Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Wednesday, February 22, 2012
ဗယ်လင်တိုင်းအမှတ်တရဒန်ပေါက်နဲ့ ကိတ်မုန့် 
ဒန်ပေါက်၊ချဉ်ပေါင်ဟင်းချို၊ သခွားသီးသုပ်
ဗယ်လင်တိုင်းအမှတ်တရသူနဲ့ အတူစားဘို့ စိတ်ကူးပေါက်သလိုချက်ဖြစ်လိုက်ပါတယ်။ တကယ်တော့ကြက်ရင်ပုံသား(ရင်ညွန့် ရိုးတွဲရက်)တထုတ်ဝယ်ထားတာကုန်ကိုမကုန်နိုင်ဘူးဖြစ်နေတာလည်းပါပါတယ်။ အဲဒီကြက်သားတထုတ်ကိုပထမရက်မှာမြန်မာချက်ဆီပြန်ချက်စားပါတယ်။ နောက်နေ့ မှာကြက်ရိုးတွေနဲ့ အသားနဲနဲနဲ့ ဘူးသီးနဲ့ ရောပြီးကာလသားဟင်းချက်စားပါတယ်။ နောက်နေ့ ကျတော့ အကြွတ်ကြော်စားပါတယ်။ ကျန်တဲ့အရိုးနဲ့ ကျန်တဲ့ဘူးသီးကိုထပ်ပြီးကာလသားချက်ချက်စားပါသေးတယ်။ ဒါလည်းမကုန်သေးဘူး။ ကိုင်းဒါဆိုလည်းဗယ်လင်တိုင်းအထိမ်းအမှတ်ဒန်ပေါက်ချက်စားလိုက်တော့မယ်ဆိုပြီးချက်ဖြစ်လိုက်တာပါ။ ဒန်ပေါက်ကိုတော့သူရောကျမရောကြိုက်တော့ဒါတော့အကြိုက်ချင်းတူတယ်ဆိုရမှာပါ။ ဒါနဲ့ ဗယ်လင်တိုင်းမတိုင်ခင်ညနေပိုင်းမှာချက်ဖြစ်လိုက်ပါတယ်။
ဒါကပထမနေ့ ညပိုင်းကစားတာပါ။ သရက်သီးသနပ်ချဉ်စပ်၊ ချိုချဉ်နှစ်မျိုး၊ ချဉ်ပေါင်ဟင်းချို၊ သခွားသီးသုတ်ပူစီနံနဲ့ ၊ ပုဇွန်ခြောက်ငံပြာရည်ကြော်။ ဒန်ပေါက်စားရင်ငရုတ်သီးစိမ်းကိုဆားနဲ့ တို့ စားရတာသဘောကျလို့ ငရုတ်သီးစိမ်းကလည်းမပါမဖြစ်။
ကျမကပဲစိမ်းတို့ ၊ သီဟိုစေ့တို့ ပါတာမကြိုက်လို့ စပျစ်သီးခြောက်ဘဲအအီပြေအမြဲထဲ့ပါတယ်။ မပါလည်းစားကောင်းပါတယ်။
သူ့ ပန်းကန်ပါ
ဒန်ပေါက်ထဲကကြက်ရိုးအရသာကိုကြိုက်လို့ ရင်ပုံရိုးကျမအတွက်ထဲ့ချက်ပါတယ်။ ဒါကကျမပန်းကန်ပါ။
ပထမအလွှာ။အောက်ဆုံးမှာကြက်သားခင်းအပေါ်ကရေစစ်ထားတဲ့ဆန်ထဲ့ပြီးအရောင်ရည်ဆမ်း၊ ဆားပါးပါးနဲ့ ကြက်သားမှုန့် နဲနဲဖြူး။ ထောပတ်နဲ့ ဆီချက်နဲနဲဖြန်း။
