Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, February 9, 2014
အပျော်နေ့ လေးတစ်နေ့ ရဲ့ နောက်ဆက်တွဲ
ကြက်ဥဆီပြန်၊ ၀က်သားအချိုချက်၊ ဘူးသီးနဲ့ ကြာဆံဟင်းခါး၊ မန်ကျည်းသီးထောင်း ငပိရည်ကျိုချက် နဲ့ တို့ စရာ
လား တစ်ဝက်လို့ ပြောရမလားဘဲ။ အချိန်လည်းသိပ်မရှိတော့မထူးဆန်းတဲ့ချက်နည်းတွေမရေးတော့ဘူးနော်။ အရင်ကလည်းတင်ပြီးသားတွေဘဲလေနော်။
ကင်းပုံသီးချက်တာပါ။ ကြက်သွန်ဖြူနီကြိတ်ထားတာကိုဆီအရင်သတ်။ မွှေးပြီးနဲနဲခြောက်လာတော့ပုဇွန်ခြောက်မှုန့် ထဲ့၊ ခရမ်းချဉ်သီးလေးတစိတ်လောက်ဖဲ့ညှပ်ထဲ့။ ပြီးတော့ကင်းပုံသီးထုထားတာတွေထဲ့။ ဒီတစ်ခေါက်တော့အဖတ်ကြီးကြီးစားချင်လို့ သိပ်သေးသေးမဖဲ့ပစ်ပါဘူး။ များသောအားဖြင့်ဆိုရင်တော့ထုထားတာကိုခပ်ရွယ်ရွယ်လေးတွေဖဲ့ပြီး မျှစ်နဲ့ ချက်ပါတယ်။ မျှစ်ထဲ့ရင်ရုံးယူရင်အနံ့ နံမှာစိုးလို့ မထဲ့တော့ဘူး။ ကင်းပုံသီးထဲ့ပြီးဆား၊ ငံပြာရည်ထဲ့ လုံးထား။ မအိသေးတော့ရေလေးနဲနဲထပ်ထဲ့ပေါ့ အဖုံးအုပ်ပြန်တည်။ အိုင်အိုရာကနှပ်သလိုမျိုးစားချင်လို့ ရေနှစ်ခါသုံးခါလောက်နဲနဲချင်းထဲ့ပြီးတည်ထားတာပါ။ နောက်ဆုံးကျငရုတ်သီး
စပ်စပ်လည်းရုံးယူသွားရင်ပါအောင်လို့ ငရုတ်သီးစိမ်းထဲ့လိုက်ပါတယ်။
ကြက်ကိုအကောင်လိုက်ချက်စားရတာကြိုက်လို့ ခုနောက်ပိုင်းအချိန်ရတိုင်းအကောင်လိုက်ပဲချက်ဖြစ်ပါတယ်။ ရိုးရိုးဆီပြန်ချက်ထားတာပါ။ ဆီမကြိုက်သူတွေအသားလေးပဲဆည်စားနော်။ တပါတ်စာရုံးသွားရင်ယူသွားနိုင်အောင်ချက်ထားတာပါ။ အခါခါခွဲခွဲခပ်ထဲ့ရတော့နောက်ဆုံးကျဆီလည်းအိုးထဲသိပ်မကျန်တော့ပါဘူး။ ထမင်းဘူးကပြန်ပါလာရင်ဆေးပစ်လိုက်တော့ဆေးတဲ့ထဲပါတာခပ်များများ။
အဆင်ပြေသလိုတွေးကြည့်ပါတော့ ဘယ်လိုကြောင့်တခြမ်းစောင်းဖြစ်သွားတယ်မသိ။
ကင်းပုံသီးဟင်းကျက်ပြီ။ ကြိုက်သလောက်ထဲ့စား။ ဒါကတကယ်တော့ကြက်သားနဲ့ ကင်းပုံသီးကပြီးခဲ့တဲ့အပါတ်ကချက်စားထားတာပါ။
ကြက်ဟင်းခါးသီးကြော်ပုံကောင်းကောင်းမရှာနိုင်လို့ ပါလာတာဘဲတင်လိုက်တယ်။ ချစ်ချစ်ကခြောက်နေမှစားလို့ တော်တော်ခြောက်ခြောက်လေးကြော်ထားတာပါ။ ခြောက်ရင်မခါးသလောက်ပဲဆိုတော့သူကကြိုက်တယ်လေ။
လာပါပြီ ကဆစ်သီးလို့ ထင်တဲ့အသီး (ချစ်စရာလေးတွေနော်။)
အလူမီနမ်ဖွိုင်လ်နဲ့ ပတ်ပြီးအာဗင်ထဲမှာဖုတ်ထားတာပါ။ မပေါက်အောင်လို့ ခရင်းနဲ့ ဖေါက်ထားတာလေ။
ထက်ခြမ်းခွဲပြီးအသားလေးတွေခြစ်ယူတော့ဒီလိုအခွံလေးတွေကျန်တယ်။ ဒါပေမဲ့ဝါးကြည့်တော့အရမ်းနုပြီးချိုနေလို့ အခွံတွေပါပြန်ထဲ့ကြိတ်လိုက်တော့တယ်။း)
စုပြောသလိုဘဲ။ ငရုတ်သီးစိမ်းနဲ့ ငပိနဲ့ ပုဇွန်ခြောက်နဲ့ ကြက်သွန်ဖြူနဲ့ ရောကြိတ်ထားတာပါ။
ကဆစ်သီးလို့ ထင်တဲ့အသီးထောင်းရပါပြီဘယ်ဘက်က။ စုလုပ်တာတော့ကြက်သွန်နီထဲ့တယ်။ ကိုယ်က ကြာကြာထားရင်ညီးစော်နံသွားမှာစိုးလို့ မထဲ့ထားဘူး။ စားလို့ တော့တကယ်ကောင်း။ အစေ့လေးတွေကလည်းပြောင်းဖူးနုနုလေးကျနေတာဘဲတော်တော်ချိုတယ်။ ငံငံစပ်စပ်ချိုခါးမှာအနံ့ လေးကလည်းမီးဖုတ်ပြီးဆီစိမ်းလေးစမ်းထားတော့မွှေးနေတာဘဲ။ (စုလေးရေ ကျေးဇူးနော်။) ညာဘက်ကငပိထောင်း။ ငပိပိုဖုတ်ပြီးငပိထောင်းပါလုပ်ထားလိုက်တယ်။ ငပိထောင်းလည်းကုန်နေလို့ လေ။
