Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Tuesday, November 22, 2011
ဟောဒီက အကြော်စုံ နဲ့ မုန့် ဟင်းခါး
 လာပြန်ပြီ ဒီအကြော်စုံလို့ ကျိန်ဆဲရင်လည်း ခံရမှာပါ။ (မြန်မာတို့ အတွက် thanks giving အကြိုလို့ သဘောထားလိုက်ပေါ့နော်။) သူငယ်ချင်းက ဘူးသီးကြော်ကြော်စားကြမယ်ဆိုပြီး ထုံးစံအတိုင်းချိန်းကြပြန်ပါတယ်။ အိုင်အိုရာကလည်း အကြော်ဆို ကြိုက်ပြီးသားဆိုတော့ အိုခေ ဆိုပြီး ဘူးသီးတို့ ခရမ်းသီးတို့ ကြက်သွန်မိတ်တို့ ၊ ကိုယ်ကြိုက်တာတွေ လျှောက်ဝယ်ပြီး စောင့်ပါတယ်။ သူငယ်ချင်းက အလုပ်များနေတော့ ပထမနေ့ ပျက်သွားပါတယ်။ ဒါနဲ့ ဘာမှ မလုပ်ဖြစ်ပါဘူး။ နောက်နေ့ ကျတော့ အကြော်ချည့်ဆိုရင် သိပ်မပြည့်စုံသလိုဘဲ မုန့် ဟင်းခါးလေး မြန်မြန်ချက်လိုက်အုန်းမှဘဲ ဆိုပြီး မုန့် ဟင်းခါး အထုတ်ကို မော်ဒီဖိုင်းပါတယ်။ 
 မုန့် ဟင်းခါးမော်ဒီဖိုင်းပြီးတော့ အကြော်ကြော်စားဘို့ ကိုတက်ကြွနေပါတယ်။ ဒါပေမဲ့သူငယ်ချင်းလာမှ ပူပူနွေးနွေးကြော်မယ်ဆိုပြီး စောင့်ပါတယ်။ နောက်တော့ သူငယ်ချင်းက ကိစ္စတစ်ခုပေါ်လာလို့ မလာနိုင်ပြန်ပါဘူး။ အိုင်အိုရာလည်း မကြော်ချင်တော့ဘဲ မုန့် ဟင်းခါးချည့် အဲဒီနေ့ က ကိုယ့်ဘာသာကိုယ် အားပေးလိုက်ပါတယ်။ နောက်နေ့ သူငယ်ချင်းက မနက်လာမယ်ဆိုတော့ အိုင်အိုရာတို့ က တနေရာသွားဘို့ ရှိနေတော့ညဘက်ချိန်းလိုက်တာပျက်ပြန်ပါတယ်။ နောက်ဆုံးတော့ သူငယ်ချင်းလည်း မလာဖြစ် အိုင်အိုရာလည်း ကိုယ့်ကိစ္စတွေ ကိုယ့်ဘာသာကိုယ် ရှင်းရပါတော့တယ်။
ဘူးသီးအချောင်းကြော်သုံးဆောင်ပါ။
 ကျမက ဘူးသီးဆို အချောင်းလိုက်ကြော်တာ ပိုသဘောကျပါတယ်။ ဒီတော့ ကျမအတွက် အချောင်းလိုက်။
ကြက်သွန်မိတ်ကြော်လေးလည်း သုံးဆောင်ပါအုန်းရှင်
ငရုတ်သီးစိမ်းကြော်၊ ခရမ်းသီးကြော်၊ ဘူးသီးကြော်၊ ပြောင်းဖူးကပ်ကြော်၊ ကြက်သွန်မိတ်ကြော်၊ ဆလတ်ရွက် နဲ့ နံနံပင်ကပ်စားဘို့ 
ကြိုက်သလောက်စား ထပ်ကြော်လို့ ရသေးတယ်နော်
ခရမ်းသီးကြော် ချိုမှချို (ဟုတ်ပါတယ်။ အိုင်အိုရာ့လက်ပါရှင်။ ဘေဘီနဲ့ မြတ်ကြည်လေးရေးတာတွေဖတ်ပြီး စမ်းသပ်ထားတဲ့ကျမ ရဲ့ လက်ရာပါ။ ဆရာသမားတို့ ကြုံတုန်းလေးကြည့်သွားပါနော်။း))
