Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Thursday, January 12, 2012
အချိုပွဲပူတင်း-မက်ဆီကန်ဗားရှင်း (Flan) လုပ်ကြည့်ရအောင်
ဒီတခါတော့ ပြောထားတဲ့အတိုင်း တင်ဖြစ်အောင်တင်ပေးလိုက်ပါတယ်ရှင်။ မြန်မာလိုဆိုရင်တော့ လွယ်လွယ်ဘဲ ပူတင်းလို့ ဆိုရမှာပါ။ ကျမကတော့ မက်ဆီကန်ဗားရှင်း Flan လို့ ခေါ်တဲ့ အချိုပွဲကို လုပ်ထားတာပါ။ မက်ဆီကန်ဆိုင်တွေမှာ ကျမတို့ သွားစားရင်အချိုပွဲကတော့ ဒါလေးနဲ့ အပြီးသတ်လေ့ရှိပါတယ်။ မက်ဆီကန် Chef တွေလုပ်တဲ့ အစီအစဉ်တွေ ကြည့်မိတိုင်းလည်း လုပ်စားကြည့်ချင်မိလို့ လုပ်စားကြည့်ရင်း လွယ်လည်းလွယ် ကောင်းလည်းကောင်းတော့ သဘောကျသွားပါတယ်။ ဒီတခါမှဘဲ ဓါတ်ပုံသေသေချာချာရိုက် လုပ်တဲ့အချိုးကိုလည်းမှတ်ထားဖြစ်ပါတယ်။ မေးထားတဲ့သူငယ်ချင်းတွေအားလုံးအတွက်ရော သိချင်တဲ့သူတွေအတွက်ပါရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်ရှင်။
လိုအပ်တာက...
ကြက်ဥ ၃ လုံး (3 eggs)
နို့ စိမ်း ၁ ဘူး (1 can of Carnation Evaporated Milk)
ဗနီလာ လက်ဖက်ရည်ဇွန်းတ၀က် (Vanilla 1/2 tea spoon)
သကြား နှစ်ပုံတပုံခွက် (Sugar 1/2 cup) (အချိုမကြိုက်လျှင်လျှော့ထဲ့ပါ။သူကအချိုကြိုက်လို့ ပါ။ ကျမအတွက်ဆိုရင် ကျမ 1/3 cup ဘဲထဲ့ပါမယ်) အချိုကိုကျမတော့မြည်းကြည့်ပါတယ်။ (ပုံစံခွက်အတွက် နောက်ထပ်သကြား ထမင်းစားဇွန်း ၆ ဇွန်းခန့် လိုပါမယ် ။ ကျမဒါတော့သေချာမမှတ်ထားမိဘူး။ မိမိထဲ့မည့်ခွက်နှင့်မှန်းထဲ့ရန်)
ဆား အနည်းငယ် (နဲနဲဘဲထဲ့ရပါမယ်)
ပထမဆုံး ခွက်တစ်ခုထဲမှာ ကြက်ဥကို ဖေါက်ထဲ့ပါ။ အခွံပါမပါစစ်ပါ။ ပြီးတော့ အထက်ကအချိုးအတိုင်း ဗနီလာနဲ့ ဆားနဲ့ သကြားနဲ့ ထဲ့ပြီး ပွလာတဲ့ထိမွှေပါ။ ဘလင်ဒါသုံးလည်းရပါတယ်။ ကျမကတော့ မွှေတံနဲ့ ခေါက်မွှေပါတယ်။ အော်..မေ့လို့ oven ကို preheat ၃၅၀ နဲ့ လုပ်ထားပါ။
ကြက်ဥတွေပွတဲ့ထိခေါက်မွှေပြီးရင် နို့ စိမ်းထဲ့မွှေပါ။ နှံစပ်အောင်မွှေပါ။ ပြီးရင် ဘေးမှာ ခဏထားပါ။ မိမိထဲ့ချင်တဲ့ခွက်များကို အဆင်သင့်ပြင်ထားပါ။ ခွက်တွေကို ထဲ့ဖုတ်ဘို့ ဘန်းတစ်ခု အသင့်ထားပါ။ အားလုံးအသင့်ပြင်ပြီးရင် သကြားပျော်အောင်လှော်ပါ (caramelize)။ မီးမပြင်းပါနုဲု့ ။ တူးမှာကြောက်ရင် ရေလေးနဲနဲထဲ့ ပြီးပျော်အောင်လုပ်ပါ။ ကျမတော့ ဒီတခါ ရေထဲ့ပြီးလုပ်ပါတယ်။  ညိုလာတဲ့ထိလှော်ပါ။  
