Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, August 10, 2013
ရွှေမြန်မာတို့ အတွက်ရွှေနံနက်စာ
ဒီနေ့ စားဖြစ်တဲ့နံနက်စာလေးကြောင့် ကိုယ့်ရဲ့ ဘလော့သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို သတိရမိတယ်။ အစားကောင်းစားရရင်ကိုယ်ချစ်တဲ့သူတွေကိုသတိရတယ်လို့ ဆိုထားတယ်မဟုတ်လား။
ပဲပြုတ်လုပ်ထားတာလေးကျန်နေလို့ ချစ်ချစ်က မနက်စာကိုဘာစားကြမလဲဆိုတော့ ကျမက ထမင်းပူပူလေးနဲ့ ပဲပြုတ်ဆီဆမ်းစားမလားလို့ မေးလိုက်ပါတယ်။ သူက အင်း..အဲဒါဆို ဘာနဲ တွဲစားရင်ကောင်းမလဲတဲ့။ အိမ်မှာဆို အကြော်နဲ့ တွဲစားကြတယ်။ ဘူးသီးရှိတယ် ကြော်ပေးမယ်ဆိုပြီး စလိုက်ရာကနေ တဆက်တည်း အချဉ်ဖျော်၊ ငါးခြောက်ဆီဆမ်း၊ ထမင်းခြောက်လှမ်းထားတာလေးပါ ကြော်ဖြစ်လိုက်ပါတယ်။ တစ်ခုပြီးတစ်ခု စားပွဲပေါ်ရောက်လာတာကြည့်ပြီး....
အိုး...ဟိုး...ရွှေမြန်မာတို့ အတွက်...ရွှေဘရိတ်ဖတ်စ်ပါလားလို့ ...မှတ်ချက်ချမိတယ်။
ဒါနဲ့ ရိုက်ထားတာလေးတွေအမှတ်တရတင်ပေးလိုက်ပါတယ်။ (ကိုယ်တို့ လိုအဝေးရောက်တွေအတွက်တကယ့်ရွှေနံနက်စာပါ...နော်။) ၀ယ်စားလို့ မရဘူး။ ကိုယ်လုပ်မှကိုယ်စားရတာလေ။
ဘူးသီးကြော်ရပြီ။ တင်ပူရာထဲကို ဆန်မှုန့် ၊ ကောက်ညင်းမှုန့် ၊ ဆိုဒါနဲနဲစီထဲ့ပြီးဂျင်းရည်ညှစ်ထဲ့ပြီးကြော်ထားတာပါ။
နေအုန်း ဘာရှိလဲ ဆလတ်ရွက်ကတစ်ရွက်ပဲကျန်တော့တယ်။ ရှိတာလေးနဲ့ ကပ်စားကြတာပေါ့။ ဂေါ်ဖီ၊ နံနံ နဲ့ ချယ်ရီခရမ်းချဉ်သီးကို ထဲ့ထားပါတယ်။
ဆီအိုးလက်စနဲ့ ထမင်းခြောက်ပါဆက်ကြော်လိုက်တယ်။ စားချင်ရင်လည်းစား မစားချင်သေးရင်လည်း ဘူးထဲလေလုံအောင်ထဲ့ပြီးနောက်တော့စားရတာပေါ့။ ချစ်ချစ်ကပြောတယ်။ ကျမတစ်ခါကတင်ဘူးတဲ့ ထမင်းခြောက်ကြော်ရယ်ဒီမိတ်ထက်ကောင်းတယ်တဲ့။ ကောင်းတာပေါ့ ဒါကမှမြန်မာ့စတိုင်နဲ့ တူတာကိုးလို့ ပြောမိတယ်။ ပိုတဲ့ထမင်းကျန်တွေ အိမ်ထဲမှာတင်လှမ်းထားတာပါ။ မီးဖိုနားမှာထားတာ နှစ်ရက်သုံးရက်လောက်ဆိုခြောက်သွားတာဘဲ။
သူငယ်ချင်းကွန်ဖရင့် စ်လာတက်ရင်းကယ်လီဖိုးနီးယားကသယ်လာပေးတဲ့ အာပြဲခြောက်ဖုတ်။ တော်တော်ကောင်းတယ်။ ကျမရန်ကုန်မှာတုန်းကဆို ငရုတ်သီးနဲ့ ကြွတ်နေအောင်ကြော်ထားတာဘဲစားချင်တတ်တာ။ အနံ့ ပြင်းလွန်းလို့ လေ။ မခံနိုင်ဘူး။ ဒါကတော့ဘယ်လိုလုပ်ထားလည်းမသိဘူး။ မနံဘူး။ ရိုးရိုးငါးခြောက်နံ့ လောက်ပဲရှိတယ်။ ဖုတ်ပြီးသားကို ကိုယ့်ဖာသာကိုယ်ဆီဆမ်းထားပြီး မိုက်ခရိုဝေ့နဲ့ တစ်မိနစ် အပူပေးထားတာပါ။
