Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Friday, November 4, 2011

အမြန်ချက်အုန်းထမင်း နဲ့ လိုက်ဖက်ဟင်းများ

ကြက်သားဟင်း၊ သခွားသီးသုပ်၊ ချဉ်ပေါင်ဟင်းချို၊ အုန်းထမင်း
အိုးလိုက်နော်။ မလောက်မှာမပူနဲ့ 
 ဒီမှာက ရယ်ဒီမိတ်တွေပေါတော့ နဲနဲအချိန်ရပြီး စိတ်ပါရင် ချက်ရတာလွယ်ပါတယ်။ အုန်းနို့ ကို ဆီပြန်အောင်ချက်ပြီးမှ ရိုက်စ်ကွတ်ကာ ထဲ ထဲ့ပြီးချက်လိုက်တာပါ။ အုန်းနို့ က ဘူးဆိုတော့ အဲလို ချက်လိုက်မှ မွှေးပါတယ်။ ဆန် ၅ဘူး၊ (ရိုက်စ်ကွတ်ကာဘူး) ကို အုန်းနို့ တဘူး၊ သကြား နှစ်သက်သလောက် (ကျမကသိပ်ချိုသွားမှာကြောက်လို့ ဆပြီး ထဲ့တာ နဲနဲပေါ့သွားတယ်။) ဆားနဲနဲ၊ ကြက်သွန်နီ စိပ်ထဲ့ ပြီး တည်နေကျအတိုင်းရေထဲ့ ပြီးတည်လိုက်တာပါဘဲ။ ဘာမှမပင်ပန်းဘဲ ကျက်သွားတာပါ။ ပွက်တဲ့အချိန်မှာ မွှေပေးရင် ပိုကောင်းပါတယ်။ မမွှေဖြစ်လဲ သိပ်တော့မထူးပါဘူး။

သခွားသီးသုပ်ချဉ်ငံစပ်
 အအီပြေအောင် သခွားသီးကို အရသာခပ်ပြင်းပြင်း ခြစ်ပြီးသုပ်ပါတယ်။ ငရုတ်သီးစိမ်း၊ နှမ်း၊ ပုဇွန်ခြောက်ထောင်းထဲ့၊ ကြက်သွန်စိမ်း၊ ငံပြာရည်၊ သံပုရာသီးများများညှစ်၊ ပင်စိမ်းရွက် ( ရေခဲရိုက်) လေးဖြတ်ထဲ့။ ကြက်သွန်ဖြူနီကြော်ဖတ်လေးထဲ့ ဆီမပါဘဲသုပ်ပါတယ်။ အုန်းထမင်းနဲ့ အရမ်းလိုက်ပါတယ်။



အုန်းထမင်း (တကယ်တော့ဒီလို ပြင်တာထက် ဖွဖွလေးခူးတာက ထမင်းပိုလှပါတယ်။)

ကြက်သားဟင်းဆီပြန်


ချဉ်ပေါင်းဟင်းချို

ငံပြာရည်ချက်နဲ့ ( ငါးခြောက်နဲ့ ဘာလချောင်ကြော်မကြော်ခင်)

ပြီးခဲ့တဲ့ တနင်္ဂနွေကသူငယ်ချင်း အမေနဲ့ သူငယ်ချင်းလာမလားဆိုပြီး အများကြီးချက်ထားတာ။ ပြီးတော့ အမေရိကန်သူငယ်ချင်း၂ယောက်ကိုလည်း ပေးမလားဆိုပြီး တော့ပေါ့။ သူတို့ ကလည်း ဒင်နာရှိလို့ ၊ သူငယ်ချင်းကလည်းမလာဖြစ်လို့ တပါတ်လုံးကြိတ်နေရတယ်။ အုန်းထမင်း၊ဟင်းချို နဲ့ အသုပ်ကလွဲရင် ဟင်း တွေကကျန်သေးတယ်။ ကုန်အောင်မဖြိုနိုင်ဘူးဖြစ်နေတယ်။


ဝက်သားကြော် နဲ့ တွဲစားလည်းကောင်းတယ်လေ။


ငါးသလဲထိုးခြောက်ကြော် (အအေးခံထားတုန်းက)


မုန့် ဖုတ်တဲ့ဘန်းထဲထဲ့အအေးခံ

ဒါကဘာလချောင်ကြော် (အစပ်ပေါ့ပေါ့)



