Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Friday, November 11, 2011
အမြန်ချက်ထောပတ်ထမင်းနဲ့ ကျန်ဖြတ်လိုက်ဖက်ဟင်းများ
အုန်းထမင်းချက်စားပြီး ဟင်းတွေကျန်နေတာနဲ့ ထောပတ်ထမင်းချက်စားလိုက်တာပါ။
အမြန်နည်းဆိုတဲ့အတိုင်း ကိုယ့်မှာ ရှိနေတဲ့ မာဂျရင်းထောပတ်ကို ဆီနဲနဲနဲ့ ကရဝေးရွက်နဲနဲ၊ သစ်ဂျပိုးခေါက်နဲနဲ နဲ့ ဆီသတ်လိုက်ပါတယ်။ မွှေးလာပြီး ထောပတ်မတူးသွားခင် ဆေးထားတဲ့ ဆန် (ရိုက်စ်ကွတ်ကာထဲကို) ထဲကို ထဲ့လိုက်ပါတယ်။ စိပ်ထားတဲ့ ကြက်သွန်နီစိပ်၊ စပျစ်သီးခြောက် (အ၀ါဘဲကြိုက်ပါတယ်။ အညို နှစ်သက်ရင်အညိုထဲ့)သကြားနှစ်သက်သလောက်၊ ဆားနဲနဲ၊ ထဲ့မွှေပြီး ချက်နေကျထက်ရေနဲနဲလေးပိုထဲ့ပါ။ ကျမ ချက်နေကျအတိုင်းထဲ့လိုက်တာ မာသွားလို့ ရေနွေး တောက်ပြီး ပြင်ပေးလိုက်ရပါတယ်။ အဲဒါကြောင့် ပုံထဲကလိုမျိုး ဆန်သားမလှဘဲ နဲနဲ ကျိုးသွားပါတယ်။ ဆန်သားလေးစင်းနေမှလှပါတယ်။ ခုတော့သီးခံပေအုန်းတော့ ဘော်ဒါတို့ ရေ။
ပြောခဲ့တဲ့အတိုင်း အုန်းထမင်းချက်စားတုန်းက ကျန်နေတဲ့ ကြက်သားဟင်းကို လိုက်ဖက်ပြီး စားချင်စဖွယ်ဖြစ်အောင် မော်ဒီဖိုင်းလုပ်ပါတယ်။ အရင်ချက်ထားတာက မြန်မာချက်ပါ။ ဟင်းတမျိုးထဲကို ဆက်စားရတာမုန်းတော့ အင်ဒီးယန်းစတိုင်ဖြစ်အောင်လို့ မဆလာတို့ ၊ ဇီယာတို့ ၊ ထဲ့ပြီး ပြင်ပါတယ်။ ကြက်သွန်နီကြော်တွေကို မဆလာနဲ့ ရောပြီး မှ ရေဆူထဲ့ထားတဲ့ ကြက်သားဟင်း ထဲကို ရေမခန်းတခန်းမှာ ထဲ့ပြီး အဖုံးအုပ်ပေးထားလိုက်ပါတယ်။ ရေလဲခန်း ကြက်သွန်ကြော်တွေလည်း အိပြီးမွှေးလာတော့ ကြက်သားအတုံးတွေ နဲ့ သာသာလေးမွှေပေးထားတာပါ။
အသီးအရွက်လည်းပါအောင် လို့ ရေခဲသေတ္တာထဲမှာ ရှိနေ တဲ့ အသီးအနှံတွေကို မန်ကျည်းရည်တို့ မဆလာတို့ ထဲ့ပြီး ခပ်ပျစ်ပျစ်ချက်လိုက်ပါတယ်။ အာလူး၊ ခရမ်း၊ ရုံးပတေ၊ ငရုတ်သီးစိမ်းထဲ့ပြီး မုန်ညင်းစေ့ နဲ့ ဇီယာကို အနှစ်ဆီသတ်ချိန်မှာ ထဲ့ပြီး ဆီသတ်ပါတယ်။  ဆီသတ်ပြီးတော့ မာတာတွေ အရင်ထဲ့ ပျော့တာတွေ နောက်ထဲ့ အားလုံးထဲ့ပြီးတော့ ရေဆူထဲ့ အချဉ်ရည်ထဲ့ အရသာပြင်ပြီး အရည်နဲနဲလေးကျတော့ ရှမ်းနံနံအုပ်ပြီးချပါတယ်။
