ဘ၀ဆိုတာပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတာလည်းနားလည်ပါတယ်။
ပျော်ရာဆိုတာကတော့ကိုယ့်အိမ်ပါဘဲ။
တော်ရာဆိုတာကတော့ အိမ်ကလွဲလို့ ဖြစ်ချင်တဲ့နေရာဖြစ်မှာပေါ့လေ။
ထားလိုက်ပါတော့။
ပြောပြချင်တာက နေရာသစ်ကပြတင်းလေးတွေအကြောင်းပါ။ ကျမကိုခင်လို့ လာလာလည်တဲ့သူတွေကလည်း ကျမရဲ့ ပြတင်းသစ်လေးကဘယ်လိုများနေမလဲလို့ လည်းသိချင်နေကြမှာပေါ့။
ကျမအခုရောက်လာတဲ့မြို့ လေးကသစ်ပင်တွေတော်တော်ပေါတယ်။ ကျမအကြိုက်ပေါ့။ ငှက်ကလေးတွေရဲ့ အသံကအမြဲလိုလိုကြားနေရတယ်။ အရင်က ကြားဘူးတာတွေလည်းပါ မကြားဘူးတာတွေလည်းပါပေါ့။
ကျမလိုချင်ခဲ့တဲ့ပြတင်းလေးတွေတကယ်ဘဲရပါတယ်။
ကျမကပန်းကန်ဆေးတိုင်းရှေ့ မှာနံရံကြီးကိုမြင်နေရတာ ညီးငွေ့ ခဲ့ဘူးတယ်။ ပန်းကန်ဆေးရင်စိတ်ကူးလေးနဲ့ ဆေးပြီး ငေးချင်ရာငေးချင်မိတယ်။ အထူးသဖြင့်ငှက်ကလေးတွေမြင်ရတဲ့မြင်ကွင်းကို ကျမရဲ့ ပန်းကန်ဆေးစင်ရှေ့ မှာရှိနေစေချင်ခဲ့တယ်။
ခုကျမနေရာလေးက ပန်းကန်ဆေးစင်ရှေ့ တည့်တည့်မှာ လှပစိမ်းလန်းတဲ့သစ်ပင်ကြီးတွေရယ် ပန်းခင်းတွေရှိတဲ့ တစ်ဖက်ခြံကိုမြင်နေရတယ်။ သစ်ပင်ကြီးတွေပေါ်မှာ ငှက်ကလေးတွေရော ရှဥ့်ကလေးတွေရောအမြဲလိုလိုတွေ့ ရတော့ကိုယ့်စိတ်ကိုကြည်နူးစေတယ်။ (စီစဉ်ပေးတဲ့ချစ်သူငယ်ချင်းကိုကျေးဇူးတင်ပါတယ်။) ငှက်ကလေးတွေကတော့မတွေ့ ရလည်းအသံအမြဲကြားနေရတာကိုက စိတ်ကြည်နူးစရာ။
အိမ်ရှေ့ ဖက်မှာကျတော့လမ်းကွေ့ ကွေ့ ကောက်ကောက်လေးတွေကကဗျာဆန်ဆန်နဲ့ လှနေပြန်သေးတယ်။
အဲဒီလမ်းကွေ့ ကောက်လေးရဲ့ တဖက်မှာတော့မြက်ခင်းစိမ်းအပြည့်နဲ့ ဂေါက်ကွင်းအစွန်းလေး။
ကုန်းမို့ မို့ လေးနဲ့  ဂေါက်ကွင်းအစွန်းမှာတော့လှပတဲ့ ရေကန်လေးတစ်ခု။ အဲဒီရေကန်လေးမှာ ကနေးဒီးယန်းဘဲငန်းတွေနဲ့ တောဘဲတွေ ကအမြဲနေရာယူထားကြတာကလည်းသဘောကျစရာ။ သိပ်အများကြီးအုပ်လိုက်ကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ လေးငါးဆယ်ကောင်အမြဲရှိနေတယ်။ ဒီနိုင်ငံမှာ ချစ်စရာလေးစားစရာကောင်းတဲ့ ဥပဒေတစ်ခုက အဲဒီလိုနေနေကြတဲ့ငှက်ကလေးတွေ တိရိစ္ဆာန်လေးတွေ လမ်းကူးရင်လူကူးသလိုဘဲကားတွေကရပ်ပေးရတယ်လေ။ တခါတခါ ဘဲငန်းတွေ ဘဲတွေက လမ်းလည်ခေါင်မှာဆက်မကူးပဲ ရပ်ပြီး သူတို့ ရဲ့ အမွှေးအတောင်တွေကိုသပ်ချင်သပ်နေကြတာ။ ဘယ်သူများလေးဂွနဲ့ ပစ်လိုက်မလဲလို့ ပူပင်ကြောင့်ကြရတဲ့ခံစားချက်မျိုးလည်းမကြုံဖူးကြဘဲကိုး။ အဲဒီအခါမှာကားတွေက ဟွန်းတစ်ချက်မတီးပဲ စိတ်ရှည်လက်ရှည်နဲ့ စောင့်ပေးနေကြတာကြည်နူးလေးစားစရာပါ။ အဲလိုမြင်ကွင်းမျိုးကိုတော့အိမ်ရှေ့ ဖက်က ပြတင်းလေးကပေးတယ်လေ။ ဒီနိုင်ငံမှာအဲလိုနေရာလေးတွေမှာ Duck Crossing တို့ Deer Crossing တို့  Quail Crossingတို့ ဆိုပြီး သတိပေးဆိုင်းဘုတ်လေးတွေစိုက်ထားပေးတယ်လေ။ ရေကန်လေးရဲ့ အစပ်မှာတော့ကျမနှစ်သက်တဲ့ခုံတန်းလေး
တွေကလှလှပပနဲ့ ရေကန်လေးနဲ့ လမ်းလေးနဲ့ သစ်ပင်လေးတွေနဲ့ လိုက်ဖက်လို့ နေတာပေါ့။ ကျမအလုပ်ကပြန်ရင်တခါတခါအိမ်ပေါ်အရင်မတက်ပဲ အဲဒီရေကန်ဘေးလေးသွားလမ်းလျှောက်ပြီး ခုံလေးမှာထိုင်ပြီး ငှက်ကလေးတွေနဲ့ မြက်ခင်းထဲကအရိုင်းပန်းလေးတွေကိုလိုက်ကြည့်မိတယ်။ တခါတခါရေကန်ဘေးမှာ ငါးမျှားတဲ့လူငယ်လေးတွေလည်းတွေ့ ရတတ်တယ်။
ငှက်သံတွေကတော့စည်ညံနေတာဘဲ။
သြော်...ကျန်သေးတယ်။ ဟင်းချက်တဲ့မီးဖိုရှေ့ တည့်တည့်မှာလည်း ပြတင်းလေးရှိသေးတယ်။ အဲဒီကနေလည်းဟင်းချက်ရင်းသစ်ပင်တွေကိုမြင်နေရတာဘဲ။ ငှက်သံများကြားလို့ ကတော့ချက်နေတဲ့ဟင်းအိုးကိုမီးပိတ်။ မှန်ဘီလူးပြေးယူပြီးရှာကြည့်ရတာအလုပ်တစ်ခု။
နွေဦးရာသီစခါစကပုရစ်ဖူးလေးတွေနဲ့ လှနေတဲ့သစ်ပင်တွေမြင်တုန်းကတော့
ကျမကသဘောတကျကြည့်ရင်းဒီလိုခံစားမိတယ်။ ဟင်း...အမေရိကန်တွေကလည်း ညံ့လိုက်တာ။ ဒီအပင်တွေကအရွက်ဖူးလေးတွေကိုစားလို့ ရမရမှသိကြပုံမပေါ်ဘူး။ ငါတို့ ရွှေပြည်ကြီးမှာဆိုရင်တော့ စားလို့ ရတဲ့အမျိုးဖြစ်မဖြစ်သိမှာသေချာတယ်။ ဒါဆိုဒီလိုပုရစ်ဖူးလေးတွေကို ညောင်ချဉ်ဖူးသုပ်လိုသုပ်စားလို့ ရချင်ရနေမှာလို့ လေ....