ငရုတ်သီးခြောက်ကြော်၊ ငရုတ်သီးစိမ်းမီးကင်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူများများနဲ့ ကြိတ်ထားတဲ့အိုင်အိုရာ့အကြိုက်ငပိထောင်း
မွှေးကြိုင်နေတဲ့ကဆစ်သီးလို့ ထင်တဲ့အသီးထောင်း
ဒါကငါးချဉ်ကြော်မလို့ ကြက်သွန်ဖြူနီဆီသတ်နေတာ
ကိုယ်တိုင်လုပ်ထားတဲ့ငါးချဉ်။ တော်တော်စားလို့ ကောင်းတယ်။
ချခါနီးတော့ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်။ သူလည်းမွှေးနေတာဘဲ။
ဒါကကြားဖြတ်။ နှင်းမကျတဲ့အရပ်မှာနှင်းတွေကျလို့ ထူးထူးခြားခြားမို့ ရိုက်ထားတာ။ အဲဒီပိုက်အောက်ကစနိုးတွေ။ နယူးယောက်ဘက်ကလူတွေကတော့ရီတာပေါ့ရီတာပေါ့ဆို..ပြောတော့မှာ။ အဟက်..
အောက်ကဟာကငါးချဉ်ကြော်ပါ။
ဒါကအဲဒီနေ့ က၀ယ်လာတဲ့ဘူးသီးတစ်လုံးကိုကြော်စားတာပါ။ တစ်ယောက်စာထဲမို့ အားတော့နာပါတယ်နည်းနည်းလေးဖြစ်နေတယ်။
ဝက်သားအချိုချက် ကမန်ကျည်းသီးစိမ်းထောင်းနဲ့ လိုက်လို့ အချိုချက်လိုက်တာလေ။
ဘူးသီးနဲ့ ကြာဆံဟင်းခါး
စိတ်ကြိုက်သယ်ကြသုံးဆောင်ကြတော့နော်။
ကြက်ဥ ပုဇွန်ခြောက် ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်
ငပိရည်ကျိုငပိချက်။ တကယ်တော့အဲဒီအရင်ကရခိုင်မုန့် တီချက်စားထားတာ။ ငရုတ်သီးစိမ်းအနှစ်ထောင်းတွေအများကြီးကျန်နေလို့ ဝယ်လာတာတွေနဲ့ တို့ စားလို့ ရအောင်ချက်လိုက်တာပါ။ ငါးနဲ့ ငရုတ်သီးစိမ်းထောင်းတွေနဲ့ ကြက်သွန်ဖြူနီကိုဆီနည်းနည်းလေးနဲ့ အရင်သတ်ပြီးမှငပိရည်ကျိုကိုထဲ့ချက်လိုက်တာပါ။ ပွက်ပွက်ဆူပြီးခဏနေတော့အရသာမြည်းပြီးနံနံပင်အုပ်တာပေါ့။
မန်ကျည်သီးစိမ်းထောင်းကိုအပေါ်ယံလေးဆီစိမ်းစမ်းထားပါတယ်။ ခုကြည့်ရင်းနဲ့ တောင်ပြန်စားချင်လာပြီ။ ကျန်သေးတယ် တစ်ခါစာချက်စားမလားလို့ ။
တက်စာတွေချည့်ပဲ။ လုပ်လိုက်ရင်အဲလို။ နဲနဲပဲစားတာပေါ့။ ကြက်ဟင်းခါးသီးနဲ့ ခရမ်းသီးကလည်းအရမ်းလတ်တော့ပြုတ်တို့ လိုက်တာ။ မျှစ်ကတော့ဘူးဖေါက်ပြီးပြန်ပြုတ်ထားတာပါ။
ဟင်းနုနွယ်ရွက်ပါကြော်လိုက်တယ်မနွမ်းသွားခင်လေ။
မုန့် ဟင်းခါးနောက်နေ့ ချက်စားလို့ ဝယ်လာတဲ့ဘူးသီးကိုကြော်စားတာပါ။
မုန့် ဟင်းခါးကရာသက်ပန်ချစ်သူ
နောက်နေ့ ကျတော့ပဲကြော်ပါကြော်လိုက်သေးတယ်။ သူများလို တစ်ချပ်ချင်းကြော်နေရမှာစိတ်မရှည်အချိန်ကုန်တော့တစ်ချပ်တစ်ချပ်ကိုအဲလောက်ကြီးဒယ်အပြည့်ထဲ့ပစ်လိုက်တယ်။ ပြီးတော့ချေပစ်ရမှာဘဲနော့်။း)
 ဘေးကဂေါ်ရခါးသီးကြော်။
ဘူးပဲမုန့် ဟင်းခါး
နယ်လိုက်ပြီ
အချိုပွဲလေးတော့နောက်တစ်ပို့ စ်ကျမှပဲသုံးဆောင်တော့နော်။
အင်ဒီးယန်းဆိုင်က၀ယ်လာတာလေးတွေချက်ထားတာမျှော်နေမှာစိုးလို့ 
အကုန်စုပေါင်းစပ်ပေါင်းတင်ပေးလိုက်ပါတယ်။
ဆွေမွန်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
အစဉ်ကျေးဇူးတင်လျှက်..
