Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Sunday, August 25, 2013

အိုင်အိုရာရဲ့ ငါးအသုံးချပုံများနဲ့ ထွေလီကာလီများ



ငါးအသားလွှာဆီပြန်အိုးကပ်ချက်။ ခပ်ပါးပါးလေးတွေလှီးထားပါတယ်။ ဒါက   ခရမ်းချဉ်သီးမသုံးပဲကြက်သွန်ဖြူ၊နီ ၊ ငရုတ်သီးမှုန့် နဲ့ ဂျင်းနဲ့ ကြိတ်ထားတာပဲဆီသတ်ပြီးဆီပြန်ခပ်ခြောက်ခြောက်ချက်ထားတာ။ ဆီသတ်ရင်းငံပြာရည်နဲ့ ဆားနဲနဲထဲ့။ ကြက်သွန်တွေတော်တော်ခြောက်ပြီးမွှေးလာတော့နယ်ထားတဲ့ငါးလွှာတွေထဲ့။ မကြေအောင်မွှေ။ အရင်လုံး။ အဖုံးအုပ်ထား။ ရေကုန်တော့ ရေဆူ (ရေအေးလည်းရပါတယ်။) အသားလွှာကိုမမြုတ်အောင်ထဲ့။ ပါးပါးလှီးထားတာမို့ ရေအများကြီးမလိုဘူး။ အရိုးလည်းမပါတော့ပိုအကျက်မြန်တယ်လေ။ ဖြစ်ဖြစ်မြည်ပြီး ဆီပြန်ခါနီးတော့ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်။ ခရမ်းချဉ်သီးတမင်မထဲ့ဘဲချက်တာ။ အရမ်းစားလို့ ကောင်းပါတယ်။

 Cat fish (ငါးခူမဟုတ် သို့ သော် ငါးခူ နှင့် အလွန်အရသာတူပါသည်။ ပြောမယ်ဆိုရင် ငါးခူအသားပုံစံမျိုးနဲ့ ငါးပတ် တို့  ငါးမြင်းတို့ ကိုယ်လုံးမျိုး) အသားလွှာ အကြီးကြီး ၃ ခုဝယ်ထားတာကို မျိုးစုံအသုံးချပါတော့မယ်။ တချို့ ကို အထက်ကလိုအရင်ချက်လိုက်ပါတယ်။ လက်ငါးလုံးလောက်ဖြတ်ထားတဲ့အတုံးတစ်တုံးကို မုန့် ဟင်းခါးဟင်းရည်ချက်သောက်ဖို့ သပ်သပ်ဖယ်ထားပါတယ်။ ပြီးတော့တချို့ တ၀က်ကို ရွယ်ရွယ်အတုံးလေးတွေတုံးပါတယ်။ ဆားပြားငံပြာရည်နယ်ပြီး နောက်နေ့ ချက်ဖို့ ဘူးထဲအဆင်သင့်ထဲ့ထားပါတယ်။ အဲဒီပထမနေ့ ကတော့
အားရက်မို့ ငါးပိကြော်လည်းကြော်လိုက်ပါတယ်။ ကြော်နေရင်းနဲ့ ငါးခြောက်ကြော်လည်းစားချင်တော့ ကြော်နေတဲ့ထဲကို
အာပြဲခြောက်ဖုတ်တွေပါဖဲ့ထဲ့လိုက်ပါတယ်။ အာပြဲခြောက်လည်း ခုကောင်းကောင်းစားဖြစ်သွားပြီ။ ငတ်လို့ လေ။ ငါးပိကြော်ကတော့ ပျင်းလို့ ကြက်သွန်ဖြူပဲကြော်တယ်။ အနီကို ရယ်ဒီမိတ်ကိုခဏလေးပြန်ကြော်ပြီးဆယ်ထားလိုက်တယ်။ မဟုတ်ရင်လည်းဆီကမမွှေးဘူးလေ။ ဖြူ နီကြော်ပြီးတော့ ဆယ်ပြီးတော့ လက်ကျန်ဆီထဲကို ပုဇွန်ခြောက်မှုန့် ထဲ့၊ ငပိနဲနဲလေးထဲ့၊ ဆီနဲသွားရင်နဲနဲထပ်ထဲ့ ပုဇွန်ခြောက်တအားမခြောက်ခင်မှာ ငရုတ်သီးဖတ်လတ်တွေ ထဲ့။ မှန်မှန်မွှေပေး။ မီး မပြင်းနဲ့ လျှော့ထား။ ငရုတ်သီးကြွတ်ပြီးမွှေးလာတဲ့အချိန် ပုဇွန်ခြောက်လည်း ကြွတ် ကွက်တိချ။ အအေးခံထား။ အေးတော့ဖယ်ထားတဲ့ ဖြူနီကြော်ထဲ့မွှေ။ လေလုံတဲ့ပုလင်းထဲထဲ့။ ကြိုက်တဲ့အချိန်ထုတ်စား။ အဲဒါ ...အိုင်အိုရာ လုပ်နေကျ။း) အိမ်ဦးနတ်က ဒါမျိုးဆိုသိပ်ကြိုက်။



နောက်နေ့ အလုပ်ကို ငါးဆီပြန်နဲ့ တွဲယူသွားတဲ့သခွားသီးသုပ်။ ဘရိတ်ဖတ်စ် မစားခင်သခွားသီးပါးပါးလှီး။ ရှာလကာရည် နဲ့ ဆား၊ သကြားထဲ့ခဏထား။ ဘရိတ်ဖတ်စ်စားပြီးတော့ ကြက်သွန်စိမ်း၊ ဆီချက်ရယ် နှမ်းရယ်နဲ့ ရောနယ်။ ရပြီ။ ကြက်သွန်စိမ်းမထဲ့လည်းရတယ်။ အိုင်အိုရာကကြိုက်လို့ ပါ။ သူကပင်စိမ်းမကြိုက်လို့ အိုင်အိုရာ့ ဘူးထဲတော့ပင်စိမ်းရေခဲရိုက်နဲနဲထဲ့လိုက်တယ်။ ငါးဟင်းလေးနဲ့ လိုက်တယ်။ ဗက်ဂျီလည်းပါသွားတာပေါ့။

မြေပဲလတ်လတ်ဆတ်ဆတ်တွေတွေ့ လို့ ဝယ်လာပြီးပြုတ်စားတယ်။ ဆားထဲ့ ရေမြေပဲမမြုတ်အောင်ထဲ့။ ပေါင်းအိုးနဲ့ ၁၀ မိနစ်ပေါင်း။ ဒန်း။

အင်တာနက်လည်ရင်းစား။

လက်ဖက်လည်းအဲဒီနေ့ ကသုပ်စားလိုက်သေးတယ်။ အားရက်မှာလေ။ ပျင်းလို့ ဇလုံအတိုင်းနှိုက်စားကြတယ်။ အားတော့နာပါတယ်။ ဇလုံကြီးနဲ့ မို့ ။ ခင်ခင်မင်မင်ရင်းရင်းနှီးနှီးပေါ့။ အိုင်အိုရာကဂေါ်ဖီထုတ်ကိုထူထူလှီးပါတယ်။ ပါးရင်ပျော့ဖတ်နေတဲ့အရသာကိုမနှစ်သက်လို့ ပါ။ ဒါဆိုကြွတ်ကြွတ်လေးကုန်တဲ့ထိဖြစ်နေတယ်လေ။ (ကညလသအတွက်ငရုတ်သီးဘေးမှာပုံထားတယ်..း)   )



