လမ်းဘေးမှာတွေ့ ခဲ့တဲ့ ဆည် |
ဒီလမ်းကကျဉ်းပြီးကားများတော့ မောင်းတဲ့သူတွေ စိတ်ပျက်ကြတယ်။ |
မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ တဲ့။ (အမေရိကန်တွေက အမူးသမား ဗရုတ်သုက္ခမောင်းလို့ ကတော့ လက်မနှေးဘူး။ တိုင်ပြီးသားဘဲ)။ |
ဒီလိုဘေးတဘက်တချက်မှာ သစ်ပင်တွေရှိတဲ့လမ်းဆို သိပ်သဘောကျပါတယ်။ နေပြင်းနေလို့ ထင်ထားသလို မလှဘူးရိုက်ရတာ။ |
ချောကလက်လေးတွေတန်းစီ..အဲလေ..ရေအိမ်လေးတွေတန်းစီလို့ ။ ဘီဂိုးနီးယားပန်းပွဲတော်ရှိလို့ ထင်ပါတယ်။ |
ဝိုင်ကန်ထရီးဆိုတဲ့အတိုင်း ဘယ်သွားသွား စပျစ်ခင်းတွေဖြတ်သွားရတယ်။ |
မြို့ စ၀င်တာနဲ့ အင်းတွေ ဟိုတယ်တွေ စတွေ့ ရပြီ။ |
အလှအပ ဆင်တဲ့ပစ္စည်း ရောင်းဆိုင်လေး (မ၀င်ခဲ့ရပါဘူး ဗိုက်ဆာနေကြလို့ )။ |
ဒီလိုဆိုင်တန်းလေးတွေ ကယ်လီဖိုးနီးယားမှာ တော်တော်တွေ့ ရတယ်။ |
လွမ်းပါတယ်ဆိုမှ။ ထန်းပင်တွေ ထူးထူးခြားခြားတွေ့ ရတော့ အညာကိုသတိရမိသွားတယ်။ |
Mobile homes |
Mobile homes |
ရောက်ပြီ အိမ်နောက်ဖေး လိုလို ဘေးလိုလိုမှာ ကားရပ်ကြ (ပုံထဲကသူများကားတွေပါ)။ |
နောက်ဖေးလမ်းကြား မြန်မာပြည်ကိုမမှီဘူးနော် |
| ||
သူတို့ ရဲ့ နောက်ဖေးလမ်းကြားလေးမှာ နားနားနေနေထိုင်ဘို့ ခုံတန်းလေးကတော့ အိုင်အိုရာ့ အကြိုက်ပေါ့။ |
အဲဒီနောက်ဖေးလမ်းကြားကိုလျှောက်ပြီးမှ ဟိုဘက်ထိပ်မှာ ကားပြန်တက်စီးပါတယ်။ အဲဒီအိမ်လေးတွေ အားလုံးနောက်ဖေးမှာ ပန်းခြံလှလှလေးတွေ လုပ်ထားကြတယ်။ |
တွေ့ သမျှ အကုန်ရိုက် |
ဒါကဘာရိုက်ထားတာပါလိမ့်။ |
ဒါကတော့ Deck လေးကို သဘောကျလို့ ။ |
ဒီလိုမျိုး အပြင်ကိုလှမ်း မြင်နေရတဲ့ နေရာလေးကို ကြိုက်တယ်။ |
ဘိခ်ျကိုရောက်ပြီ နေကတော့ ပူသလားမမေးနဲ့ မျက်စိကိုကျိန်းနေတာဘဲ။ |
လူတွေ လူတွေ ပုရွက်ဆိပ်တွေ အလား ပြွတ်ခဲနေတာဘဲ။ |
အိုင်အိုရာကတော့ ငွေဆောင် နဲ့ မလဲပေါင်။ |
လူတွေလည်း နေစာလှုံ၊ စင်ယော်တွေလည်း နေစာလှုံ ၊ လူတွေလည်း ရေကူး စင်ယော်တွေလည်း ရေကူး၊ လူတွေလည်း အစာစား စင်ယော်တွေလည်း အစာစား ၊ လူတွေလည်း ဟိုကြည့်ဒီကြည့် စင်ယော်တွေလည်း ဟိုကြည့်ဒီကြည့် ။ |
နိဗ္ဗာန်သောင်ကမ်းဆိုပါလား |
ရှေ့ မှာတွေ့ လာတဲ့ပင်လယ်နဲ့ ဒီချောင်းလေးက ဆက်နေတယ်လေ။ ဒီချောင်းထဲမှာ ကြွေပန်းတွေနဲ့ အလှဆင်ထားတဲ့ လှေတွေ ဖေါင်တွေကိုအလှပြစီးကြကကြပါတယ်။ |
ဘီဂိုးနီးယားပန်းပွဲတော်အတွက်ပြင်ဆင်နေကြတယ်။ ပုသိမ်ထီးနဲ့ တူလို့ ရိုက်လာတာပါ။ အဲဒီထီးအပေါ်မှာကပ်ထားတဲ့ သံစကာပါးပါးလေးအပေါ်မှာပန်းတွေကပ်ထဲ့မှာလေ။ |
