Burmese taste ဆိုတာကလည်း အဓိပ္ဗါယ်နဲ့ ပါ။ မြန်မာ့အစားအသောက်ရဲ့  အရသာတခုတည်းမဟုတ်ပဲ ကျမ မြန်မာတယောက်ရဲ့ တွေးမြင်ခံစားရတဲ့ အရသာ Burmese taste ကို ပါဆိုလိုချင်တာပါ။ ဥပမာ..ဘိုတယောက်ရဲ့ တောထဲသွားအပန်းဖြေတဲ့ အရသာနဲ့ ကျမမြန်မာတယောက်ရဲ့ တောထဲသွားအပန်းဖြေတဲ့ အရသာဟာမတူပါဘူး။ အဲဒါကိုကျမကွဲကွဲပြားပြားသိပါတယ်။ သူတို့ က အလွန်တိုးတက်နေတဲ့ နေရာတွေမှာမွေးဖွားရှင်သန်ရင်း မြို့ ပြနဲ့ ခြားနားတဲ့ သဘာဝအရသာကို ပိုက်ဆံအကုန်ခံပြီးသွားအရသာခံတာ။ ကျမက တောထဲရောက်သွားရင် သဘာဝရဲ့ အရသာကိုတော့နှစ်သက်စွာခံစားပါတယ်။ ဒါပေမဲ့ ငါတို့ နိုင်ငံမှာဆိုရင်..... ငါတို့ နိုင်ငံမှာဆိုရင်....ဆိုတဲ့အတွေးကအမြဲ ကပ်ပါနေပါတယ်။ ကောင်းတာတွေရောဆိုးတာတွေရောပေါ့။ အဲဒီတော့ ကျမခံစားတဲ့ tase က သူတို့ ခံစားတဲ့ taste နဲ့ ကွဲလွဲတာတွေရှိပါတယ်။ ကျမက အဲဒါလေးတွေကို လည်း တခါတရံမှာ မှတ်မှတ်ထင်ထင်ဖြစ်နေတတ်ပါတယ် ။
သူတို့ ကသူများကို ဖေးမကူညီဘို့ ကမ်းလှမ်းရမှာကို သူတပါးရဲ့ ကိုယ်တိုင်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အရည်အသွေးကို လျှော့တွက်တယ်လို့ ထင်သွားမှာစိုးလို့ တော်ရုံတန်ရုံ ကိစ္စတွေကို ကမ်းလှမ်းလေ့မရှိပါဘူး။ အကမ်းလှမ်းခံရတဲ့သူကလည်း သူဟာ ဒီကိစ္စကို (ဥပမာ..ဘတ်စ်ကားနေရာဖယ်ပေးတာ၊ မျက်မမြင်တယောက်ကို အကူအညီမတောင်းဘဲ လမ်းပြပေးတာ၊ အိုမင်းသူများကိုလက်ကမ်းပေးတာ ..အများကြီးပါဘဲ) လုပ်နိုင်စွမ်းမရှိဘူးလို့ အထင်ခံရတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်တာတွေရှိပါတယ်။ ကျမတို့ ကတော့ အကူအညီကမ်းလှမ်းရင် နွေးထွေးမှု ရှိတယ်လို့ ခံစားရပြီး ယူတာမယူတာအပထား ၀မ်းသာ အသိအမှတ်ပြု လို့ မဆုံးဘူး။ အဲဒီလို ခါးသီးတဲ့ taste တွေ၊ ချိုမြိန်တဲ့ taste တွေ ကွဲပြားတာတွေ နဲ့ တူတာတွေကိုလည်း ရေးချင်မိပါတယ်။
ဒါပေမဲ့တကယ်တမ်းကျတော့ သိပ်အားမထုတ်ရတဲ့ အစားအသောက်တွေဘဲ တင်ဖြစ်နေပါတယ်။