ဟင်းတွေ ကြိုက်သလိုထဲ့ပါရှင်။
သရက်သီးသနပ်နှစ်သက်ရင် ပုလင်းထဲမှာပါ။
ငရုတ်သီးကတော့ အရင်ထဲ့တာဘဲ။း)
ဘာလချောင်ကြော်လည်း လက်ကျန်ဘဲ။ ဗက်ဂျီကလွဲရင် အားလုံး ကျန်ဖြတ်ဟင်းတွေပါ။
အိုးလိုက်ချထားတယ်နော်။ ဆန်တွေကမာသွားလို့ ရေတောက်ပြီး နှပ်ထားရလို့ ကျိုးနေတယ်။ မလှဘူးနော်။ ခွင့်လွှတ်။
အလင်းရောင်ရတဲ့ ပြူတင်းပေါက်နားမှာ လာရိုက်တော့ လေတိုက်လို့ ဟင်းတွေကပိုအေးပြီး ရိုက်နေရင်းနဲ့ ကို အပေါ်ယံတွေတင်းပြီး မလှတော့ဘူး။
မော်ဒီဖိုင်းလုပ်ထားတဲ့ ကျန်ဖြတ်ကြက်သားမဆလာချက်
ဒါလည်းအိုးလိုက်
နောက်နေ့ ကျတော့ မုန်ညင်းစိမ်းကြော်နဲ့ တွဲစားပါတယ်။ (ဓါတ်ပုံရိုက်ချင်ရင် ပေါက်ကရတင်ထားတဲ့စားပွဲကို ရှင်းရတာတလုပ်။ တခါတခါကျတော့ ဘေးကိုတွန်းပြီးဘဲ ရိုက်လိုက်တော့တယ် စိတ်မရှည်လို့ ။ ဘုရားစာအုပ်၊ မျက်မှန်၊ လက်သဲညှပ်၊ လက်သဲဆိုးဆေး၊ သွားကြားထိုးတံ၊ဖုန်း၊ အားသွင်းတဲ့ဖုန်းကြိုး၊ ကွန်ပြူတာနဲ့ ဆက်တဲ့ကင်မရာကြိုး၊ဘာကြိုးညာကြိုး၊ လက်တော့၊ချာဂျာ၊ ဓါတ်ခဲ၊ သော့တွဲ၊ ဘောပင်၊ ပြေစာ၊ဟိုအထုတ်ဒီအထုတ်၊ အထင်ကြီးစရာတော့တခုမှမပါဘူးရယ်)
မပျင်းမရိ လာရောက်အားပေးသွားလို့ ကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ
26 comments:
  1. Love it, love it, love it!!! Just discussing with my other half what we need to buy to cook those dishes, hehe.
    Mon Petit Avatar
    ReplyDelete
  2. မွန်..
    တင်လာမဲ့ ပို့ စ်ကိုမျှော်နေမယ်နော်။
    ပွက်နေတဲ့ အချိန်မှာ ထမင်းအိုးကို တချက်လောက်သာသာမွှေလိုက်ရင် ပိုကောင်းမယ်သိလား။ သူတို့ တွေ ရှိတော့ ကိုယ်တို့ လည်း စမ်းသပ်လိုစိတ်တွေ တိုးတာပေါ့ကွယ်။း)))
    ReplyDelete
  3. Hehe... Sis, your Gulab Jamun (ma lai lone) look like brownies. Don't be disappointed naw. I'll buy ingredients for malai lone and post it step by step with photo.