ကြွေပန်းခင်းများကို Google earth မှာမြင်ရပုံ
ပွဲတော်မှာ သုံးတဲ့ဘီဂိုးနီးယား တွေက ဒီလိုပန်းပုံစံရောင်စုံတွေပါ (photo credit from google - http://www.blackmore-langdon.com/category/Begonias) |
အဲဒီပန်းပင်မျိုးဟာ tuber ဥမျိုးပင်တွေဆိုတော့ ပန်းတွေအစွမ်းကုန်ပွင့်ပြီးတာနဲ့ သူ့ ရဲ့ ဥတွေကို တူးဆွပြီး ရောင်းချဘို့ စီစဉ်ရပါတယ်။ အဲဒီလို အစွမ်းကုန်ပွင့်အာပြီး လှနေဆဲပန်းတွေကို ပန်းမျိုးဥတွေ ဈေးကွက်ကိုရောက်ဘို့ စီးပွါးဖြစ်ရောင်းဘို့ သာစိတ်ဝင်စားတဲ့ စိုက်ပျိုးသူတွေက လုံးဝစိတ်မ၀င်စားဘဲ အမှိုက်အဖြစ်သာသဘောထားခဲ့ပါတယ်တဲ့။ ဒါကို ကက်ပီတိုလာက ရေကူးဆရာမ Peggy Matthews က ဒီပန်းတွေ အလဟသနဲ့ အလေအလွင့်အမှိုက်တွေအဖြစ် အချည်းနှီးဖြစ်နေရတာကို သတိမထားမိဘဲမနေနိုင်အောင်ဖြစ်နေခဲ့ပါသတဲ့။ ဒီလိုနဲ့ ၁၉၅၁ ရဲ့ တစ်ရက်သောနေ့ မှာတော့ သူမကို အဲဒီပန်းတွေ သူမကြိုက်သလောက်ဆွတ်ယူခွင့် ကိုပေးခဲ့ပါသတဲ့။ အဲဒီနှစ်မှာဘဲ လှပတဲ့ဘီဂိုးနီးယားကြွေပန်းတွေ အလှဆင်ထားတဲ့ ပန်းဖေါင်လေးတွေ အလှပြပွဲ စခဲ့တယ်လို့ သတ်မှတ်ခဲ့ပါတယ်တဲ့ရှင်။
ပွဲတော်အတွက်စပြင်ဆင်နေကြတာလေ။ |
ဗီဒီယိုထဲကနေ ဖြတ်ကူးထားတာ အားလုံးသိပ်မကောင်းဘူး |
အဲဒီဖရိမ်မှာ ပန်းတွေဆင်ကြမှာပေါ့ |
နေရာတိုင်းမှာ ကြွေပန်းတွေ |
ပွဲတော်အတွက်ပြင်ဆင်နေကြတာ။ |
ဒီလိုမျိုးတွေလည်းဈေးခင်းကြတယ်။ အဲဒီတုန်း ကတော့ Zumba ကိုသတိတောင်မထားမိခဲ့ဘူး။ |
စပ်စောင် quilt အသစ် လေးတထည်လောက်တော့ပိုင်ချင်တယ်။ ဆိုင်ရာပန်းခက်လေးတွေမှာ အေ ဘီ စီလေးတွေ နဲ့ ဟာမျိုးလေး။ ( အာ ဆိုရင် နှင်းဆီခက်လေး နဲ့ တီဆိုရင် တျူးလစ်လေးနဲ့ လိုမျိုးလေ) |
ပွဲတော်ကျင်းပရေးကတင်ထားတဲ့ဓါတ်ပုံလင့် |
http://www.youtube.com/watch?v=e_HAWFWQ6h4&feature=related
http://www.begoniafestival.com/index.html
http://en.wikipedia.org/wiki/Begonia မှာကြည့်နိုင်ပါတယ်ရှင်။
ရန်ကုန်ကဆိုက်ကားတွေ သတိရမိပါသေးရဲ့ ။ |
သူတို့ တွေဟာ ကားတင်မကဘူး ။ မော်တော်ဘုတ်တွေ လည်း အဲလို ၀ယ်ထားကြတယ်။ ကားတွေပေါ်မှာ မော်တော်ဘုတ်တွေ သယ်သွားပြီး ခရီးထွက်ကြတာလည်း လုပ်ကြတယ်။ |
ကဲ..ပွဲတော်ကသိပ်မစည်သေးပေမဲ့လျှောက်ရတာတော့ ညောင်းပြီနော်။ နောက်တော့မှ Mystery Spot ကိုအလည်ထပ်ခေါ်သွားပါမယ်ရှင်။ အခုတော့ ထရေလာလေးအရင်ကြည့်ထားနှင့်နော်။
တဲ့တဲ့မရပ်နိုင်တဲ့နေရာ |
ခင်မင်လေးစားသော...