သူကငါးသမားမဟုတ်တော့ သူ့ အတွက်က ၀က်သားလုံးကို အာလူးနဲ့ မဆလာနဲ့ ချက်ပေးပါတယ်။


ရှာဖွေလျှင်တွေ့ ရှိသည်ဆိုတော့ အိုင်အိုရာ ရှာဖွေတွေ့ ရှိထားတာလေးမျှလိုက်ပါအုန်းမယ်။ သိတဲ့အတိုင်းအိုင်အိုရာက မြန်မာထမင်းဟင်းကိုနှစ်သက်တယ်။ ရောက်နေတဲ့နေရာက အဖြူမြို့ ။ ဘိုကြိုက်ဆလတ်တွေ ဘိုစားပဲတွေ ခါဂျက်ဥတွေ ကလွဲရင် တခြားရတတ်တာလေးတွေ က ဂေါ်ဖီထုတ်ဖြူ နီ၊ ပန်းဂေါ်ဖီ (ဈေးကြီးလို့ ဝယ်ကိုမစားဘူး အမြင်ကပ်ပုဒ်မနဲ့ ) မုန်ညင်းစိမ်း၊ ဖြူ၊ (ဈေးလည်းပေါ ကြိုက်လည်းကြိုက်လို့ မှန်မှန်ဝယ်ဖြစ်တာလေးပေါ့။ ကြိုက်သော်ငြားလည်း အမြဲဒါဘဲတော့အိုင်အိုရာကဘယ်စားချင်ပါ့မလဲ။နော့်။)Collared Green နဲ့  Kale။ ဒီနှစ်ခုကိုတော့ စမ်းသပ်စားရာက နေ သဘောကျသွားပါတယ်။ ကိုယ့်နည်းနဲ့ ကိုယ်လေ။ ကော်လာ့ဒ် ဂရင်းကို ရဲယိုရွက် အစားထိုး အနေနဲ့ ငါးနဲ့ ချက်စားတယ်။ ကောင်းတယ်။ ပြုတ်သုပ်စားတာလည်းကောင်းတယ်။ ခုတခါ ကေးလ်ကို စမ်းပြီး ဂွေးထောက်ရွက်တို့ ဂေါ်ရခါးညွန့် တို့ လိုမျိုးကြော်စားတာ။ အလွန့် အလွန်သဘောကျသွားပါတယ်။ ဒီအရွက်ကကမ္ဘာ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဗက်ဂျီထဲမှာပါတယ်။ ကင်ဆာဖြစ်ခြင်းကိုဟန့် တားနိုင်တဲ့ဓါတ်လည်းပါတယ်တဲ့။ စိတ်ဝင်စားရင် ဒီမှာ http://www.whfoods.com/genpage.php?tname=foodspice&dbid=38  ကြည့်နော်။ ဒီလို (bladder, breast, colon, ovary, and prostate) cancer မျိုးတွေအတွက်အလွန်ကောင်းတယ်တဲ့။ အိုင်အိုရာတော့ဖတ်လိုက်မေ့လိုက်ပါဘဲ။ 


အလယ်ရိုးကမာလို့ ဖယ်ပစ်ပြီးထိပ်နားလေးပဲယူပါတယ်။

နောက်နေ့ တွေအလုပ်ယူသွားတာ။ အားရက်မှာသင်ပြီး ဆေးပြီး စကာနဲ့ စစ်ထားလိုက်တာ။ အရွက်ကမာတော့ဝါတတ်ပေမဲ့အထားခံတယ်။ မရိမပုတ်ဘူး။ ဒါက ပုဇွန်ခြောက်နဲ့ ဂွေးထောက်ရွက်ကြော်သလိုမျိုးကြော်ထားတာ။ ကြက်သွန် ဖြူနီ ကိုငရုတ်သီးကြမ်းဖတ်လေးနဲနဲထဲ့ဆီသတ်။ အရွက်နဲ့ ခရမ်းချဉ်သီးတူတူထဲ့။ ဆားလေးထဲ့ အုပ်ထား။ ရေခြောက်လွန်းရင် ရေလေးနဲနဲချင်းထဲ့။ ကျမက အစိမ်းရောင်မပျောက်ပဲအိတာမျိုးကိုကြိုက်ပါတယ်။ ဒါကြောင့်ရေကို နဲနဲချင်းဆထဲ့တာပါ။ ကဲ...အဆွေတို့ ရေ..မြန်မာအရသာနဲ့ လည်းနီးစပ်။ ကျန်းမာရေးနဲ့ လည်းညီညွတ်တော့ မစားဖူးသေးရင် စမ်းကြည့်လိုက်ပါအုန်းလို့ ။ ဒီကသူငယ်ချင်းကလည်းမြည်းကြည့်ပြီး ကြိုက်လို့ ကက်ဖစ်ရှ် နဲ့ ငါးခူရဲယိုလိုမျိုးချက်စားမယ်တဲ့။ အမေရိကန်တွေက သိပ်ကျန်းမာရေးအလေးထားကြတော့ ရှက်ဖ်တွေကလည်းဒါနဲ့ မျိုးစုံထွင်ကြတယ်။ ကုန်ကုန်ပြောရရင် Cup cake ထဲတောင်ရအောင်ထဲ့ကြတယ်။ စတဲဖရိုင်း လည်းစားတယ်။ ကင်ပြီးလည်းစားတယ်။ ဖုတ်ပြီး ချစ်ပ် လို လည်းစားကြတယ်။

 ကြက်သွန်ဖြူ၊နီ ဆီသတ်ခရမ်းချဉ်သီးတွေများများထဲ့။ အိအောင်ထား။ ခြေ။ လုံးဝမကြေသွားခင်လေးမှာ ခပ်ထူထူလှီးထားတဲ့ မုန်လာတွေထဲ့၊ ဆားထဲ့ ငံပြာရည်ထဲ့။ လုံးထား။ ရေကုန်ရေဆူလေးနဲနဲထဲ့ပြန်အုပ်ထား။

ကဲ...ငါးဇာတ်လမ်းပြန်ဆက်လိုက်အုန်းမယ်နော်။ ချက်နည်းတွေက ပုံမှာရေးပေးထားပါတယ်။
မုန်လာဥကရှားရှားပါးပါးအင်ဒီးယန်းဆိုင်သွားတုန်းကရလာတာ။ ကျမနေတဲ့မြို့ လေးကဘိုဆိုင်တွေမှာဆိုအလွန်ဈေးကြီးလို့ ဝယ်မစားဘူး။
မုန်လာချဉ်ရည်ချက်ရင် စားရရင်ငယ်ငယ်ကသူငယ်ချင်းရဲ့ ထမင်းဘူးကိုသိပ်သတိရတယ်။
သူ့ အိမ်ကကျောင်းနဲ့ နီးတော့သူ့ အဖွားကမုန့် စားကျောင်းလွှတ်မှခြင်းတောင်းကြီးနဲ့ သူတို့ ညီအမတွေ
အတွက်လာပို့ ပေးတာ။ ကျောင်းကဂိတ်ပေါက်မှာသူနဲ့ အိုင်အိုရာတို့ သူငယ်ချင်းတွေက သူ့ အဖွားကိုရောယောင်မျှော်ရတာလေ။
သူ့ ရဲ့ မုန်လာချဉ်ရည်ကပူပူနွေးနွေးနဲ့ အရည်လေးဆမ်းစားလို့ ရတော့ အိုင်အိုရာတို့ သူ့ ခွက်ပဲနှိုက်ကြတာပေါ့။ အိုင်အိုရာတို့ ဘူးတွေက ဟင်းအခြောက်တွေချည့်ပဲလေ။ ဘယ်အရည်ပါပါ့မလဲ။ သူကလည်းစားစားဆိုပြီးထဲ့ပေးတယ်။ အရမ်းစေတနာကောင်းတယ်။ အိုင်အိုရာတို့ ကလည်းကိုယ့်ဟင်းတွေသူ့ ထဲအတင်းထဲ့ပြီး အဲဒီမုန်လာချဉ်ရည်ကိုဘဲ မက်မက်မောမောစားခဲ့ကြတာ။ ခုလည်းသူကအဲလိုစေတနာကောင်းတုန်းဘဲ အိုင်အိုရာတို့ သူငယ်ချင်းတွေအပေါ်မှာ။ မုန်လာချဉ်ရည်ဘယ်ချိန်စားစားသူ့ ကိုသတိရတယ်။ အစားစားရင်သတိရဖြစ်တဲ့အထဲမှာသူက မုန်လာချဉ်ရည်အမြဲလိုပါတတ်လို့ ရယ်ကိုယ်တွေကလည်းစားခဲ့ရလို့ ရယ် သူ့ ကိုသတိရမိတယ်။ခုတော့သူက အောင်မြင်တဲ့စီးပွါးရေးသမားကြီးဖြစ်ပြီး တမိသားစုလုံးကိုတာဝန်ယူထားတယ်။ နောက်တစ်ယောက်ကတော့ တက္ကသိုလ်မှာတုန်း က လက်တွေ့  ၀င်ရတဲ့နေ့ တွေတိုင်း ကြာဆံကြော်ပလိန်းယူလာတတ်တဲ့သူငယ်ချင်းပါ။ လက်တွေ့ ဝင်ရတဲ့နေ့ တွေက စောတော့ အိမ်ကနေလည်းဘာမှကောင်းကောင်းမစားဖြစ်ခဲ့ကြ၊ ထမင်းဘူးလည်းမပါကြနဲ့ ။ အဲဒီသူငယ်ချင်းက ဘူးအပြည့်ကြီး ဘာအသားမှမပါပဲ ဂေါ်ဖီတစ်မျိုးတည်းနဲ့ ကြော်ထဲ့လာတာ ၀ိုင်းဝိုင်းစားကြလို့ သူ့ ကိုတော့ကြာ ဆံကြော်စားတိုင်းသတိရတယ်။ သူကတော့ အလယ်တန်းပြဆရာမလေးအနေနဲ့ နောက်ဆုံးတွေ့ ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။