အထက်ကလိုလိုညိုလာပြီဆိုရင် အောက်ပုံအတိုင်း မုန့် ဖုတ်မဲ့ ခွက်ထဲကို ညီညီညာညာလောင်းထဲ့ပြီးမျက်နှာပြင်နှံ့ အောင် ခွက်ကိုလှဲ့ ပေးပါ။ သကြားသိပ်စေးနေရင်လည်း ချက်ချင်းခဲသွားတတ်လို့ သွက်သွက်နဲ့ ညီညီလေးရအောင်လှဲ့ ပါ။ မပျစ်မကျဲကတော့အနေတော်ပါ။ လုပ်ကြည့်တဲ့အခါမှန်းတတ်သွားမှာပါ။ ခဏလေးအအေးခံပါ။ (မုန့် မခေါက်ခင်အရင်လုပ်ထားရင်အတော်ပါဘဲ။ စောင့်စရာမလိုတော့ဘူးပေါ့။) ပြီးတော့မှ မုန့် ရည်များလောင်းထဲ့ပါ။
၃ ခွက်ဘဲထဲ့လိုက်ရပါတယ်။ ကျမက ပုံမတူအောင် ခွက်ပုံမတူတာတွေ နဲ့ ထဲ့လိုက်ပါတယ်။
ကျက်ပါပြီ။ ကျမဒါးနဲ့ စမ်းထားတာ ခလယ်ကအရာလေးတွေက။
ကျက်မကျက်သိချင်ရင် ဒါးထဲ့ပြီးပြန်ထုတ်ကြည့်လိုက်လို့ မုန့် သားကပ်မပါလာဘူးဆိုရင် ကျက်ပါပြီ။
ဘာသီးမှမရှိလို့ သလဲသီးထဲ့စားတာ။ (ချဉ်လိုက်တာ) ဘယ်ရီသီးတွေနဲ့ ဘဲလိုက်မယ်ထင်ပါတယ်။
စားမဲ့ပန်းကန်ထဲထဲ့ဘို့ .....
ဒီလို ဘေးကိုဒါးလေးနဲ့ ကိတ်လှီးသလိုဘဲ လှီးပြီးကွာအောင်လုပ်ပါ။
ကျမတို့ ထမင်းပုံသွင်းသလိုဘဲ ထဲ့မဲ့ပန်းကန်ကိုအပေါ်ကတင်ပြီး
ဒီလိုမှောက်ချပါ။ ပြီးတော့ပန်းကန်ကိုသာသာလေးလှုပ်ပြီးဖယ်လိုက်ရင်တော့
ဒီလိုမျိုးလေးရပါမယ်။
စိတ်တိုင်းးကျ သုံးဆောင်ပါရှင်။
မေးထားတဲ့သူငယ်ချင်းစာဖတ်သူများ ကျေနပ်ပါစေလို့ ။
လာလည်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
31 comments:
  1. သွားရည်ကျ သွားပါကြောင်း :D
    ReplyDelete
    Replies
    1. စုဘူးအိမ်..
      ကိုယ်နဲ့ သူ တပန်းကန်ထဲစားရင်ဇွန်းလုနေရတယ်..း)
      Delete
  2. လုပ်ကြည့်ပြီး မမကို ပြန်ပြမယ် :)
    ReplyDelete
    Replies
    1. မြတ်ကြည်လေး..
      လုပ်ကြည့်ပြီးပြန်ပြမယ်ဆိုတော့ပျော်မိပါတယ်။ အဆင်ပြေမှာပါ။
      Delete
  3. ပူတင်းလုပ်နည်းလေး အတွက် ကျေးဇူးပါ မမအိုင်အိုရာ။ နို့စိမ်း တစ်ဗူးက ဘယ်လောက် မီလီလီတာ(ml) လဲဟင် မမ။ ရို့စ်က နွားနို့ သို့မဟုတ် နို့ဆီနဲ့ လုပ်ချင်ရင် ဘယ်လောက်ထည့်ရမလဲ မှန်းကြည့်ချင်လို့ပါ။ တစ်ဆင့်ချင်းစီ သေချာပြထားတော့ လိုက်လုပ်ကြည့်လို့ အဆင်ပြေမယ် ထင်ပါတယ်း)။ မမက ဓာတ်ပုံရိုက်တာ တော်လိုက်တာ။ ပူတင်းပုံလေးတွေ ရိုက်ထားတာ ကြည်လင်ပြီး လှလိုက်တာ။ မဂ္ဂဇင်းတွေ၊ စာစောင်တွေမှာ ပါတဲ့ ပုံမျိုးလေးတွေ။ ရို့စ်ကိုလည်း ဓာတ်ပုံရိုက်ပေးနော် ဟိး)
    ReplyDelete
    Replies
    1. ရို့ စ်..