ခင်မင်လေးစားသော..
အိုင်အိုရာ
37 comments:
  1. ငါးငပိရည်​ကျိုချက်​ အ၇မ်းကြိုက်​တာ,၊ ချက်​နည်းမှတ်​သွားတယ်​။ မမရဲ့ ကဆစ်​သီး​ထောင်းလည်း စားဖူးကြည့်​ချင်​လိုက်​တာ။
    ReplyDelete
  2. မန်ကျည်းသီးထောင်း ငပိရည်ကျိုချက် နဲ့ တို့ စရာ-------စားချင်တာတွေများလို့ဘာတွေစားရမလဲတောင်မသိတော့ပါဘူး
    ငါးချဉ်နဲ့ --ပုဇွန်ချဉ် လုပ်နည်းလေးပြောပြပေးပါ---ကျေးဇူးတင်လျှက်
    ReplyDelete
  3. မြတ်ကြည်လေး...
    ဒီကလည်းအရမ်းကျွေးချင်တာခလေးရေ။
    ငါးငပိရည်ကျိုချက်နဲ့ နယ်ထားတဲ့ထမင်းဆိုအသားတောင်မလိုဘူးနော်။ စားလို့ သိပ်ကောင်းတာ။
    ကဆစ်သီးထောင်းစားလို့ ကောင်းတယ်။ စု ကိုကျေးဇူးတင်နေတာ။ နို့ မို့ ရင်ချက်ပဲစားဖြစ်မှာ။ ကဆစ်သီးတောင်မှမမြင်ဘူးတာကိုးလေ။
    ဂျက်...
    စိတ်ထဲတွေ့ တာသာစားဂျက်ရာ။
    ပုဇွန်ချဉ်လုပ်နည်းလေးတင်ထားတာမကြာသေးဘူးဂျက်။
    Search this blog..box မှာပုဇွန်ချဉ်လို့ ရိုက်ပြီးရှာလိုက်နော်။
    ငါးချဉ်ကိုပုဇွန်ချဉ်လုပ်သလိုပဲလုပ်ထားတာပါ။ အိမ်စားပေါ့နော်။
    အိုင်အိုရာ
    ReplyDelete
  4. ကဆစ်သီးနဲ့  ကင်ပုံသီးကို မသိဘူးရယ်..ခုတော့ သိသွားပြီ...မနေ့ က မြန်မာဆိုင်ကနေ ပုဇွန်ချဉ်နဲ့ ငါးချဉ် ဝယ်လာတာ...သုတ်စားမယ်လို့ တွေးနေတာ..ခုတော့ ကြော်စားဖို့ တမယ် တိုးပြီ...ဗိုက်တောင် ဆာသွားပြီ...မြိန်လိုက်တဲ့ ထမင်းဝိုင်းလေး...နယူးယောက်ကသူတွေက အဲဒီနှင်းလောက်ဆို ချစ်မှာ..ခုတော့ ရေခဲထဲ မချောအောင် လျှောက်ရ၊ နှင်းတွေ တူးရ၊ အေးလွန်းလို့  နွေရယ် မြန်မြန်ရောက်ပါတော့လို့  တနေကြလေရဲ့ ...
    ReplyDelete
    Replies
    1. စန်းထွန်းလေး..
      ပုဇွန်ချဉ်သုတ်စားလည်းကောင်းတာဘဲ။ ချစ်ချစ်ကအဲဒါတွေဆိုသုတ်မှကြိုက်တယ်။ ကိုယ်ကတော့ကြော်ထားတဲ့အနှစ်လေးတွေကိုကြိုက်တယ်။
      စန်းထွန်းလည်းခုနယူးယောက်သူဖြစ်သွားပြီဆိုတော့အဲလိုပဲတနေမှာပေါ့။ အဲဒီရက်လေးနှစ်ရက်ကိုကားကရေခဲတွေခွာရထိုးရနဲ့ စနိုးတွေအရမ်းကျတဲ့စန်းထွန်းတို့ ဘေဘီတို့ သက်တို့  မီးမီးတို့ ဖက်ဆိုစိတ်ညစ်စရာကြီးလို့ တွေးနေတာ။
      နယူးယောက်လာတုန်းကနွေကြီးပူမှပူစန်းထွန်းရေ။
      Delete
  5. ကဆစ်သီးကို အခုမှ မြင်ဖူးတော့တယ်.... တစ်ဝကြီး စားသွားပြီ.... :P
    ReplyDelete
    Replies
    1. ကိုအောင်ထွဋ်..
      ကျမလည်းပုံကိုသေသေချာချာခဏခဏကြည့်ထားလို့ ဒါကဆစ်သီးပဲလို့ ထင်လိုက်တာ။
      စားပါရှင်..စားပါ....