အေးတော့လေလုံတဲ့ဘူးထဲထဲ့
 
အချိုပွဲ မက်စီကန် ဗားရှင်း ပူတင်း သို့ မဟုတ် ဖလန်း
ဒါကမနေ့ ကမှ အချိုကြိုက်တဲ့သူ့ အတွက်လုပ်ပေးထားတာပါ။ ကျမလည်း ကြိုက်ပါတယ်။ မြန်မာပူတင်းသဘောမျိုးပေမဲ့ မက်စီကန် Dessert ပါ။ ခဏခဏလုပ်ဘို့ စိတ်ကူးပေမဲ့ မနေ့ ကမှလုပ်ဖြစ်ပြီး အောင်မြင်သွားလို့ သိပ်သဘောကျနေပါတယ်။ လုပ်နည်းတွေ ကတော့ အွန်လိုင်းမှာ အများကြီးပါ။ စိတ်ဝင်စားရင်တော့ တင်ပေးပါမယ်။




လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။ အရည်မရအဖတ်မရလေးတွေ နဲ့ ဘဲ ကျေနပ်ပါစေလို့ ..
ခင်မင်လေးစားသော..
အိုင်အိုရာ

25 comments:

  1. kom: စားချင်တယ်ဝေး.
    4 Nov 11, 04:45 AM
    kom: ချဉ်ပေါင်ဟင်းထဲခရမ်းချဉ်သီးထဘ့်ထညူတာလညး နိနီလေးက ဘာလဲ။
    4 Nov 11, 04:44 AM
    kom: ဝက်သားကြော်ဘေးမှ အသီးတလုံးပါသေးတယ်လေ. ဘာလဲ။
    4 Nov 11, 04:44 AM
    makyarnyo: ချစ်ကြည်လေးစားရပါသောချစ်ညီမလေးးးရေ..အရည်လဲရ..အဖတ်လဲရ..အချိုလဲရာာအချဉ်လဲရ..အစပ်လဲရ..အငံလဲရ..မျက်စေ့အဟာရလဲရ..စိတ်အဟာရလဲရ...ပြိးပြည့်စုံပြည့်ဝစေတဲ့...Taste လေးပါ...မှန်တာပြောသစ္စာပါချစ်ညီမIORA:):);)
    4 Nov 11, 04:44 AM
    kom: မစားရလို့ပိုစိတ်ဆိုးတယ် ဝါး.
    4 Nov 11, 04:42 AM
    kom: ပင်စိမ်းရွက် ( ရေခဲရိုက်) ဆိုတာဘာရဲ
    4 Nov 11, 04:41 AM
    kom: ချက်ဦးမှ
    4 Nov 11, 04:40 AM
    kom: အုန်းနို့တစ်ဘူးကဘယ်လောကစီစီလဲ ဟင်း .
    4 Nov 11, 04:40 AM
    kom: ဆန် ၅ဘူး၊ (ရိုက်စ်ကွတ်ကာဘူး) .သိတ်တိကျတာဘဲနော် တို့လာဖတ်မယ်ဆိုတာသိလို့လား မဟုတ်ရင်တနို့ဆီဘူးနဲ့ချိန်ပလိုက်မှာ.
    4 Nov 11, 04:39 AM
    kom: :cool:

    ချက်ဦးမယ်ဟင်း
    ဒီက စိတ်ကြီးတယ်။

    ReplyDelete
  2. မြန်မာပူတင်းလုပ်နည်းလဲတင်ပါ။

    ReplyDelete
  3. sis Iora, I'm very hungry now. Want to eat coconut rice, chicken curry. Please share the pudding recipe if you have time :)))

    ReplyDelete
  4. မမ ပူတင်းလုပ်နည်းတင်ပေးပါဦး။ ညီမလုပ်ရင် အဲလို ဘယ်အခါမှ မထွက်ဘူး။

    ReplyDelete
  5. အယ်...မကွန်က ဟင်းချက်မယ်ဆိုပဲ.....။ အုန်းထမင်းတောင်မချက်စားဖြစ်တာကြာပြီ...။ သခွားသီးလေးသုပ်ထားတာ သိပ်လှတာပဲ စားချင်စရာလေး...။ အကုန်လုံးကောင်းတယ်...။

    ReplyDelete
  6. စားချင်တယ် လာပို့ပေးး)
    ဒါနဲ့ ကိုယ်လည်း တနင်္လာနေ့က ပဲထမင်းချက်ပြီး
    အဲ့လိုလေး ဟင်းတွေပုံထည့်ပြီး ဓါတ်ပုံရိုက်ထားတယ်
    အကြံတူပါ့နော်း)