ကိုယ်ကြိုက်သလောက်နူးရင် (အို်င်အိုရာကတအားနူးပျော့မသွားခင်ငါးထဲ့ပါတယ်) နယ်ထားတဲ့ငါးထဲ့။ ဒါကချဉ်ရည်ဟင်းပုံစံမျိုးပေမဲ့အရည်ကျဲမဟုတ်ပဲသောက်ဆမ်း လေးချက်ထားတာပါ။
 ဒါတွေက ခပ်ရွယ်ရွယ်တုံးထားတဲ့ငါးကိုနောက်နေ့ မှာချက်ထားတာပါ။
အရည်ဆူတော့မကျည်းရည်ထဲ့၊ အပေါ့အငံမြည်း။ အရည်နဲနဲကျအောင်ဆက်တည်ထား။ အရည်လေးနဲနဲကျသွားရင် နံနံပင်အုပ်။ ချလို့ ရပါပြီ။ စားလို့ အရမ်းကောင်းတာဘဲ။ တကယ်။

ကိုရီးယားပဲပုတ်စေ့ချက်မယ်။ ငါးမုန်လာနဲ့ လိုက်အောင်လို့ ။ သူငယ်ချင်း လက်ဆောင်ပေးထားတာပါ။ အစိမ့်မျိုး။ ကောင်းတယ်။


ငါးမုန်လာကအစိုမို့ လို့ ဒါကိုခပ်ခြောက်ခြောက်ချက်ပါတယ်။ ကြက်သွန် ဖြူ၊နီ ငရုတ်သီးအကြမ်းဖတ်ဆီသတ်။ နွမ်းတော့ငရုတ်သီးစိမ်းထဲ့။ ဆားပေါ့လို့ ဆားပါးပါးထဲ့ပါတယ်။ ပြီးတော့ပဲပုတ်ထဲ့ မွှေ။

ရပြီ။ မြန်မှမြန်။ နံနံပင်လေးအုပ်။ မုန်လာချဉ်ရည်နဲ့ ဆိုတော့မိုက်မှမိုက်။


ကျမကစိတ်ပါရင်ပါသလို လျှောက်လုပ်တတ်တယ်။ တဆက်တည်း ငပိထောင်းမစားရတာကြာလှပြီဆိုပြီး ငပိထောင်းပါဆက်လုပ်တယ်။ ငပိထောင်းမစားရတာကဒီလို။ ငပိကိုရန်ကုန်ကပို့ ပေးထားတာ။ ဖရီဇာထဲထဲ့ထားတာမရှာဖြစ်တာရယ် တွေ့ တော့ဘူးထဲထဲ့ရမှာပျင်းတာရယ်ကြောင့်။း) စိတ်ပါတုန်းငပိကို အလူမီနမ်ဖွိုင်လ်နဲ့ ထုတ်ပြီးဖုတ်တယ်။ မွှေးနေတာဘဲ ဖွင့်လိုက်တော့။ ထောင်းတယ်ဆိုပေမဲ့ ဒီမှာငရုတ်ဆုံမရှိလို့ ကြိတ်ထားတာပါ။ ပြီးတော့ဘူးထဲထဲ့ထားလိုက်ပါတယ်။



အဲဒီကေးလ် အရွက်ကိုအစိမ်း ပဲပုတ်နဲ့ တို့ စားတာလည်းအရမ်းစားလို့ ကောင်းတာဘဲ။ ငါးမုန်လာဟင်းက အနံ့ ပြင်းလို့ အလုပ်ထဲယူမသွားဘူး။ အိမ်မှာပဲအားပေးရတယ်။

အရင်နေ့ ဟင်းကျန်တွေနဲ့ ပါတွဲစားလိုက်တယ်။ ဟိုးဖက်က ၀က်သားလုံးအာလူး နဲ့ ကြက်သည်းပြုတ်ကြော်။ အဲဒီရက်တွေတုန်းက ကြက်အသည်းပဲရခဲ့တယ်။ ဒီအပါတ်ကျတော့ ကြက်အမြစ်ပဲရခဲ့တယ်။ အသည်းကသူ့ နေ့ ပေါ့။ အမြစ်က ကျမနေ့ ။ ဟ..ဟ

လိုက်ဖက်တဲ့ဟင်းတွေချက်ပြီး အိုင်အိုရာ ကဘာစားဖြစ်သလဲဆိုတော့ မုန့် ဟင်းရည်နဲ့ ဘူးသီးကြော်စားပါတယ်။ စိတ်ထင်ရင်ထင်သလို ဆက်တိုက်လုပ်တတ်တယ်။ စိတ်မပါရင်တော့နော်။ ဘာမှကိုမချက်ချင်ဘူး။ ထမင်းလေးသုတ်ကျွေးလိုက်။ ကြက်ဥလေးကြော်လိုက်ပဲ။
 ကျန်တဲ့ငါးတစ်တုံးကို တစ်ခြားဟင်းတွေချက်နေချိန်မှာ စပါးလင်နဲ့ ငံပြာရည်နဲ့ ပြုတ်ထားတယ်။ အလွယ်နည်းတောမုန့် ဟင်းခါးလို ချက်တာ။ မုန့် ဟင်းခါးထုတ်ဖေါက်ထဲ့။ ကြက်ဥပြုတ်၊ ငှက်ပျောအူခြောက်ရေစိမ်ထဲ့။ ကြက်သွန်နီကြမ်းကြမ်းလှီးထဲ့။ ငရုတ်ကောင်းလှော်ထောင်းများများထဲ့။ သူ့ ဖာသာကျက်ချင်တဲ့အချိန်ကျက်။ ဟိုပစ်ထဲ့ ဒီပစ်ထဲ့နဲ့ ချက်ထားတာပါ။ မုန့် ဖတ်ပြုတ်ရတာအရမ်းပျင်းတယ်။ ဘူးသီးကြော်ရတာတော့မပျင်းဘူး။ မုန့် နှစ်မြန်မြန်စပ်ပြီးလှီးကြော်လိုက်တာဘဲ။ ချစ်ချစ်ကထမင်းစား။ အိုင်အိုရာက မုန့် ဟင်းရည်နဲ့ ဘူးသီးကြော်စား။  ငရုတ်သီးဆီကြော်နဲ့ ကြက်သွန်ဖြူကြော်ထဲ့စား။ ကျန်သေးတယ်။ ပြောရင်းနဲ့ စားချင်လာပြီ။ ဒါရေးပြီးရင် အဲဒီဟင်းရည်သောက်မယ်။