အိုင်အိုရာ
စိတ်ဝင်စာဖွယ်ကောင်းလှတဲ့ ခရီးသွား ဗဟုသုတလေးအတွက်
ReplyDeleteကြည်နူးရပါတယ်
ပုံလေးတွေလဲ အရမ်းကိုလှတယ်
Merry Christmas & Happy New Year ပါ
ဓာတ်ပုံလေးတွေက ကြည်တောက်နေတာပဲ..
ReplyDeleteပုံတွေ၊ ရှင်းလင်းစာတွေနဲ့ တဝကြီးကို လည်လိုက်ရတယ်၊ ပန်းပွဲတော်က အတော်လေး လှတာပဲ၊ ပြင်ဆင်နေကြတာလည်း ပျော်စရာကြီး..၊
ReplyDeleteအရေးထဲ ဒီမိုဘိုင်းဟုမ်း ဆိုတဲ့ စာသားကို ဖတ်ပြီး ကိုယ့်ဟာကိုယ် ခေါင်းထဲမှာ Demo buy home လို့ ရွတ်မိသွားတယ်၊ ဘာများပါလိမ့်ပေါ့၊ ဒီမိုကရက်တွေ အိမ်ဝယ်ကြတဲ့ ပရိုဂရမ် များလားလို့ လျှောက်တွေးရင်း စာကြောင်းတွေ ဆုံးတော့မှ သြော်..ငါ့နှယ်နော် ဆိုပြီး ထိုင်ရယ်နေရ သေးတယ်၊းD ရွှေသမင် ထက်တော့ ဆိုးတော့မယ် ထင်တယ်၊းP
Mystery spot ကို လိုက်လည်ဖို့ အသင့်ပြင်ပြီး စောင့်နေပြီနော်...။း)
Thanks to your post, I visit to Santa Cruz :D. I get to know that you travel a lot when you describe your journery to the mountain in Kachin state... wow :O. All photo are so beautiful. I'm very eager to know what is "mystery spot."
ReplyDeleteဂျက်စ်..
ReplyDeleteကိုယ့်ပို့ စ်လေးကြောင့် ကြည်နူးရတယ်ဆိုတော့ကိုယ်လည်း ကြည်နူးရပါတယ်။ မြန်မာပြည်တုန်းကခရီးသွားဓါတ်ပုံတွေ ကိုယ်နဲ့ မသယ်နိုင်ခဲ့တာ အမြဲသတိရ စိတ်မကောင်းဖြစ်မိတယ်။
စန်းထွန်း..
ကို်ယ်က ဓါတ်ပုံတွေမကောင်းလို့ တင်ရတာ အားနာနေတာ။ တော်သေးတာပေါ့ စန်းထွန်း ကကောင်းတယ်ထင်တော့။
ကိုညီလင်းသစ်..
မန့် ထားတာဖတ်ပြီး ကျမတကယ်ကိုရယ်မိတယ်။ စာရေးဘယ်လောက်ချာလည်းဆိုတာ အဲဒါသာကြည့်တော့။ အဆင်သင့်ရင်တော့ ပြင်လိုက်ပါအုန်းမယ်။ ရွှေသမင် နဲ့ နင်လားငါလားလာမပြိုင်နဲ့ နော်။ ရွှေသမင်က ပိုကြောင်တယ်။ နိုး တူး။
ဒီလိုစောင့်နေလို့ ကတော့ ခေါ်ပြီးသားဘဲ။
Rose..
Thanks for your comment too.