ဘာတွေဘဲရေးဖြစ်ရေးဖြစ် ထူးဆန်းတာတခုက တခါမှမမြင်ဘူးတဲ့ သူတွေ ကိုယ့်ဘလော့ကို လာဖတ်ရင် ပျော်သလို ခံစားနေရတယ်။ မှတ်ချက်လေးတွေ ရင်းရင်းနှီးနှီးပေးသွားပြန်ရင် လည်း တန်ဘိုးထားပြီး ဖတ်ချင်နေမိတယ်။ မမြင်ဘူးတဲ့သူတွေကို အိမ်မက်မက်တယ်။ တိုက်ဆိုင်တာလေးတွေရှိရင် သတိရနေတတ်တယ်။ အဲဒီလိုတွေ ခံစားရလိမ့်မယ်လို့ အရင်တုန်း က လုံးဝမတွေးထားခဲ့မိဘူး။ သိပ်ထူးဆန်းတဲ့ဘလော့ဂင်းပေါ့။ ကိုယ်မျှဝေမယ်လို့ စဉ်းစားထားတာတွေ မမျှဝေဖြစ်၊ မရေးဖြစ်လို့ လည်း ဘာရယ်မဟုတ် ကိုယ်ဟာနေရင်းထိုင်ရင်း တန်ဘိုးမဲ့သူလိုလို၊ အလကားလူလိုလို၊ မြန်မာတယောက်အနေနဲ့ တာဝန်မကျေသလိုလို၊ နေ့ ရက်များကို အချည်းနှီးကုန်ဆုံးစေသူလိုလို..လိုလိုတွေအများကြီးတွေးလာမိပါတယ်။ (အို ငါလည်း ဘာမှသိပ်သိတာမဟုတ်ပါဘူးလေ။ အို..ငါသိတာတွေ မသိသေးတဲ့သူတွေ ကိုမျှဝေနိုင်တော့မကောင်းလား။ တော်ကြာငါသေသွားရင် ငါသိထားတဲ့ နဲနဲလေးတောင် ငါ့ကိုယ်နဲ့ ပါသွားမှာ။) ဘလော့ဂင်းကပေးတဲ့ခံစားမှုတွေလေ မထူးဆန်းဘူးလား။ တခါတလေ ဘလော့ဂင်းလုပ်ခြင်းများကို လျှော့ချဘို့ စဉ်းစားလာရတယ်။ အဲဒီလို တွေးနေတဲ့ အချိန်မှာဘဲ အလုပ်မအားတဲ့ကြားက လှစ်ကယ် လှစ်ကယ် ဟိုဘလော့သွားလိုက်၊ ဒီဘလော့သွားလိုက် သုတ်သုတ် သုတ်သုတ် လုပ်နေသေးတယ်။
ဘေဘီ့ဟင်းလေးတွေက စားချင်စရာ ဘယ်တုန်းကများစချက်တတ်နေသလဲမသိဘူး။ ကိုညီလင်းသစ်က အနုပညာခံစားတတ်ပြီး စနစ်ရှိပုံပေါ်တယ် ။ စုဘူးအိမ် နဲ့ မိုးကောင်းသူဟင်းတွေက ထူးဆန်းတယ် ပြီးတော့လည်း သူတို့ ကသူငယ်ချင်းတွေထင်တယ်။ ကူးကူး ကတော့ မြန်မာပြည်အနှံ့ ကချက်ပုံတွေကို ရှားရှားပါးပါး ချက်တတ်တယ်။ ဒါပေမဲ့ တခါတခါ နေမကောင်းတတ်တဲ့အကြောင်းတွေဖတ်ဖူးတော့ သူလေးနေမှကောင်းရဲ့ လား။ နံမည်ကျော်ကြားလူကြိက်များတဲ့ကွန်ကတော့ တခါတခါမှာ ပေါ့ပေါ့လေးရေးနေပေမဲ့ လေးနက်တဲ့ ခံစားချက်များရှိသလိုလိုဘဲ။ သူရေးတာလေးတွေက ဟန်ဆောင်မှုမပါဘူး။ စူးနွယ်လေး ကတော့ လက်ဖက်မကြိုက်ဘူးတဲ့ အဲဒါတော့ အံ့သြစရာ။ ကိုယ့်ဘ၀မှာ လက်ဖက်မကြိုက်တဲ့သူ နှစ်ယောက် ဘဲတွေ့ ဘူးတာ စူးနွယ်လေးနဲ့ ဆိုရင် သုံးယောက်ဖြစ်သွားပါရော။ (ဟင် ဟုတ်ပါဘူး တွေ့ လည်းတွေ့ ဘူးဘဲနဲ့ ) စူးနွယ်လျှေက်တဲ့လမ်းလေးမှာ ငှက်လေးတွေလည်းရှိနေမှာ။ မှန်ဘီလူးနဲ့ သွားကြည့်ချင်လိုက်တာ။ ချော ကဖါးကန့် သူလေး စာတွေရေးရင် သေသေချာချာ အချိန်ပေးရေးတယ်။ အလုပ်လုပ်ရင် သပ်သပ်ယပ်ယပ်လုပ်လေ့ရှိပုံပေါ်တယ်။