ဆန်ကိုရေလျှော့ပြီးရိုက်စ်ကွတ်ကာနဲ့ ဘဲတယ်လိုက်ပါတယ်။ ခလုတ်မတက်ခင်ရေမကုန်ခင်လေးမှာစကာထဲစစ်ချပြီးရိုက်စ်ကွတ်ကာထဲမှာဘဲအသားတထပ်၊ထမင်းတထပ်ထဲ့ပြီးပြန်နှပ်ပါတယ်။ ဒါပေမဲ့ဒီရိုက်စ်ကွတ်ကာကအရင်ခါတွေတုန်းကချက်တဲ့ရိုက်စ်ကွတ်ကာတခုလိုပြန်နှပ်လို့ မကောင်းလို့ ဖွိုင်အုပ်ပြီး ၃၂၅ ဒီဂရီနဲ့ အာဗင်န်ထဲမှာပြောင်းနှပ်လိုက်မှအဆင်ပြေသွားပါတယ်။ ထမင်းအိုးတွေလည်းတခုနဲ့ တခုမတူကြဘူးဆိုတာလုပ်ရင်းကိုင်ရင်းသိရပါတယ်။
ဒါကဒန်ပေါက်မဆလာနဲ့ သမထားတဲ့ကြက်သွန်ကြော်ရယ်၊ စပျစ်ခြောက်ရယ်၊ထဲ့ပြီးတဲ့ပုံပါ
ဒါကအပေါ်ဆုံးလွှာပါ။
 ဒန်ပေါက်မဆလာတွေ၊အရောင်တွေကတော့အင်ဒီးယန်းဆိုင်တွေမှာအမျိုးစုံရနိုင်ပါတယ်။ ကျမကတော့ Shan Brand ၊ မလေးဒန်ပေါက်မဆလာမှုန့် သုံးထားပါတယ်။ ကျမကမဆလာကိုကျမနှစ်သက်သလောက်ဘဲထဲ့ပါတယ်။ အရမ်းပြင်းတာမျိုးကိုမကြိုက်လို့ ပါ။ ဒါပေမဲ့လည်းထမင်းနှပ်တဲ့အချိန်မှာတော့အရမ်းမွှေးပြီးတက်လာတာပါဘဲ။
အချိုပွဲကိတ်မုန့် ကိုယ်တိုင်ဖုတ်။ (ရယ်ဒီမိတ်အမှုန့် နဲ့ ပါ) ခရင်မ်နဲ့ ကိတ်မုန့် ။
ကိတ်မုန့် ကိုလိမ္မော်ယိုဆမ်းထားတာပါ။
စိတ်တိုင်းကျသုံးဆောင်ပါ
နှစ်နပ်စားပြီးချစ်သူများနေ့ ညစာကျတော့ဒန်ပေါက်ကိုဆက်မစားကြရင်ကောင်းမယ်ဆိုပြီးတခြားဟာစားဖြစ်ပါတယ်။ ကိတ်မုန့် တွေလည်းကြုံသလိုစားကြပါတယ်။ မှန်းထားသလိုလှတပတရိုမန်တစ်ညစာလည်းမပြင်ဖြစ်ပါဘူး။ ဖယောင်းတိုင်လည်းမထွန်းဖြစ်ပါဘူး။ အဲ..ထွန်းတော့ထွန်းတယ် ငံပြာရည်ကြော်ကြော်တုန်းက အနံ့ ပျောက်အောင်လို့း)
ဒါတွေကနောက်နေ့ မနက်စားတာပါ
ကျမကကြက်သားကိုအရင်ဒိန်တွေမဆလာတွေနဲ့ နှပ်ပြီးပြုတ်ကြော်ခပ်ထပ်ထပ်လေးလုပ်ပြီးမှထမင်းထဲကိုထဲ့နှပ်ပါတယ်။ ရန်ကုန်ကဒန်ပေါက်လို ဒန်ပေါက်ထဲကခပ်ခြောက်ခြောက်လေးနဲ့ အိပြီးမွှေးနေတဲ့ ကြက်သားပုံစံမျိုးကိုကြိုက်လို့ ပါ။ အဲလိုနှပ်ရင်ခုလိုခပ်ခြောက်ခြောက်လေးနဲ့ အရသာရှိတာကိုရပါတယ်။
နောက်နေ့ ကျတော့သခွားသီးကိုပင်စိမ်းနဲ့ ပုဇွန်ခြောက်နဲ့ နှမ်းနဲ့  ဆီချက်နဲ့ ချဉ်ငံစပ်မြန်မာသုပ်သုတ်ပါတယ်။ သံပုရာသီးနဲ့ ငရုတ်သီးစိမ်း၊ငံပြာရည်နှစ်သက်သလိုထဲ့ရုံပါဘဲ။