    ReplyDelete
  7. ကွန်..
    ပထမဆုံးဆိုတော့ ဆုချချင်နေပြီ။း)
    ၁. စားချင်ရင် စားပါဝေး..
    ၂. ချဉ်ပေါင်ဟင်းထဲက နီနီလေးက ခရမ်းချဉ်သီးဖတ်ပါ။
    ၃. ၀က်သားကြော်ဘေးက ဆားတို့ ငရုတ်ကောင်းတို့ ထဲ့တဲ့ ကြွေဖရုံသီးပုံ လေးပါ။
    ၄. မစားရလို့ တော့စိတ်မဆိုးပါနဲ့ ။ တနေရာထဲမှာ ဆို ခေါ်ခေါ်ကြွေးနေမှာ။ တော်ကြာမှ ခေါ်မှာကြောက်ပြီး ဖုန်းတောင်ထူးတော့မှာ မဟုတ်ဘူး။း)
    ၅. ပင်စိမ်းက မြန်မာပင်စိမ်းက အမြဲမရဘူးလေ။ တခါတလေ farmers' market သွားမှရတတ်တော့ တွေ့ တဲ့အချိန်ဝယ်ထားတာလေးကို ကြာကြာခံအောင် တခါတည်း သန့် စင်ပြီး ziploc အိတ်ထဲထဲ့ထားပြီး ဖရီဇာထဲမှာသိမ်းထားတာကိုပြောတာပါ။ ဖရက်ရှ် မဟုတ်ဘူးလို့ ။ ချဉ်ပေါင်လည်း ရေခဲရိုက်ဘဲ။ လုံးပြီး ဖရီဇာထဲထဲ့ထားရတာ။(အရသာကတော့ ဖရက်ရှ်နဲ့ တူတူဘဲ။)
    ၆. ချက်ပါ။ ချက်ပါ။ အိုအို အုန်းထမင်းပါ။
    ရ.ကိုယ်ချက်တဲ့ အုန်းနို့ ဘူးက တော့ 400ml ဆိုတော့ ၄၀၀ စီစီ လို့ ယူရမှာပေါ့။ (အွန်လိုင်းကပြန်ကြည့်ထားတာ)
    ၈. သိနေတယ်လေ။ ဘူးဆိုရင် နို့ ဆီဘူးဘဲမြင်မယ်ဆိုတာ( မြန်မာပြည်ကလာကြသည်လေ။)
    ၉. u are also cool..kom.
    ၁၀. ဒါကျကိုယ်နဲ့ တူတယ်။ မဟုတ်တဲ့နေရာဆို စိတ်ကြီးတယ်။ အဟဲ
    ၁၁. ပူတင်းလုပ်တော့ တင်ပေးမယ်နော်။ (သိတဲ့အတိုင်းလာမည်ကြာမည်)

    မကြာညို..
    ချစ်ဖွယ်သောစကားတွေအမြဲပြောလို့ ကျေးဇူးတင်ပါတယ်ရှင်။

    ရို့ စ်..
    ဗိုက်ဆာသွားပြီလား။း)ပုံနဲ့ ဗိုက်မပြည့်တော့ ခက်သားနော်။ flan လုပ်နည်းလေးတင်ပေးမယ်နော်။ ခဏစောင့်။

    မြတ်ကြည်လေး..
    တင်ပေးမယ်နော်။ ခဏစောင့်။ ဒို့ လည်း ဖြစ်သွားလို့ ဝမ်းသာနေတာ။ အဲဒါလုပ်တဲ့ တီဗီရှိုးတွေကြည့်ရင် ပန်းကန်ထဲထဲ့တိုင်း သူတို့ တွေက ပုံမပျက်ထွက်လာရင် ပျော်တဲ့ပုံတွေ ပြတော့လေ။

    ခင်ဦးခိုင်..
    အလည်လာလို့ ကျေးဇူးတင်ပါတယ်နော်။ ပျောက်နေလို့ နေမှကောင်းရဲ့ လားလို့ သတိရနေမိတာ။