အဲဒီကနေဆိုရင်အိမ်နောက်ဖက်ခြံကရေကူးကန်နဲ့ တစ်ခြံလုံးကိုသစ်ပင်တွေကြားထဲကနေမြင်နေရပြန်သေးတယ်။
တခါတခါငပိရည်ကျိုချင်ရင်တော့အဲဒီပြတင်းလေးကိုအသာလေးပိတ်ထားရသေးတယ်။ သူတို့ ဖက်ကိုအနံ့ တွေချက်ချင်းပြန့် သွားမှာစိုးလို့ လေ။ ငပိရည်ကျိုတယ်ဆိုလို့ အိမ်မှာအမေပြောသလိုအရိုးလေးတွေကျသွားတဲ့ထိမကျိုရဲပေါင်ရှင်ရယ်။ ကျက်ရုံလေးကျိုပြီးဇွန်းနဲ့ ခြေရတာ။ အိမ်မှာတုန်းက မမ ကအားလုံးအတွက်ငပိရည်ကျိုရင်တောင်ကျမကတံခါးတွေဖွင့်ထားဖို့ တို့ ဘာတို့ နဲ့ ဂျီကျခဲ့ဘူးတယ်။ အနံ့ မခံနိုင်လို့ လေ။ စားတာသာအရမ်းကြိုက်တာ။ ခုတော့မမ ရဲ့ ဝဋ်တွေလည်နေတာပေါ့။
ပြီးခဲ့တဲ့လတုန်းကဆိုရင် မြို့ တမြို့ လုံးမှာ ပန်းဆီရောင်၊ ပန်းနုရောင်၊ ခရမ်းရောင်၊ ပုစွန်ဆီရောင်၊ အဖြူရောင်တွေရှိတဲ့ ပန်းတွေပွင့်တာလှလွန်းလို့ သိပ်ကိုသဘောကျခဲ့တယ်။ ကျမတို့ ရွှေပြည်ကြီးမှာတခါတခါစက္ကူပန်းတွေဝေနေအောင်ပွင့်သလိုမျိုးလေ။
ကျမရဲ့ ပန်းကန်ဆေးစင်ကလှမ်းမြင်နေရတဲ့တဖက်ခြံမှာလည်း အဲဒီပန်းတွေဝေနေအောင်ပွင့်တာအပေါ်စီးကနေမြင်နေရတာသိပ်ကြည်နူးဖို့ ကောင်းတာဘဲ။ တခါတခါအဲဒီအိမ်ကအိမ်ရှင်အဖိုးကြီးကသူ့ ခွေးကြီးနဲ့ သူ့ ခြံထဲကိုလျှောက်ကြည့်တာမြင်ရတာလည်း စိတ်ချမ်းသာစရာ။
ကျမနှစ်သက်စွဲလန်းခဲ့တဲ့ ခံစားမှုလေးနဲ့ ထပ်တူမကျပေမဲ့ စိမ်းလန်းတဲ့သစ်ပင်တွေ၊ နွယ်ပင်တွေနဲ့ ငှက်ကလေးတွေ။ ကွေ့ ကောက်တဲ့လမ်းကလေးနဲ့ မြက်ခင်းစိမ်းလေးအနားသတ်ထားတဲ့
ရေကန်လေးတွေကိုအမြဲမြင်နေရတာကိုကစိတ်ချမ်းသာစရာပါ။ တခါတခါဘာအလုပ်မှမလုပ်ပဲ ပြတင်းကမြင်နေရတဲ့ သဘာဝပန်းချီကားကြီးကို တမေ့တမောထိုင်ကြည့်နေချင်မိတယ်။
