Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Thursday, December 15, 2011
ကြက်ဆင်ကုန်းဘောင်၊ တိုဟူးသုပ်၊ ရွှေပဲညွန့် အစိမ်းသုပ် နဲ့  ငါးခေါင်းဟင်းချို
ကြက်ဆင်ကုန်းဘောင်၊ ရွှေပဲညွန့် ဟင်းချို၊ တိုဟူးသုပ်
တိုဟူးတုံးဘဲတင်ပေးထားပြီး သုပ်စားတာတွေမတင်ရင်တော့ ဘယ်ကောင်းမလဲနော်။ ဒါကတော့မြန်မာသုပ် ရှောက်ရွက်တို့ နံနံတို့  ဆီချက်တို့ နဲ့ ချဉ်ငံစပ်သုတ်ထားတာပါ။
တိုဟူးသုပ်မနယ်ခင်
ကိုရီးယားပဲပုပ်စေ့ကို ဆီပူနဲ့ နဲနဲလှိမ့်ပြီးမှ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင်နဲ့ ထောင်းထားတာပါ။ (ကူးကူးကမျှစ်နဲ့ ထောင်းစားတာကြည့်ပြီး စားချင်နေတာ။) ငါးခေါင်းဟင်းချိုနဲ့ တွဲစားတာပါ။
ကြက်ဆင်ကုန်းဘောင်ကြော်
ရွှေပဲညွန့် အစိမ်းသုပ်
သူ့ ကို ဗက်ဂျီတခုခုဝယ်ခဲ့ပါလို့ မှာလိုက်တော့ ရွှေပဲညွန့် တထုတ်ဝယ်လာပါတယ်။ တော်တော်ဖြိုယူရပါတယ်။ ကျမကကြိုက်တော့ တော်သေးတယ်။ ပြီးတော့ အရမ်းလည်းနုတော့ ဘယ်လိုလုပ်လုပ်စားကောင်းနေပါတယ်။ အသုပ်ကတော့ ထုံးစံအတုင်း အဆာပလာတွေထဲ့နယ်ပြီး သုပ်ထားတာပါ။ မြေပဲနဲ့ နှမ်းနဲနဲထောင်းပြီးထဲ့ထားပါတယ် (မြေပဲသိပ်မကြိုက်လို့ နဲနဲဘဲထဲ့ပါတယ်)။ ပုစွန်ခြောက်ထောင်းလည်းထဲ့၊ သံပုရာသီးလေးလည်း ညှစ်၊ ငံပြာရည်လေးနဲနဲထဲ့ ကောင်းမှကောင်း အရီးတောင်းဘဲ။
ရွှေပဲညွန့် သုပ်မနယ်မီ
ရွှေပဲညွန့် ကြော်
ရွှေပဲညွန့် တထုတ်မကုန်မချင်း လှဲ့ ပတ်လုပ်စားနေတာလေ။ ငါးခေါင်းဟင်း မချက်ခင် ရွှေပဲညွန့် ဟင်းချိုလည်း ချက်စားဖြစ်ပါတယ်။
ငါးခေါင်းဟင်း
ငါးခေါင်းဆီသတ်ပြီး (ဆီပါလေကာ) မျှစ်ချဉ်ထဲ့၊ ကြက်ဆင်အသည်းအမြစ်တွေထဲ့။ ရေ ဆူထဲ့ပြီးတည်ထား။ ပွက်ပွက်ဆူတော့ နဲနဲကျအောင်ဆက်တည်။ ပွက်နေတုန်း ပြည်ကြီးငါးတွေထဲ့၊ ငါးဆုပ်လုံးတွေထဲ့၊ မျှစ်ချဉ်ကသိပ်မချဉ်လို့ တုံရမ်းအနှစ်တွေ ကော်ထဲ့လိုက်ပါသေးတယ်။ စပါးလင်လည်း ဆီသတ်တဲ့ချိန်မှာ ထုထဲ့ပါတယ်။ (တကယ်တော့ငါးခေါင်းဟင်းမှာ ထဲ့လေ့မရှိပါဘူး။)စားခါနီးကျတော့ ပုစွန်တွေ၊ ခရမ်းချဉ်သီးတွေ၊ ငရုတ်သီးစိမ်းတွေထဲ့ပါတယ်။ အချဉ်အငံစိတ်တိုင်းကျပြင်ပြီး သုံးဆောင်တော့ပေါ့နော်။
အချိုပွဲ အအီပြေ။ ဒိန်ချဉ်ထဲကို အိုက်စကရင်၊ စပျစ်သီးခြောက်နဲ့ တယ်သီးထဲ့စားတာပါ။  ပူစီနံလည်း ကိုက်စားလိုက်ပါတယ်။
မတင်ဖြစ်တာကြာနေတော့ ဟင်းပုံတွေလည်း အများကြီးပုံနေပြီ။ စာရေးရမှာပျင်းတော့ခက်တယ်။ အင်းလေ လာလည်တဲ့သူတွေကလည်း ဖတ်ရတာပျင်းချင်ပျင်းမှာပါနော်။း)
ကဲလေ..စာတွေကျော်ပြီး ပုံသာကြည့်ပြီး အားပေးသွားပါတော့ ရောက်လက်စနဲ့ ။
16 comments:
  1. တကယ်ကိုသွားရေကျသွားပါရဲ့း)
    ReplyDelete
  2. ငါးခေါင်ဟင်းထက် ကြက်ဆင်သားနဲ့ တိုဟူးသုပ်ကိုကြိုက်တယ် ရွှေပဲရွက်
    ကိုသုပ်တာတော့အကြိုက်ဆူံးပါပဲ
    ပြောရင်နဲ့ ရွှေပဲရွက်သုပ်လေးစားချင်လိုက်တာ
    ReplyDelete
  3. Yummy... Yummy, sis ^!^
    Want to eat Tofu salad.