      Delete
  6. မကျည်းသီးထောင်းစားဦးမယ်...ဟင်းတွေအားလုံးကို မနေ့ညသန်းခေါင်လောက်ကြီးဝင်ကြည့်မိတာ ..ဗိုက်တော်တော်ဆာသွားတယ်...။
    ReplyDelete
    Replies
    1. မိုးငွေ့ ....
      မန်ကျည်းသီးစိမ်းကိုလေမစားရတာကြာလှပြီ။ ကိုယ်သွားသမျှကုလားဆိုင်တွေမှာ လယ်သမားဈေးတွေမှာ တရုတ်ဆိုင်တွေမှာ အမြဲရှာတယ်။ တခါမှမတွေ့ ဘူး။ ဒီတခေါက်မှပေါ်ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုင်ပစ္စည်းလာချိန်နဲ့ ကိုက်လို့ ကံကောင်းပြီးစားရတာ။
      ဒီတပါတ်ကျန်တာလေးကိုပုဇွန်နဲ့ ချက်စားမယ်လို့ တွေးနေတာ။ မြန်မာပင်စိမ်းလေးနဲ့ ဆိုကောင်းမှာ။ ဒီမှာကဘိုပင်စိမ်းတွေပဲရှိတယ်။ ကဲ...ခုမိုးလင်းနေပြီ။ ချက်စားတော့နော်။း)
      Delete
  7. ဘူးပဲ မုန့်ဟင်းခါးကို မြင်လိုက်ရတဲ့ခဏမှာ တံတွေးတချက်ကို ခမန်းခတန်း မျိုချလိုက်ရတယ် :)
    ReplyDelete
    Replies
    1. လသာည...
      ကိုယ်လည်းအဲဒါတင်နေတော့မုန့် ဟင်းခါးစားချင်လိုက်တာဆိုပြောနေတာ။
      ခဏခဏချက်စားလည်းစားချင်နေတာဘဲမုန့် ဟင်းခါးကို။း)
      Delete
  8. အကြိုက်တွေချည်းပဲ ဟင့်.... မင်ြသာမြင်ရ မကြင်ရဘူး..
    ReplyDelete
    Replies
    1. စူးနွယ်လေး...
      တခါခါကြင်ချင်တာတောင်ဒီမှာမမြင်ရဘူးနော်။
      ဒီကလည်းမြင်တုန်းလေးကြင်လိုက်ရတာ။
      ကိုယ်သိတယ်။ ကိုယ်နဲ့ စူးနွယ်နဲ့ အကြိုက်တူတယ်ဆိုတာ ဟိုးတုန်းကတည်းက။
      Delete
    2. http://suenwelay.blogspot.de/2014/02/blog-post_20.html
      မှန်တယ် မှန်တယ်
      ဒီတခါရော အကြိုက် တူသေးလားဟင် :D
      Delete
    3. စူးနွယ်လေး..
      စူးနွယ်လေး font ပြောင်းလိုက်ကတည်းကကိုယ်ဖတ်လို့ မရတော့တာ။ ဒါပေမဲ့အသစ်တင်တိုင်းလာပြီးမှန်းပြီးဖတ်ကြည့်တယ်။ အဲဒီအောက်ဆုံးမှာမေးထားတာမှန်းဖတ်ပြီးဖြေချင်နေတာ။း)
      အကြိုက်တူသေးတယ်နော်။ ကိုယ်ကပဲပုတ်ကိုဘယ်လိုလုပ်လုပ်ကြိုက်တယ်။ စူကာညွန့် အရမ်းကြိုက်။
      ငါးခြောက်ဖုတ်၊ ငါးပိကောင်မကြိုက်လူမိုက်လို့ တောင်ဆိုချင်တာ။ မျှစ်သုတ်လေးကကြည့်ရင်းနဲ့ တောင်မွှေးလာသလို။ တကယ်။
      Delete
    4. ယူနီကုဒ်ဖွန့် Myanmar3 ပြောင်းသုံးလိုက်တာ လာဖတ်တဲ့သူ သုံးပုံနှစ်ပုံလောက် နည်းသွားတာ သိတယ်။
      ဒါပေမယ့် ကိုယ်က ကြိုက်တာကိုးနော် :)
      ငါးပိငါးခြောက်တော့ ဘာကြိုက်သလဲ မမေးနဲ့...ဒါတောင် ငါးလူး ငါးပိကောင် စားချင်တာ အဲဒီဘက်မှာ မရလို့ မစားလိုက်ရဘူး။
      ငါးလူးငါးပိကောင် သိလား..ငါးလူးငါးက အကောင်သေးလေးတွေ..အဲဒါကို ဗိုက်မဖောက်ဘဲ ငါးပိကောင်လုပ်ထားတာ။
      နည်းနည်း သက်တယ်။ ကြော်ပြီး ဂျူး မြစ်လေးနဲ့ အိုးကပ်လေး ပြန်ချက်စား..ကောင်းမှကောင်း၊
      Delete
    5. စူးနွယ်လေး...
