 |
ကြက်ဥချဉ်ရည်၊ ငါးပိထောင်း၊ ဆလတ်ရွက်ကပြားသုတ် (ကိုယ်ပေးတဲ့နံမည်) |
 |
ဘာလချောင်ကြော် နဲ့ လည်းလိုက်တယ်နော် |
 |
ဆလတ်ရွက်ကိုဘိုမြန်မာကပြားစတိုင်နဲ့ မြန်မာငံပြာရည် နဲ့ စပျစ်ယို ရောနယ် (ရှာလကာရည်အစား) ကြက်သွန်နီစင်းထားတာပါလေကာရယ် မြေပဲကြော်ရယ် ကြက်သွန်ကြော်ရယ် ဖြူးပြီးဆီပါလေကာနဲ့ ချိုချိုချဉ်ချဉ်သုတ်စားထားတာပါ။ |
 |
ငါးပိထောင်း |
 |
ဘာလချောင်ကြော် |
 |
ငါးပိထောင်းကငရုတ်သီးအိုးကင်းပူတိုက်ပြီးခြောက်ခြောက်ထောင်းထားတာပါ |
 |
ဘာလချောင်ကြော်အိုးလိုက် |
 |
ကြက်ဥချဉ်ရည်အိုးလိုက် |
 |
ဆီသတ်ပြီး အာလူးအရင်ထဲ့ အာလူးနူးမှ ရေဆူထဲ့ အချဉ်ထဲ့ အရသာပြင်ပြီးမှ ကြက်ဥများထဲ့ပါတယ်
ီ |
 |
Watercress (ရေမုန်ညင်း) တွေကို ကန်ဇွန်းတို့ ဟင်းဂလာတို့ လိုချဉ်ဖတ်ပုံမျိုးစားချင်လို့ ချဉ်ဖတ်တည်စားထားတာပါ။ ဖြူဖြူလေးတွေက မုန်လာချဉ်ဖတ်ပါ။ |
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ရေးချင်တာတွေရေးရင်တော့ တထောင့်တညနဲ့ တောင်ပြီးမှာမဟုတ်လို့ အသာဘဲအောင့်ထားလိုက်ပါတယ်။
ခင်မင်လေးစားသော...
အိုင်အိုရာ
Taw lite tae thu nge chin lay!
ReplyDeleteyou are a tusker too.I also make chinphat for my Da Da "ANYARTHA" sometimes and make kabyar ice burg lecttue salad.I mix shrimp powder,olive oil,fish sauce and lemon juice for us and add green chile for him.Bon appetie!
Gyidaw
Gyidaw..
DeleteTaw tar tawt ma pyaw ne..char nay tar be....:)
We make the salad with same style.Then..we have the same taste...It is amazing. naw!
ကြက်ဥချဉ်ရည်မိုက်တယ်နော်။
ReplyDeleteဆလပ်ရွက်သုပ်မှာ ရှာလကာရည်အစား စပျစ်ယိုထည့်တာ သဘောကျတယ်။ အင်း အဲလိုလည်း အစားထိုးတတ်ဘို့လည်း လိုတယ်နော်။ ချဉ်ပတ်တောင်တည်စားတယ်ဟုတ်လား။ မြန်မာချဉ်ပတ်တည်နည်းပေါ့နော်။ ကျွန်မတော့ ဂျပန်ချဉ်ပတ်မြန်မာနဲ့တူတာတွေဝယ်စားတယ်။ မြန်မာချဉ်ပတ်မလုပ်တတ်သေးဘူးလေ။ ချဉ်ပတ်လေးနဲ့ ဆို ဘာလချောင်ကြော်ဖြစ်ဖြစ် ငရုပ်သီးထောင်းလေးနဲ့ဖြစ်ဖြစ်လိုက်တယ်နော်။
ကောင်း..
Deleteကြက်ဥဟင်းကို သင်တန်းတစ်ခုတက်ရတုန်းက စားရလွန်းလို့ တနှစ်ကျော်နှစ်နှစ်လောက်ဘဲဥရောကြက်ဥရောမုန်းသွားဘူးတယ်။ လုံးဝမစားတော့တာနောက်မှပြန်စားတာ..ဟိ.