ချဉ်ပေါင်ဟင်းချို ။ ကြက်သွန်နီနဲ့ ပုဇွန်ခြောက်မှုန့် ထဲ့ ခရမ်းချဉ်သီးတ၀က်ထဲ့၊ငပိလေးပါးပါးထဲ့တည်။ အရည်ကျတော့ချဉ်ပေါင်ခပ်၊ အရသာမြည်း၊ကြက်သွန်ဖြူလေးခပ်လိုက်ရင်အရမ်းမွှေးပြီးထမင်းစားချင်စိတ်ကိုပိုဖြစ်လာစေပါတယ်။
ရယ်ဒီမိတ်ကိတ်အမှုန့် ။ ခဏခဏလုပ်ကျွေးဖြစ်ပါတယ်။ ဈေးလည်းသက်သာ၊အရသာလည်းကောင်း။ ကျမမှတ်မိသလောက်တော့ တစ်ကျပ်ခွဲလောက်ဘဲပေးရပါတယ်။ ကြက်ဥသုံးလုံး၊ ရေနဲ့ ဟင်းရွက်ဆီနဲနဲ ထဲ့မွှေပြီးအာဗင်န်ထဲမှာသူ့ အညွှန်းအတိုင်းဖုတ်ရုံပါဘဲ။ စူပါအီးဇီးပါ။ စူပါဘီးဇီးသမားတွေနဲ့ အကိုက်ပါဘဲ။
နာရီဝက်ဆိုရပါပြီ
ရန်ကုန်မှာတုန်းက 77 Cheese Cake ကိုသိပ်သဘောကျခဲ့ပါတယ်။ ချိစ်ကလည်းကြိုက်တော့ ချိစ်ကိုခြစ်ပြီး ချိစ်ကိတ်တစ်မျိုးပုံစံဒီလိုလုပ်စားတာ သူနဲ့ ဇွန်းလုနေရပါတယ်။း)
ဒါကတော့ချစ်သူများနေ့ နဲ့ လိုက်အောင်အသဲပုံလေးထဲ့ထားတာပါ။ ရာသီချိန်မို့ လို့ လားမသိပါဘူး။ ကျွဲကောသီးတစ်လုံးတစ်ကျပ်ဘဲပေးရပြီးအရမ်းချိုပါတယ်။
ကိတ်တဗန်းကိုနှစ်ယောက်သားတော်တော်စားရတယ်။ ဒါကစပျစ်ယိုနဲ့ စပျစ်သီးနဲ့ ဝှစ်ပ်ခရင်မ်နဲ့ ။ ကိတ်သားကသိပ်မချိုဘဲမွမွလေးနဲ့ ဆိုတော့ဘာနဲ့ တွဲစားစားလိုက်နေတာပါဘဲ။
အမှန်တော့ဒီပို့ စ်ကဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်လုပ်စားထားတာမို့ သိပ်မကြာသွားစေချင်လို့ တင်လိုက်တာပါ။ ကျမဒီရက်တွေအတွင်းမအားလို့ မှတ်ချက်လေးတွေကိုအရမ်းဖတ်ချင်ပေမဲ့ချက်ချင်း သို့ လူစေ့တက်စေ့မပြန်ဖြစ်ခဲ့ရင်နားလည်ခွင့်လွှတ်ပေးပါနော်။
ဒါမတိုင်ခင်ကလုပ်စားဖြစ်တာတွေက
အပေါ်မှာရေးခဲ့သလိုကြက်သားဟင်းတွေ
ပြီးတော့ဆီထမင်း
မုန့် လင်မယား
ဘိန်းမုန့် 
ဝက်သားကင်
အုန်းနို့ ခေါက်ဆွဲ
ငါးဖယ်သုပ်
ခေါက်ဆွဲသုပ်
ရခိုင်မုန့် တီ
အိုး...မတင်ဖြစ်တော့အများကြီး။ ဘာတင်ရင်ကောင်းမလဲနဲ့ ဘဲပိုပိုအကြွေးတွေများသွားပြီး ပုံနေတာ။ ချစ်စွာသောပရိသတ်ကြီးတောင်းဆိုတာဘဲတင်တော့မယ်နော်။
အားလုံးကိုခင်မင်လေးစားလျှက်...