      Myanmar3 font ကို ကိုယ်ကယ်လီဖိုးနီးယားမှာကျောင်းတက်တုန်းကကိုယ့်ရဲ့ မာစတာစာတမ်းတစိတ်ဒေသမှာ အင်္ဂလိပ်လိုနဲ့ မြန်မာလိုတွဲထဲ့ပေးရတာစာမျက်နှာ ၂၀ လောက်ပါတော့အဲဒါကိုသုံးတာ။ အဲတုံးကကိုယ်သုံးတာက ပန်းသီးမက်ကွန်ပြူတာ(ခုရောပါဘဲ)။ အဲဒါမက်နဲ့ ကအဲတုံးက မြန်မာ၃ ဖွန့် သုံးမှအဆင်ပြေတယ်။ မြန်မာဖွန့် တွေက၀င်းဒိုးနဲ့ ဆိုအားလုံးအဆင်ပြေတယ်။ ကိုယ့်ရဲ့ အဲဒီစာကြမ်းကိုစမစ်ဆိုနီယမ်က ပရော်ဖက်ဆာတစ်ယောက်ကလည်း edit လုပ်တော့ သူ့ စီကို အီးမေးလ်နဲ့ တလျှောက်လုံးအမြဲပို့ ရတယ်။ တစ်ခြားဖွန့် တွေကအမှားတွေပေါ်ပေါ်ပြီး ဟိုပို့ ဒီပို့ မှာ ပြောင်းပြောင်းကုန် ပြီးတော့ပတ်ဆင့်တွေပါရင်ရိုက်မရ။ မြန်မာ၃ နဲ့ မှအဆင်ပြေသွားခဲ့တာ။ သူလည်းမြန်မာစာမတတ်ပေမဲ့မြန်မာ၃ ကိုအင်စတောလ်လုပ်ထားခဲ့ရတယ် ကိုယ့်စာတမ်းအတွက်။ ဒါနဲ့ အင်စတောလ်လုပ်ပြီးစာတမ်းတင်စာအုပ်ထုတ်တဲ့ထိအဲဒါနဲ့ သုံးခဲ့ရတယ်။ ဒီဘလော့မှာကျတော့ဇော်ဂျီဝမ်းကိုစသုံးပြီးသဘောကျလို့ ဇော်ဂျီဝမ်းကိုသုံးတာ။ တခါကျတော့ဖွန့် တွေပုံမှန်မပေါ်တော့လို့ မနဲ လျှောက်ဖတ်ပြီးပြန်ကုထားရတာ။ ဘလော့လေးပျက်သွားမှာစိုးလို့ လေ။ကံကောင်းတော့တော်တော်ကြာကြာဟိုဖတ်ဒီဖတ်လုပ်ရင်းပြန်ကောင်းသွားတာ။ ကိုယ့်လက်ပ်တော့ကိုမကလိရဲသေးဘူး။ စူးနွယ်စီစာလာဖတ်တို်င်းကလိချင်နေတာ။ လောလောဆယ်လည်းအသစ်မ၀ယ်ချင်သေးတော့မကလိသေးတာ။ အသစ်ဝယ်ပြီးရင်တော့ကလိတော့မှာ။
      ကဲ..အာလူးကများသွားပြီ။ ငါးလူးကိုသိတယ်။ ငါးလူးကိုငါးပိကောင်အနေနဲ့ တော့မစားဖူးဘူးရယ်။ ငါးလူးကိုကိုယ်တို့ အိမ်ကအိုးကပ်ချက်တယ်။ ငါးပိချက်ချက်တယ်။ ချဉ်ရည်ဟင်းထဲထဲ့တယ်။ ငါးပိရည်ဖျော်ရင်မိးကင်ပြီးထဲ့တယ်။ ဟင်းချိုထဲလည်းထဲ့တာပါဘဲ။
      စူးနွယ်ပြောတာနဲ့ ကိုယ်စားချင်လာပြီ။ ဒီမှာဂျူးမြစ်လုံးဝကိုမမြင်ဖူးဘူး။ အပင်တွေကျတော့ရောင်းတယ်ကွာ။ အဲဒါလည်းတရုတ်ဆိုင်မှာပါ။ ကိုယ်တို့ ကအမြစ်ပဲစားတာအပင်ဆိုသိပ်ထဲ့ကြတာမဟုတ်ဘူးနော်။
      Delete
    6. ငါးလူးကို မသိလောက်ဘူး မှတ်နေတာ :)
      ငါးလူးငါးပိကောင်ကို ငါးပိချေးခါး လို့ အိမ်ကခေါ်တယ်။ ဗိုက်မဖောက်တော့ ခါးသက်သက်လေးမို့လို့လေ။ အရမ်းကြိုက်တာ။ သူက တအားမခြောက်ဘူး ခပ်စိုစိုလေးရယ်။ မစားရတာ ကြာလှပြီ။
      ဂျူးမြစ်ကို အခု ကိုးရီးယားကို ဆေးဘက်ဝင်အဖြစ် အမှုန့်လုပ်ပို့နေကြတယ် ကြားတယ်။ အဲဒါ ရေးခဲ့ဖို့ မေ့သွားလို့ ခုမှပြန်သွားရေးထားလိုက်သေးတယ်။
      ဟုတ်တယ် ... အဲလို အဆင်ပြေတာ မြန်မာ၃က ယူနီကုဒ်စံ လိုက်နာတဲ့ ဖွန့် မို့လို့။ ပိတောက်တို့ ပုရပိုက် တို့ဆိုတာတွေ ရှိသေးတယ်။ မြန်မာ၃လေးက လှတယ်ထင်လို့ ရွေးလိုက်တာ။ ဇော်ဂျီကတော့ ယူနီကုတ်စံ မဝင်ဘူးပေါ့။ ယူနီကုတ်ဖွန့်နဲ့ဆို space ခြားချင်ရင် cursor လေး ချလိုက်တာနဲ့ သက်ဆိုင်ရာ စာလုံးကို သူ့အတွဲနဲ့တူ ခွဲပေးတယ်။ ကိုယ့်အတွက် ရိုက်ရတာလဲ ပိုအဆင်ပြေတယ်။ ယူနီကုတ်စံ အကြောင်း ရေးထားတာ ဖတ်မိကတည်းက ပြောင်းသုံးပစ်လိုက်တာ။ အဲဒီတုန်းက တော်တော်လေးကို အိုင်တီသမား တွေကြားထဲ အငြင်းပွား၊ စာတွေရေး ရန်ဖြစ်ကြသေးတယ်လေ။ :D ကိုယ်လည်း ဟိုဖတ်သည်ဖတ်နဲ့ နောက်ဆုံးတော့ ယူနီကုတ်ကို ရွေးချယ်ပစ်လိုက်တာပေါ့။ ဇော်ဂျီကတော့ မရှိသုံးလေး သုံးခဲ့တာပေါ့။
      ဒါဆို လက်ပတော့ အသစ်ရရင် ကလိတော့နော်။
      Delete
  9. မအိုင်အိုရာရေ..