(ဒီစာကရေးထားရင်းတန်းလန်းနဲ့ မြန်မာဖေါင့်တွေ တလွဲတွေဖြစ်ကုန်လို့ ဆက်မရေးပဲထားထားတာ။
ခုပြန်ရေးလို့ ရလို့ ဆက်ရေးတော့မယ်နော်။)
နွေဦးလေးရောက်လို့ ငှက်ကလေးတွေ တေးဆိုသံစည်ညံနေလို့ ပျော်မယ်ကြံတုန်း ဟော..မိုးတွေကဆက်တိုက်
ဆိုသလိုရွာပြန်တယ်။ ကောင်းတော့ကောင်းပါတယ်။ ပူလိုက် မိုးရွာချလိုက် ပြန်အေးသွားလိုက်နဲ့ ။ မိုးရွာပြီးရင်ရတဲ့မိုးရနံ့ ကတော့ကျမအရင်က မိုးတမနက်ရဲ့ ခံစားချက် မှာရေးခဲ့တဲ့ ကျမတို့ ရွှေပြည်ကြီးကရနံ့ အတိုင်းမို့ ခဏခဏလွမ်းနေရပြန်ပါတယ်ရှင်။ အရင်နေရာက မိုးရနံ့ ကရွေပြည်ကြီးကရနံ့ နဲ့ မတူဘူးဘိုဆန်တယ်။ ဒီမှာကမြန်မာဆန်တယ်။
မိုးရွာထားတော့ လမ်းဘေးမှာလည်းတောပန်းလေးတွေက ဟိုတရောင်ဒီတရောင် နဲ့ သဘာဝပန်းရိုင်းကော်ဇောခင်းထားသလိုဘဲ။ ပန်းနံ့ လေးတွေကလည်း တောစပါယ်နံ့ လေးနဲ့ ခပ်ဆင်ဆင်ဆိုတော့လွမ်းပြီးရင်းလွမ်းရရင်းပါဘဲ။
မိုးနဲ့ အတူနွယ်တွေကလည်းသန်လာလိုက်တာ။ ပန်းကန်ဆေးစင်ရှေ့ ကမြင်နေရတဲ့သစ်ပင်ကြီးမှာတွယ်ရစ်နေတဲ့ နွယ်ပင်ကနေ ထိုးထိုးထောင်ထောင်နဲ့ ထိပ်ညွန့် လေးတွေကလေတိုက်တိုင်းယိမ်းနေတာမြင်ရပြန်တော့ ကဗျာမဆန်ဘာမဆန်သတိရမိတာက ကျမတို့ အလုပ်ထဲကအိမ်မှာ(သစ်တောလေးကပ်လျက်နဲ့ အိမ်)အိမ်ရှေ့ အိမ်နောက် မိုးရာသီဆိုတွေ့ ရတတ်တဲ့ (တခါတခါမတွေ့ တွေ့ အောင်လိုက်ရှာရတဲ့) စိန်နဘော်ညွန့် ကြီးတွေကိုပါတဲ့ရှင်။ အဲဒါတွေသာစိန်နဘော်ညွန့် ကြီးတွေဆိုကျမတော့မရရအောင်ခူးပြီးပြုတ်တို့ ပစ်မှာဘဲ။း)
ကဲ...ပြတင်းလေးတွေကပေးတဲ့ခံစားချက်တစ်ချို့ ကတော့
လွမ်းပြီးရင်းလွမ်းနေရတာပါဘဲရှင်။
(လွမ်းရတဲ့ထဲမှာကျမစီကိုလာဖတ်တတ်တဲ့ဆွေမွန်များလည်းပါနေတာကိုယ့်ဟာကိုယ်သတိပြုမိလိုက်တယ်။)
အမြဲခင်မင်လေးစားသော...
