ်မိပါတယ်။
ကိုယ်ကကွန်ပြူတာသမားမဟုတ်တော့လည်းထဲထဲဝင်ဝင်လုပ်ရတာမျိုးတွေမလုပ်တတ်သလိုနားမလည်ပါဘူး။
ဒါပေမဲ့စိတ်ထဲမှာတော့ ခံပြင်းမိတယ်။
ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ဖန်တီးထားတဲ့အရာကို တခြားသူတခြားအဖွဲ့ အစည်းက ခေါင်းပုံဖြတ်အနိုင်ကျင့်သလိုမျိုးခံစားရတယ်။
ဒီတိုင်းတော့ခေါင်းငုံ့ အရှုံးမပေးနိုင်ဘူး။ အစွမ်းရှိသရွေ့ တော့ပြန်ခုခံရမယ်။
ဘာလုပ်ရမလဲဆိုပြီး အင်တာနက်မှာ အဲဒီ ဆိုဒ်နံမည်ရိုက်ပြီးရှာကြည့်တယ်။
ဒီတော့မှ ကိုယ့်လိုခံထားရတဲ့လူတွေမေးထားတာတွေ 
ပြန်ဖြေထားတာတွေဖတ်ရတယ်။
အမေးအဖြေတွေအပြင် ဖြေတဲ့သူက ပေးထားတဲ့လင့်တွေကိုလည်းလိုက်ဖတ်ကြည့်လိုက်တယ်။
ပြည့်ပြည့်စုံစုံပိုသိရတာပေါ့။
ကိုယ့်အခြေအနေနဲ့ တူတာလေးကြည့်ပြီးသူတို့ ညွှန်းတဲ့အတိုင်းလုပ်လုပ်ကြည့်တယ်။
သုံးလေးမျိုးဖတ်လိုက်လုပ်ကြည့်လိုက်နဲ့ ..သိပ်လည်းမဖျက်ရဲ မနှိပ်ရဲဘူး။ သူ့ ဟာမပျက်ပဲကိုယ်လုပ်မှကိုယ့်ဟာပျက်သွားစိုးလို့ ။း)
ကျမမှတ်မိသလောက်
တစ်ခုက ကိုယ်သုံးတဲ့ ဘရောက်ဆာပေါ်မူတည်ပြီး တချို့ ဟာတွေရှင်းပစ်ရတယ်။
ကျမကFirefox သုံးတော့ အဲဒီ က Tools အောက်ကနေ Clear Recent History ကိုသွားပြီး Browsing & Download history ရယ် Cache ရယ်ကို Clear လုပ်ပစ်ရတယ်။ လုပ်ပြီးတော့ ရီစတာ့ပြန်လုပ်ခိုင်းတယ်။
အဲဒီအတိုင်းလုပ်ပေမဲ့ မထူးခြားသေးဘူး။
ဒါနဲ့ ဆက်စပ်တာတွေထပ်ဖတ်ကြည့်ပြန်တယ်။
အဲဒီဆိုဒ်ကိုမတွေ့ ဘူး။ တော်တော်လည်းစိတ်ပိန်လာပြီ။ 
နောက်ဆုံးတော့မှ 
အထက်မှာရေးပြခဲ့တဲ့ နီယိုကောင်တာ ဆိုတာ ကျမအရင်တုန်းက ကျမဆိုဒ်ကိုလာလည်တဲ့ ဧည့်သည်တွေကို ဖေါ်ပြပေးတဲ့ဆိုဒ်ဆိုတာသတိထားမိသွားတယ်။ ဒါနဲ့ ကျမဆိုဒ်ထဲမရမကပြန်ဝင် ပြီး 
သူများအနိုင်ကျင့်ခံရတာကိုပြန်လည်ဖြေရှင်းလိုက်နိုင်လို့ ရယ်
ကိုယ့်စိတ်တိုင်းကျဖန်တီးထားတဲ့ဘလော့လေးပြန်ကောင်းသွားလို့ ရယ်ပေါ့။
ဒါကြောင့်ကိုယ့်လိုခံရတဲ့သူတွေရှိရင် စမ်းကြည့်ရအောင်အထောက်အကူရတဲ့ လင့်လေးကို 
တကယ်လို့ များဒီလိုအဖြစ်မျိုးကြုံခဲ့ရင်
အဲဒီလင့်အောက်ကလင့်လေးတွေသွားပြီးဖတ်ကြည့်ရင်ပိုပြီးရှင်းရှင်းလင်းလင်းနားလည်ပါလိမ့်မယ်။
ရှာနေရမှာစိုးလို့ ပြန်ဖတ်ပြီး အောက်ကလင့်လေး ထဲ့ပေးလိုက်ပါတယ်။
ကိုယ်နဲ့ တူတာလေးတွေလိုက်ဖတ်ပြီး စမ်းကြည့်တာပိုကောင်းပါတယ်။
ဒီဆိုဒ် ကတော့ရှင်းပြထားတာပါ။
လာလည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
အားလုံးကိုကျေးဇူးတင်လျှက်...