    ကွန်ပြူတာနဲ့အလုပ်ရူပ်နေလို့..
    နောက်ဆုံးမှရောက်လာရတယ်...
    အားပါးပါး...လို့ဘဲအော်လိုက်ချင်ပါတယ်...
    ငါးဟင်းတွေအားလုံးကြိုက်တယ်..
    ကဆစ်သီးနောက်တခါထပ်သွားရရင်ဝယ်လာထောင်းစားအုံးမယ်..
    နောက်ပြီးနှင်းတွေထပ်ကျလာရင်
    သူတို့ကို မအိုင်အိုရာတို့ဖက်သွားဖို့ပြောလိုက်အုံးမယ်..
    :P
    ReplyDelete
  10. မီးမီးရေ..
    အဲဒီနှင်းတွေတွေ့ တော့မီးမီးတို့ ကိုသတိရနေတာ။
    ကိုယ်တို့ ကိုအလုပ်နှစ်ရက်အရေးပေါ်ပိတ်ပေးလို့ ပျော်တာ။
    ချစ်ချစ်ကတော့မပိတ်တော့ရေခဲတွေတွန်းရထိုးရနဲ့ သွားရတယ်လေ။
    ချစ်ရင်အဲလိုမကျီစားရဘူးနော်။ .....
    ReplyDelete
  11. ခုတလော ခရီးက ပြန်လာတာမို့လို့ ဟင်းကောင်းကောင်း မစားဖြစ်ဘူး…
    အိုင်အိုရာဟင်းတွေမြင်ပြီး သွားရည်တောက်တောက်ကျတယ် တကယ်ပြောတာ..
    အဲဒီဟင်းလေးတွေနဲ့သာ စားလိုက်ရမယ်ဆိုရင် နတ်ပြည်ဆယ်သက် တကယ်မမက်ပါတယ် လို့ အော်လိုက်ရမလိုဖြစ်သွားမယ် ထင်တယ်။ 
    ဒီဟင်းတွေမြင်ပြီး အိမ်လာလည်ချင်လိုက်ထှာ 
    ဒီမှာတော့ အတူနေတဲ့ ညီမလေးက ထမင်းဟင်းကို သူပဲချက်တာ သူက ငပိမစားတော့ ဗမာဟင်းတွေ လုံးဝကို မချက်သလောက်ပဲ… ကိုယ်ကလဲ ပျင်းနေတော့ သူချက်တာ စားရတဲ့ဘဝမှာ ပေါ့ရွှတ်ရွှတ် ဖြူတူတူဟင်းတွေနဲ့ပဲ နှစ်ပါးသွားနေရတယ် .
    ဟင်းတွေကြည့်ပြီး မနာလိုတောင်ဖြစ်သွားရတယ်
    :P
    ReplyDelete
    Replies
    1. ချော..
      ခရီးပန်းနေတာပေါ့နော်။
      ကိုယ်ကလေမြန်မာပြည်မှာတုန်းက ငပိချက်တော့ကြိုက်တယ်။ ဒါပေမဲ့ဟင်းထဲမှာငပိစော်နံနေရင်မကြိုက်ဘူး။ သိပ်ဂျီးများတယ်။
      ခုတော့လေ..ငတ်တာများတော့ငပိဖုတ်လေးစားရရင်တောင်သဘောတွေကျနေတာ။
      သူများချက်ပေးတာဇိမ်နဲ့ စားရတာကျေးဇူးတင်ရမယ်နော်။ ဘယ်ဂျီးများလို့ ဖြစ်မလဲ။
      ကိုယ်တို့ မှာကိုယ်ချက်မှကိုယ်စားရမို့ လုပ်ချင်တာလုပ်နေတာ။ ချက်ကျွေးတဲ့သူရှိရင်ကျွေးသလိုပဲစားမှာ။း)
      အိမ်လာလည်တဲသူမှန်သမျှထမင်းအတင်းကျွေးလို့ ရှိတဲ့သူငယ်ချင်းတွေကလာဖို့ တောင်တွန့် နေပြီ။ လာလည်လို့ ကတော့ကျွေးပြီးသား။း)
      အိုင်အိုရာ
      Delete
  12. အစ်မရေ စားစရာတွေကအကုန်စားချင်စရာ။အဲလိုအစားအသောက်တွေ မစားဖြစ်တာကြာပီ။ ခုချိန် ပံတူရေးပန်းချီဆရာတစ်ယောက်ဘေးမှာရှိနေရင် ကိုယ်.ရဲ. ဟင်းပုံတွေကြည်.ပီး ဂလု ဂလု ဖြစ်နေတဲ.ပုံကိုဆွဲဖြစ်ခဲ.ရင် ဘယ်ပန်းချီရေးလို.မမှီ ဖြစ်သွားမယ်ထင်တယ်။ ဟဲ။
    ReplyDelete
    Replies
    1. မွန်မွန်ရေ..