    မိုးငွေ့ ..
    စားရတော့မယ် မိုးငွေ့ ရေ။ မစ်စ်ကွန် ကတော့ ကြိမ်းဝါးနေပြီ။း))
    တကယ်တော့ သရက်ချဉ်လေးနဲ့  ဆိုဘက်ပေါ့။ သရက်သီးစိမ်းတွေကလည်း မချဉ်ရတဲ့ကြားထဲ ပျော့နေတော့ သခွားသီးသုပ်လိုက်တာပါ။ချီးမွမ်းစကားအတွက်ကျေးဇူးပါ။

    ဘေဘီ..
    သူသိပ်စိမ်းကားနော်။ ဘယ်မှာမှ မမန့် ရလို့ မြတ်ကြည်လေးစီမှာ ရောရေးခဲ့တယ်။း) စိတ်လိုမှ ဆိုးတဲ့လက်သည်းတွေ မအားရတဲ့ကြားထဲ ခုဖျက်လိုက်ဆိုးလိုက်နဲ့ အိပ်ချိန်တွေ ပိုလျော့ကုန်ပြီရှင့်။ သိရဲ့ လား။
    လာပို့ ပေးမယ်။ ဟောရောက်ပြီ။ နွှေးပြီးစားလိုက်နော်။
    ဒီပုတ်ထဲကဒီပဲတွေဘဲ ဘေဘီရယ်။ တခါတခါများဆို ချက်ထားတဲ့ဟင်းအမယ်တွေတောင်တူနေလို့ ကိုယ်လည်း စိတ်ချင်းများဆက်နေသလားလို့ တွေးမိသေး။

    ReplyDelete
  8. အုန်းသီးတစ်လုံးရှိတယ်... အုန်းထမင်းချက်စားမယ် ဒန်တန့်တန့်
    သူများလို အုန်းနို့ဘူးနဲ့ ဟုတ်ဘူးဟေ့.. အုန်းသီးအစစ်နဲ့ချက်မှာ.. ဟားဟား မဆီမဆိုင် လာကြွားနေပါလို့..
    ပူတင်းလုပ်နည်း တင်ပေးပါ တင်ပေးပါ.. တို့များလည်း လုပ်ချင်ပါတယ်.. မုန့်တွေဘာတွေ မလုပ်တတ်တာမို့ နည်းလိုချင်ပါတယ်.. တင်ပေးနော်။
    သခွားသီးသုပ်ထားတာလည်း မိုက်တယ်.. ကြည့်တာနဲ့ စားချင်အောင် ဆွဲဆောင်နေတယ်.. ရှယ်ဘဲ..

    ReplyDelete
  9. ချော..
    အုန်းသီးနဲ့ ဆိုပိုကောင်းတာပေါ့။ ပြောမဲ့သာပြောတာ အုန်းသီးခြစ်ညှစ်ပြီး ချက်စားရမယ်ဆိုရင်ချက်ဖြစ်တော့မှာကိုမဟုတ်ဘူး။ (ပျင်းချက်)။
    တင်ပေးမယ် တင်ပေးမယ်။ (ဘယ်တော့လဲတော့မေးနဲ့ )
    သခွားသီးသုပ်ကမိုက်ဆို သုပ်တဲ့သူက လူမိုက်ကိုး ချောရဲ့။

    ReplyDelete
  10. ပူတင်းလုပ်နည်း တင်ပါဦးနော်..အုန်းထမင်းတွေ ပိုနေရင် အိုင်အိုဝါဖက်ကို ပါဆယ်ပို့ လိုက်ပါဗျို့ ... :P

    ReplyDelete
  11. စန်းထွန်း..
    တင်ပေးမယ်နော်။ (လာမည်ကြာမည်)
    Fedex နဲ့ ပို့ လိုက်ပြီ။း)

    ReplyDelete
  12. အုန်းထမင်းချက်စားဖို့ ချိန်နေတာ၊
    ကြာပြီ၊ဒီမှာဘဲလာစားလိုက်တော့မယ်။
    ပူတင်းလုပ်နည်းအမြန်ဗျို့ မျှော်နေမယ်။
    ကျမလည်းခဏခဏလုပ်စားတတ်တယ်။
    (အဲဒါဘဲလုပ်တတ်လို့ );P
    လုပ်တာချင်းတူလားသိချင်တယ်။

    ReplyDelete
  13. မီးမီး..
    ဟုတ်တယ်။ ကြုံနေမှ တော့ တခါတည်းသာသုံးဆောင်သွားပါတော့။း)
    ပူတင်းလုပ်ပုံကလွယ်တော့ တူမယ်နဲ့ တူတယ်။