အိုင်အိုရာ
မှတ်ချက်..ရေးထားတာတစ်လကျော်နှစ်လလောက်ရှိသွားပြီ။
ကွန်ပြူတာဒုက္ခပေးနေလို့ ဘာမှလုပ်မရဖြစ်နေတယ်လေ။ ဒီနေ့ တော့တစ်ခြားဟာတွေမလုပ်ချင်လို့ ဒါကိုကလိပြီးတင်ဘို့ ကြိုးစားလိုက်တယ်။
လာလည်တဲ့သူတွေကိုဧည့်မခံရတာလည်းကြာပြီဆိုတော့အောက်မှာချက်စားဖြစ်တာတွေတစ်ချို့ နဲ့ ဧည့်ခံလိုက်မယ်နော်။
ချက်နည်းတွေမထဲ့တော့ဘူး။
ငါးဟင်းမှတ်လို့ ဆွဲတင်လိုက်တာ။ ငါးသေတ္တာဟင်းဖြစ်နေတယ်။ အားတော့နာပါတယ်။ |
ဂွေးသီးထောင်း |
ဆီထမင်းထိုးစားဖြစ်တာလေးပါ။ ကိုယ်တိုင်လုပ်ထားတဲ့ပဲပြုတ် နဲ့ ငါးရံ့ခြောက်ပါ။ |
သူငယ်ချင်းပေးတဲ့လတ်လတ်ဆတ်ဆတ်စတော်ဘယ်ရီ အားပေးသွားပါအုန်း။ ခြံထွက်တွေရောင်းကြတာ။ |
သစ်ပင်ကြီးကြီးတွေနဲ့ ပန်းပင်တွေနဲ့ ကျေးငှက်သံတွေကြားနေရတာ ရှုခင်းက လွမ်းမောဖွယ် ... စာရေးလို့သိပ်ကောင်းမယ့်နေရာလေး...။ welcome back Iora.. ပို့စ်အသစ်တွေ ဟင်းအသစ်လေးတွေ မျှော်နေမယ်..။
ReplyDeleteWelcome back Iora!
ReplyDeleteSo lucky to live with the beauty of nature...
Love basin window idea, too :-)))
Now, I also have problem in using MMR font in comment box :-)
Moe Sett
မိုးငွေ့ ...
ReplyDeleteကျေးဇူးပါ။
မြန်မာဖေါင့်ဆက်ပြီးအဆင်ပြေမယ်..ဓါတ်ပုံတွေလည်း ထရန်စဖာလုပ်ရတာဆက်အဆင်ပြေမယ်..အချိန်လေးလည်းရမယ်ဆိုရင်တော့ပို့ စ်တွေတင်ဖြစ်မယ်ထင်ပါတယ်။
ဟုတ်တယ်..တကယ်တွေးလို့ ရေးလို့ ကောင်းတဲ့နေရာလေး..မိုးငွေ့ သာဆိုစာတွေအများကြီးရေးဖြစ်မှာ။း)
Moe Sett...
Thanks..
I wanna live this kind of place with no stress forever.
Sink window idea is one of my dream. I also want to have a reading/library room with glass wall facing to the huge plain with wildflowers and some scatter trees hosting the birds. And two rocky chairs for us and lots of books....
Oh..no it is so bad that having a font problem. I hate it.
း)
ပျောက်ချက်သားကောင်းနေလိုက်တာ..။
ReplyDeleteနောက်တော့ ပြောင်းရွှေ့ နင်းကီး သိုင်းကနေရတာကိုး ;)...။
ပစ္စည်းတွေချပြီး နောက် ၃/ ၄ ရက်ကြရင် ပြန်နေရာရွှေ့ ၊
ဟိုဟာပြန်ရှာ၊ လိုချင်ရင် ဘယ်ပုံးထဲထဲ့မိမှန်းမသိ..။
ဟီး...ဒီလိုကောဖြစ်ဘူးလား...။
နေရာသစ်လေးကပြူတင်းပေါက်ကကောင်းလှချည့်လား...။
တလောကလုံးမြင်နိုင်တယ်..။
ကိုယ်တို့ နဲ့ ကောနီးဘူးလား...။
နီးရင် လာလည်ချင်လိုက်တာ..အဲလေ..လာပါလို့ ဖိတ်ခေါ်ချင်တာပါ :P
မီးမီး..