မကောင်းမွန်ဝင်းက ဂျပန်ကလေ။ အဲဒါ ဆူနာမီပြီးတော့ ငလျှင်ကြောင့်ဟန်ချက်မမှန်သလို ခံစားနေရတယ်တဲ့။ တော်တော်နေရခက်မှာဘဲ။ ကျေးလက်သားလေး နဲ့ ရွှေညာသားလေးကိုလည်းရောတာဘဲ။ သူတို့ စာတွေက အညာအကြောင်းတွေပါတော့ အညာကို ခရီးသွားရသလိုဘဲ။ အက်ဗီ ရဲ့ မုန့် လေးတွေက စားချင်စရာ လှလှလေးတွေ။ မွန် ရဲ့ နံမည်က ရှည်ပြီး မှတ်ဘို့ ခက်တော့ မွန်လို့ ဘဲမှတ်ထားလိုက်မယ်။ မွန်ရဲ့ အမျိုးသားနံမည်ယူထားတာလားဘာလားမသိဘူး။ မမငွေစန္ဒာလည်း အုန်းထမင်းတင်ပြီးကတည်းက အလုပ်များနေပုံဘဲ။ ပါရမီဖြည့်ဘက်လေး ကတော့ လိမ္မာသိမ်မွေ့ တဲ့ဇနီးကောင်းလေးဖြစ်ပုံရတယ်။ ကိုမြစ်ကျိုးအင်း ဆိုရင် ရေငှက်တွေအကြောင်း ခေါင်းထဲရောက်ရောက်လာတယ်။ကို မြစ်ကျိုးအင်းကမြစ်ကျိုးအင်းလို့ ဘာလို့ နံမည်ယူထားတာလဲမသိဘူး။ သူရောမြစ်ကျိုးအင်းတွေမှာကျတတ်တဲ့ ရေငှက်တွေကို စိတ်ဝင်စားလားမသိဘူး။ ကိုကြီးကျောက်ဆိုတာ တပင်ရွှေထီးပင်နဲ့ ကင်ဆာသက်သာနေပြီးမှ ဆုံးသွားရှာတာ။ သူလည်း ငါတို့ သွားတဲ့ နေရာတွေ လပ်စ်ဗေးဂက်စ်သွားတုန်း ကသွားတယ်။ မမြင်ဘူးဘဲတော်တော်စိတ်မကောင်းဖြစ်နေပါလား။ စူစန်တို့ မကြာညို တို့ က ဘယ်မှာနေတာလည်းမသိဘူး။ဗစ်စတာ လည်း ငယ်ပုံဘဲ။ ခင်ဦးခိုင် ဆိုတော့ ခိုင်ခင်ဦး နံမည်နဲ့ ခပ်ဆင်ဆင် ဒါပေမဲ့ ပိုခန့် ပြီးကဗျာဆန်တယ်။ ဂျီးဒေါ်က ကွန့် သူငယ်ချင်းလားမသိဘူး။
jj ဆိုတာ ထူးထူးဆန်းဆန်း သဘာဝထိန်းသိမ်းရေးအကြောင်းတွေနဲ့ ငှက်လေးတွေစိတ်ဝင်စားတယ်တဲ့။ မြန်မာထဲမှာ ဒါမျိုးစိတ်ဝင်စားတာ တော်တော်ရှားတယ်။ သိရတာဝမ်းသာစရာဘဲ။ ကေနှစ်လုံးနဲ့ ကေသုံးလုံးကို ခဏခဏရောတယ်။ သွားပြန်ကြည့်ဦးမယ်သူတို့ ကို။ ပေါက်ဆိုတာ ကေသုံးလုံးလားကေနှစ်လုံးလား။ တခါတခါမှရောက်လာတတ်တယ်။ သုနှင်းဆီကလည်းယူအက်စ်ကဘဲ။ ဖတ်လို့ ကောင်းတယ်။တီတီစွိ တော့ နေရာသစ်မှာ ပျော်နေပြီလားမသိ။ အော်..