အိုင်အိုရာ
16 comments:
  1. မသိဘူးတော့.. :D
    မမအိုင်အိုရာ အလုပ်များနေလို့ ပို့စ်မရေးတာပဲ ထင်နေတာ
    ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခုပဲ ကို်ယ့်ဆိုက်က ကောင်တာကို ဖျက်ပစ်လိုက်ပြီ..
    ReplyDelete
    Replies
    1. ကာကွယ်ထားတာကောင်းတယ်စူးနွယ်လေးရေ။
      ကိုယ်တော်တော်စိတ်မကောင်းဖြစ်သွားတာ။
      Delete
  2. ဟုတ်တယ်.. မနေ့ကဘဲ အိုင်အိုရာ ဆီကို အလည်ဝင်ကြည့်တာ ဘယ်ရောက်ရောက်သွားမှန်းမသိလို့ ခေါင်းနောက်သွားမိတယ်.. တော်သေးတာပေါ့ .. ဘယ်လိုနည်းနဲ့ ပြန်ရအောင်လုပ်လို့ရလဲဆိုတာ တွေ့အောင်ရှာနိုင်လို့။
    ReplyDelete
    Replies
    1. အ၀ါရောင်သစ်ပင် သို့ အ၀ါရောင်အိပ်မက်များ...
      စိတ်မပျက်ပဲထပ်လာလည်လို့ ကျေးဇူးအများကြီးတင်ပါတယ်။
      စာတွေရေးပါအုန်း။
      Delete
  3. တော်သေးတာပေါ့၊
    ဒါတောင် အဲဒီလောက်မကြာသေးဘူးနော်၊ အရင်ပိုစ့်ရေးတုန်းအချိန်နဲ့ဆိုရင်၊
    အဲဒီလို ဘလော့တွေ အရင်က နှစ်ခုလောက်တော့ ကြုံဖူးတယ်၊ အခုမှ နားလည်ပြီ။
    ReplyDelete
    Replies
    1. ကိုယ်တိုင်ကြုံမှသိတော့တာ။
      ဒါကြောင့်သူများတွေ သတိထားရအောင်ချက်ချင်းရေးတင်ပေးလိုက်တာပါ။
      အိမ်သစ်လေးကိုသဘောကျနေတာ။
      မနက်ထတိုင်းပျော်နေမှာဘဲနော်။
      Delete
  4. အဲလိုပြောမှသတိရတယ် အိုင်အိုရာရေ ဂျက်ကဘလော့တော့ဘာမှမဖြစ်ဘူးနော် ဒါပေမဲ့ Burmese Classes မှာ ရုပ်ရှင်ကြည့်မရဘူး ဖွင့်လိုက်တာနဲ့ခု အိုင်အ်ုရာ ပြောသလိုပဲဖြစ်နေလို့ အဲတာလဲလုပ်လို့ရလားဟင်?
    ReplyDelete
    Replies
    1. ဂျက်..
      ကိုယ်လုပ်တာက ကိုယ့်ဘလော့ထဲကို pass word နဲ့ ဝင်ပြီးမှပြင်ရတာဆိုတော့ ဆိုဒ်ပိုင်ရှင်ကလုပ်မှရမယ်ထင်တယ်။ ကိုယ်လည်းအဲဒါမကြည့်ဘူးတော့အသေချာတော့မပြောတတ်ဘူး။
      Delete
  5. အိုင်အိုရာရဲ့ ဘလော့ကိုအလည်သွားတိုင်း မရလို့စိတ်ထဲစနိုးစနောင့်ဖြစ်နေတာ အခုတော့ ကျေနပ်သွားပြီ။ တီတင့်အိမ်ကိုအမြဲအလည်လာ အားပေးနေတဲ့အတွက်လဲ ကြုံတိုင်းဝင်ကြည့်နေမိတယ်။ တစ်ဘ၀ရဲ့ မှတ်တိုင်လေးတွေ ဆက်ရေးမှာပါ။ မစိုးရိမ်နဲ့ ဟာဟ လောလောဆယ် စိန်ခေါ်ပို့စ်ဝင်လာလို့ ကြားဖြတ်ဝင်တင်လိုက်တာပါ ♥♥♥
    ReplyDelete
    Replies
    1. တီတင့်..