ကဲ...ထမင်းလည်းကျက်ပြီ။ ပူပူလေးဆီဆမ်းဆားဖြူးနယ်ပေးထားပါတယ်။ ပဲပြုတ်လည်းပြန်အပူပေးပြီးသွားပြီ။ ဆီနဲနဲဆမ်းပေးထားတယ်။ စားမဲ့ပန်းကန်တွေချမယ်။
သူ့ အတွက်ပဲပြုတ်နဲ့ ဘေးကကျမပန်းကန်ကပဲပြုတ်မထဲ့ဘူး။ ဒါကြောင့်ထမင်းထဲရောမနယ်ထားတာလေ။
ကဲ....ကျမညွှန်းတာမလွန်ပါဘူးနော်။ ရွှေမြန်မာတို့ အတွက်ရွှေနံနက်စာ...ဆိုတာ။ နှစ်သက်သလို သုံးဆောင်သွားနော်။ စားပြီးတော့ကော်ဖီပြင်းပြင်းလေးပေါ့။
အောက်ကပုံတွေကတော့သူငယ်ချင်းဆာဂျရီလုပ်ထားလို့ ဟင်းချက်ပေးထားတာပါ။ သူငယ်ချင်းကသူ့ မှာရှိတာတွေလာပေးသွားတာအိမ်ကနေချက်ပေးထားတာပါ။
ငါးအိုးကပ်ပင်စိမ်းနဲ့ ငရုတ်ရွက်အုပ် (ကြက်သွန်ဖြူ၊နီ၊ ငရုတ်သီးကြိတ်ထားတာတွေနဲ့ ဆား ဆနွင်းနယ်ထားတဲ့ငါးကို ခရမ်းချဉ်သီးသေးသေးလှီးထားတာတစ်ခါတည်းထဲ့နယ်ပြီးအိုးကပ်မီးအေးအေးနဲ့ ချက်ထားတာပါ။ အော်..ဆီရယ် ငံပြာရည်ရယ် ရေမမြုတ်တမြုတ်ရယ်လည်းထဲ့တယ်နော်။ အိုးကပ်ချက်ရင် အိုးကပ်ပြီးတူးနံ့ လေးစထွက်လာမှကောင်းပါတယ်။ ပထမပိုင်းမှာငါးကိုလှန်ချင်ရင်အသာလေးလှန်လို့ ရပါတယ်။ ဆီမပြန်ခင်လှုပ်ပေးလို့ ရပါတယ်။ ဆီပြန်ခါနီးရင်တော့အသာလေးဘဲလိုသလို လှည့်ပြီးအိုးကပ်လုပ်ပါ။ မမွှေနဲ့ တော့နော်။ ကြေကုန်လိမ့်မယ်။
မုန်ညင်းစိမ်းချဉ်ရည်ဟင်း။ ပုဇွန်ခြောက်နဲ့ လုံးချက်ထားတာပါ။ ဆီမပါဘူး။ အဲဒါသောက်လို့ ပိုကောင်းတယ်။ ပဲပုတ်ထောင်းလေးနဲ့ ဆိုမိုက်မှာ။
ဒါကကြက်သားဟင်းချက်ပေးတာ။ အသုပ်စားချင်ရင်လည်းလုပ်စားလို့ ရအောင်ပါ။
အစပ်အတွက် ဂျင်းထောင်း။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်နဲ့ ဂျင်းကိုထောင်းထားတာပါ။ ဆားလေးနဲနဲ လေးအောင်ထဲ့။ အချဉ်ဟင်းမပါရင် သံပုရာသီးလေးညှစ်စားတာပေါ့။
ပို့ ဘို့ အဆင့်သင့်။
ကြက်သား၊ ကြက်ဥ၊ ဂေါ်ဖီ၊ ခါဂျက်ဥနဲ့ ထမင်းကြော်ပေးတာ။
သူငယ်ချင်းပေးတဲ့ဖရဲသီး ချိုလွန်းလို့ မကြိုက်တဲ့အိုင်အိုရာတောင်အများကြီးစားဖြစ်ခဲ့တယ်။