ဂျူးဂျူးလေးတောင်မွေးကတည်း ကဖတ်ရင်းကြည့်လာတာ တော်တော်ကြီးလာပါရော။ အင်း သူကြီးလာသလို ငါလည်းပိုအိုလာပါလား။ နုပျိုခြင်းနဲ့ အိုမင်းခြင်း ကိုသတိပေးတဲ့ဘလော့ပါလား။ အပြုံးပန်း ကတော့နံမည်နဲ့ လိုက်အောင် ပန်းလေးတွေကို စိတ်ဝင်စားတယ်။ ငါလည်း မြက်ပန်းလေးကအစစိတ်ဝင်စားတယ်သူ့ လိုဘဲ။ ပန်းလေးတွေကလည်းလှတာကိုးလေ။ ရှင်လေးကတော်လည်းတော်၊ ရိုးရိုးရှင်းရှင်းခေတ်မှီပြီး စည်ကမ်းရှိပုံဘဲ။ ကိုကိုရေ..ရှင်လေးရဲ့ အမျိုးသားကလေ တက်စီစီးပြီးပိုက်ဆံအမ်းတာ လှမ်းယူတော့ ကျနော်သူ့ ရဲ့ အိမ်ဦးနတ်ပါတဲ့။ ဟင်း ဟင်း။ လပြည့်ရိပ်က ရှင်လေးနေတဲ့ ဂျာမဏီကဘဲ။ သူ့ ရဲ့ ခရီးသွားဆောင်းပါးတွေသွားပြန်ဖတ်ဦးမယ်။ သူကလူတင်တော်ရုံမက စာရေးကလည်းကောင်းသေးတယ်။ တယ်တော်ကြပါလား။ ငါနဲ့ များတခြားစီ။
ကြည့်စမ်း။ နေ့ တိုင်းလိုလို အဲဒါမျိုးတခုမဟုတ်တခုခေါင်းထဲရောက်ရောက်လာပြီးလုပ်ရင်းကိုင်ရင်း ထင်ရာမြင်ရာတွေတွေးနေတတ်ပြီး မမြင်ဘူးတဲ့လူတွေ ကိုသတိရနေတတ်တယ်။ သတိရတာတွေကို သူ့ ကို ထပ်ပြောပြသေးတယ် ။ သူကလည်း တချို့ မှတ်မိပြီး တချို့ မမှတ်မိလို့ ခဏခဏပြန်မိတ်ဆက်ပေးရတယ်။ သူ့ ကို ပြောပြဘူးတဲ့ အကြောင်းတွေပြန်ဖေါ်ပြီး ပြန်မိတ်ဆက်ပေးရတယ်။ ဘလော့ဂင်းက မဆန်းပေဘူးလား။ ကမ္ဘာ့ နေရာအနှံ့ ကသူတွေအကြောင်းကို မမြင်ဘူး ဘဲတွေးမိ သတိရနေမိပါရောလား။ မမအကြောင်းတွေးတာတောင်နဲနဲလျော့သွားပါလား။ကိုယ့်သူငယ်ချင်းတွေရောဖတ်ဖြစ်ကြသလား။ ဖတ်ရင်းနဲ့ အိုင်အိုရာတယောက် တော်တော်အားနေပုံရတယ်လို့ တွေးနေကြသလား။ ကိုယ်မှန်းမသိတဲ့ကိုယ့်သူငယ်ချင်းတွေကရော လေယူလေသိမ်းက ............. နဲ့ တူလိုက်တာလို့ တွေးနေကြမလား။
တကယ်ထူးဆန်းတဲ့ ...ဘလော့ဂင်းမှဘလော့ဂင်း။
ခင်မင်လေးစားသော
အိုင်အိုရာ
မှတ်ချက်။ ။ဒီတခါတော့ ဟင်းတွေနဲ့ မနှိပ်စက်ပဲ ညီးငွေ့ စရာစကားလုံးတွေနဲ့ နှိပ်စက်နေပါလားလို့ တွေးနေရင်တော့ကိုယ်ကလည်း ပြန်မေးရလိမ့်မယ်။ အစားစားမလား နားညီးခံမလားလို့ လေ။း)
နောက်ဆက်တွဲတွေဖြည့်သွားမယ်နော်။ ဒုက္ခပေးလက်စနဲ့ ။ သီးခံပေဦးတော့ဆက်တိုက်။
နောက်ဆက်တွဲတွေဖြည့်သွားမယ်နော်။ ဒုက္ခပေးလက်စနဲ့ ။ သီးခံပေဦးတော့ဆက်တိုက်။
အစားစားရင် နားငြီးခံမယ်ကွာ
ReplyDeleteဟုတ်ပနော် မမြင်ဘူးမတွေ့ဘူးပဲ
သံယောဇဉ်တွေ တွယ်နေတတ်တယ်
ရောက်တဲ့နေရာမှ အင်တာနက်ဖွင့်ပြီး
ဘလောဂ့်ကို အရင်ဝင်ဖြစ်တယ်.