ReplyDeleteကိုယ်ကပစ္စည်းတွေထဲ့တုန်းက ဘယ်ပုံးမှာဘာဆိုပြီးစာရင်းတို့ ထားတယ်။ အသေးစိတ်တော့မဟုတ်ဘူးပေါ့။
ဒါပေမဲ့ခြုံရေးထားတော့သေချာပေါက်လိုချင်တဲ့ပစ္စည်းကတော့ဘယ်ရောက်နေမှန်းကိုမသိတော့ဘူး။
မီးမီးတို့ နဲ့ နီးဘူး။ တောင်နဲ့ မြောက်ဘဲ။
ဖိတ်တဲ့သူရှိတာတောင်လာနိုင်သေးပါဘူးကွယ်။
အိမ်ကိုလည်းဖိတ်ခေါ်ပြီးချက်ပြုတ်ကျွေးမွေးဧည့်ခံချင်ပါတယ်။ ကျူတီလေးပြောသလို ဘလော့ဂါအားလုံးဆုံတဲ့တစ်နေ့ လေ။ ဟား ဟား..း)
အိုင်အိုရာ
စားစရာတွေကို မျက်စိရှပ်ကြည့်ပြီး ပြူတင်းပေါက်တွေ သစ်ပင်တွေကို အကြာကြီး ကြည့်သွားတယ်... သာယာလိုက်တာ... စိတ်ချမ်းသာဖွယ် အတိပါပဲ...း-)
ReplyDeleteပြတင်းပေါက်ကလေးနေ သဘာဝလောကအလှတွေကို မြင်ရတာ သာယာလှပါဘိ...တကယ်သာယာတယ့် နေရာလေး...Welcome back sis !
ReplyDeleteဲပြူတင်းပေါက်ကလေးတွေ လာကြည့်သွားပါတယ်။ စားစရာကတော့ပြောစရာ မလိုတော့ဘူး။ ပဲပြုတ်လုပ်တတ်တာ သိပ်အားကျတာပဲ။ တို့မလုပ်တတ်ဘူး။ တခါလုပ်ဖူးတာ မရလို့ထပ်လည်း မလုပ်တော့ဘူးလေ။ :D
ReplyDeleteမသက်ဝေ..
ReplyDeleteသစ်ပင်တွေကိုမြင်ရတာတကယ်စိတ်ချမ်းသာဖို့ ကောင်းတယ်နော်။း)
စန်းထွန်း..
အဲဒီသစ်ပင်တွေကိုကြည့်မိရင်လေထိုင်နေရာကနေလုံးဝမထပဲဆက်ဘဲကြည့်နေချင်တော့တာ။ တိုင်းကျူးတိုင်းကျူး စန်းထွန်းလေးရေ။း)
စူးနွယ်လေး..
ပဲပြုတ်ကိုယ်စလုပ်တုန်းကလည်းမနပ်လို့ ပင်ပန်းလိုက်တာ။ သိတယ်မဟုတ်လားမဟုတ်တဲ့နေရာဆိုဇွဲကောင်းတော့ပဲကိုမကြိုက်လှပါပဲနဲ့ ထပ်လုပ်ရာကနေအဆင်ပြေသွားတာ။း)
ချစ်သော..
အိုင်အိုရာ
ပြတင်းပေါက်တွေကို သဘောကျလိုက်တာ။ နေချင်စရာနေရာလေး။ အဲလိုမျိုးအပင်တွေ ပတ်လည်ဝိုင်းပြီးနေချင်တယ်
ReplyDeleteပြူတင်းပေါက်ကနေ ရှုခင်းလှလှလေးတွေ ကြည့်ရတာ အင်မတန်မှ စိတ်ကြည်လင်စေတယ်နော်။ ဓာတ်ပုံလေးတွေအရမ်းကောင်းတယ်။ တကယ်လှတဲ့ရှုခင်းတွေ...။ စားစရာတွေနဲ့ အဆုံးသတ်ပေးထားတော့ သွားရည်များတောင် ကျချင်လာရပါတယ်။
ReplyDeleteEvy,,,
ReplyDeleteအချိန်အားများများလိုချင်တာအဲဒီပြတင်းပေါက်တွေကနေဟိုငေးဒီငေးဘာမှမလုပ်ပဲကိုကော်ဖီခွက်ကြီးကြီးနဲ့ လက်ဖက်သုပ်လေးစားရင်းငေးချင်တာငေးတွေးချင်တာတွေးချင်တာ။ စနေတနင်္ဂနွေဟာဘယ်လိုကုန်သွားမှန်းကိုမသိလိုက်ဘူး။ ဟာရီကိန်းလာရင်တော့ဒီအပင်ကြီးတွေကိုဘဲကြောက်နေရအုန်းမှာ Evy ရေ။း)
မြသွေးနီ...