    ReplyDelete
  4. စိတ်ဓါတ်မကျနဲ့ ဂူလာပ့်ဂျာမွန်းလုပ်တဲ့
    ရယ်ဒီမိတ်ထုပ်တွေ ကုလားဆိုင်တွေမှာ
    သွားဝယ်ပါ။ ပြီးရင် အချိုးစားတိုင်းလုပ်ကြည့်ပါ
    ကိုယ်တို့ စားနေပကျမြနမာဟင်းတွေတောင်
    တနေ့နဲ့တနေ့ ချက်တဲ့ အရသာချင်းမတူကြဘူးလေ
    ဒါက ကိုယ်တခါမှ လုပ်စားဖူးတာ မဟုတ်ဖူး
    ကိုယ်ဆို လက်တည့်စမ်းပြီး ပြစ်လိုက်ရတဲ့
    မုန့်တွေ တပုံကြီးရယ်း( ရာစ့်မလိုင်က သူ့ထက်ပိုကောင်းတယ်
    ဆီမှာ ကြောာ်စရာမလိုတော့ ကယ်လိုရီနဲနဲလျော့တာပေါ့
    http://www.diwalicelebrations.net/diwali-recipe/rasmalai-recipe.html
    http://www.ivcooking.com/p269_18.php
    http://showmethecurry.com/desserts/gulab-jamun.html
    http://showmethecurry.com/desserts/ras-malai-indian-dessert-recipe.html
    အဆင်ပြေပါစေ ကိုယ့်အိမ်က အချိုတွေ သိပ်မစားလို့ မလုပ်ဖြစ်တား)
    ကုလားဆိုင်တွေမှာ Gulab Jamun ဘယ်ဟယလည်း မေးပြီးဝယ်လို့ရပါတယ်
    ReplyDelete
  5. အမြန်ချက်နဲ့ ကျန်ဖြတ်ဟင်းလေးတွေကလည်း ရှယ်ပဲ။ ၀က်သားကြော်ကတော့ ညီမလည်း သိပ်ကြိုက်။ သီးစုံဟင်းလေးလည်း စားချင်စရာ။ ဗိုက်ဆာလာပြီ။ :)
    ReplyDelete
  6. အစားအစာတွေကို လာငေးသွားတယ်၊
    ကြက်သားကို အဲဒီလိုလေး ခြောက်ခြောက် ချက်တာ ကြိုက်တယ်။
    ReplyDelete
  7. တို့လည်းဒီနေ့ အုန်းထမင်းချက်တယ်ကွယ်..
    သို့သော် သူများထမင်းလာကြည့်ပြီး အားငယ်လိုက်တာ
    ကိုယ့်ထမင်းကိုယ် မလှဘူးထင်နေမိတာ
    ဟင်းလည်း ကောင်းဘူး...
    အိုင်အိုရာဟင်းတွေက စုံမှစုံ
    ဝက်သားကြော်လည်း မြင်တာနဲ့ စားချင်စရာမို့ ဗိုက်တောင် ဆာလာရတယ်..
    မလိုင်လုံး မဟုတ်တဲ့ မလိုင်ပြားကိုလည်း မြည်းသွားတယ်.. ပြားနေပေမဲ့ အရသာ ကောင်းပါတယ်..
    ReplyDelete
  8. ၀က်သားကြော်လေးကောင်းတယ်နော်။
    အမဲကြော်လည်းကြိုက်တာပဲ။
    အဲလိုဟင်းသီးဟင်းရွက်စုံကို သတ်သတ်လွတ်ကုလားဆိုင်တွေမှာစားဘူးတယ်။ နံမည်မေ့သွားပြီ။ ဘာဂျီးကြော်ဆိုလား။
    ကျမ္မာရေးအတွက်ကောင်းမယ်လို့ထင်တယ်လေ။
    ကျန်ဖြတ်ကို ကျန်ဖြတ်မှန်းမသိအောင် ချက်တာတာလည်း ပညာပဲနော်။
    အိုင်အိုရာရေ....
    ပို့စ်ကမရေးဖြစ်ဘူးဖြစ်နေတယ်။
    သွားနေကျနေရာတွေကိုတော့သွားတယ်သိလား။
    သတိလည်း အမြဲရနေပါတယ်။
    ReplyDelete
  9. ဝက်သားကြော် ကြိုက်သူချင်းတော့ တွေ့နေပြီဗျို့..၊ ကျန်ဖြတ်ဟင်းဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ကတည်းက ကြိုက်သွားတာ..၊ ကြိုက်တာ ကျန်ပစေ၊ ဖြတ်မယ်ဆိုတဲ့ သဘောပေါ့၊း) သွားရည်ကျစရာ ပုံတွေငေးရင်း ထမင်းပန်းကန်ထဲက ငရုတ်သီးတောင့်ကို တွေ့ဖြစ်အောင် တွေ့သွားသေးတယ်..။း)
    ReplyDelete
  10. ရိုးရိုးလေးနဲ့ဟင်းပွဲတွေအများကြီးထွက်လာတယ်နော်... အချက်အပြုတ်ကျွမ်းကျင်သူမှန်းသိသာလိုက်တာ...