ဒါနဲ့ မြစ်ကျိုးအင်း နာမည်ဖြစ်ပေါ်လာပုံ
သူ့ဘလောဂ်မှာ ရှိတယ် တခါကဖတ်ဖူးတယ်
ရှာပြီးဖတ်ကြည့်။
ရှေ့ ဆက်ပြီ အိုင်အိုရာတယောက် စားကောင်း
သောက်ကောင်းတွေနဲ့ နှိပ်စက်ရင်း ဘလောဂ့်ဂင်းနိုင်ပါစေ
ဒီပို့စ်ကလေးကိုဖတ်ရတော့ နွေးနွေးထွေးထွေးလေးခံစားလိုက်ရသလိုဘဲ
ReplyDeleteI feel the same, it is just amazing to know each other on the net and care to think of them as one of my dear friends!!!!
ReplyDeleteစိတ်ထဲမှာ မိသားစုဝင်တစ်ယောက်လို နွေးထွေးမိပါတယ် :)
ReplyDeleteခံစားချက်တွေကတော့ ဆင်နေတယ် အိုင်အိုရာ ရယ်...
ReplyDeleteဒီကလည်း ရင်းနှီးနေတဲ့နာမည်တွေနဲ့ မမြင်ဖူးတဲ့လူတွေကို မှန်းပြီးအလိုလို ပုံဖော်ပြီးသားဖြစ်နေတယ်။ အပြင်မှာသာတကယ်တွေ့ရလို့ ကိုယ်မှန်းထားတာနဲ့ကွဲရင်တောင် တမျိုးကြီးဖြစ်နေမှာ...။ ဒါလည်းတကယ်တော့ သီးသန့်ကမ္ဘာတခုပဲနော်။
တို့လည်းလေ ခရီးသွားပို့စ်တွေက သွားဖူးထားတာနည်းနည်းကြာရင် ရေးတဲ့အခါစဉ်းစားရတာကြာလို့ ဟင်းတွေပဲ တင်ဖြစ်နေတယ်။ အားမှခရီးသွားပို့စ်အတွက် အားထုတ်လိုက်ဦးမယ်။
တို့တွေတမိသားစုလုံးလက်ဖက်မစားဖြစ်ကြဘူး...အိမ်မှာမ၀ယ်ဖြစ်သ လောက်ပဲ။ သူများဆီမှာကြုံမှသာ လူများနဲ့ရောပြီး နည်းနည်းစားဖြစ်တာ။ မစားသူစာရင်းထဲ လူဦးရေ ထပ်တိုးသွားပြီနော်...:)
စူးနွယ်လေး
အမရေ့ နိုင်ငံကသဘာဝအရင်းအမြစ်တွေ အကြောင်းနဲ့ ခရီးသွားအတွေ့ အကြုံတွေအကြောင်းလည်းရေးပါအုန်းနော်။ အဲဒါတွေဖတ်ချင်လို့စောင့်နေတာ။ ကျမလည်း ငှက်ကလေးတွေမြင်တိုင်း အမကို အမှတ်ရတယ်။
ReplyDeleteJJ
ပထမဆုံးပြောချင်တာက ပို့ စ် ကိုလက်တန်းရေးသွားတော့ ခေါင်းထဲပေါ်သလိုချရေးသွားတာ ကိုယ့်အတွေးတွေလိုဘဲပေါ့။ ဟိုတစဒီတစ။ ကိုယ် တွေးမိတဲ့သူတွေကျန် တာသတိရသွားတိုင်း ပို့ စ် မှာ လာပြင် ရေးနေတယ်။ နံမည် မရေးမိရင် တောင် ကိုယ့်အတွေးထဲမှာ တခါမှ မပါဘူးဘူးလို့ မထင်သွားနဲ့ ဦးနော်။ (firefox 4 တင်ပြီးကတည်းကမြန်မာတိုက်ပင်း ဒုက္ခပေးနေတယ်။ ဒါလည်းသီးခံပေးကြပါဦး။) ကိုယ်ကထပ်ထပ်ထဲ့နေမှာ သတိရလာတိုင်း။
ReplyDeleteဘေဘီ..