ဒါကတော့ အဲဒီနေ့ ကအိုင်အို့ ရာ့ အတွက် ငါးဟင်းကိုချဉ်ပေါင်ရွက်အုပ်ပြီး သောက်ဆမ်းလေးချက်စားထားတာပါ။ ချဉ်ပေါင်မစားရတာကြာလှပြီ။ အင်ဒီးယန်းဆိုင်ကတွေ့ လို့ လေးကျပ်ဘိုးဝယ်လာတာ။ ညှိုးတောင်နေပြီ။ စားချင်လွန်းလို့ ဇွတ်ဝယ်လာတာ။း) ကြက်သွန်ဖြူ၊နီ ငရုတ်သီးထောင်းထားတာကိုဆီနဲနဲလေးနဲ့ ဆီသတ်ပြီး မွှေးလာရင်ခရမ်းချဉ်သီးထဲ့ခရမ်းချဉ်သီးမကြေတကြေလေးကြိုက်လို့ ကြေအောင်မခြေပဲချက်ထားတာပါ။
 မကြေတကြေမှာငါးထဲ့လုံးထား။ အဖုံးလေးအုပ်ထား ခဏနေ ရေကုန်သွားမှ အဖုံးဖွင့်ကိုယ်နှစ်သက်သလောက်ရေထပ်ထဲ့။ ရေဆူတော့ အရသာမြည်း ပြင်ပြီးရင် နံနံပင်အုပ်။ ရှမ်းနံနံလည်းကောင်းတယ်။ မရှိလို့ ။ သောက်ဆမ်းဆိုတော့ ဆီလေးနဲနဲပါမှဆမ်းစားလို့ ကောင်းပါတယ်။ သောက်တဲ့အခါမွှေပြီးသောက်နော်။ ဆီမပါအောင်ခပ်သောက်။
ဒါကတော့ကြက်သားအကောင်လိုက်ဝယ်ပြီးတုံးတစ်ပြီးဆီပြန်ချက်ထားတာ။ မနေ့ ကချက်ထားတာ။ အိုင်အိုရာကအရိုးပါတာလေးတွေရွေးစားမှာ။း)
 ဟင်းတွေချက်ပါအုန်းဆိုတဲ့ကျိုင်းတုံသူလေးရေ..ချက်ထားတာတွေတင်လိုက်တယ်နော်။
အားလုံးပျော်ရွှင်ပါစေရှင်။
ရာသီဥတုမကောင်းဘူး။ အပြင်မှာအရမ်းပူတယ်။ အခန်းထဲမှာအရမ်းအေးကြတယ်။
ကိုလံဘီယမ်သူငယ်ချင်းမလေးနဲ့ နေပူထဲမှာလျှောက်သွားထားတာခုထိအပူရှပ်နေသလိုဘဲ။
ခုသူပြန်သွားပြီ။ မိုးတွေရွာနေပြန်ပြီ။
ကျေးဇူးတင်ပါတယ်ရှင် လာလည်လို့ ။
အားလုံးကိုခင်မင်လေးစားတဲ့....
အိုင်အိုရာ
18 comments:
  1. အိုး ကောင်းလိုက်တာ
    ReplyDelete
    Replies
    1. ဟယ်ဟုတ်လို.လား
      Delete
    2. This comment has been removed by the author.
      Delete
  2. အမည်မသိ..၁
    ကြုံတုန်းလေးသုံးဆောင်သွားနော်။
    အမည်မသိ..၂
    ဟယ်..ဟုတ်ပါတယ်ဆို..
    ReplyDelete
  3. “ချက်” ချက်က ရက်စက်တယ်။
    “ချက်“ ချက်က ၉လောက်ရှိတယ်။
    ချက်ချက် နိုင်လွန်း။
    သူ သိပ်သိပ်ချက်။
    အစားချင်ဆုံးက ဘူးသီးကြော်
    တမ်းတရတာက ပဲပြုတ်
    အို စားချင်လိုက်တာ သူရယ်..............
    ReplyDelete
  4. ရေးချက်က ၁၀ လောက်ရှိတယ်။
    သူသိပ်သိပ်ရေးတတ်။
    အကွှေးချင်ဆုံးက ဘူးသီးကြော်။
    အပေးချင်ဆုံးက ပဲပြတ်။
    ...အင်း...ကွှေးချင်လိုက်တာ အမည်မဖေါ်သူရယ်....
    ReplyDelete
  5. ထိုက်ထိုက်တန်တန် ရွှေမြန်မာတို့အတွက် ရွှေနံနက်စာပါလား အိုင်အိုရာရေ...