    ReplyDelete
  11. ရှလွတ် .. ကျန်ဖြတ်ပေမို့ ပဲ စုံနေတာပဲ မလိုင်ပျက်လေးကလည်းစားကောင်းမယ့်ပုံ
    ReplyDelete
  12. မလိုင်တုံးလေး ပေးမြည်း ပါ။
    ReplyDelete
  13. ရို့ စ်..
    ကျေးဇူးပါ။ ဒါပေမဲ့တမင်သက်သက်ကြီးတော့မ၀ယ်ပါနဲ့ နော်။ နောက်တကြိမ်စားဘို့ လုပ်တော့မှ တင်ပေးပေါ့နော်။ အရသာကတော့ကောင်းပါတယ် ဘာမှန်းသာမသိတာ။ ကြက်ဥပါသွားတာနဲ့ ဘိတ်က်လိုက်တာ ကွာသွားတာပေါ့..ဟီးဟီး
    ဘေဘီ..
    လင့်လေးတွေအတွက်ကျေးဇူးတင်ပါတယ်။
    စိတ်ဓါတ်ကတော့မကျသေးဘူး။း)သိပ်မပစ်ရသေးလို့ ။ နောက်ထပ်ရယ်ဒီမိတ်ကိတ်လုပ်တဲ့အထုပ်ဝယ်လာပြီးလုပ်တာ ကွက်တိဘဲ။ အချိန်လည်းမကုန်တော့သဘောတွေကျနေတာ။ ကုလားဆိုင်သွားတိုင်း လျှောက်ဝယ်တာဘဲ။ သူကအချိုကြိုက်လို့ လေ။
    ဟုတ်ပါ့ဘေဘီရေ..ချက်နေကျမြန်မာဟင်းတောင်တခါတလေ စိတ်ကတခြားရောက်သွားရင် ပေါက်ကရကဖြစ်သွားတာ။ ရာ့စ်မလိုင်ကိုမှတ်ထားလိုက်ပြီ။း))
    ပါရမီဖြည့်ဖက်လေး..
    ဟုတ်တယ် သီးစုံဟင်းလေးပါတော့ ပိုစားလို့ ကောင်းသွားတယ်။ နို့ မို့ ရင်အီနေမှာ။
    အပြုံးပန်း..
    ဟုတ်တယ်။ တခါတခါ အဲလို ခြောက်ခြောက်လေးသိပ်စားချင်တယ်။ ခြောက်အောင်တမင်လုပ်ပြီးစားရင်တော့ကြိုက်ပြီး သူ့ ဟာသူခြောက်သွားရင်တော့ ကြိုက်ပြန်ဘူး။း)
    ချော..
    အုန်းထမင်းက အုန်းသီးနဲ့ လုပ်ထားတော့ပိုကောင်းမှာသေချာပါတယ်။
    တချို့ ဆို ဟင်းအများကြီးနဲ့ မစားဘူး။ အမဲကြော်တို့ ဘာတို့ နဲ့ လည်းစားတာပါဘဲ။
    မလိုင်ပြားက မကြော်လိုက်ဘဲ စပျစ်သီးခြောက်ထဲ့ဖုတ်လိုက်ပြီး လှီးလိုက်တော့မလိုင်လုံးမဖြစ်ဘဲ မလိုင်လုံးပျက် သို့ မဟုတ် မလိုင်တုံး သို့ မဟုတ် မလိုင်ပြားဖြစ်သွားတာပေါ့ကွယ်။ မြီးသွားလို့ ကျေးဇူး။ ဝေးနေတာကံကောင်းတယ်မှတ်။ ဟင်းဟင်း
    ကောင်း..
    ကိုယ်လည်းသတိရနေတယ်။
    ကိုယ်တို့ အိမ်မှာတော့ အသီးအရွက်တွေကို မဆလာတို့ ငရုတ်သီးတို့ နဲ့ ကြော်တာကို ဘာဂျီကြော်လို့ ခေါ်တယ်။ ဘကြီးကြော်တာတော့မှုတ်ဖူးနော်..း) ရေးတာနဲ့ လာဖတ်ဖြစ်မှာပါ။ မဖတ်ရသေးတာဆိုမှတ်ထားပြီး အချိန်ရတာနဲ့ သွားဖတ်တာဘဲ။
    ကိုညီလင်းသစ်..