ဒါကနောက်တစ်ရက်မှာ ဘူးသီးထပ်ကြော်ပြီး မုန့် ဟင်းရည်နဲ့ စားထားတာ။ ဟို..ဘယ်ဖက်ထောင့်က မုန့် ညင်းပေါင်း။



မုန်ညင်းပေါင်း ကြက်သားနဲ့ လုပ်ထားတာ။ သူငယ်ချင်းတွေကိုပေးချင်လို့ လုပ်လိုက်တာပါ။ မုန်ညင်းစိမ်းတွေလည်းအရမ်းလတ်ပြီးနုနေလို့ ။ ဒါတော့နောက်အလှည့်မှတင်တော့မယ်ကွယ်။

ပဲကြော်အရင်ကကြော်ထားတာလေးပါပြန်ကြော်ပြီးထဲ့စားလိုက်သေးတယ်။


စိတ်ထဲမှာထိခိုက်ခံစားနေရတာတစ်ခုရှိတယ်။
မြန်မာပြည်က ကင်ဆာအဖြစ်ဆုံးအဆင့်နှစ် နိုင်ငံထဲမှာပါနေတာ။
ကိုယ့်မိတ်ဆွေတွေ တဆင့်အသိတွေ လူကြီးလူငယ်တော်တော်များများမြန်မာပြည်မှာကင်ဆာနဲ့ ဆုံးပါးနေရတာတွေစိပ်နေတယ်။
ဘာလို့ လည်းဆိုတော့ အစားအသောက်တွေက စံနှုန်းမထားပဲဆိုးဆေး တွေသုံးနေကြတာအဓိကလိုဖြစ်နေတယ်။ အစာဆိုးဆေးကသုံးလို့ ရပါတယ်။ အစာဆိုးဆေးမဟုတ်တဲ့ ဆိုးဆေးသုံးစွဲတာတွေကို ထိထိရောက်ရောက်အရေးယူရပါမယ်။
ကျမဒါကိုအမျိုးသားရေးတစ်ရပ်လို့ မြင်တယ်။ အစိုးရမပါပဲဘယ်လိုမှ အောင်မြင်အောင်မလုပ်နိုင်ဘူး။
ဈေးသည်တွေကိုအင်တာဗျူးတာတွေကြည့်ပြီးအတော်တုန်လှုပ်စိတ်ဆင်းရဲမိတယ်။ တဆက်တည်းမှာပဲ ကျမတို့ အဲဒါတွေနဲ့ ကြီးပြင်းခဲ့ရတာ ကျမတို့ ကိုယ်ထဲမှာ ဘယ်လောက်ဝင်ပြီး ပျိုးနေပြီလဲ။
မျှစ်သည်အမျိုးသမီးက လုပ်နေကျပုံစံအတိုင်း မျှစ်ကိုဆေးဝါ ဆေးနီဆိုးတဲ့အကြောင်းပြောတယ်။ လူတွေက မျှစ်နီကို ပိုကြိုက်လို့ အနီကိုလည်းဆိုးရတယ်တဲ့။ စားသုံးသူတွေရော ရောင်းချသူတွေရောအသိပညာကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ ဒီဓလေ့ပျောက်သွားတဲ့အထိအားလုံးပါဝင်ဆောင်ရွက်ရပါမယ်။
ငှက်ပျောသီးသည်ကလည်း အမှည့်မြန်အောင်လို့ ဆေးရည်တွေနဲ့ ငှက်ပျောခိုင်တွေကိုဆေးတာသုံးလေးရက်ဆိုအကုန်ဝါပြီးမှည့်လာရောတဲ့။
ကျမ အခုမြန်မာပြည်ကလာတဲ့ ငရုတ်သီးမှုန့် လေးတစ်ထုတ်ဝယ်ထားမိတယ်။ စားကြည့်တော့ယမ်းနံ့ ရတယ်။ မစားရဲလို့ ကိုယ့်ဖာသာပဲငရုတ်သီးတောင့်ကျော်ပြီး ထောင်းထားလိုက်တယ်။
ဒီကိစ္စကို ပညာပေးဘို့ လည်းလိုတယ်။ ကျမ အားတာနဲ့ ပညာပေးလုပ်ငန်းနဲ့ ပါတ်သက်တာလေးတင်ပါအုန်းမယ်။ (ဒီလိုစိတ်ဆောင်ထားပေမဲ့ကျမလည်း နေ့ တဒူဝအလုပ်ထဲမှာပဲအချိန်ကုန်နေအုန်းမှာပါ။ ....ဟင်း)

ဒီစာလာဖတ်တဲ့သူထဲမှာ မြန်မာပြည်ကလာလည်တဲ့သူပါရင် မိမိမိသားစုကိုဆေးဆိုးထားတဲ့အစာတွေမ၀ယ်ဖို့ မစားဖို့ အသိပေးစေချင်ပါတယ်။
One to one communication...ဆိုတဲ့ အရေးပါတဲ့သူတစ်ဦးကို တစ်ဦးချင်းပညာပေးနိုင်တာလည်း မိသားစု နဲ့ မိမိအသိုက်အ၀န်းမှာ အသုံးဝင်ပါတယ်။ ဆိုပါစို့ ..ကိုယ့်အိမ်မှာ အဓိကဟင်းချက်ဈေးဝယ်သူကို ဒီအသိပေးရပါမယ်။ မိသားစုက လည်း လက်ဝင်တာမျိုးကိုဝိုင်းကူရပါမယ်။
ရေးရင်းရှည်သွားပြီ။
သီးသန့် ပို့ စ်ကျမှ ဆွေးနွေးကြတာပေါ့...

ခင်မင်လေးစားသော...
အိုင်အိုရာ



29 comments:

  1. အပါးပါး..ငါးဟင်းတွေချည်းဘဲ...
    မိုက်စ်..ငါးနဲ့ မုန်လာဥချဉ်ရည်ဟင်းကို၊
    အရမ်းကြိုက်တာပေါ့..
    ဒါပေမဲ့ချက်နေတုံး အနံအရမ်းပြင်းတာဘဲနော်
    ဘေးအိမ်တွေနှာခေါင်းတရှုံ့ ရှုံ့ နဲ့ ၊
    အိမ်ပေါ်ကနေတွေ့ မိတယ်..ဟီး..
    မ..ပြောတဲ့ Kaleရွှက်ကိုအမြဲစားတယ်။
    ကြော်ချက်သဘောမျိုးဘဲ လုပ်စားတယ်၊
    ခါးသက်သက်အရသာလေးကြိုက်လို့ ၊
    spinach,arugula တို့ ကိုလည်း၊
    ကြော်ချက်လိုလုပ်စားတယ်။
    အရမ်းစားလို့ ကောင်းတယ်။
    မနေ့ က ဂျပန်ကလာတဲ့ Natto တွေ့ လို့ ၊
    ဝယ်ခဲ့တယ်။တောင်ကြီးကပအို့ ဝ်တွေရောင်းတဲ့အတိုင်း၊
    စေးစေးလေး..ပျော်လိုက်တာ။
    ကြော်စား၊သုပ်စား၊ချက်စား..ရအုံးမယ်။
    ဆေးဆိုးတဲ့အကြောင်းတွေတော့၊
    ဘာပြောရမှန်းတောင်သိတော့ပါဘူး..။
    ဒီတခါပြန်တုံးက..
    တရုတ်ကလာတဲ့လိမ္မော်သီးအထားခံအောင်၊
    ဆေးဖြန်းထားတာစားမိလို့ ၊
    ကျမတို့ တအိမ်လုံးအော့အန်ဝမ်းလျှော်တယ်လေ..
    ငါးပိအကြောင်းဖတ်မိတော့တော်တော်လန့် သွားတယ်။
    ဒါကြောင့်ကျမရန်ကုန်ကအပြန်ဘာမှသိပ်မယူလာမိဘူး..။
    ပုဇွန်ခြောက်တွေလည်းဆေးဆိုးတယ်ပြောသံကြားလို့ ၊
    ပဲပုပ်ဘဲယူလာခဲ့တယ်..။
    အိုလာရင် မြန်မာပြည်ပြန်နေချင်ပါတယ်ဆိုမှ၊
    ဆန်ပြုတ်ဘဲသောက်ရတော့မယ်နဲ့ တူတယ်..။
    ဒါနဲ့ ...
    (ပဲပုပ်ချက်လေးကောက်ညင်းပေါင်းနဲ့ တို့ စားချင်ထှာနော် :P )