    တစ်ပုဒ်ဆိုလဲ တစ်ပုဒ် ပီပြင်ပါပေတယ်... တစ်ခုချင်းကိုအားပေးသွားပြီနော် ..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  6. တဝကြီးစားသွားပြီ မမအိုင်အိုရာ
    ReplyDelete
  7. ကျိုင်းတုံသူကြီးကတောင်းဆိုပြီး၊
    နောက်ကျမှရောက်လာရတယ်လေ။
    ကွန်ပြူတာကြီးကပြသာနာလုပ်နေလို့ ပါ..
    အိုင်အိုရာလေးရေ..
    ပဲပြုတ်ကိုကိုယ့်ရဲ့ တဦးတည်းသော
    အိမ်လည်လာဖူးသူတယောက်၊
    လက်ဆောင်လာပေးလို့ ပြီးခဲ့တဲ့အပတ်ကတပတ်လုံး၊
    ပဲပြုတ်ထမင်းကြော်နဲ့မနက်စာစားရတယ်။
    သူ့ နဲ့လုစားရတယ်လေ..၊
    ချဉ်ပေါင်ပင်တွေတော့Longisland သွားတုံးက၊
    ကုလားဆိုင်မှာတွေ့ လို့ အားလုံးသိမ်းကြုံးယူလိုက်တယ်။
    မ..ပြောသလိုခဲထားတာ..ထမင်းနဲ့ သုပ်စားလိုက်။
    ဟင်းရည်ချက်သောက်လိုက်နဲ့ 
    တော်တော့်ကိုစားလိုက်တယ်။
    ဒါနဲ့ ဂျင်းထောင်းဆိုတာကိုအရမ်းကြိုက်တယ်သိလား။
    ကျမတို့ ဖက်လည်းစားတတ်တယ်လေ..။
    အိမ်ကအညာသားကြီးမစားဖူးဘူးတဲ့...။
    အားအောင်လုပ်ပြီးဟင်းတွေတင်ပေးတာ..
    ကျေးဇူးအများကြီးဘဲ...။
    ကြက်ရိုးကိုက်ဖော်တယောက်တိုးလာပြီ..:)))
    ReplyDelete
  8. ညအချိန်မှာ ဖတ်မိပေမယ့် ရွှေနံနက်စာက တကယ့်ကိုပဲ သွားရည်ကျစေတယ်....၊း) ငါးခြောက်တွေကို ဆီဆမ်း၊ မိုက်ခရိုဝေ့ဖ်မှာ တစ်မိနစ် အပူပေးပြီး စားတာချင်းတော့ တူနေပြီဗျ..၊း) ဒါနဲ့ ဂျင်းထောင်း ဆိုတာကို မစားဖူးဘူး၊ တစ်ခါမှလည်း မကြားဖူးဘူး...၊ အခု မအိုင်အိုရာ ရေးပြထားပုံဆို လုပ်ရတာ လွယ်လွယ်လေးပဲ..၊ မနက်ဖြန်တော့ စမ်းကြည့်ဦးမယ်...၊
    ရိုးရာမပျက် သွားရည်ယိုစရာ ဟင်းတွေ အတွက်ကော၊ ဂျင်းထောင်း recipe အတွက်ကော ကျေုးဇူးတင်ပါတယ်ဗျာ...။
    ReplyDelete
  9. တီတင့်…
    ချစ်စရာကောင်းတဲ့စကားလေးတွေကြောင့်ကျေးဇူးပါရှင်။
    တီတင့်လည်းအမြဲစိတ်ချမ်းသာပါစေလို့ …
    စု….
    စု..ဟင်းလေးတွေကို ပိုစားချင်တယ်။ တကယ်။
    မီးမီး…
    ပဲပြုတ်ကလုပ်စားရင်အများကြီးစားရတယ်။ ချစ်ချစ်ကကြိုက်လို့ လုပ်လုပ်ပေးထားတာလေ။
    ချဉ်ပေါင်ကတော့ အီစကို့ အကြိုက်။ မစားရတာဒီပြောင်းလာကတည်းက။
    အဲဒါတစ်စည်းကို ၄ ကျပ်ဆိုတော့မတန်မှန်းသိသိနဲ့ စားချင်လို့ ဝယ်လာတာ။
    ခု ..ကုန်သွားပြီ။
    ကယ်လီဖိုးနီးယားမှာတုန်းကတော့ မပြတ်သလောက်ဘဲ။ ဖားမားစ်မားကက်သွားရင်လည်း စုံနေအောင်ရတယ်လေ။
    ကိုယ်တို့ အိမ်က အထောင်းတစ်မျိုးမျိုးအမြဲလုပ်တယ်။ ဂျင်းထောင်းကတော့ဘာမှထောင်းစရာမရှိရင်ထောင်းလေ့ရှိတာလေ။
    အညာသားကြီးမစားဖူးဘူးဆိုတော့အံ့သြနေတာ။ အညာကလည်းအရမ်းအထောင်းစားကြတယ်လေနော်။
    ဟာ… ကြက်ရိုးလုမဲ့အဖေါ်တစ်ယောက်တိုးလာပြီ။ များများပိုချက်မှဘဲ။း)
    ကိုညီလင်းသစ်..