အဲဒါတော့တကယ်ဘဲ။ ရှုခင်းလှလှလေးတွေမြင်နေရတာနဲ့ တင်စိတ်ကကြည်နူးလာရတယ်။
ဓါတ်ပုံလေးတွေကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ တကယ်တော့သံစကာတွေမှန်တွေခံနေတော့ ၀ါးတားတားနဲ့ မို့ အားနာနေတာ။ ဒါပေမဲ့ကိုယ်လည်းအဲလိုဘဲအိမ်ထဲကနေမြင်ရတာကိုခံစားစေချင်လို့ အဲလိုဘဲရိုက်ထားတာပါ။
စားစရာကတော့မပါရင်ပွဲမစည်ဘူးလေနော့်။း)
ချစ်ခင်သော...
အိုင်အိုရာ
မမအိုင်အိုရာ ပျောက်နေလိုက်တာ အကြာကြီးနော် သတိရနေပါတယ်..
ReplyDeleteပြတင်းပေါက်လေးကနေ ဟိုတွေးဒီငေး အရသာကို ကြိုက်တယ်. ကြည်နူးစရာ ရှုခင်းလေး.
ကော်ဖီသောက်ရင်း ကြည့်လိုက်မိတော့ ဆီထမင်းကို စားချင်လိုက်တာ အမရယ်..း)
မိုးစက်ဝိုင်
မိုးစက်ဝိုင်...
ReplyDeleteဟုတ်တယ်။ စိတ်မအားလူမအားနဲ့ ကွန်ပြူတာကလည်းဒုက္ခပေးနေတာနဲ့ လေ..
ကိုယ်လည်းအားလုံးကိုသတိရနေပါတယ်။
ကော်ဖီလေးနဲ့ ဆီထမင်းလေးကိုပြတင်းလေးဘေးမှာတကယ်ဧည့်ခံချင်ပါတယ်မိုးစက်လေးရယ်။
မမအိုင်အိုရာ
ပိုစ့်နဲ့ ဓတ်ပုံကြည့်ပြီး စိတ်ချမ်းသာလိုက်ရတာ၊
ReplyDeleteတောအုပ်ကြီးထဲမှာ ဆိုတာကိုက သိပ်သဘောကျစရာပါ။
ခင်မင်စွာ
အပြုံးပန်း
အပြုံးပန်း..
ReplyDeleteစိတ်ချမ်းသာသွားရတယ်ဆိုလို့ ဝမ်းသာရပါတယ်။
အိမ်ကတောအုပ်ကြီးသက်သက်ထဲမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ယာဝန်းထဲမှာ သစ်ပင်အုပ်တွေကို အပြောင်မရှင်းဘဲ လိုတဲ့နေရာဘဲရှင်းဆောက်တဲ့စနစ်ကြောင့်ပတ်ဝန်းကျင်က သိပ်သာယာနေတာ။ ကိုယ်တို့ နိုင်ငံမှာဆို တခုခုဆောက်တော့မယ်ဆို မြေတွေထိုးပြီး အရင်ညှိပစ်လိုက်တယ်လေ။ ဒီမှာက နေရာတိုင်းမှာ သဘာ၀၀န်းကျင်ကို တတ်နိုင်သရွေ့ ချန်ထားတော့ ပတ်ဝန်းကျင်ကစိမ်းစိုနေတာ။
အပြုံးပန်းအိမ်လေးကိုလည်း သဘာဝအပင်လေးတွေချန်နိုင်ရင်ချန်ထားပါလား။
ချစ်ခင်သော...