    ReplyDelete
  4. ရွှေပဲညွှန့်သုပ် စားချင်တှာ အိမ်မှာ တထုပ်ကျန်သေးတယ်
    လုပ်စားရမယ်။ တိုဖူးကို အဲ့လို သုပ်တာ မစားတတ်ဖူးရယ်
    ကြာညို့နဲ့ သုပ်ပေးပါး) ငါးခေါင်းဟင်းချိုလည်း သောက်ချင်ပါ၏
    ReplyDelete
  5. Never feeling bore to read your writing and kyii to your dishes.You can get shwepenyut luckily there,but i can't here.
    Gyidaw
    ReplyDelete
  6. ဟင်းတွေစုံသလောက် အကုန်စုံအောင်အားပေးသွားပါ၏။အအီပြေဒိန်ချဉ်
    လေးလဲအဝသောက်သွားပါ၏။ကျေးဇူးလဲအထူးတင်ပါ၏။
    ReplyDelete
  7. ရွှေပဲရွက်ကို ရှမ်းခေါက်ဆွဲထဲပဲထည့်စားဖူးတာ အဲလိုလေး သုပ်ထားတာ စားချင်စရာလေး ဟင်းတွေအားလုံးဂွတ်တယ် ကြက်ဆင်သားမစားဖူးသေးဘူး....။
    ReplyDelete
  8. ညသန်းခေါင်နိုးပြီး ရောက်လာတာ၊ ဗိုက်ဆာပြီးပြန်သွားတယ်။ ဂြီဂြီ :P
    ReplyDelete
  9. ဂလု.ဂလု..ရှလွတ်..ရှလွတ်..
    ReplyDelete
  10. ရွှေပဲရွက်သုပ်တော့၊တကယ်သရေကျတယ်ဗျာ..။
    ဒါနဲ့ သူ့ နဘေးကငရုတ်သီးထောင့်က၊
    ဒီအတိုင်းစားတာလား။
    အထဲမှာမထည့်ရဘူးလား..။
    ချဉ်စပ်ငါးခေါင်းဟင်းချိုလေးနဲ့ မိုက်တယ်။
    ReplyDelete
  11. တို့ ဟူးသုတ်လေး စားချင်စရာ ..
    ရွှေပဲညွှန့် ကို အရင်က ကြော်ပဲစားဖူးဒါ ။ သုတ်မစားဖူးဘူး။ ဒီတခါ ပြန်ရင် စမ်းသုတ်ကြည့်အုန်းမယ်။
    ReplyDelete
  12. မဒမ်ကိုး..
    ဂျာရစ်ဘို့ သယ်သွားလိုက်အုန်းနော်..း)
    ဂျက်စ်ရေ..
    ကြက်ဆင်နဲ့ ရွှေပဲညွန့် တော်တော်ရှင်းယူရတယ်။ ကြက်ဆင်ကတော့ နောင်နှစ်မှစားဖြစ်တော့မှာပါ။ ရွှေပဲညွန့် ကတော့ မကြာခင်ပြန်စားဖြစ်အုန်းမှာပါ။ တိုဟူးသုပ်ကြိုက်တာချင်းတော့တူနေပြီ။
    ရို့ စ်..
    စားချင်ရင် အကုန်စားသွားကွယ်။ အိမ်ပါသယ်သွားအုန်း..
    ဘေဘီ..
    သိတယ်။ ဘေဘီက ကြာညို့ နဲ့ မှကြိုက်တယ်ဆိုတာ။ ကြာညို့ နဲ့ ပုံမရိုက်လိုက်မီဘူး။ သူငယ်ချင်းစားတာလေ။ ကိုယ်က ဘေဘီချက်ထားတဲ့ ငါးသလောက်ဥ စားချင်နေတာ။
    Gyidaw..
    You are such a sweet sister. If you don't get it there then you don't have to cook it. done. How nice it is. :D I feel the same way as your comments always make my happy.
    Aunty Oo..
    အစုံအားပေးသွားလို့ ကျေးဇူး ကျေးဇူး။ အပြင်မှာပါအားပေးနိုင်ရင်သိပ်ကောင်းမှာနော်။
    မိုးငွေ့ ..