    ReplyDelete
  2. မီးမီး..
    ဆန်ပြုတ်တောင်တရုတ်ကလုပ်တဲ့ဆန်အတုမမိဘို့ သတိထားရအုန်းမယ်။း(
    ကိုယ်လေမြန်မာပြည်ကလာတော့မြန်မာပြည်ကလူတွေဒီလိုအဆင့်နိမ့်တဲ့အဖြစ်ရောက်နေရတာသိပ်ရင်နာတယ်။
    စားစရာတွေငရုတ်သီး ဆနွင်းလိုအခြေခံကစလို့ ကြက်သား တို့ မျှစ် တို့ ဆေးဆိုး ဘယ်လိုရှောင်နိုင်ပါ့မလဲ။ တဈေးလုံးဒါပဲရောင်းကြတာကို။ ကိုယ်အစကငါးပိရည်တို့ အော်ဂဲနစ်လို့ ထင်တာ။ သူ့ ပါမဟုတ်တာတွေလုပ်ထားတာကြားရတော့လန့် လိုက်တာ။
    ငါးပိအစားပဲပုတ်ပဲစားတော့မှနဲ့ တူတယ်။ ..း)
    ကိုယ်အဲဒီဂျပန်ပဲပုတ်ကိုကြိုက်တယ်။ အရမ်းစိမ့်တာဘဲ။ ထောင်းစားလည်းကောင်းတယ်သိလား။
    ကိုယ်လည်းခါးသက်သက်အရသာတွေကြိုက်တယ်။ မီးမီးနဲ့ အကြိုက်တူတယ်။
    အိုင်အိုရာ

    ReplyDelete
  3. ဖွယ်ဖွယ်ရာရာတွေပါလားဗျာ။နံနက်စာစားပြီးမှရောက်လို့ပြီးအောင်ဆက်ဖတ်နိုင်တယ်။မဟုတ်ရင်မလွယ်ဘူး။:):):)
    မြန်မာပြည်ကအစားအသောက်တွေကအတော်ကိုဆိုးဝါးနေပါပြီဗျာ။အထူးသဖြင့်ငါးပိရည်ကျိုကိစ္စပေါ့။ရွာမှာတုန်းကငါးပိရည်ကျိုကိုတစ်ခါဝယ်စားဖူးတယ်။ရွာကလူတွေကဘာပြောလဲဆိုတော့စားစရာရှားလို့ငါးအပုပ်တွေများစားရတယ်လို့တဲ့။
    ရွာကလူတွေကငါးပိကိုပဲစားကြတာလေ၊ငါးပိရည်ကျိုဆိုမစားကြဘူး။ဒါပေမဲ့သူတို့ခုံမင်စွာစားကြတဲ့ငါးပိထဲမှာရော
    ဆိုးဆေးတွေမပါဘူးပြောနိုင်ပါ့မလားနော်။တကယ်ဈေးတွေမှာဆိုရင်ထားတာကလည်းမသပ်ရပ်၊ကြွက်ဝင်၊ပိုးဟပ်ဝင်နဲ့
    စဉ်းစားကြည့်ရင်တကယ်ကိုရင်လေးစရာပါဗျာ။ဈေးတွေမှာငါးပိငါးခြောက်ရောင်းတဲ့နေရာတွေဆိုယင်ကောင်
    တလောင်းလောင်းနဲ့အနံအသက်ကစကျန်းမာရေးနဲ့ဘယ်လိုမှမညီညွတ်ဘူး။ကျောက်ပန်းတောင်းဈေးထဲမှာဆိုငါပိဆိုင်တွေကရောင်းတဲ့ငံပြာရည်ဆိုတာတွေလေဆိုင်တွေဘေးမှာဒီအတိုင်းပလပ်စတစ်ပုံးတွေနဲ့အဖုံးတောင်မပါဘူး။မသိရင်
    တံစက်မြိတ်ရည်တွေလိုပဲ။တောသူတောင်သားတွေဆိုတော့ဈေးချိုချိုရတာကို
    မက်မောကြတာမို့ငါးဆယ်ဖိုးဝယ်ရင်အများကြီးရတာကြောင့်အဲ့ဒီဟာတွေပဲဝယ်စားကြတယ်။ရွှေညာသားလေးတော့
    တစ်ခါသူတို့ဆိုင်ဖွင့်စနဲ့ကြုံလို့သေချာကြည့်နေရင်းအဲ့ဒီငံပြာရည်ထည့်ထားတဲ့စည်ပိုင်းထဲကကြွက်သေကောင်ကြီး
    ဖယ်ထုတ်နေတာတွေ့လို့ငံပြာရည်ဆိုရင်ဝယ်မစားရဲတော့ဘူး။အဲ့ဒါမျိုးတွေအများကြီးပါဗျာ။စီးပွားရေးသမားတွေက
    လည်းဘယ်သူသေသေငတေမာရင်ပြီးရောဆိုတာမျိုးပဲစဉ်းစားတော့အသိဥာဏ်ဗဟုသုတနည်းတဲ့တောသူတောင်သား
    အခြေခံလူတန်းစားတွေပဲခံနေကြရတာလေ။
    ပညာပေးစာလေးတွေရေးပြီးဖြန့်ဝေနိုင်ရင်သိပ်ကောင်းမှာပဲနော်။
    အစ်မအိုင်အိုရာပြောသလိုကိုယ်တွေကအဝေးရောက်နေတာရယ်၊ကိုယ့်အလုပ်နဲ့ကိုယ်မအားလပ်တာရယ်ကြောင့်
    စိတ်သာရှိသော်ငြားလက်တွေ့မတတ်နိုင်သေးဘူး။အခြေခံလူတန်းစားတွေကျန်းမာရေးအသိဥာဏ်ဗဟုသုတတွေ
    တိုးပွားဖို့တတ်သိနားလည်တဲ့အသိုင်းအ၀ိုင်းနဲ့အစိုးရပိုင်းက၀ိုင်းဝန်းပြီးပညာပေးလုပ်ငန်းတွေလုပ်ပေးဖို့တကယ်
    လိုအပ်နေတာပါဗျာ။ အစားအသောက်နဲ့မဆိုင်တာတွေရောကွန်မန့်ပေးသွားလို့စိတ်မဆိုးပါနဲ့နော်အစ်မ...။
    ပျော်ရွှင်ပါစေဗျာ...