      အဲဒါမကြည့်ထားလိုက်မိဘူးကွယ်။ ပုံမှန်နို့ ဆီဘူးအရွယ်ပါဘဲ။ နောက်တခါဝယ်ရင်မှတ်ထားလိုက်မယ်နော်။
      ရို့ စ်ချီးမွမ်းတာနဲ့ ဒို့ တောင်မြောက်သွားပြီ။ ရို့ စ်ကိုရိုက်ပေးရင်လှမှာသေချာတယ် ရို့ စ်ကလှပြီးသားမို့ လို့ လေ။း)
      Delete
  4. မရေ...
    ကျမလုပ်အုံးမယ်။
    တနေ့ ကရိုးရိုးပူတင်းဖုတ်တာတောင်။
    ဖြစ်မလာလို့ စိတ်ညစ်နေတာ။
    ဒီနေ့ တော့ကျေးဇူးဘဲ။
    ကျမတော့မုန့် ဖုတ်တာဘာမှမတတ်ဘူး။
    သူများတွေကိုအားကျငေးမောနေတာဘဲတတ်တာ။
    ;P
    ReplyDelete
    Replies
    1. မီးမီးငယ်..
      ကိုယ်လည်းသိပ်ကျွမ်းတာမဟုတ်ပါဘူး။ ၀ါသနာပါလို့ လုပ်လုပ်ကြည့်ရာကနေ တချို့ ဟာတွေလုပ်တတ်သွားတာပါ။ မလုပ်တတ်တာကပိုများပါတယ်။း)
      ဒါလေးကတော့လွယ်တော့လုပ်ရတာအဆင်ပြေမှာပါ။ လုပ်ကြည့်နော်။
      Delete
  5. Replies
    1.ံKhinU Khine..
      Hi..thanks for visiting too.
      Delete
  6. နို့စိမ်းရှိတယ် သကြားရှိတယ် ကြက်ဥရှိတယ် အဲ့ အဲ့ အဲ့ အိုဗယ် အရှိဝူး ဂျာ အသင့်စားရန် ပါးစပ်လဲရှိတယ် မမအိုင်အိုရာ ပူတင်း နဲ့ ကင်းမ်ချီ လဲရှားမစား ဟင် :D :D
    ReplyDelete
    Replies
    1. QuTe..
      ဒါဆို rice cooker နဲ့ ထဲ့ပြီးပေါင်းကြည့်ပါလား။ သိပ်ကွာမယ်မထင်ဘူး။
      လုပ်လိုက်လေ..ကြာသလားလို့ ။ မုန်လာဥ နဲ့ ကြက်သွန်မြိတ် ကင်ချီနဲ့ လဲစားမယ်လေ..နော်.
      Delete
  7. ကျေးဇူးပါ၊ ကျောင်းမှာ ပါတီလုပ်တော့ မက်ဆီကန်မတွေယူလာတာ စားလို့ ကောင်းလို့ သိချင်နေတာ....
    အစ်မရေ Tamale လုပ်နည်းကောသိလားဟင် ???????
    ReplyDelete
    Replies
    1. မိုးမိုး..
      လာလည်လို့ ကျေးဇူးပါ။
      Tamale တော့မလုပ်ဖူးဘူးရယ်။ ဆိုင်ကရယ်ဒီမိတ်တွေဝယ်စားရင်ဆိုင်မှာစားရသလိုမကောင်းဘူးနော်။ ဟိုတလောကတီဗီမှာကြည့်လိုက်ရတာတော့လုပ်ရတာတော့ငါးပေါင်းထုတ်တို့ ဘာတို့ လိုလက်ဝင်တဲ့ပုံဘဲ။ ကိုယ်ကတော့ ကိုယ့်စိတ်ကြိုက်တွေလျှောက်ထဲ့ပြီးလုပ်ကြည့်မလားလို့ ။ (ပျက်မှာတော့သေချာတယ်။း)
      ချိစ်များများထဲ့ပြီးလေ။
      Delete
    2. This comment has been removed by the author.
      Delete
  8. Voila tres jolie flan.hmmm......Very delicious too.I just copied and pasted Makyarnyo's words from cbox:P
    Gyidaw
    ReplyDelete
    Replies
    1. Gyidaw..
      Thanks for the kind words. Because you came and checked I tried to post this quickly so that you won't be disappointed again. :D
      Delete
  9. လုပ်ကြည့်ရင် မခက်လောက်ဘူးထင်တယ် .. စမ်းကြည့်အုန်းမယ်နော် ..