(
ဘူးသီးကြော်
အစကတော့ ပဲကြော်ကြော်မလို့ တွေးပါသေးတယ်။ ဒါပေမဲ့ အိုင်အိုရာက ပဲသိပ်မကြိုက် ပဲရေစိမ်ဘို့ လည်းမေ့သွားတော့ မပါတော့ဘူး ပဲကြော်ပရိဿတ်ကြီးရေ။ အိုင်အိုရာ့ အကြိုက်ဘူးသီးကြော်ကြွတ်ကြွတ်လေးနဲ့ ဘဲ ကျေနပ်နော်။
သံပုရာသီးတို့ နံနံပင်တို့ သပ်သပ်ရှိပါတယ်။ ရှုပ်လို့ မတင်ထားလိုက်တော့ဘူး။ အိုင်အိုရာကလည်း ပထမပန်းကန်ဆို အချဉ်မပါဘဲစားတတ်လို့ ပါ။း)
ငရုတ်သီးကြော်မှုန့် နဲ့ ကြက်သွန်ဖြူဆီချက် စိတ်ကြိုက်ထဲ့ပါရှင်
ကိုယ်နှစ်သက်တာတွေ ကိုယ်ကြိုက်သလောက်ရွေးထဲ့ ဆည်ထဲ့
ကြက်သွန်က မြန်မာပြည်မှာတုန်း ကမကြိုက်ပါဘူး။ ခုတော့ ငတ်ရာကနေ ကြိုက်သလိုဖြစ်လာပါပြီ။
 ရယ်ဒီမိတ်မော်ဒီဖိုင်းဆိုတော့ အညွှန်းအတိုင်း ဆူအောင်တယ်ပြီး စပါးလင်တို့ ငံပြာရည်တို့ နဲ့ ပြုတ်ထားတဲ့ ကက်ဖစ်ရှ် (ငါးခူမဟုတ်) ထဲ့၊ အိုးကြက်ဥထဲ့၊ ကြက်သွန်နီသေးသေးလေးတွေထဲ့၊ စပါးလင်ထုထည့်၊ ကိုယ်ကြိုက်သလိုပြင် ပြီး ကြာစွယ်ထဲ့ပါတယ်။ ဒီလိုပြင်မှ အိမ်ချက်နဲ့ တူပြီး စားလို့ အိုခေသွားပါတယ် ကျမအတွက်တော့။
ငှက်ပျောအူမရှိတော့ အစားထိုးကြာစွယ်တွေ စိတ်ကြိုက်ထဲ့
ကြက်သွန်မိတ်ကြော် သိပ်စားလို့ ကောင်း
အ၀စား အားမနာတမ်းစား
ဒါကအိုင်အိုရာ့အတွက် ငရုတ်သီးစိမ်းကြော်။ ကိုညီလင်းသစ်အတွက်လည်းပါတယ်နော်။ ကူးကူးလည်း အစပ်ကြိုက်တယ်ထင်တယ်။
ခရမ်းသီးကြော်
ပြောင်းဖူးကပ်ကြော်ကသူကြိုက်တယ်ဆိုလို့ (မစားဘူးသာပြောတာ ဒါတော့ကြော်ကြော်တဲ့)
 အကြော်တွေရော၊ မုန့် ဟင်းခါးတွေရော ရှယ်ဘဲဆရာ။ ဒါပေမဲ့ သူငယ်ချင်းလည်းမလာဖြစ်တော့ အများကြီး ထပ်ကြော်လို့ ရသေးတယ်။ ကျန်သေးတယ်။ ချစ်ချစ်ကြီးကလည်း အကြော်တွေ ကြော်နေတုန်း ကို သူက ပေါင်မုန့် ထောပတ်သုတ်နဲ့ ချိစ်နဲ့ ကော်ဖီသောက်မှာတဲ့။ ဘယ်လောက် အသည်းယားဘို့ ကောင်းလဲ။ ကိစ္စမရှိ ငါ့တပည့် လို့ သဘောထားလိုက်ပါတယ်။ အိုင်အိုရာလည်း မုန့် ဟင်းခါးစပ်စပ်စားပြီးရင် ကော်ဖီပြင်းပြင်းသောက်မှာဘဲ။ အိုင်အိုရာ ဖြေးဖြေးချင်းဖြိုသွားပါမယ်။ လွယ်လွယ်နဲ့ သိုးတာမဟုတ်သလို ကျမသိပ်ကြိုက်တာတွေဆိုတော့။ အကြော်ကတော့ အစုံကြော်ပြီးစားမယ် တွေးထားတော့ ကြော်ဖြစ်အောင်တော့ ကြော်လိုက်တာဘဲ။ နှစ်ယောက်စာဆို သိပ်မများလှပါဘူး။ ကျန်တဲ့ အကြော်တွေကို သုတ်စားဘို့ စီစဉ်လိုက်ပါတယ် ကျန်ဖြတ်နောက်တမျိုးပေါ့။ အကြော်သုတ်ကြိုက်တော့ သိပ်ပြဿနာမရှိပြန်ဘူး။
ရောက်တုန်းရောက်ခိုက် စိတ်ဝင်စားစရာမကောင်းပေမဲ့ အားပေးသွားပါအုန်းရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ
မှတ်ချက်။ ဗစ်ရေ ...တင်လိုက်ပါပြီရှင်။
20 comments:
  1. Taw lite htar.You also a tusker,good at in cooking,writing,nail art and so on.........I like monngarr and akyawsone too.I eat yours all and first except chili akyaw.I'm afraid of chili:(
    Gyidaw
    ReplyDelete
  2. အိပ်ခါနီး ဗိုက်ဆားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးပြီး ဟင့်
    ဒါနဲ့ လက်သဲဆိုးထားတာ လှပါအိး)
    ReplyDelete
  3. အရမ်းအရမ်းကို စားချင်သွားပါတယ်....
    ဒီနေ့ညနေပဲဆိုင်မှာသွားစားလိုက်တော့မယ်....း)
    ReplyDelete
  4. အကြော်စုံတွေ စုံနေတာပဲ .. မုန့် ဟင်းခါးချက်ရင် ငှက်ပျောအူ ရှာမတွေဖြစ်နေတာ။ အိုင်အိုရာလို ကြာစွယ်နဲ့ စမ်းကြည့်အုန်းမယ်။ :)
    ပုံတွေကြည့်ပြီး စားချင်တှာ ။ ရှလွတ်
    ReplyDelete
  5. အကြော်တွေစားချင်လိုက်တာ....။ ပုံတွေကြည့်ပြီး တံတွေးတွေမြိုချနေရတယ် ...အိုင်အိုရာလက်ရာ ဂွတ်ပဲ...။
    ReplyDelete
  6. စားချင်စရာကောင်းလိုက်တာ... ကြက်သွန်က မြန်မာပြည်မှာတုန်းက မကြိုက်ပါဘူး။ ခုတော့ ငတ်ရာကနေ ကြိုက်သလိုဖြစ်လာပါပြီ ဆိုတာကို သိပ်သဘောကျသွားတယ်...း)
    ReplyDelete
  7. I would like to invite you all to come and listen Myanmar Music Online. I have a lot Myanmar Songs and Myanmar Mp3 collected on my site.
    Myanmar Online Music: http://www.myanmaronlinemusic.com/
    Thanks a lot!!