ယူကကိုယ်ဘယ်တော့မှ မမေ့ နိုင်တဲ့သူ။ ကိုယ့်အကြောင်းစာနဲ့ စမှတ်တမ်းလေးတင်ခဲ့သူ။ ကိုယ့်ဘလော့ကို ပထမဆုံးလာလည်ပြီး အားပေးသွားသူ။ ဒီတိုင်းဆို ဘလော့ဂင်းကို လျှော့နိုင်ပါ့မလားဘေဘီရယ်။ နှိပ်စက်ခံမယ်ဆိုတော့။း)
အက်ဗီ..
မုန့် လေးတွေလှသလို စကားလေးကလည်းလှတယ်အက်ဗီရယ်။
မွန်ရေ..
ဒါကြောင့်ထူးဆန်းတယ်ပြောတာပေါ့။ စကားမစပ် မွန့် လိုဘဲ ခေါက်ဆွဲမပါဘဲ ပဲပင်ပေါက်နဲ့ ကိုက်လံကို ဖတ်ထိုင်းပေ့စ်နဲ့ ကြော်စားတာကောင်းတယ်သိလား။
စုဘူးအိမ်..
ကိုယ်လည်း အဲဒီလိုဘဲ။ ပြောမယ်ဆိုရင် ကိုယ်ဘလော့တွေ စမဖတ်ခင်ကရော စဖတ်တော့ရော ဦးဆုံးစဖတ်တာ စုဘူးအိမ် နဲ့ မိုးကောင်းသူပါ။
စူးနွယ်လေး..
ဟယ်..လက်ဖက်မကြိုက်တဲ့သူတွေတိုးလာပါရောလား။ အိမ်နဲ့ ဆန့် ကျင်ဖက်ပါလား။ ကိုယ်တို့ အိမ် ကလက်ဖက် အပြတ်မခံဘူး။ ပြတ်တဲ့ အချိန်ပိုင်းလေးဆိုရင်တောင် အနီးပါးနားက အိမ်ဆိုင်လေးက သွားဝယ်ပြီးစားကြတာမျိုးရှိတယ်။ ရှမ်းပြည်တို့ အညာတို့ ရောက်လို့ ကတော့ လက်ဖက်ကို စပါယ်ရှယ်ဝယ်တော့တာ။ ခရီးသွားဆောင်းပါးတွေသိပ်ကြိုက်တာ။ ပြောရင်းလပြည့်ရိပ်ကိုသတိရလာပြီး ပို့ စ်သွား ဖြည့်ဦးမှ။ ဖတ်တဲ့သူတွေတော့ ကျိန်ဆဲနေတော့မှာဘဲ။ ဟီးဟီး
ဂျေဂျေလေးရေ..
ကြည့်စမ်း။ မှတ်မှတ်ရရ ငှက်လေးတွေစိတ်ဝင်စားသူမို့ ခဏခဏတွေးမိတာတောင် ရေးတော့ကျန်သွားတယ်။ အတွေးနောက်လိုက်ရေးနေတော့ ဟိုရောက်ဒီရောက်။ ဒါကြောင့် ပြောတာပေါ့ ဂျေဂျေရယ်။ နေရင်းထိုင်ရင်းတာဝန်မကျေသလိုခံစားနေရပါတယ်လို့ ။ အချက်အလက်တွေမမှားစေချင်လို့ ကြန့် ကြာနေတာပါ။ အချိန်လည်း ပိုလိုလို့ ပါ။ ကိုယ့်ကို အမှတ်ရတယ်ဆို လို့ လည်းဝမ်းသာကျေးဇူးတင်ပါတယ်နော်။
အစ်မအိုင်အိုရာ လက်တန်းလေး ချရေးသွားပေမယ့် ဖတ်လို့ အရမ်း ကောင်းပါတယ်။ အစ်မ စဉ်းစားတာတွေ ရို့စ်လည်း တွေးဖြစ်တယ်။ ကိုယ်ရေးတဲ့ စာတွေက စာဖတ်သူတွေ အတွက် အကျိုးမှ ရှိပါ့မလားလို့။
ReplyDeleteနောက်လည်း အဲ့လိုလေးတွေ အဆင်ပြေရင် ရေးပါနော်။ အစားအစာလေးတွေရော၊ ဒီလို ပို့စ်လေးတွေရောပေါ့။ ရို့စ်က အနီရောင်နှင်းဆီလေးပါ (redroseofburma) အစ်မရေ။ အစ်မရှာရွန်က (rose-sharon)ပါ။ မမှားနဲ့တော့နော်း))
ရို့ စ်ရေ..