    ReplyDelete
    Replies
    1. ရွှေညာသားလေး...
      ကျေးဇူးတောင်တင်ရအုန်းမှာ အဲလိုကွန်မန့် လေးရေးခဲ့လို့ ။း) ဘာလို့ စိတ်ဆိုးရမှာလဲ။
      အခြေခံလူတန်းစားကတော့ပိုခံရတာပေါ့။ ဒါပေမဲ့ခုပုံအတိုင်းဆို တမျိုးသားလုံးခံနေရတာ။ ဈေးတိုင်းလိုလိုဆေးဆိုးနေကြတယ်လေ။
      အညာမှာကောလုပ်ကြသလားတော့မသိဘူး။ ရန်ကုန်ကတော့အတော်ဆိုးတယ်။ ငပိလည်းဆိုးမှာဘဲ။
      ကိုယ်တို့ ဆိုပညာတတ်တယ်ဘဲထားပါတော့။ ကိုယ်တို့ နေ့ တိုင်းစားတဲ့ အရောင်တင်မှုန့် တို့ ၊ ဆနွင်းတို့ ဆိုးထားတာတွေပဲဝယ်စားခဲ့ရတာဘဲ။
      တခါတုန်းက ရုံးကလုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က သူ့ အသိငရုတ်သီးမှုန့် ထုတ်တဲ့ခလေးမလေးကပြောပြတာတဲ့။ ငရုတ်သီးဖလံဖြူတွေကို ဆေးဆိုးပြီး စပ်အောင်လို့ ယမ်းမှုန့် နဲ့ လူးတယ်တဲ့။ ဒါကြောင့်ငရုတ်သီးတွေလည်းနောက်ပိုင်းဖလံဖြူတွေသိပ်မတွေ့ ရတော့ပဲ ရဲနေကြတာကိုးလို့ တွေးမိတယ်။
      လူတိုင်းကဆိုးဆေးကိုရှောင်ဘို့ ကြိုးစားသင့်သလို အစိုးရကထိထိရောက်ရောက်ကိုင်တွယ်ဖို့ လိုပါတယ်။ ကိုယ်တတ်နိုင်တာကတော့ကိုယ့်မိသားစုနဲ့ ကိုယ့်အသိုင်းအ၀ိုင်းကိုမကြာခဏသတိပေးဖို့ ပါဘဲ။
      ကျေးဇူးဘဲရွှေညာသားလေးရေ။ ငံပြာရည်ကြိုက်တဲ့ဒို့ တောင် ကြွက်သေကောင်အကြောင်းဖတ်ရတော့တကယ်တွန့် သွားတယ်။
      အိုင်အိုရာ

      Delete
  4. ငါးကိုသိပ်မကြိုက်တော့ မစားဖြစ်ဘူး ခုနောက်ပိုင်းတော့ ငါးတော်တော်လေးစားလာတယ် ချက်နည်းလေးတွေကိုယူသွားပါတယ် မုန့်ဟင်းခါးရေလေးချက်ထားတာ သောက်ချင်စရာလေး...ဗူးသီးကြော်နဲ့မုန့်ဟင်းခါးစားတတ်တာလေးတူတယ်...။

    ReplyDelete
    Replies
    1. မိုးငွေ့ ...
      ကိုယ်ကတော့ဟင်းတွေဆိုထပ်ရင်မစားချင်တော့ငါးဝက်ကြက်လှဲ့ စားဖြစ်တယ်။ အမဲသားမစားဘူးလေ။
      အသက်ကြီးလာတော့မှ ပြောမယ်ဆိုရင်ငါးကိုပိုအရသာခံတတ်လာတာ။
      မုန့် ဟင်းခါးဟင်းရည်နဲ့ ဘူးသီးကြော်စားရတာသဘောကျတယ်။း)

      Delete
  5. ငါးဟင်းတွေ ရှယ်ပဲ.. ဒီကလည်း ငါးဆို သိကြိုက်၊ အိုးကပ်ပုံစံလေးဆို အရမ်းကြိုက်ပေါ့။ ငါးနဲ့မုန်လာဥချဉ်ရည်လည်း လိုက်ဖက်တယ်နော်။
    အာပြဲခြောက်လည်း ခုကောင်းကောင်းစားဖြစ်သွားပြီ။ ငတ်လို့ လေ... လို့ ရေးထားတာသဘောကျတယ်။ တို့က အာပြဲခြောက် လုံးဝမကြိုက်ဘူး။။ အခုဆိုရင်တော့ အိုင်အိုရာ ရေးသလိုပဲပြောရမလားမသိဘူး။ ဝယ်တော့မစားသေးပေမယ့် သူများလာပေးရင်တော့ စားဖြစ်မယ်ထင်တယ်။
    အသင့်လုပ်အစားအစာတွေက အန္တရာယ်များတဲ့အပြင် ညစ်လည်းညစ်ပတ်တယ်။ အသင့်လုပ်မုန့်ဟင်းခါးထုပ်ထဲမှာ ပိုးဟပ်တကောင်ပါလာပြီးကတည်းက ရွံသွားတာ။

    ReplyDelete
  6. မမအိုင်အိုရာ.. ငါးဟင်းတွေချက်ထားတာ ရှယ်ပဲ ငါးနဲ့ မုန်လာဥချဉ်ရည်လဲ ကြိုက်တယ်.
    ခရမ်းချဉ်သီးမထည့်ပဲ ငါးကိုအမချက်သလို ချက်စားဦးမယ်.
    ဟင်းတွေကို စုံနေတာပဲ အသုတ်တွေရော မုန့်ဟင်းခါးရည်ရော ဘူးသီးကြော်တောင်ပါလိုက်သေးတယ်.
    ချက်နည်းတွေ ယူသွားပါတယ် မမ.
    မိုးစက်ဝိုင်





    ReplyDelete
  7. စူးနွယ်လေး..
    ငါးနဲ့ မုန်လာဟင်းတော်တော်စားလို့ ကောင်းတယ်သိလား။
    အာပြဲခြောက်စစားဖြစ်တာ သူ့ သူငယ်ချင်းက ကောင်းတယ်ဆိုလို့ ဆီထမင်းနဲ့ တွဲစားဖို့ ဝယ်စားကြည့်လိုက်တာ။ အနံ့ ဘယ်လိုသတ်ထားလဲမသိဘူး။ မနံလှဘူး။ ပြီးတော့ခုနောက်ပိုင်းရယ်ဒီမိတ်ငါးခြောက်တွေက ဆားလည်းပေါ့တယ်။ စက်နဲ့ အခြောက်ခံသလားမသိဘူး။ အရမ်းမွပြီးကြွတ်နေတယ်။ တခါတခါမွလွန်းလို့ ရေတောင်ပြန်ဆွတ်ရတယ်။
    ကိုယ်အသင့်လုပ်မုန့် ဟင်းခါးချက်တိုင်းစူးနွယ်ရေးခဲ့တာကိုသတိရမိတယ်။ အဲဒါဘာတံဆိပ်လဲဟင်။
    ပုန်းရည်ကြီးစားရင်လည်းစူးနွယ်ပြောသလို သဲတွေပါမှာစိုးလို့ အမှုန့် ဆိုရေရောပြီးရင်ပန်းကန်အောက်ခြေကိုဇွန်းနဲ့ ပွတ်ကြည့်တယ်။ သဲသံကြားရမလားလို့ လေ။း)
    ဖြစ်နိုင်ရင်တော့ကိုယ့်ဖာသာလုပ်စားတာကအသန့် ဆုံးဘဲနော်။ အမြဲလည်းလုပ်ဖို့ ကမလွယ်ဘူးလေ။

    ReplyDelete
  8. မိုးစက်လေး..
    ခရမ်းချဉ်သီးမပါပဲတမျိုးချက်စားကြည့်နော်။ ကောင်းတယ်။ အနှစ်ကခရမ်းချဉ်သီးအရသာမပါဘဲကြက်သွန်အရသာနဲ့ ချိုနေတာ။ ဒါပေမဲ့ခပ်ခြောက်ခြောက်လေးဖြစ်တဲ့ထိထားနော်။ မဟုတ်ရင် ကြက်သွန်ညီးစော်နံတတ်တယ်။ ခြောက်တော့မှ မွှေးတာ။
    အားရက်မှာထင်တိုင်းကြဲထားတာလေ။ ကြားရက်ဆိုရင်တော့ထမင်းဘူးတောင်မနဲထဲ့ရတယ်။ တခါတခါအရွက်မပါလို့ သခွားသီးနဲ့ ဆလတ်ရွက်ကိုဘဲ အရွက်ပါပြီးရောဆိုယူသွားရတယ်။း)