    ကျမတို့ တော်တော်အကြိုက်တူကြတယ်။ ၀က်သားကြော်တို့ ၊ ငရုတ်သီးတို့ လေ။ အဲလိုပုံစံမပြောင်းရင် ကျမကိုယ်တိုင်က ထပ်မစားချင်ဘူး။ ပုံစံမပြောင်းရင်ကျန်တာကို မဖြတ်နိုင်ဘူးကိုညီလင်းသစ်ရေ။း))
    ရို့ စ် အော့ဖ် ရှယ်ရွန်း..
    ကျွမ်းတယ်တော့မဟုတ်ပါဘူး တမျိုးတည်း အကြာကြီးမစားချင်လို့ လျှောက်လုပ်ဖြစ်တာပါ။ ဒါပေမဲ့ အသွင်ပြောင်းလိုက်တော့ မပစ်ရဘဲ ဟင်းဖြစ်သွားတာပေါ့လေ။ နော်။
    ဗစ်..
    ကျန်ဖြတ်ဆိုမှတော့ စုံပြီပေါ့ ဗစ်ရယ်။ မလိုင်ပျက်လေးလည်း ချော့ကြွေးနေရတယ်သူ့ ကို။
    မြတ်ကြည်..
    အိုး..မမြည်းနဲ့ အကုန်ယူသွားရင်..အိမ်ထိလိုက်ပို့ ပေးမယ်နော်။...း))
    ReplyDelete
  14. စားချင်စရာတွေချည်းပဲ
    သီးစုံဟင်းနဲ့ကြက်သားဟင်းနဲ့ထောပတ်ထမင်းအရမ်းလိုက်မှာပဲ
    ပြီးတော့မလိုင်လုံးပျက် မလိုင်ပြားလေးက ပိုတောင်ချစ်ဖို့ကောင်းသွားသလိုပဲ
    ReplyDelete
  15. ကျော်နှင်းဆီလွင်..
    လာလည်လို့ ကျေးဇူးပါ။ အားတဲ့အခါထပ်လာလည်ပါအုန်းလို့ ။
    စားလို့ တော့ကောင်းပါရဲ့  rich ဖြစ်တာတွေစားတာများနေလို့ ပြန်သတိထားနေရတယ်လေ။
    မလိုင်လုံးပျက်လေးကို ချီးကျူးသွားလို့ ပျော်သွားပြီ။း)
    ReplyDelete
  16. တ၀ကြီးစားသွာတယ် မမ ရေ ထောပတ်ထမင်းချက်နည်းလေးလည်းယူသွားတယ်
    ReplyDelete
  17. လက်ကျန်ဖြတ်တဲ့ ဟင်းတွေကလည်း စုံလှချည်လား...ဓာတ်ပုံတွေက ရေလည် မိုက်တယ်..ကင်မရာ ဘာအမျိုးအစားလဲဗျ...
    ReplyDelete
  18. မော်ဒီဖိုင်းလုပ်ထားတဲ့ ကျန်ဖြတ်ကြက်သားမဆလာချက် အကြိုက်ဆုံးး)
    အားပေးသွားတယ် Iora ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  19. barbielay..
    လာလည်လို့ ကျေးဇူးပါ။ ထောပတ်ထမင်းက ဒီု့ က သိပ်အနံ့ ပြင်းတာမကြိုက်လို့ ဒါတွေဘဲထဲ့ပေမဲ့ တချို့ က ဇီယာတို့ ဖာလာတို့ လေးညှင်းတို့ ပါထဲ့တတ်ကြပါတယ်။ ကိုယ်ကတော့ ဒီလိုအနံ့ ခပ်ပျော့ပျော့ဘဲ သဘောကျလို့ ပါ။ ဒါတောင်မှ တအားမွှေးနေတယ်။
    စန်းထွန်း..
    ရော်..လက်ကျန်ဆိုမှတော့ စုံပြီပေါ့။ ဟိုဟာနည်းနည်း ဒီဟာနည်းနည်းလေ။ ဒို့ ကဓါတ်ပုံတွေရိုက်ရတာခုနောက်ပိုင်း မကြိုက်လို့ ကင်မရာအသစ်ဝယ်မလို့ စဉ်းစားနေတာကြာပြီ။ လျှော့ဈေးစောင့်နေတာ။ ခုရိုက်နေတာက လွန်ခဲ့တဲ့ ရနှစ်လောက်က ဒစ်ဂျစ်တယ်တွေ စသုံးခါစလောက်က၀ယ်ထားတာ။ Minolta digital camera ပါ။
    တီတင့်..