အိုင်အိုရာ
ကျမလဲ ပန်းကန်ဆေးရင် ရှေ.မှာနံရံကြီးဘဲမြင်နေရတာ စိတ်ညစ်တယ်။
ReplyDeleteအခုထိတော. မြင်နေရတုံးဘဲ။
အခုလို ပန်းကန်ဆေးဘေစင်ရှေ.မှာ ပြတင်းပေါက်ကနေ အပြင်ကိုမြင်နေရတာ ဘယ်လောက်ကောင်းလဲနော်။
နောက်ပြီး အပင်ကြီးတွေကလဲ နည်းတာမဟုတ်ဘူး။ တောထဲတောင်ထဲရောက်နေသလိုဘဲနော် ကောင်းလိုက်တာ
အမည်မထားခဲ့သူ....
ReplyDeleteကိုယ်လည်းတော်တော်ကိုညီးငွေ့ ခဲ့ဘူးလို့ အဲလိုအမြဲတောင့်တခဲ့မိတာ။
ဒီလိုလုပ်ပါလား။ နံရံမှာမှန်တပ်ထားပြီကိုယ့်ပုံကိုယ်ပြန်ကြည့်ကြရင်မကောင်းဘူးလား။ ဒါမှမဟုတ်တခြားပြတင်းကိုချိန်ထားရင်ကော။ (နောက်တာပါ)း)
ပန်းကန်ဆေးရင်းသစ်ပင်ကြီးတွေကိုမြင်နေရတာတော့တကယ်ကိုစိတ်လန်းစေတာအမှန်ဘဲ။
လာလည်လို့ ကျေးဇူးတင်ပါတယ်နော်။ ကွန်မန့် လေးချန်ခဲ့တော့ပိုကျေးဇူးတင်ခင်မင်ရပါတယ်။
ခင်မင်သော
အိုင်အိုရာ
မမအိုင်အိုရာ သတိရလို့ လာလည်တာ.အလုပ်များနေလား အမ.
ReplyDeleteဟင်းတွေ၊ မုန့်တွေ သားရည်ကျပြီး ပြန်သွားပါတယ်..း)
မိုးစက်ဝိုင်
မိုးစက်လေးရေ..
ReplyDeleteလာလည်လို့ ကျေးဇူးဘဲနော်။
အလုပ်များတယ်ပြောရမယ်။
ဒါပေမဲ့လေလုပ်သင့်တာပြီးသင့်တာတွေတော့မလုပ်ရသေးမပြီးသေးဘူးကွယ်။း)
အိမ်နားနီးရင်အမြဲဝင်စားလို့ တောင်ဖိတ်ချင်ပါတယ်။ တကယ်။
မမအိုင်အိုရာ။ (သို့ )..တီတီအိုင်အိုရာ
အိမ်က တကယ်နေချင်စ၇ာပဲ ၇ူခင်းတွေ သိပ်လှမှာပဲနော်။ ဟင်းတွေကလဲ အရမ်းကို ကောင်းပါတယ်။
ReplyDeleteကိုထွန်းထွန်း...
ReplyDeleteရှုခင်းလေးတွေတော်တော်လှတယ်။ အထူးသဖြင့်သစ်ပင်ကြီးတွေနဲ့ လမ်းဘေးကအရိုင်းပန်းလေးတွေပေါ့။
လာလည်လို့ ကျေးဇူးတင်ပါတယ်။
ကိုထွန်းထွန်းစီမကြာခဏလာလည်ဖြစ်ပါတယ်။ ဓါတ်ပုံတွေကိုလည်းသဘောကျပါတယ်။
အားတဲံအခါလည်းထပ်လာလည်ပါလို့ ဖိတ်ပါတယ်နော်။
အို်င်အိုရာ