အိုင်အိုရာ
21 comments:
  1. မုန့်လင်မယားနဲ့ ဘိန်းမုန့် လုပ်နည်းသိချင်လို့ပါ :D
    စူးနွယ်လေး
    ReplyDelete
    Replies
    1. စူးနွယ်လေး..
      အချိန်ရတာနဲ့ တင်ပေးမယ်နော်။
      ကို်ယ်လေစူးနွယ်ဘလော့ကိုဖတ်လို့ မရတော့ဘူး။ ပုံဘဲလာလာကြည့်နေရတယ်။
      အိုင်အိုရာ
      Delete
  2. ကန်ဒီလည်း ဒံပေါက် အရမ်းကြိုက်တာ...
    မမနဲ့တူတာက ပဲစိမ်းနဲ့ သီဟိုစေ့ ကန်ဒီလည်း မကြိုက်ဘူး
    စားကောင်းမယ့် ပုံကြီးနော် သရေတောင်ကျလာပြီ
    မမပြောမှ သတိထားမိတယ် ကျွဲကောသီးဆိုလို့ စင်္ကာပူမှ ကျွဲကောသီးမရှိဘူးထင်တယ်။
    ကိုယ်ပဲ မတွေ့လို့လား မသိဘူး။ စားချင်သွားပြီ :D :D
    ReplyDelete
    Replies
    1. ကန်ဒီ..
      တူပြန်ပြီနော်။း)
      ဒီနေ့ တောင်ကျွဲကောသီးတစ်လုံးကိုတစ်ကျပ်နဲ့ ရလို့ ထပ်ဝယ်လာခဲ့သေးတယ်။
      Delete
  3. အိမ်ကလူရောဂျက်ပါ ဒံပေါက် အရမ်းကြိုက်တယ်
    ချက်စားဖူးတယ်တခါမှအဆင်မပြေဘူး
    တခုခုလိုနေသလိုပဲ ဘာကြောင့်မှန်းလဲမသိပါဘူး
    ချစ်တဲ့ jasmine
    ReplyDelete
    Replies
    1. ဂျက်..
      ဆေးရကြောရလည်းသက်သာတယ်လေ..ဟုတ်ဘူးလားး))
      Delete
  4. Same request like sue nwe lay:):)...I'm also busy.Take care.
    GD
    ReplyDelete
    Replies
    1. ဂျီးဒေါ်..
      အချိန်ရတာနဲ့ တင်ပေးမယ်နော်။ မအားတဲ့ကြားကအရောက်လာခဲ့လို့ ကျေးဇူးပါ။
      Delete
  5. နေကောင်းတယ်နော် :D
    ဘိန်းမုန့်စိတ်ဝင်စားတယ် .. အားမှပါး)
    ReplyDelete
    Replies
    1. ဟယ်..ဘေဘီရယ်..
      ပျောက်နေလို့ နေမှကောင်းရဲ့ လားဆိုပြီးဘုရားရှစ်ခိုးတော့တောင်ကျန်းမာပါစေလို့ သပ်သပ်ဆုတောင်းနေခဲ့သေးတယ်။ ကိုယ်လည်းနေကောင်းပါတယ်။ ဘေဘီကအရင်ဆုံးအမြဲလာနေကျဆိုတော့ကိုယ်တကယ်စိတ်ပူခဲ့တာ။
      ဘိန်းမုန့် ကိုသူငယ်ချင်းနဲ့ အတူတူလုပ်ကြတာဆိုတော့တစ်ချို့ ဟာတွေသူ့ ကိုမေးရအုန်းမယ်။ သိတဲ့အတိုင်းကိုယ်ကမှတ်ရမှာပျင်းတယ်လေ။း)) အားတာနဲ့ တင်လိုက်မယ်နော်။
      Delete
  6. ဗိုက္ထဲက ဂြီဂြီ မြည်သွား
    ReplyDelete
    Replies
    1. ဗစ်..