    ReplyDelete
  9. မမအိုင်အိုရာရေ... အဲဒါ ကျောက်မြောင်းဒေါ်ကြည်တဲ့... အဲဒီတုန်းက ရယ်ဒီမိတ်မုန့်ဟင်းခါးထုပ်ဆိုတာကို ဘဝမှာ ပထမဆုံး ဝယ်မိတဲ့အချိန်ပေါ့။ ဒီမှာစားရအောင်လို့ဆိုပြီးလေ။ ဘယ်တံဆိပ်တွေ နာမည်ကြီးမှန်းလည်း တကယ်ကိုမသိပါဘူး ဝယ်လာမိတာကတော့ အဲဒီတုန်းက ၂မျိုး.. မြောင်းမြဒေါ်ချိုနဲ့ ကျောက်မြောင်းဒေါ်ကြည်ဆိုတာပဲ။
    ကျောက်မြောင်းဒေါ်ကြည် ဆိုတဲ့နာမည်ကို မမေ့အောင်ပို့စ်ပါ ရေးထားလိုက်တယ် အေးရော..ဒါပေမယ့်နော် အားလုံးတူတူပဲနေမှာပါ။ သူတို့တွေ ချက်ပြုတ်ပြီး ဘယ်လိုသိမ်းဆည်းသလဲ ကိုယ်မှမတွေ့တာနော်။ အဖုံးလုံအောင်မဖုံးတဲ့အခါ ပိုးဟပ်တွေ ကြွက်တွေဖြတ်လျှောက် အခန့်မသင့်ရင် သေသွား..ရှိမှာပဲ။ သူတို့ကလည်း တွေ့ရင်ဆွဲထုတ်မှာပေါ့။ တအိုးလုံးတော့ သည်အတွက်နဲ့ သွန်ပစ်မယ် မထင်ဘူး။ အဲလိုလုပ်ငန်းအတွက် ရှိသင့်တာတွေသတ်မှတ်ပေးပြီး ရှိမရှိ၊ သန့်ရှင်းလားမရှင်းလား လျှပ်တပြက်ဝင်စစ်ဆေးတာမျိုး
    အဲဒီမှာမှမရှိဘဲ။ ပုန်းရည်ကြီးကလည်း အထားခံအောင်အခြောက်မှုန့်ဝယ်လာမိတာ..ပြောကြတာကတော့အစိုက ပိုစားကောင်းတယ်တဲ့... သဲတွေ ဖုံတွေလည်းနည်းတယ် ဖြစ်မှာပေါ့လေ :D သဲပါမှန်းသိပြီးတာကိုတောင် အမှတ်မရှိဘဲ တံဆိပ်ပြောင်းပြီး ထပ်ဝယ်လာသေးတာ..တူတူပါပဲ ပစ်လိုက်ရတယ်လေ။ ခုတော့ ဒီလိုသတင်းတွေထွက်လာတော့ အဆင့်ဆင့်ပြုလုပ်ပြင်ဆင်ထားတဲ့ ကိုယ်မမြင်ရတဲ့အစာမျိုးတွေ မစားတော့ဘူးလို့ ဆုံးဖြတ်ထားတာပဲ...

    ReplyDelete
  10. ဒီညတော့ မမIora ရဲ့ဒီ post ကိုဖွင့်ပြီး ထမင်းစားရမယ်။ ဝလာရင် အမ တာဝန်ယူရမယ်။ ဟီး
    ငါးဆို အရမ်းကြိုက်

    ReplyDelete
  11. စူးနွယ်လေး..
    ကိုယ်တော့ကျောက်မြောင်းဒေါ်ကြည်မစားဖူးဘူး။ စံပြဒေါ်ကြည်တော့စားဘူးတယ်။
    ဟုတ်ပါတယ်။ စူးနွယ်လေးပြောသလိုဘဲ စစ်ဆေးမဲ့သူလည်းမရှိစံချိန်စံနှုန်းလည်းမရှိနဲ့ ငတ်လို့ သာအဲဒါမျိုးတွေစားဖြစ်နေတာ။ အိမ်မှာလုပ်စားတာဘဲကောင်းပါတယ်နော်။ ပြောမယ်ဆိုရင်လတ်လတ်ဆတ်ဆတ်ချက်ရောင်းတဲ့မုန့် ဟင်းခါးကျပြန်တော့လည်းပန်းကန်ဆေးတာအရမ်းညစ်ပါတ်တော့စားချင်စရာမရှိပါဘူးလေ။
    အဲလိုဆုံးဖြတ်ထားတာလည်းကောင်းတာဘဲ။

    Adora etc.
    ၀ လာရင်တာဝန်ယူရမယ်ဆိုတော့...ဆက်ပြီးမ၀အောင်ဘာဟင်းမှမချက်ပဲနေရမယ်ထင်တယ်။း)
    အဲကျတော့လည်း အသုတ်လေးတွေပဲရှာကြည့်ပြီးရွေးစားနော်။
    လာလည်လို့ ကျေးဇူးပါ။ အမြဲကြိုဆိုပါတယ်။ အားတဲ့အခါထပ်လာလည်ပါလို့ လည်းဖိတ်ပါတယ်ကွယ်။



    ReplyDelete
  12. ကောင်းလိုက်တဲ့ဟင်းတွေ iora ရာ.... အပြန်ပြန်အလှန်လှန်ကြည့်ပြီး သွားရည်တွေ ကျပြီး ဘိုက်ဆာသွားပြီ... :D

    ReplyDelete
  13. Kai...
    ဟုတ်တယ်။ကိုယ်ကြိုက်တဲ့ဟင်းတွေဆိုတခါတခါပြန်ကြည့်မိတဲ့အချိန်ဆိုအရမ်းဗိုက်ဆာလာသလိုဘဲ။း)
    သူများချက်ထားတာဆိုရင်တော့ပိုတောင်ဗိုက်ဆာလာသေး။
    အိုင်အိုရာ

    ReplyDelete
  14. ဟန်ကြည်September 4, 2013 at 3:43 PM

    ညှော်လာခံတယ်ဗျို့...ငါးဟင်းကြီးတော့ ကြိုက်ပေါင်ဗျာ...မဒမ်ကြည့် ဓာတ်စာကြီး...း)

    ReplyDelete
  15. ဆရာဟန်ကြည်..
    ငါးဟင်းကြီးမစားရတဲ့အရပ်ရောက်သွားရင်ငါးဟင်းကြီးမကြိုက်ပေါင်ဗျာလို့ ပြောချင်မှပြောနိုင်တော့မှာနော့်။
    အထူးဧည့်သည်လာတုန်းဘာနဲ့ ဧည့်ခံရပါ့။ ကြိုက်တတ်တာလေးတွေပြောထားအုန်းလေ။း)
    ဘလော့ဒေးပို့ စ်လာချောင်းရင်တော့ဆောရီးဘဲဆရာရေ။ အလုပ်တွေများစိတ်တွေမအားရေးချင်ချွတ်ချင်စိတ်ကုန်ခမ်း။
    အိတ်လေးတောင်မှောက်ပြီးဓါတ်ပုံရိုက်လိုက်သေးတယ်။ မရေးဖြစ်တော့ပါဘူး။
    မဒမ်ကြည်ကတော့မပါမပြီးဘဲနော်။ ....:P

    ReplyDelete
  16. မမအိုင်အိုရာ မလေးတို့ သားအမိက ငါးဆိုအရမ်းကြိုက်တာ မမရဲ့ ဟင်းတွေကို အများကြီးစားသွားပါတယ်ရှင့်။

    ReplyDelete
  17. မလေး..
    သားသားကလည်ငါးကြိုက်တယ်ဟုတ်လား။း)
    လာလည်လို့ ကျေးဇူးပါ။ အားတဲ့အခါထပ်လာလည်ဖို့ ဖိတ်ပါတယ်။

    ReplyDelete
  18. ငါးဟင်း မချက်တတ်တာနဲ့ အတော်ပဲ ဖြစ်သွားပြီ။ ဒီနည်းတွေအတိုင်းလုပ်ရမယ် :D :D