    ReplyDelete
  8. အားပါးပါး.. အကြော်တွေ တကယ့်ကို အများကြီးပါလား၊ အဲဒီလို အကြော်စုံကို မတွေ့ရ၊ မစားရတာ ဆယ်စုနှစ်နဲ့ကို ချီနေပြီဗျ၊ ငရုတ်သီးစိမ်းကို ကြော်ထားတာလည်း တခါမှ မမြင်ဖူးဘူး၊ သူ့ချည်းပဲ စားကြည့်ချင်တယ်၊ မုန့်ဟင်းခါးကလည်း ငရုတ်သီးဆီကြော်လေး ဖြူးထားတော့ စားချင်စရာ..၊ ဒီကြားထဲ လက်သည်းပုံဖော်ထားတာ တွေ့တော့ မဘေဘီကို သတိရလိုက် သေးတယ်၊း) တစ်ပုံချင်းစီကို ၈ စက္ကန့်နှုန်းနဲ့ ကြည့်သွားပါတယ်..။
    ReplyDelete
  9. ဘူးသီးကြော်အတွဲကြော်ထက် အချောင်းကြော်ကိုပိုကြိုက်တယ်။
    အကြော်စုံသုပ်ကို ထမင်းဖြူလေး ရေနွေးကြမ်းလေးနဲ့ဆို လာစားမယ်နော်။
    လက်သည်းကသေးသေးလေးမြင်ရပေမယ့် လှတယ်သိလား။
    ReplyDelete
  10. အိုင်အိုရာရေ အကြော်ဆိုလို့ကတော့ လာထားပဲး)
    တီတင့်လည်း အကြော်ကို နေ့လည်တိုင်းစားတာ မရိုးသွားဘူး။
    စားချင်စရာတွေအများကြီးပါလားနော်။ အစုံအားပေးသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  11. လက်သည်းလေး မြင်သွားပြီ။ အရမ်းလှတယ်။ ^_^
    ReplyDelete
  12. ရို့စ်လည်း အိမ်မှာ မုန့်ဟင်းခါး ချက်တယ် အစ်မအိုင်အိုရား) ဘာအကြော်မှ မကြော်ဖြစ်လို့ အစ်မရဲ့ ဗူးသီးကြော်လေးတွေ ယူသွားမယ်နော်။
    ReplyDelete
  13. ဒီတယောက်ကိုလှမ်းခေါ်လိုက်ရောပေါ့။
    အဆင်သင့်ပါဘဲစားဖို့ ဆိုရင်..:P
    ReplyDelete
  14. လှတယ်..လှတယ်
    လက်ရော ဘူးသီးကြော်ရော လှတယ်
    ဒါပေမဲ့ ဘူးသီးကြော်ကိုပိုကြိုက်တယ်သိလား
    လက်ကစားလို့မရဘူး ဘူးသီးကြော်က စားလို့ရတယ်လေ ဟိဟိ
    အကြော်တွေက စုံနေတာဘဲ.. စိတ်ရှည်လက်ရှည်ကို ကြော်ထားတာ.. မော်ဒီဖိုင်းလုပ်ထားတဲ့ မုန့်ဟင်းခါးကလည်း မနက်စာ မစားရသေးသူကို မျက်စတွေ ပစ်ပြနေလိုက်တာ
    တော်ပြီ ဗိုက်ဆာတယ်.. မုန့်သွားရှာစားတော့မယ်..
    ReplyDelete
  15. ဓာတ်ပုံတွေကြည့်ပြီး ဘလော့ကြီးတောင် ကိုက်စားချင်သွားတယ်.. :)
    ReplyDelete
  16. ဂျီးဒေါ်..
    စွယ်စုံကမဟုတ်တဲ့နေရာတွေမှာပါ။ အသုံးတဲ့တဲ့နေရာတွေကျတော့ သုံးမရတော့ဘူး။ အစားအသောက်တွေက အရသာမသိရဘူး။ စာရေးတာက တကြောင်းနှစ်ကြောင်းဆိုတော့ အိုကေ။ လက်သည်း ကလည်း အဝေးကမြင်ရတာဆိုတော့ ၀ါးတားတား။
    ထင်တော့ထင်တယ် ဂျီးဒေါ်သူများဘလော့မှာ ငရုတ်သီးကြောက်တာရေးဘူးတာမှတ်မိနေတယ်။ အဲလိုကြော်ထားတဲ့ငရုတ်သီးက သိပ်မစပ်တော့ဘဲ မွှေးပြီးစားလို့ ကောင်းတယ်။ (သွားတော့ မစမ်းလိုက်နဲ့ နော် တော်ကြာအိုင်အိုရာ မြှောက်ပေးလို့ ငိုနေရအုန်းမယ်။း))
    ဘေဘီ..