      မွန်မွန်က ဂျပန်စာလေးတွေစားဖြစ်တော့ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။
      ကိုယ်ကမြန်မာစာအရမ်းကြိုက်တော့သတိထားပြီး အသီးအရွက်တွေအမြဲပါအောင်မျှစားရတယ်လေ။
      အဲဒီပန်းချီကားကိုတင်လိုက်ရင်တော့ မိုနာလီဇာ..အရှုံးပေးရတော့မယ်ထင်တယ်။း)
      မမအိုင်အိုရာ
      Delete
  13. မွန်မွန်ရေ..
    အချိန်အကုန်ခံပြီးရှာ။ပြန်ဖြေပေးလို့ အရမ်းကျေးဇူးတင်တဲ့အပြင်အားနာမိပါတယ်။
    အမေဇုန်ကပြောင်းနေသလားမသိဘူး။ မ မွန်မွန် ပေးတဲ့လင့် နှစ်ခု ကို ကော်ပီဆွဲပြီး ရှာကြည့်တာမပေါ်လာဘူး။ အမြဲပြောင်းနေလို့ လားမသိဘူး။ တခုချင်းနောက်ကနေ ဒီလိ(တ်) လုပ်ပြီးရှာတာလည်းမရဘူး။ အားနာလိုက်တာ။ သူတပါးကအချိန်ကုန်ခံရှာပေးထားတာကို။ လင့်ထဲကပါတာထရေ့ စ်လုပ်ကြည့်ပြီး Ibo-No-Ito-Somen-10-58oz နဲ့  Hime-Dried-Somen-Noodles-28-21-Ounce ကို သပ်သပ်ရိုက်ပြီးရှာကြည့်တယ်။ Hime-Dried-Somen-Noodles က wheat ကလုပ်တာဆိုတော့ဟုတ်ပါ့မလားမသိဘူး မွန်မွန်ပြောတဲ့ဟာ။
    အရမ်းအားနာတယ်။ ထပ်မရှာနဲ့ တော့နော်။
    ကျေးဇူးလည်းအရမ်းတင်ပါတယ်။
    မုန့် ဟင်းခါးဖတ်အနေနဲ့ က ဗီယက်နမ်ထု့တ်ကိုသုံးတာများတော့ ဆိုမင်ကိုကိုယ်တိုင်တခါမှမပြုတ်ဖူးဘူး။ သူငယ်ချင်းကျွေးလို့ တော့စားဖူးတယ်။ ပြုတ်နည်းလည်းသိချင်တာပေါ့။ မွန် မွန်အချိန်တွေအရမ်းပေးနေရမှာအားနာတယ်။ ပို့ စ်တစ်ခုအနေနဲ့ ပုံလေးတွေနဲ့ တင်ပါလား။ ဒါဆိုသူများတွေလည်းဖတ်ရတာပေါ့။
    မမအိုင်အိုရာ
    ReplyDelete
  14. ဒီဘလော့လေးကိုရောက်ရင် မှန်းထားတဲ့အတိုင်း ဟင်းစုံမုန့်စုံနဲ့ ကြုံတော့မယ်ဆိုတာ သိနေတယ်...
    ကျေးဇူးပါ အိုင်အိုရာရေ... တီတင့်လဲ လွတ်သွားတဲ့ပို့စ်တွေ တစ်ပုဒ်ချင်းဖြိုနေတယ် ...
    မေတ္တာဖြင့်
    တီတင့်
    ReplyDelete
  15. တီတင့်ရေ..
    တကယ်တော့အိုင်အိုရာလည်းစိတ်မအားလူမအားကွန်ပြူတာကလည်းအချိန်ပေးပြီးဖျက်စရာရှိတာတွေဖျက်ပြီးအပ်ပ်ဒိတ်လုပ်ဖို့ လိုနေလို့ မရေးဖြစ်တာကြာလှပါပြီ။ လာလာဖတ်တဲ့သူတွေလည်းအားနာလို့ ဖျစ်ညှစ်ပြီးတင်နေတာ။ သိပ်တောင်သပ်သပ်ယပ်ယပ်မရှိဘူးရယ်။
    မှတ်မှတ်ရရလာခဲ့လို့ ကျေးဇူးပါ။
    အိုင်အိုရာ
    ReplyDelete
    Replies
    1. စာဖတ်သူတို့အပေါ်ထားတဲ့ ချစ်စရာကောင်းတဲ့ စေတနာလေးပေါ့ အိုင်အိုရာရေ... <3
      Delete
    2. တီတင့်...
း)))))
      Delete
  16. မအိုင်အိုရာ ကျေးဇူးနဲ့ ကဆစ်သီးကို သိလိုက်လို့ ဒီတပတ်ဈေးဝယ်သွားတော့ တွေ့တာနဲ့ဝယ်ပြီး ဒီနေ့ပဲ ကဆစ်သီးထောင်းစားလိုက်တယ် အစ်မရေ ။။။။ စားလို့အရမ်းကောင်းလို့ ကျေးဇူးပါနော် ။။။။
    ပျော်ရွှင်ပါစေ။။။။
    နှင်းယု
    ReplyDelete
    Replies
    1. နှင်းယု...