    ရွှေပဲရွက်ကို ဘယ်လိုလုပ်လုပ်ကြိုက်တယ် သိလား။ ကြက်ဆင်သားကတော့ ကြက်သားလိုပါဘဲ။
    မြတ်ကြည်လေး..
    စာတွေပိနေလား။ တရေးနိုးဆာသွားတော့ ဘာစားလိုက်လဲ။
    စန်းထွန်း..
    ကိုယ့်စီမှာ စန်းထွန်း ပို့ စ်အသစ်တင်တာမတက်လို့ လင့်ပြန်ချိတ်တာလည်း ဒီတိုင်းဘဲ။ ဘေဘီတို့ စီမှာသွားကြည့်တော့လည်း မတက်ဘူးရယ်။ ဟောင်ကောင်တောလားဘဲ ပေါ်နေတယ်။းဝ
    မီးမီး..
    ငရုတ်သီးကရွှေပဲညွန့် ကိုအမြန်သုတ်လို့ ဘေးကဘဲပုံလိုက်တာ။ ညှပ်ထဲ့မှပိုစားကောင်းတာပေါ့။ သူက အစပ်သိပ်မစားချင်ဘူး။
    ညယံ..
    ရွှေပဲညွန့် က နုပြီး တအားလတ်တော့တော်တော်စားလို့ ကောင်းတယ် အစိမ်းသုတ်တော့လေ။ ပျော့ပျော့ကြီးမဖြစ်နေဘူး ကကြွတ်ကကြွတ်နဲ့ ကောင်းတယ်သိလား။
    ReplyDelete
  13. ဒီလိုပွဲမျိုး စောစောစီးစီး ရောက်ရမယ့်ဟာ... ခြေထောက်က သစ္စာဖောက် လုပ်နေပြန် ပါပြီ၊ ကျန်မှ ကျန်သေးရဲ့လား..?း) အသုပ်တွေက အရမ်း စားချင်စရာ ကောင်းတယ်ဗျာ..။
    ReplyDelete
  14. အိုင်အိုရာရယ် ဟင်းသီးဟင်းရွက်တွေက ၀ယ်လို့ရတာများတယ်နော်။
    အားကျလိုက်တာ... ၀ယ်လို့ရတာကော။ ချက်တတ်တာကော။
    အခုတလောသိပ်မချက်နိုင်လို့ ကြည့်ရတာပိုအရသာရှိတယ်။
    ရှက်ရှက်နဲ့ပြောရရင် ပုံကြည့်ရတာအားမရလို့ အိမ်ချင်းသာနီးလိုက်ချင်တော့တယ်။
    ReplyDelete
  15. ကိုညီလင်းသစ်..
    သစ္စာဖေါက်တို့ သွားရာလမ်းကတော့ ရေထိုးဘဲရတော့မယ်နော်။သိတယ်မှုတ်လား။း) အသုပ်တွေ စားချင်စရာကောင်းရင် စားသွားပါရှင်။
    ကောင်း..
    ကိုယ်ထင်တာကတော့ တရုပ်တွေများတဲ့နေရာဆို အာရှစာတွေ ရလွယ်တယ်ထင်တာဘဲ။ တခြားထက်စာရင် ၀ယ်ရတာတွေများတယ်ဆိုနိုင်ပေမဲ့ ကိုယ်ကမရနိုင်တဲ့ ဂွေးထောက်တို့ ၊ ဆူးပုတ်တို့ ၊ မန်ကျည်းရွက်တို့ ၊ ဘူးရွက်တို့ ၊ ဒန့် သလွန်ရွက်တို့ တွေကို တမ်းတနေပြန်ရောကောင်းေ၇။ အိမ်ချင်းနီးလို့ ကတော့ ဘူးနဲ့ ထဲ့ပြီး တချိန်လုံးပေးနေမှာ။ တကယ်။
    ReplyDelete
  16. ကိုညီလင်းသစ်..
    သစ္စာဖေါက်တို့ သွားရာလမ်းကတော့ ရေထိုးဘဲရတော့မယ်နော်။သိတယ်မှုတ်လား။း) အသုပ်တွေ စားချင်စရာကောင်းရင် စားသွားပါရှင်။
    ကောင်း..
    ကိုယ်ထင်တာကတော့ တရုပ်တွေများတဲ့နေရာဆို အာရှစာတွေ ရလွယ်တယ်ထင်တာဘဲ။ တခြားထက်စာရင် ၀ယ်ရတာတွေများတယ်ဆိုနိုင်ပေမဲ့ ကိုယ်ကမရနိုင်တဲ့ ဂွေးထောက်တို့ ၊ ဆူးပုတ်တို့ ၊ မန်ကျည်းရွက်တို့ ၊ ဘူးရွက်တို့ ၊ ဒန့် သလွန်ရွက်တို့ တွေကို တမ်းတနေပြန်ရောကောင်းေ၇။ အိမ်ချင်းနီးလို့ ကတော့ ဘူးနဲ့ ထဲ့ပြီး တချိန်လုံးပေးနေမှာ။ တကယ်။
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။