ReplyDeleteမှတ်ထားလိုက်ပြီနော်။ နှင်းဆီနီလေး။
လျှော့ပါမယ်ဆိုမှ ရေးချင်တာတွေကပိုများလာတယ်။ အားပေးတဲ့သူတွေတော့နောင်မှနောင်တရကြမယ်။း)
မမြင်ဖူးကြပေမယ့် တကမ္ဘာလုံးကို လှည့်ပတ်ပြီး သတိရနေတာမို့ ထူးဆန်းသော ဘလော့ဂင်းဆိုတာ အမှန်ပါပဲဗျာ..၊ ကျနော်ရေးဖူးတဲ့ ပြဒါးလင်းဂူ ခရီးစဉ်မှာ ရောက်ဖူးတဲ့အကြောင်း မှတ်ချက်ရေးသွားလို့ မှတ်မှတ်ရရနဲ့ ရှိနေခဲ့တယ်၊ အဲဒီလို ခရီးသွားအကြောင်းတွေ၊ ငှက်ကြည့်တဲ့ အကြောင်းတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းတွေ ရေးဖို့စိတ်ကူး တယ်လို့ သိရတော့ ကိုယ်ကလည်း စိတ်ဝင်တစားမို့ အဲဒီလို ပို့စ်တွေကို စောင့်နေခဲ့ဖူးတယ်၊ ဒါပေမယ့် ဒါတွေရေးဖို့က တခါတခါ Ref. လိုသလို၊ စိတ်မပါရင်လည်း ဘာမှမထွက်တတ်လို့ အတင်းအကျပ်ကြီး ကျနော် မတောင်းဆိုခဲ့ပါဘူး၊ အခုကလည်း ဒီပို့စ်လေးမှာ ဖတ်ရရင်း ကြုံကြိုက်လို့ ပြောဖြစ်သွားတာပါ၊ အဆင်ပြေမှ ရေးပါ၊ ငါတော့ အချည်းနှီး၊ အကျိုးမဲ့ ဖြစ်နေပြီလို့ မထင်လိုက်နဲ့ ဦးနော်..၊း) ဟင်းတွေကို ပုံထဲမှာ မြင်ရတာနဲ့တင် သွားရည်ကျလာအောင် ချက်တတ်၊ တင်ပြတတ်တာဟာလည်း အနုပညာ တရပ်ပါပဲ၊ ဒါတွေပဲ ဆက်ရေးဖြစ်လည်း ဆက်ငမ်း..အဲ.. ဆက်ပြီး အားပေးနေမှာပါပဲ..။းD
ReplyDeleteကိုညီလင်းသစ်..
ReplyDeleteရွှေသမင်အကောင်မှန်းမသိ ယမကာမှန်းမသိရေးခဲ့လို့ ဒီကလည်းမှတ်မှတ်ထင်ထင်ဖြစ်သွားတာ။
သိပ်အားပေးတတ်တယ်နော်။ လျှော့မယ်လို့ တွေးနေရင်းက တိုးရမလိုဖြစ်နေပြီ။ အိမ်ပြန်ပြီး ကိုယ့်ဒိုင်ယာရီတွေနဲ့ ခရီးသွားတိုင်းရေးတဲ့ မှတ်စုတွေဓါတ်ပုံတွေယူချင်လိုက်တာ။ ငှက်ပုံကတော့ကိုယ်ပိုင်မရှိသလောက်ပါဘဲ။ ရိုက်နိုင်လောက်တဲ့ ကင်မရာမရှိလို့ ။ တက်သစ်စကလောင်တွေပြောသလို ဆက်ကြိုးစားပါဦးမယ်ပြောရအောင်ကလည်း ဘာမှကောင်းတာမရှိ။ ကလောင်မကျ ခဲတံမကျနဲ့။ တော်တော်ထူးတဲ့ဘလော့ဂင်း........ဟင်း (သက်ပြင်းချသည်)
လာဖတ်သွားပါတယ်ကော..
ReplyDeleteဂငယ်လေးက အသက်၂၀ပြည့်သွားတာ ၁လတောင်မရှိသေးဘူး..
စာလုပ်နေရတာနဲ့ ဘယ်သူ့မှ အသိမပေးလိုက်ရဘူး...
အခုလို သတိတရနဲ့ ထည့်ရေးပေးလို့ကျေးဇူးပါနော်.. :)
ဂငယ်လေးရေ..