    ReplyDelete
  19. ရှက်ဖ်ကို မြင်ဖူးနေပေမယ့် တခါမှ မစားဖြစ်ဘူးး..မမအိုင်အိုရာ ညွှန်းထားနဲ့  ချက်စားဦးမယ်...
    ငါးချက်ရင် ညှီနံ့ ရလို့  ပုဇွန်ပဲ စားဖြစ်နေတာ..အစ်မဟင်းတွေ မြင်မှ ချက်စားဦးမယ်...
    တပတ် ၂ ရက်လောက် ထမင်းဗူး ချဉ်ပေါင်ကြော်ယူတယ့် သူလို့  စန်းထွန်းကို မှတ်မိနေမလား မသိ...
    အဲဒီလောက် ချဉ်ပေါင်ကြိုက်တယ့်သူ အိုင်အိုဝါနဲ့  ကန်တက်ကီမှာ ချဉ်ပေါင်ငတ်ခဲ့သမျှ မေရီလန်းရောက်မှ အတိုးချ စားနေတယ်..း)
    မြန်မာပြည်က ဆိုးဆေးတွေက လန့် စရာ..အဲဒီအကြောင်း ပညာပေးတာလေး ရေးတာလေး ဖတ်ချင်ပါတယ် ခင်ညာ...

    ReplyDelete
  20. ကန်ဒီလေး..
    ငါးဟင်းကကြက်သွန်ကောင်းကောင်းမကျက်ရင်ပိုပြီးညှီတယ်လို့ ထင်ရတယ်။ ကြက်သွန်ကောင်းကောင်းကျက်အောင်စိတ်နဲနဲရှည်ဖို့ လိုတယ်။ အဲဒါပြီးရင်တော့ခဏလေးကျက်ရော။း)


    ကေးလ် ကို ( Kale )ပြောတာလားစန်းထွန်းလေး။
    တချို့ ငါးတွေကညှီတယ်နော်။ Cat fish လည်း တချို့ တရုပ်ဆိုင်ကရောင်းတာတွေညှီတယ်။ မညှီတဲ့ငါးကိုမှတ်ထားပြီးဝယ်စားရတယ်။ ဒီမှာကတော့ Cat fish နဲ့ ပုဇွန်အရမ်းကောင်းလို့ အမြဲချက်ဖြစ်တယ်။
    ချဉ်ပေါင်တွေတွေ့ ရင်စန်းထွန်းကိုသတိရနေခဲ့တာ။ အခုစန်းထွန်းချဉ်ပေါင်တွေ့ ရင်မမအိုင်အိုရာ ကိုသတိရနော်။း)
    စန်းထွန်းရေ..စာအုပ်တွေအိမ်မှာကျန်ခဲ့လို့ တချို့ စာတွေရေးချင်လျက်နဲ့ မရေးနိုင်ဖြစ်နေတာ။ မသေချာတာမျိုးကိုမရေးချင်ဘူးကွယ်။
    ဒါပေမဲ့ခုထိတော့ဆိုးဆေးကိစ္စခေါင်းထဲမှာရှိတုန်းဘဲ။

    ReplyDelete
  21. ဟင်းတွေ စုံလွန်းလို့ ထမင်းစားပြီး စာလာဖတ်တဲ့သူတောင် ဗိုက်ပြန်ဆာသွားရတယ်.။ ငါးချက်နည်း အမျိုးစုံပါ့လား... လိုက်မှတ်ထားတယ်။ စမ်းချက်ကြည့်ဖို့လေ..
    စာမရေးဖြစ်၊ ဘလောဂ့်လည်းမရောက်ဖြစ် ဖြစ်နေတာ
    ဒါပေမဲ့ ဘလောဂ့်အချင်းချင်း ချစ်ခင်ရင်းနှီးမှုကိုတော့ အမြဲ သတိရနေပါတယ်။ ဘလောဂ့်ပေါ်မှာ စာတွေတင်ချင်ပေမဲ့ အချိန်သိပ်မရတာနဲ့ စာမရေးနိုင်ဖြစ်နေတာကြောင့်ပါ။ စာလေးတစ်ပုဒ်တင်လိုက်ရပြီဆို ဖြစ်ရတဲ့ ပီတိကိုလည်း အမြဲလွမ်းဆွတ်နေတာပါ။

    ReplyDelete
    Replies
    1. ချောရေ..
      ကိုယ်ချောကိုသတိရရနေတာ။ အစစအရာရာအဆင်ပြေပါစေလို့ ပဲဆုတောင်းနေတယ်။ ဘာကြောင့်ပျောက်နေမှန်းမသိတော့လေ။ နို့ မို့ ရင်ဘလော့တွေမှာချောရဲ့ နှစ်လိုဖွယ်ပီယ၀ါစာကွန်မန့် လေးတွေချန်နေကြမဟုတ်လား။
      ကိုယ်လွန်ခဲ့တဲ့တနှစ်လောက် မုန်ညင်းချဉ်ချောပြောသလိုလုပ်ဖြစ်တယ်။ ကောင်းတယ်။ မုန်ညင်းချဉ်ပုံတွေတွေ့ တိုင်းအဲဒါလေးကိုပြန်သတိရတယ်။ ခုမုန်ညင်းပေါတဲ့နေရာရောက်နေလို့ လုပ်ဖို့ ချိန်နေပြန်ပြီချောနည်းလေးနဲ့ ။
      (ချော ကွန်မန့် က စပန်မ် ထဲရောက်နေလို့ ။ တော်သေးတာပေါ့ သိပ်အကြာကြီးမဟုတ်သေးလို့ ။ ဆောရီးနော်။)

      Delete
  22. ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသားငါး ရွေးပုံရွေးနည်းနဲ့ အတူ စားချင်စရာ ဟင်းလျာများအတွက် ကျေးဇူး။ ဗိုက်တောင် ဆာသွားတယ်။ ဓါတုဆေးတွေမပါတဲ့ အသားငါး ဟင်းသီးဟင်းရွက်က မြန်မာပြည်မှာ တကယ်ကို ရှားပါးလာပြီ..။ သတိထား ရွေးနိုင်မှ တော်ကာကျတော့မှာ။ ဗဟုသုတလည်း ရ၊ ဗိုက်လည်းဆာသွား.. ကျေးဇူး ;)

    ReplyDelete
  23. လသာည..
    လာလည်လို့ ကျေးဇူး။ မှတ်ချက်လေးကြောင့်ပိကျေးဇူး။
    ဟုတ်တယ် မြန်မာပြည်ကအစားအသောက်တွေကိုသေသေချာချာထိန်းချုပ်ပြီးဥပဒေရောပညာပေးရောလိုနေပြီ။
    ဗိုက်ဆာပြီးမြင်သာမြင်ရမစားရတာတော့ဆိုးတယ်နော်။း)

    ReplyDelete
  24. ဆောရီး....မှတ်ချက်လေးကြောင့်ပိုကျေးဇူး...လို့ ရေးတာပါ။း)

    ReplyDelete
  25. ရပါတယ်..။


    ဟိုးအရင်က မကြာမကြာ ရောက်တယ်။ ဟင်းမချက်တတ်လို့ ဟင်းချက်နည်းလေးတွေ လာလာကြည့်တာ :D
    အခုနှစ်တွေထဲ တစ်နှစ်ကျော် နှစ်နှစ်နီးပါး အင်တာနက် ခက်တဲ့နေရာ ရောက်နေခဲ့ရလို့ ဘလော့ဘက် မရောက်တာ..။ အခုတော့ အင်တာနက်လည်း အရင်ထက် ကောင်းပြီဆိုတော့ မကြာမကြာ လာတော့မှာ :D

    ReplyDelete
    Replies
    1. လသာည..
      အားလို့ ကတော့လာသာလည်။ အမြဲကြိုတယ်နော့်။း)
      အိုင်အိုရာ

      Delete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။