    ဂျင်းထောင်းလုပ်စားပြီးသွားပြီလား။
    အလွယ်တကူလေးနဲ့ ထမင်းမြိန်စေတယ်နော်။ စားကြည့်ပြီးရင်ပြန်ပြောပါအုန်း။ ကြိုက်မကြိုက်။
    ဒီကလည်း..မမေ့မလျော့လာအားပေးတဲ့အတွက်ကျေးဇူးအထူးပါရှင်။
    ReplyDelete
  10. မမအိုင်အိုရာရဲ့ ရွှေနံနက်စာက အရမ်းကို မိုက်မှမိုက်ပဲ သွားရည်ကျလိုက်တာ အမရေ
    ဂျင်းထောင်း မစားဖူးဘူး လုပ်စားဦးမယ်..အကုန်လုံးကို တဝကြီး အားပေးသွားပါတယ်..
    မိုးစက်ဝိုင်
    ReplyDelete
  11. မိုးစက်လေး...
    ဂျင်းထောင်းလုပ်စားကြည့်။
    အသားဟင်းကအချိုဆို..သံပုရာသီးလေးညှစ်စား။ ဆီမထဲ့နဲ့ သိလား။
    သူကဆီပါရင်စားလို့ မကောင်းဘူး။
    အားလုံးအားပေးသွားလို့ ကျေးဇူးနော့်။
    ReplyDelete
  12. လောလောဆယ်သက်သတ်လွတ်စားနေတော့ ပဲပြုတ်ထမင်းဆီဆမ်းနဲ့အကြော်ကို တော်တော်သရေကျနေတယ် နောက်နေ့ကြော်စားမယ်ကွယ်… ဟင်းတွေအားလုံးကိုကြိုက်တယ်
    ReplyDelete
  13. အဲဒီလို နံနက်စာလေး စားချင်လိုက်တာ...ဂျင်းထောင်းက ဆန်းသား...ဆီမပါတယ့် ချဉ်ရည်ဟင်းက ကောင်းမယ့်ပုံပဲ..အိုး မမအိုင်အိုရာ ဘာချက်ချက် ကောင်းမှာပါပဲ ...;D
    ReplyDelete
  14. မိုးငွေ့ …
    ကြော်စားဖြစ်အောင်စားကွယ်။
    ကိုယ့်ကိုလည်းသတိရနော်။
    စန်းထွန်း..
    စန်းထွန်းတစ်ယောက်စာဆို ခဏလေးရယ်။
    ပဲကတော့ကြိုပြုတ်ထားပြီးခဲထားရတာပေါ့။
    ပြောရင်းနဲ့ အိမ်ဦးနတ်ကို ပဲရေစိမ်ထားခိုင်းတာမစိမ်ထားတာသတိရသွားပြီ။
    နေအုန်း…ဒင်းတော့…ပြန်လာမှ။ (သူကြိုက်တာလေးချက်ကျွေးမယ်လို့ …ပြောမလို့ ပါ။ ဟဲ..ဟဲ။ )
    မမအိုင်အိုရာကလည်းဘာချက်ချက်စန်းထွန်းလေးကိုကျွေးချင်တာနော်။
    စန်းထွန်းလေး..စိတ်သောကတွေအေးပြီးအလုပ်သစ်ကောင်းကောင်းလေးရပါစေလို့ ….
    ReplyDelete
  15. ငါးအိုးကပ်နဲ့ ငါးချဉ်ပေါင်... ကြိုက် ကြိုက် :)
    ReplyDelete
  16. စူးနွယ်လေး…
    အကြိုက်တူတာသိတယ်လေ။
    ချဉ်ပေါင်ဟင်းရည်လေးနဲ့ နယ်စားလိုက်ရင်တော့တအားစားလို့ ကောင်းတာနော်။
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။