      ပုံနဲ့ နှိပ်စက်နေသလိုဖြစ်နေပြီ..း)
      Delete
  7. ဒန်ပေါက်က ချစ်ချစ်ကြီးလည်းကြိုက်လို့ ၊
    ခဏခဏချက်စားဖြစ်တယ်။
    ပိုတာနောက်နေ့ အလုပ်ကိုထည့်သွားတာ၊
    နွေးလိုက်တော့မဆလာအနံ့ မွှေးမွှေးကြောင့်၊
    သူများတွေကိုပေးမြည်းလိုက်ရတာ..။
    ကုလားဆိုင်မှာလည်းဒါဘဲမှာစားလေ့ရှိတယ်။
    မအိုင်အိုရာချက်တာ တကယ့်ကုလားဆိုင်ကအတိုင်းဘဲ..။
    ReplyDelete
    Replies
    1. မီးမီးငယ်..
      ဟုတ်တယ် ဟုတ်တယ် နွှေးရင်သိပ်မေးကြတယ်။ မွှေးလို့ တဲ့။
      ကုလားဆိုင်ကတော့ဘယ်လိုချက်လဲမသိဘူး။း))အန်တီချက်သလိုချက်ကြည့်တာဘဲ။
      Delete
  8. ဒီတစ်ခါ ရန်ကုန်သွားတာ ဒန်ပေါက်မစားခဲ့ရဘူး
    ဒီပုံလေးမြင်ပြီး နောင်တရ သွားတယ်။ မစားခဲ့ရလေခြင်းဆိုပြီးလေ..
    ကိတ်လေးတွေကလည်း မွှအိနေတာဘဲ စားချင်စရာကောင်းလိုက်တာ
    ဒီကတော့ အဲလိုကြိုက်ပေမဲ့ တစ်ခါမှ မှုန့်မဖုတ်ဖူးဘူး ဖြစ်နေတယ်။ လုပ်စားကြည့်ချင်ပါသေးတယ်။
    စပျစ်သီးလေးနဲ့ တွဲထားတာ လှမှလှ..
    ReplyDelete
    Replies
    1. ချော..
      နာတာဘဲနော်။ နောက်တစ်ခေါက်ကျစားဖြစ်အောင်စားခဲ့သိလား။
      ခုတော့ဘယ်ဆိုင်တွေကောင်းမှန်းမသိတော့ဘူး။ အရင်ကဆိုကြက်လျှာစွန်းနဲ့ တင်အေးဘဲကြိုက်တယ်။
      မုန့် ဖုတ်တာအထင်မကြီးနဲ့ ချောရေ။ ရယ်ဒီမိတ်အမှုန့် ကိုဝယ်ပြီးအညွှန်းအတိုင်းဖုတ်ထားတာလေ။း)
      Delete
  9. အောင်မလေး စားချင်လိုက်တာ မမအိုင်အိုရာ
    ReplyDelete
    Replies
    1. စန်းထွန်း..
      စားချင်တာကျွေးချင်လိုက်တာနော်။း)
      ဘိုင်သဝေး...၀တ္ထုရေးတာဆက်ကြိုးစားရင်အောင်မြင်မှာသေချာတယ်။ ကိုယ်ကဂျူးကြိုက်တော့အဲလိုစတိုင်မျိုးရေးတာသဘောကျတယ်။
      Delete
  10. ဒန်ပေါက်နဲ့ နှိပ်စက်တယ် .. အဟင့် .. သူများ မချက်တက်တော့ သာေ၇လိုက်ကျပြီး ပြန်သွားရဘီ :)
    ReplyDelete
    Replies
    1. ညယံ..
      နှုတ်ဆက်ဒန်ပေါက်ဖြစ်သွားတာပေါ့နော်။
      ညယံနှုတ်ဆက်ပို့ စ်ကိုကိုယ်ကွန်မန့် ပေးလို့ မရတာနဲ့ မပေးခဲ့ရဘူး။ အစစအဆင်ပြေပါစေ။
      Delete
  11. ဟင်းမကောင်းတဲ့နေ့ဒီဘလော့ကိုလာရင် ဘာရှာစားရမှန်းမသိအောင်စိတ်နာတယ် မမရား))
    ချစ်တဲ့
    ဒိုးကန်
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။