ဘိုစတိုင်သုတ်ရင်နဲနဲလေးချိုတာပိုသဘောကျတယ်။ ဒါပေမဲ့ရှာလကာရည်တော့သိပ်မကြိုက်ဘူးရယ်။ ဂျပန်ကိုရောက်တုန်းက ဆိုင်တွေမှာပေးတဲ့ချဉ်ဖတ်ကိုကြိုက်တယ်။ အဲလိုမျိုးလွယ်လွယ်ဝယ်ရရင်ကောင်းမှာဘဲ။ ဒီမှာ မြန်မာချဉ်ဖတ်တော့ကိုယ်လုပ်မှစားရတာပါ။ ကင်ချီတွေတော့စုံတယ် လွယ်လွယ်ဝယ်လို့ ရတယ်။
ဟုတ်တယ် ကောင်း။ ဘာလချောင်ကြော်နဲ့ ချဉ်ဖတ်နဲ့ လည်းလိုက်တယ်နော်။
ကြက်ဥချဉ်ရည်နဲ့ ဘာလချောင်ကြော်ကတော့ အလွန်ကို လိုက်ဖက်တဲ့ ဟင်းစပ်ပါဘဲနော် :)
ReplyDeleteစုဘူးအိမ်..
Deleteဟုတ်တယ် နော်။ ဘာလချောင်ကြော်ကြော်ဖြစ်လို့ လည်း ကြက်ဥချဉ်ဟင်းချက်ဖြစ်သွားတာပါ။
ကြက်ဥချဉ်ဟင်း အရမ်းအရမ်း ကြိုက်တာ... စားချင်စရာကြီး... ရှလွတ် :D
ReplyDeleteကန်ဒီ..
Deleteစားသွား အ၀စားသွားနော်။ ပုံနဲ့ ကျွေးနေတာ..း)))
ကောင်းလှချည့်လားးးးး။
ReplyDeleteကြက်ဥချဉ်ရည်ဟင်းကို၊
အိုးလိုက်မလာလိုက်တယ်:))
အံသွားတွေ၃ ချောင်းလုံးနုတ်ထားရလို့ ။
ခပ်ပျော့ပျော့အစားအစာတွေဘဲ၊
စားနေတတ်တယ်လေ။
မရဲ့ ဟင်းတွေကအရမ်းကောင်းတာဘဲ။
မီးမီးငယ်..
Deleteအိုးလိုက်အပြင်မှာတကယ်မသွားရင်ကောင်းမှာ။ တော်တော်စားလိုက်ရတယ်။ သူကအရမ်းကြိုက်တော့များများချက်လိုက်တာ။
အံသွားတွေ နှုတ်ထားတော့ ၀ါးစရာတွေဘယ်စားလို့ ရမလဲနော်။
ဟင်းတွေက ပုံထဲမှာဆိုတော့ ငံတာတွေချဉ်တာတွေမသိရဘူးလေ နော်။
မီးမီးဟင်းတွေလည်း ဒို့ ကကြိုက်တယ်။
ကြက်ဥချဉ်ရည်ဟင်းနဲ့ ငရုပ်သီးထောင်း တို့ စရာတွေနဲ့ ..
ReplyDeleteတကယ်စားမိန်မှာပဲ။
ရှင်လေး..
Deleteစားလို့ မြိန်တယ်ရှင်လေးရေ။ မနဲဘရိတ်အုပ်ရတယ်။
စားချင်စရာလေးတွေပဲ
ReplyDeleteနဲနဲတော့မြည်းခဲ့တယ် ကောင်းတယ်
ကျေးဇူးပါနော်
ဂျက်စ်..
Deleteမြည်းသွားလို့ ကျေးဇူးနော်။
ဗိုက်ဗိုက်ဆာသွားပြီ
ReplyDeleteွစန်းထွန်း..
Deleteဆာသွားရင် ဘာစားလိုက်လဲ။
အဆောင်မှာစားရတာလား။
နလံထဆိုတော့ကျန်တဲ့ပို့စ်တွေထက်အစားအသောက်ပို့စ်တွေကို
ReplyDeleteပိုပြီးစိတ်ဝင်စားနေတယ်အိုင်အိုရာရေး))
တီတင့်အားလုံးကိုကြိုက်တယ်စားချင်စရာတွေချည်းပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တီတင့်..
ReplyDeleteဖျားတာမသိလိုက်လို့ စိတ်တောင်မကောင်းဘူး။
မြန်မြန်နလံထူပါစေလို့ ...
နလံထဆိုတော့ချဉ်ငံစပ်တွေစားချင်နေမှာပေါ့နော်။
ကြက်ဥချဉ်ရည်ဟင်းနဲ့ ပါလချောင်ကြော် ကြိုက်တယ် ..
ReplyDeleteပူတင်းလေး စမ်းလုပ်ကြည့်တယ် .. တော်တော် အဆင်ပြေတယ်..
အချိုးအဆတွေ သေချာရေးပေးတာ ကျေးကျူးကမ္ဘာဆိုင်ရော .. :)))
မအားတာနဲ့ ခုမှရောက်တယ်ဗျ
ReplyDeleteဘလော့တွေလည်ရင်းဆာနေတာနဲ့အတော်ပါပဲ အားလုံးအကြိုက်တွေပဲ
ချည်ဖတ်တည်နည်းရှိရင်ဖေါ်ပြပေးပါ။ဖြစ်နိုင်ရင် အချိန်အတွယ်တိတိကျကျလေးပါ။ကျေးဇူးတင်လျှက်
ReplyDeleteညယံ..