    အကြိုက်ဆုံးဆိုရင်တော့ သုံးဆောင်သွားပါအုန်းရှင်။ အားပေးသွားတော့ ပျော်တာပေါ့။ ပေးတဲ့ဆုနဲ့ အမြဲပြည့်ပါရစေ။ တီတင့်လည်း စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေ လို့ ပြန်လည်ဆုတောင်းပေးပါတယ်ရှင်။
    ReplyDelete
  20. ချက်နည်းလေး ကိုသေချာလေ့လာခဲ့ပါတယ်
    အားတဲ့ရက်လေးချက်စားဖို့ပါရှင်
    ချစ်ချစ်ခင်ခင် jasmine
    ReplyDelete
  21. အိမ်မှာ အုန်းထမင်းပြီးတော့ ထောပတ်ထမင်း လာဦးမယ်နဲ့တူတယ်နော်။ မော်ဒီဖိုင်းတာတွေတောင် ဒီလောက်ကောင်းနေပြီ ...
    ReplyDelete
  22. ဂျက်စ်..
    ကိုယ်လည်း သိပ်တော့မချက်စားဖြစ်ပါဘူး။ ပြောမယ်ဆိုရင်ဒန်ပေါက်ကိုဘဲပိုချက်စားဖြစ်ပါ
    တယ်။ မနေ့ ကစာတွေလာဖတ်ခဲ့သေးတယ် ဂျက်စ်စီမှာ။ နက်ဖန်လည်းလာကြည့်လိုက်ပါအုန်းမယ်။
    ချစ်ချစ်ခင်ခင် ဂျက်စမင်ဆိုတာနဲ့ လိုက်အောင်..
    ကြင်ကြင်နာနာအိုင်အိုရာ လို့ ပြောရကောင်းမလား။
    ဒါမှမဟုတ် အရည်မရအဖတ်မရတွေရေးတဲ့ ချာတိချာတာ အိုင်အိုရာ ....လို့ ပြောရကောင်းမလား။း))))))
    ReplyDelete
  23. တီဆွိ..
    အဆီအအိမ့်တွေများနေလို့ သတိထားနေရတယ်။း)
    ကိုယ့်ပြဿနာက ဟင်းကျန်မော်ဒီမဖိုင်းရင်အီစကိုကမစားတော့ဘူး။ သူကအသားဆိုပြီးရောစားသေးတယ်။ ရန်ကုန်မှာဆိုကျန်ဖြတ်ရှင်းမဲ့သူကပေါတယ်။ ရုံးသွားလည်း ဟင်းတွေအများကြီးယူသွားတော့ ကျန်မှာသိပ်မပူရဘူး။ ပြီးတော့ ကိုယ့်ရဲ့ အိမ်အကူက ပျော်ပျော်ကြီးရှင်းတော့ ပြဿနာမရှိဘူး။ ဒီမှာအသွင်မပြောင်းရင် ကိုယ်ဘဲသိမ်းရ၊ ပြန်နွှေးရ နဲ့ ဆေးစရာတွေပို၊ ရေခဲသေတ္တာကြပ်နဲ့ ရှုပ်ရှက်ကိုခပ်နေတော့တာ။
    ReplyDelete
  24. ဟင်းပုံတွေကြည့်ပြီး၊
    တံတွေးတောင်သီးတယ်။
    အရမ်းစားကောင်းမဲ့ပုံတွေဘဲ။
    တော်သေးတယ်။
    ဘဲဘဲကြီးဘလော့မဖတ်တတ်တာ။
    သူများပုံတွေကြည့်ပြီးသူ့ မိန်းမညံတာပိုသိသွားလိမ့်မယ်။
    အိမ်ချင်းနီးရင်တော့ပျော်ပျော်ကြီးလာရှင်းပေးတာပေါ့နော်။
    ReplyDelete
  25. မီးမီး..
    ကနစ်..ကနစ်..(သီးသွားတယ်ဆိုလို့ )း)
    ပျော်ပျော်ကြီးရှင်းမဲ့သူတွေမျှော်နေတာ။
    ReplyDelete
  26. Hi there, I enjoy reading all of your article. I wanted to write a
    little comment to support you.
    Feel free to visit my homepage Friday Canon Rebel T3i
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။