Yah..I travel a lot but it is too bad I did not bring my travel notes and diaries with me. Otherwise I would have tortured to you guys already. :)
Begonia ပုံ အနီးကပ်လည်းမပါဘူး
ReplyDeleteဒါနဲ့ ကြွေပန်းဘယ်လိုဟာလဲလို့ google မှာ လိုက်ရှာတာ တွေ့တော့တွေ့တယ် အဲဒီနုာမည်နဲ့က ၃ ၄မျိုးပေါ်လာတော့ ဘယ်ဟာမှန်းမသိဘူး ဖြစ်နေတာ။
စိတ်ဝင်စားတယ်.. ကြွေပန်းဘယ်လိုဟာလဲသိချင်သေးတယ်.။ နောက်ပိုစ့်ကျ အနီးကပ်တစ်ပုံလောက် တင်ပေးပါနော်။ ခုဟာတွေက သိပ်မထင်ရှားဘူး.
ခရီးသွားရတာ ပျော်စရာကြီး။ ပိုစ့်လေးဖတ်ရတာလည်း ပျော်စရာ
Merry Christmas ပါနော်..။
ချော..
ReplyDeleteပွဲတော်က ဘီဂိုးနီးယားပုံမျိုး တင်ပေးလိုက်ပြီနော်။ ဒါပေမဲ့ မြန်မာပြည်က ကြွေပန်းတို့ မင်းသားကြီးခေါင်းပေါင်းတို့ ကအပွင့်နဲ့ ကွာပါတယ်။ ကြွေပန်းက သေးသေးလေးတွေ အဆုပ်လိုက်ပွင့်တယ်။ များသောအားဖြင့် ပန်းရောင်၊ အနီရောင် နဲ့ အဖြူရောင် ပွင့်လေးတွေ။ မင်းသားကြီးခေါင်းပေါင်းက အရွက်တွေရဲ့ အလှကို ဦးစားပေးတဲ့ပုံစံပါ။ နီးစပ်တဲ့ပုံလေးတွေ ရှာပြီးတင်ပေးလိုက်မယ်နော်။
ကြွေပန်း ပြန်လာကြည့်တာ
ReplyDeleteအပွင့်ပုံစံက ရုတ်တရက်ကြည့်ရင် ကာနေးရှင်းနဲ့တူတယ်နော်..
သူ့အရွက်က ဆတ်တောက်တောက်နဲ့ ချိုးလို့ကောင်းတဲ့ ပုံစံမျိုးထင်တယ်.
အနီးကပ်မြင်လိုက်ရပြီ.. ကျေးဇူးကျေးဇူး
Merry Christmas.....
ကြွေပန်းခင်းကလှလိုက်တာနော် တီတင့်ပြင်ဦးလွင်ရောက်စဉ်က
ReplyDeleteကန်တော်ကြီးပန်းခြံထဲကပန်းတွေကို ပြန်သတိရသွားတယ်။
ရှုခင်းတွေလည်းလှတယ်။ ဓာတ်ပုံတွေ ကြည့်ရင်းကြည်နူးတယ်။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ချော..
ReplyDeleteဒီအပွင့်ကပွဲတော်ကပန်းမျိုးပါ။ ဘီဂိုးနီးယားဆိုတော့ ကြွေပန်းမျိုးလို့ ဆိုရမယ်ထင်ပါတယ်။ ဒီပုံကကာနေရှင်း နဲ့ အရောင်စပ်ပုံဆင်ပါတယ်။ အပင်ပုံကတော့ ချောပြောသလို ကျွတ်ဆတ်ပြီး နုပါတယ်။ ကိုယ်တို့ ရဲ့ ကြွေပန်း နဲ့ မင်းသားကြီးခေါင်းပေါင်းက ဒီအပွင့်လိုမကြီးပါဘူး။
တီတင့်..
ဟုတ်တယ်နော် ပြင်ဦးလွင်ကပန်းခင်းတွေလည်းသိပ်လှတာဘဲ။
အိုင်အိုရာလည်း တီတင့်တို့ ဆရာကန်တော့ပွဲက ပုံတွေကြည့်ရတော့သိပ်ကြည်နူးမိတာဘဲ။
Same to you!
ဓာတ်ပုံတွေကသိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ မမရေ
ReplyDeleteပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေနော်
ခင်မင်လျှက်
မဒိုးကန်
မဒမ်ကိုး..
ReplyDeleteစိတ်ဝင်စားတယ်ဆိုလို့ ဝမ်းသာပါတယ်။
ဆုတောင်းလေးအတွက်ကျေးဇူးပါနော်။