ReplyDeleteကြက်ဥဟင်းနဲ့ ဘာလချောင်ကြော်လည်းကြိုက်တယ်။
ပူတင်းစမ်းလုပ်ကြည့်တာလည်း အဆင်ပြေတယ်ဆိုတာကြားရတော့တကယ် ၀မ်းသာမိပါတယ်။
ကိုယ်လည်း ပူတင်းလုပ်နည်းသိချင်တဲ့သူတွေရှိလို့ အချိုးအဆတွေမှတ်မှတ်ရရမှတ်ထားလိုက်တာ။ အားလုံးအတွက်အဆင်ပြေသလို ကိုယ်လည်းနောက်ပြန်ကြည့်လို့ ရတော့ကိုယ့်အတွက်လည်း အဆင်ပြေတာပါဘဲ။
ဘိုဖြူ..
ဘယ်တော့ဘဲလာလာအမြဲကြိုဆိုပါတယ်။
ဆာနေရင်လည်း အားပေးသွားပေတော့နော။
စားဖိုမှူး..
ချဉ်ဖတ်တည်တာ အချိန်အတွယ်တခါမှ မမှတ်ထားမိလို့ ဆောရီးနော်။
အကြမ်းဖြင်းပြောရရင်တော့ ကျမက ဆန်ဆေးရည် နဲ့ ဆား နဲ့ ထဲ့တာပါဘဲ။ မြန်မြန်ချဉ်ချင်ရင် ထမင်းကြမ်းနဲနဲထဲ့လိုက်ပြီး ကိုယ်ထဲ့ချင်တဲ့ အရွက်ရေဆေးပြီး အရည်မြုတ်အောင်ထဲ့ပါတယ်။ ပြီးတော့အဖုံးအုပ်ထားလိုက်ပါတယ်။ နေပူပြလည်းရပါတယ်။ ကျမတော့ အခြေအနေပေးသလိုလုပ်လိုက်တာပါဘဲ။ ထမင်းရည်နဲ့ လည်း ဆားထဲ့ပြီးတည်လို့ ရပါတယ်။ ဒါကတော့ အိမ်စားလုပ်တာပါ။ အများကြီးတော့ ဘယ်လိုလုပ်လည်း မပြောတတ်ဘူး။
လာလည်လို့ ကျေးဇူးပါ။
အိုင်အိုရာ
ဘာလချောင်ကြော်နဲ့ ငပိထောင်းမြင်တာ တကယ်ကို သရေယိုသွားတယ်။
Deleteနှိပ်စက်ပါ့ဗျာ။
(ဒါထက် ကွန်မန့်ပေးဖို့ ဘယ်နားနှိပ်ရမှန်းကို မသိဘူး။ ဒါကြောင့် Reply လုပ်ပြီး ပေးလိုက်ရတယ်ဗျို့။)
ကိုမြစ်ကျိုးအင်း..
ReplyDeleteသရေယိုသွားတယ်ဆိုတော့ကျေနပ်မိပါတယ်
အဲ နှိပ်စက်သလိုဖြစ်သွားတာတော့ စိတ်မကောင်းဖြစ်မိပါတယ်။း))
ဒီကွန်မန့် ကဘာဖြစ်နေသလဲမသိဘူးဆရာ။
စာလုံးတွေလည်းသေးနေတယ်။ ထပ်နေတယ်။
ပြီးတော့ left alignment လည်းမဟုတ်ဘူး။
ကလိရအုန်းမယ်။ အဆင်မပြေတာတွေ သီးခံလို့ ကျေးဇူးပါနော်။
ဘယ်လိုဘဲဖြစ်ဖြစ်ကွန်မန့် ရအောင်ပေးခဲ့လို့ ဝမ်းသာကျေးဇူးတင်တယ်ဗျို့ ..
ါ
ှ
မမအိုင်အိုရာ
ReplyDeleteဓာတ်ပုံတွေလှတယ်။ ပုံတွေကြည်.ပီး စားချင်လာတယ်။ စပျစ်ယိုနဲ.salad ကိုသဘောကျလိုက်တာ။ စိတ်မှန်းနဲ.စားသွားတယ်။ :)
မွန်မွန်..
Deleteလာလည်လို့ ကျေးဇူးတင်ပါတယ်နော်။
အားတဲ့အခါလည်းထပ်လာလည်ပါလို့ ဖိတ်ပါတယ်။
အိုင်အိုရာ