    ReplyDelete
  14. စာမဖတ်ခင် သင်္ဘောသီးအခွံထင်နေတာ သခွားသီးအခွံလား အိုင်အိုရာရေ။ တစ်ခါမှမမြင်ဘူးသေးဘူး သူ့ခွက်လေးထဲသူပြန်ထည့်ထားတာ ကြည့်လို့ဆန်းတယ်း)။ အုန်းထမင်းနဲ့ သခွားချဉ်စပ်သုပ်ကလိုက်ဖက်တယ်။ ဟင်းတွေလည်းရှယ်ပါလား။ ဒီမနက် အစားအသောက်တွေနဲ့ချည်းတိုးနေတယ်း) ဗိုက်ဆာလာပြီ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. တီတင့်..
    ဟုတ်ကဲ့ပါ..သခွားသီးအခွံပါ။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါရစေရှင်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

    ReplyDelete
  16. ဟင် သူကလဲ အုန်းထမင်းတဲ့။
    ဟိုနေ့ကကျန်တဲ့ အုန်းထမင်း ရေခဲသေတ္တာထဲကထုတ်နွှေး၊ ချဉ်ပေါင်မျှစ်ကြော်နဲ့ ပြန်စားလိုက်ဦးမယ်ကွ ငှဲငှဲ။

    ပူတင်းလုပ်ကြည့်ဦးမယ်။ သမီးတော့ကြိုက်မယ်ထင်ရဲ့။

    ReplyDelete
  17. ကော်မန့်ရေးပြီး အုန်းထမင်းနဲ့ကြက်သားဟင်းပြေးချက်လိုက်တယ်။
    နောက်တစ်ခေါက်လာကြည့်တော့ ကော်မန့်မတက်ဘူးဖြစ်နေတာကိုး။
    အဖြစ်က အဲလို အိုင်အိုရာရေ..........

    ReplyDelete
  18. တီတီဆွိ..
    အုန်းထမင်းအစားကောင်းလို့ ဒီမှာ အပူတွေကန်နေပြီ။ သတိထားပြီးအုပ်ပေတော့နော်။ ငှဲ..ငှဲ
    ဂျူဂျူလေးကတော့ ပူတင်းကြိုက်မှာသေချာပါတယ်။

    ကောင်း..
    အဲဒီကော်မန့် တွေကဘာဖြစ်နေမှန်းလဲသိပါဘူ။ ကိုယ်လည်း သူများတွေကို ပေးလိုက်ရတာ ၂ခါပြန်၃ခါပြန်။
    ကောင်း..ပို့ အသစ်မတက်တာကြာပြီမို့ နေမှကောင်းရဲ့ လားလို့ သွားကြည့်သေးတယ်။ ခုလောက်ဆိုရင်တော့ အုန်းထမင်းနဲ့ လွှေးပြီးလောက်ရောပေါ့။

    ReplyDelete
  19. အကုန်စားသွားတယ် ပူတင်းလုပ်နည်း တင်ပါ အဲလို ပူတင်းတွေကြိုက်တယ် .သခွားသီးသုပ်လည်းကြိုက်....

    ReplyDelete
  20. ဗစ်..
    စားစား အားမနာနဲ့ စား။း)
    ပူတင်းပြန်လုပ်ပြီး တင်ပေးမယ်နော်။

    ReplyDelete
  21. ပူတင်း အရမ်းကြိုက်တယ်
    တကယ် တကယ်
    ကြည့်နေရင်း ဂလု ဂလု နဲ့ တံတွေးမြိုချနေရတယ် ဟီးဟီး

    ReplyDelete
  22. QeTe..
    ပူတင်းကိုအချိုသိပ်မကြိုက်တဲ့ဒို့ လည်းကြိုက်တယ်သိလား။ ငယ်ငယ်ကခဏခဏစားရလို့ လားတော့မသိဘူး။

    ReplyDelete
  23. Lady...
    Excellent Burmese Foods which I like the most of all of them.I forward this link and requested my grilfriend to make some for me.But she said to me that go to buy from Burma Super Star restaurent from San Francisco.I wish I have a lady like you guy.Thanks so lot......

    ReplyDelete
  24. Ko/U mgphyu..
    Thanks for visiting to my blog.
    Your girlfriend is so practical and you don't have to wait for somebody willing to cook for you. But you will have to wait out side.
    The best way is that just cook by yourself/ourselves otherwise we're gonna end up with "pizza" everyday. :)

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။