    ခုတော့အိပ်ယာကနိုးလို့ ပြန်တောင်အိပ်ရော့မယ်နော်။
    ဘေဘီနဲ့ မြတ်ကြည် ပို့ စ်တွေဖတ်ပြီး ကိုယ် အားတဲ့တနေ့ နေ့ တ၀က်လုံး အွန်လိုင်း က nail art design တွေ လျှောက်ကြည့်ဖြစ်ပြီး လက်သည်းဆိုးဆေး ၃ ရောင်လောက်ထပ်ဝယ်တယ်။ ဒေါ့တင်းတူးလ်စ် တွေလည်းဝယ်လိုက်
    တယ်။ နောက်ပြီး ဖျက်လိုက်ဆိုးလိုက်ဖျက်လိုက်ဆိုးလိုက် နဲ့ ပျင်းသွားရော။ တော်တော်စိတ်ရှည်ရတယ်ကွယ်။ ဒါပေမဲ့နက်ဖန်တော့ ပလေးလိုက်အုန်းမယ်။း)
    အင်ကြင်းသန့် ..
    ဆိုင်မှာသွားစားဖြစ်လိုက်လား။း) ပုံနဲ့ မ၀တာ ဆိုးတာဘဲနော်။
    ညယံ..
    ကို်ယ်ကငှက်ပျောအူမပါတဲ့ မုန့် ဟင်းခါးဆို သိပ်မုန်းတာ။ ခုတော့ ရှိတာနဲ့ ဖြစ်သလိုဘဲ။ ငှက်ပျောသီးတွေတော့ အမျိုးစုံရောင်းကြပြီး ငှက်ပျောအူရောင်းရကောင်းမှန်းမသိတဲ့သူတွေ မြန်မာပြည် ပို့ လိုက်ချင်တယ်။ ဒါမှနောက်ရောင်းအောင်လို့ ..း))
    မိုးငွေ့ ..
    အိုင်အိုရာ့လက်ရာက အရသာမသိရင်တော့ ဂွတ်တယ်ထင်နေမှာ။ အရသာသိတော့မှ ထွက်မပြေးကြေး။
    မသက်ဝေ..
    အဟုတ်ဘဲ။ အစွဲအလန်းကြီးတဲ့သူက ဘာလို့ ဒီလိုအပြောင်းအလဲတွေများလာတာလဲလို့ တခါတခါတွေးမိတယ်။
    မြန်မာပြည်မှာမစားချင်ခဲ့တာတွေ ကိုလည်း စားချင်လာတယ်။ တွေးကြည့်တော့ ငတ်လာလို့ ဘဲဖြစ်ရမယ်။ တကယ်။း)
    Myanmar Online Music..
    ကြော်ငြာဝင်တယ်ဆိုတာ ဒါမျိုးဖြစ်ရမယ်နော်။ ဘာဘဲဖြစ်ဖြစ် ဖိတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ကိုညီလင်းသစ်..
    ငရုတ်သီးကြိုက်ရင်တော့ အဲလိုကြော်စားရင်မွှေးပြီးစားလို့ ကောင်းတယ်သိလား။
    တပုံကို ဂ စက္ကန့် ဆို အကြာကြီးဘဲ။ တကယ်သာ စားလို့ ရတဲ့ဟာဆို ပုံပေါင်း ၂၀ ကျော်ကြည့်ချိန် လောက်အချိန်မပေးရဘဲ ကုန်အောင်စားလို့ ရတယ်နော်။း) တကယ်ကျွေးချင်ပါတယ်။
    ကောင်း..