    ပုံထဲကလို လှလှလေးရရင် နောက်တခေါက်လာပြန်ကြွားမယ်နော် .. :)
    ReplyDelete
    Replies
    1. ညယံ..
      မခက်ဘူးသိလား။ တကယ်မခက်ဘူး။ ပန်းကန်ထဲကိုမှောက်ထဲ့တာတခုဘဲပုံမလှမှာပူစရာရှိတယ်။ မှောက်မထဲ့ဘဲလုပ်တဲ့ပန်းကန်နဲ့ ဒါရိုက်စားလည်းရတာပါဘဲ။ အရသာကတော့ကောင်းပြီးသားဘဲလေ။
      Delete
  10. အိုင်အိုရာရေ
    ကြက်ဥပေါင်းပဲလုပ်ဖူးတာ။
    အခုလိုကြည့်ရတော့လည်း ပူတင်းလုပ်တာလွယ်သားပဲနော်။
    ကြက်ဥပေါင်းထက် ပူတင်းအရောင်ကပိုလှတယ်။
    ReplyDelete
  11. ကောင်း..
    ပြောမယ်ဆိုရင်ကိုယ်ကတော့ကြက်ဥပေါင်း ရယ် ပူတင်း ရယ် မြန်မာလိုဆိုရင် တူတူဘဲလို့ ထင်တာ။ ဘာကွဲလည်းကိုယ်လည်းမသိဘူးရယ်။
    ဒါကမြန်မာပူတင်းလုပ်တာနဲ့ ကွဲတာက သကြားလှော်ပြီးထဲ့၊
    ခွက်ပြောင်းပြန်ပြန်မှောက်ထဲ့ပြီး စားတာဘဲကွာတာရှိတာပါနော်။ ဟုတ်ဘူးလား။
    မုန့် ပိုချောပြီးပြောင်တယ်။ အရသာတော့တူတူလောက်ပါဘဲ။
    ReplyDelete
  12. အရမ်းကိုကြိုက်တယ် အားတဲ့အခါလုပ်ပြီးစာကြည့်မယ် နွားနို့နဲ့တော့လုပ်ဖူးတယ်
    ကြည့်ရတာ ဒီဟာလေးကပိုပြီးအရသာရှိမယ့်ပုံလေးပဲ
    ReplyDelete
  13. အလွန်ကြိုက် .. ရှလွတ်
    ReplyDelete
  14. Jas..
    လုပ်စားကြည့်နော်..မခက်ပါဘူး။း)
    ဗစ်..
    အလွန်ကောင်း..ဂွတ်။း)
    ReplyDelete
  15. စားချင်လိုက်တာ စားချင်လိုက်တာ
    ကြည့်ရတာ ကိုယ်တိုင်လုပ်စားလို့ ရလောက်တယ်
    လုပ်ကြည့်ဦးမှ
    ပူတင်းလေးက စားချင်စရာထက် ချစ်စရာပိုကောင်းတယ်.. ဟေးဟေး
    အလှကြည့်နေချင်တော့တယ်။။။
    ReplyDelete
  16. ချော..
    စားလိုက်ပါ။ စားလိုက်ပါ။
    လုပ်ကြည့်ချော။ တကယ်လွယ်လွယ်လေး။
    ချောချောလေးထွက်လာရင်သိပ်ပျော်ဘို့ ကောင်းတယ်။
    အိုင်အိုရာ
    ReplyDelete
  17. နွားနို့ နဲ့ လုပ်ကြည့်ဖူးတယ်။ မအောင်မြင်လို့ လက်လျော့ထားတာ အခု စမ်းကြည့်မှဘဲ ကျေးဇူးဘဲနော်
    ဆောင်း
    ReplyDelete
  18. လွယ်သားနော်..နောင်များမှ..:P
    ReplyDelete
  19. ဆောင်း..
    စမ်းကြည့်နော်..တကယ်ကိုလွယ်တာပါ။ လူလည်းမပင်ပန်းဘူး။
    စန်းထွန်း..
    ကျောင်းတက်နေရတော့ ထွေလီကာလီမလုပ်နိုင်တာနားလည်ပါတယ်စန်းထွန်းရေ။
    အိုင်အိုရာ
    ReplyDelete
  20. ဆောင်း..
    စမ်းကြည့်နော်..တကယ်ကိုလွယ်တာပါ။ လူလည်းမပင်ပန်းဘူး။
    စန်းထွန်း..
    ကျောင်းတက်နေရတော့ ထွေလီကာလီမလုပ်နိုင်တာနားလည်ပါတယ်စန်းထွန်းရေ။
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။