      မြန်မြန်ပြန်ရသွားလို့ တော်သေးတယ်။ နို့ မို့ ရင်ရွာလည်နေမှာ။ အဲလိုဖြစ်တာတွေကြုံတိုင်းကိုယ့်ဖာသာဟိုဖတ်ဒီဖတ်နဲ့ ဖြေရှင်းရတာ။ ဗဟုသုတတော့တိုးသား။း)
      ဒါဆိုကောင်းခန်းတွေဖတ်ရတော့မှာပေါ့နော်။ ♥♥♥
      Delete
  6. တော်သေးတယ်။ ဟိုးအရင် ထည့်ထားတဲ့ gadget လေးတွေ ဘလော့ ဖျက်လိုက်တာနဲ့ ရော ပါသွားတာ။ နို့မို့ဆို မြတ်ကြည်လည်း ဒီ ဒုက္ခ ခံစားရလောက်တယ်။ ဒါပေမယ့် မြတ်ကြည် မမဆီ ဝင်ဝင်ကြည့်ရင် မပေါ်ဘူး။ ဟိုအရင်ကလိုပဲ၊ မထူးခြားဘူး။ Browser ကပဲ block လုပ်ထားလို့လားမသိဘူး။
    ReplyDelete
    Replies
    1. မြတ်ကြည်လေး...
      တော်သေးတာပေါ့ ဖျက်တဲ့ထဲပါသွားတာ။း)
      ဖြစ်တာသိပ်မကြာလိုက်ဘူး။ ဘလော့ကိုနေ့ တိုင်းလိုလိုဖွင့်ဖြစ်တော့ဖြစ်ဖြစ်ချင်းလိုလိုသိလိုက်တယ်။
      ပထမတစ်ရက်လောက်ကတော့ ရီစတာ့ပြန်လုပ်လိုက်ရင်ရမှာဘဲလို့ ခပ်ပေါ့ပေါ့တွေးလိုက်တယ်။ နောက်ရက်တွေကျမှသူများဘလောက်တွေကိုဖွင့်ရင် တခြားကိုရောက်သွားတာမျိုးနဲ့ တထပ်တည်းတူနေတာပိုသိသွားတာနဲ့ စိတ်လည်းပူ ဒေါသလည်းထွက်နဲ့ အသည်းအသန် စာတွေလိုက်ဖတ်ပြီးပြင်လိုက်နိုင်တာ။
      Delete
  7. အော်...ဒီလိုတဲ့လား..
    ကျမဘလော့လည်းဖွင့်လိုက်တိုင်း
    အီတလီစာတွေနဲ့ဘယ်ရောက်လို့ဘယ်ပေါက်မှန်းကိုမသိဘူး
    ဘာဖြစ်နေမှန်းလည်းမသိဘူး..
    ဖွင့်မရဘူးဆိုတော့ ကွန်ပြူတာရှေ့မှာဟိုရှာဒီရှာနေတာက
    ၁ဝရက်ကျော်ပေါ့..နောက်တော့လည်းဘာမှမလုပ်တတ်ပါဘူး
    ဘလော့ကိုခပ်ရှင်းရှင်းဘဲထားတာကကောင်းနေရော..
    မှတ်စရာတခုတိုးလာပြီ..မအိုင်အိုရာရေ့..
    ပြီးရင်ဟင်းချက်တော့နော်.. :D
    ReplyDelete
    Replies
    1. မီးမီး..
      ဟုတ်တယ်..အဲဒီလို။း)
      ကိုယ်လည်းတရုတ်စာတွေပေါ်တာသုံးလေးခါကြုံဘူးတယ်။
      တခါတလေလည်း ရီစတာ့ပြန်လုပ်လိုက်ရင်ပျောက်သွားတယ်။
      တခါတုန်းကတော့ ရီစတာ့နဲ့ မရဘူး။
      ကိုယ်ထင်တာတော့တခုခု ဒေါင်းလုဒ်လုပ်လိုက်ပြီး ဖြစ်သွားတာ။
      အဲဒီ app ကိုပြန်စဉ်းစားပြီး ဖယ်ပစ်လိုက်မှပြန်ကောင်းသွားတာ။
      ရက်ကြာသွားရင်ကိုယ်ဘယ်ဟာဒေါင်းမိမှန်းမမှတ်မိတော့ဘူး။
      ဟင်းတွေချက်တယ်။ တင်ပေးအုန်းမယ်။
      မီးမီးလည်းအလုပ်လုပ်တော့သိပ်မအားတော့ဘူးပေါ့နော်။
      Delete
  8. အိုင်အိုရာရေ ....... လာနှုတ်ဆက်သွားပါတယ်.... အလုပ်သစ်နေရာသစ်ပြောင်းလို့ စာတွေ မဖတ်ဖြစ်တာ ကြာပေါ့ .... တနှစ်ကျော်ကြီးများတောင်မို့ နောက်များမှ ဖတ်စရာအကြွေးတွေလာဖတ်တော့မယ်နော်...
    မိုးစက်
    ReplyDelete
  9. မိုးစက်ရေ..
    မှတ်မှတ်ရရလာနှုတ်ဆက်လို့ ကျေးဇူးတင်ဝမ်းသာတယ်နော့်။
    လာဖြစ်အောင်လာနော်။း)
    အလုပ်သစ်နေရာသစ်တွေအကြောင်းလည်းရေးပါအုန်း။
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။