    တူပြန်ပြီ။ ကိုယ်တို့ သိပ်တူတာဘဲနော်။
    အကြော်သုပ်စားတာလေး ကြုံရင်ထပ်တင်ပေးမယ်နော်။ အပျင်းပြေကြည့်ရတာပေါ့။ လက်သည်းကလှဆို ဆရာမကြီးတွေ ကလည်း အကျော်ဒေးယျတွေကိုး။း)
    တီတင့်..
    အကြော်နဲ့ ဆို ထမင်းလေးဆီဆမ်းပြီး စားရင်လည်းကြိုက်တယ်လေ။ အိုင်အိုရာလည်း အကြော်ဆိုလာထားဘဲ။း)
    မြတ်ကြည်..
    စေ့ဆော်သူ ဘေဘီနဲ့ မြတ်ကြည်လေးကြောင့် နေ့ တ၀က်လုံးအွန်လိုင်းမှာ ကျူတိုရီယယ်တွေ လိုက်ကြည့်။ ဒီဇိုင်းတွေလိုက်ကြည့်နဲ့ ။ တကယ်ဆိုးတော့ ဟိုလိုလိုဒီလိုလို နဲ့ တော်တော်ဖျက်ရသေးတယ်။ နောက်မှ အိုကေသွားတာ။
    ရို့ စ်..
    ကြိုက်သလောက်ယူသွားနော်။ ရို့ စ်စီမှာ ကွန်မန့် ပေးတာ မရတာနဲ့ လက်လျှော့လိုက်တယ်။ ပြန်ဖွင့်ထားပြီထင်တာ။ ဘာလို့ လဲတော့မသိပါဘူး။
    မီးမီး..
    အဘားအဘားဆိုပြီးထွက်မပြေးကြေးနော်။း)
    ချော..
    တော်သေးတာပေါ့။ လက်ဖြတ်ကြော်ပေးဆိုဒုက္ခ။း)
    ချောပို့ အသစ်ဆိုဒ်ဘားမှာတွေ့ လို့ လာတာ။ အဟောင်းဘဲပေါ်တယ်။ စီဘောက်စ်မှာ မန့် တော့လည်း ၄ ၅ ခါလောက် မန့် ပြီးမှ တက်တော့တယ်။ နောက်မှထပ်လာခဲ့မယ်နော်။
    စန်းထွန်း..
    စာမေးပွဲပြီးသွားပြီလား။
    Thanks giving holiday မှာ စာတွေမပိနေပါစေနဲ့ လို့ ဆုတောင်းပါတယ်။
    ReplyDelete
  17. ငတ်ရာကနေ အကုန်ကြိုက်တာချင်းတော့ တူနေပြီ။ မြန်မာပြည်မှာ တုံးက မုန့် ဟင်းခါးထဲ ကြက်သွန်နီပါလာရင် အမေ့ပေးပစ်တာ ကိုယ်မစားဘူး ခုတော့ စားနေပီ။ အကြော်တွေ အကြော်တွေ လှလိုက်တာ စားချင်လိုက်တာ ငါလေ .. ရှလွတ်။
    ReplyDelete
  18. ဗစ်..
    ဟုတ်တယ်ဟုတ်တယ်ကိုယ်လည်း သူများထဲ အမြဲထဲ့တယ်။ ခုတော့စားတဲ့အပြင် သူ့ ကိုဝါးလိုက်တော့ရတဲ့အနံ့ ကမှ မြန်မာပြည်ကမုန့် ဟင်းခါးအနံ့ နဲ့ တူသလိုလို။း) အကြော်တွေ ကြိုက်သလောက်သာစားသွားနော်။း)
    ReplyDelete
  19. စားချင်လိုက်တာအမရယ်။ပုံတွေကြည့်ပြီးဗိုက်တောင်ဆာလာတယ်
    ReplyDelete
  20. barbielay..
    စားချင်ရင် အ၀စားသွားပါကွယ်။
    ပုံဘဲကျွေးရလို့ အားတော့နာပါတယ်။း)
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။