      ကြားရတာဝမ်းသာလိုက်တာ။
      ကိုယ်လည်းစားကောင်းလို့ သဘောကျနေတာ။ မိတ်ဆက်ပေးတဲ့စုကိုကျေးဇူးတင်နေတာ။
      နှင်းယုလည်းအင်ဒီးယန်းဆိုင်က၀ယ်ရတာဘဲလား။
      စားစရာတစ်မျိုးတိုးသွားတာပေါ့နော်။း)
      Delete
  17. မမအိုင်အိုရာ
    ခုတလော အရှုပ်တွေလုပ်နေတာ အဲလေ အလုပ်တွေရှုပ်နေတာ နဲ့ မမဆီ အခုမှရောက်ဖြစ်တယ်.
    အားပါးပါး စားစရာတွေ အများကြီးပဲ မိုးစက်အကြိုက်တွေလဲ အများကြီးပဲ.. ငပိရည် တို့စရာကလဲ အကြိုက်ပဲ.
    ဘယ်အချိန်ကျွေးကျွေး မငြင်းတဲ့ မုန့်ဟင်းခါးကလဲ ကြိုက်တယ် မမရယ် ဘယ်လိုလုပ်ရမလဲဟင် ...စားချင်လာပြီ.။း)
    မိုးစက်ဝိုင်
    ReplyDelete
  18. မိုးစက်လေး..
    ပျောက်ချက်သားကောင်းနေလို့ နေမှကောင်းရဲ့ လားလို့ တွေးနေတာ။
    မုန့် ဟင်းခါးကိုခုဆိုတပါတ်တခါနှစ်ပါတ်တခါလိုချက်စားဖြစ်နေတယ်။
    တခါချက်ရင်သုံးလေးရက်စားလို့ ရပါတယ်။ အဲဒါကိုပဲကုန်သွားတာနဲ့ စားချင်ပြန်ရော။
    ဘူးသီးရှိတဲ့အခါဆိုဟင်းချက်စားတာထက်ဘူးသီးကြော်ပဲကြော်စားနေတာ။ အဲလိုကြော်လို့ မုန့် ဟင်းခါးစားချင်မုန့် ဟင်းခါးစားချင်လို့ ဘူးသီးကြော်နဲ့ မုန့် ဟင်းခါးသံသရာထဲမှာလည်နေတာ။
    မုန့် ဖတ်ကုန်သွားလို့ မစားရတဲ့အခါလည်းရှိ။ ခုတော့မုန့် ဖတ်ထုတ်တွေပြန်စုထားတော့နောက်တစ်ပါတ်ချက်ဖြစ်အုန်းမယ်ထင်တယ်။း)
    အိုင်အိုရာ
    ReplyDelete
  19. ညီမလည်း အင်ဒီးယန်းဆိုင်ကပဲဝယ်တာ အစ်မရေ ။ အစ်မဓာတ်ပုံကို သေသေချာချာကြည့်သွားပြီး လိုက်ရှာဝယ်လိုက်တာ။ ဒီမှာ ကိုယ်စားချင်တာက မရှိတာများလို့ .. ကိုယ်စားလို့ဖြစ်မယ့်ဟင်းအမယ်လေးတွေကို လိုက်ရှာမှတ်ရတာလည်း အလုပ်တစ်ခုလိုပဲ။ အစ်မတို့ ဘလော့ဂ်လေးတွေရှိနေတာ အရမ်းကို အဆင်ပြေတာ။
    ကျေးဇူး အစ်မရေ ။ ထပ်လာလည်သွားတယ်နော်။ :)
    နှင်းယု
    ReplyDelete
    Replies
    1. နှင်းယုရေ..
      ထပ်လာလည်လို့ ကျေးဇူးနော်။
      ဒီတပါတ်အင်ဒီးယန်းဆိုင်သွားဖြစ်သေးတယ်။ အဲဒီကဆစ်သီးတွေအပြင်နောက်ထပ်မသိသေးတဲ့အသီးခပ်ကြီးကြီးတွေတွေ့ ခဲ့တယ်။ လေ့လာလိုက်အုန်းမယ်။ ဘယ်လိုစားကြသလဲလို့ ကောင်းမဲ့ပုံပေါက်ရင်တော့နောက်တစ်ခါသွားရင်စမ်းဝယ်အုန်းမယ်။
      ထုံးစံအတိုင်းကြက်ဟင်းခါးသီး၊ခရမ်းသီးနဲ့ ဘူးသီး၂လုံးတောင်ဝယ်လာတယ်။ ဗုံလုံသီးလည်းဝယ်ခဲ့တယ်။ တင်ထားသမျှနီးနီးဝယ်လာတာဘဲ။း)
      Delete
  20. ဟန်ကြည်February 25, 2014 at 6:28 AM
    ကဆစ်သီးဆိုတာတော့ အခုမှပဲ မြင်ဖူး ကြားဖူးတာပဲဗျို့...အညာမှာ မရှိလို့လားတော့မသိဘူး...း)
    ပုံတွေကြည့်ရတာနဲ့တင် အတော်တန်သွားပြီ...နောက်တစ်ခါဆိုရင် ပုံမကြည့်ခင် အရင်ပေါင်ချိန်ထားရမယ်...ညှော်ခံရင်းနဲ့ ၀ိတ်တွေတိုးလာတယ်ထင်လို့...း)
    ReplyDelete
  21. ဆရာဟန်..
    ကျမကကဆစ်သီးကိုအညာစာလို့ ထင်တာ။
    ညှော်ခံရင်းနဲ့ ဝိတ်တိုးလာတယ်ထင်လို့ ...ဆိုတာတော့သဘောကျသွားပြီ။
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။