ReplyDeleteထဲ့ရေးတာကအတွေးထဲရောက်ရောက်လာတဲ့ သူဗတွလေ။ ကိုယ်ချင်းစာတယ်။ ဒီမှာနေ့ တို်င်းစာလုပ်တာတောင်အလျင်သိပ်မှီချင်တာမဟုတ်ဘူး။ ကြိုးစားခလေးရေ။ ကိုယ်စိုက်တဲ့အသီးကိုယ်စားရမှာပါ။
သတိယလို့ ကျေးဇူးတင်ပါတယ် အိုင်အိုရာ၊
ReplyDeleteဒီလိုပိုစ့်လေးတွေ ဖတ်ရတာ အရသာရှိလိုက်တာ၊
မမြင်ဖူးပေမယ့် စာတွေဖတ်တာနဲ့တင် ရင်းနှီးနေသလိုပဲ၊
စကားလုံးတွေထဲမှာ စိတ်သရုပ်ဖော်၊ လူသရုပ်ဖော်တွေ ပါနေတယ် ထင်ပါတယ်။
ပန်းတွေကို စိတ်ဝင်စားသလို ဟင်းချက်တာလဲ စိတ်ဝင်စားပါတယ်၊
ချက်ပြီး မတင်ဖြစ်ပေမယ့် ထူးထူးဆန်းဆန်းလေး တွေ ချက်စားဖြစ်တယ်။
ဟုတ်တယ်နော်။ တကယ်ထူးဆန်းတယ်။ မမြင်ဖူးတဲ့ သူတွေကို စိတ်မှန်းနဲ့ ပုံဖော်ကြည့်ရင်း စိတ်ထဲမှာ ရင်းနှီးခင်မင်မိနေတယ်။ အကြောင်းတိုက်ဆိုင်တိုင်းလည်း သတိရမိတယ်။
ReplyDeleteဟုတ်တယ် အမှန်တော့လေးနက်တဲ့ခံစားချက်တွေ ရျိတယ။် ဒါပေမဲ့သူများတွေ ကို စိတ်မညစ်စေချင်လွန်လို့ ကိုယ်ကိုယ်တိုင်လည်းစိတ်မညစ်ချင်လို့။
ReplyDeleteဆွေမျိုးတွေအကြောင်းအစုံအလင်ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။
ReplyDeleteဟုတ်တယ် အိုင်အိုရာ... ကိုယ်လည်း အဲဒီအကြောင်းကို မကြာခဏ တွေးမိတယ်... သိပ်ထူးဆန်းပြီး နီးကပ်တဲ့ ရင်းနှီးဆက်သွယ်မှုတွေပဲ... သတိရသူတွေရဲ့ စာရင်းထဲ ကိုယ့်ကို မှတ်မှတ်ထင်ထင်ရှိနေတာ ကျေးဇူးတင်ရင်း ဝမ်းသာနေပါတယ်...
ReplyDeleteအဲဒါ အမှန်ပဲ အစ်မရေ.. မမြင်ဖူး၊ မတွေ့ဖူးကြပေမယ့် ဘလော့ဂ်ဂါတွေ
ReplyDeleteအချင်းချင်း သံယောဇဉ်တွေ ဖြစ်နေကြတယ်နော်...။ တစ်ယောက်ကိုတ
စ်ယောက်က အားပေးလို့.. ၀ါသနာတူသူတွေ စုမိနေတော့ ပိုပြီး သံယော
ဇဉ်ဖြစ်မိတာ ထင်ပါရဲ့.. မမြင်ဘူး၊ မတွေ့ဖူးပေမယ့်လည်း ပေးထားတဲ့ နာ
မည်လေးတွေ အတိုင်း ပုံဖော်ဖော် ကြည့်မိတယ်..။ ကျေးလက်သားလေး
ကတော့ အညာ အကြောင်းလေးတွေကို ရေးလို့ ရတဲ့အ ချိန်ထိ ဆက်ရေး
သွားအုံးမှာပါ..။ အစ်မ အိုင်အိုရာ.. ဆက်ပြီး ဘလော့ဂ်ဂင်းနိုင်ပါစေလို့... ကျေးလက်သားလေး က ဆုတောင်းပေးပါတယ်ဗျ...
အပြုံးပန်း..
ReplyDeleteစကားလုံးတွေကနေဘဲ ပုံဖေါ်ကြည့်နေမိကြတဲ့ကိုယ်တို့ ရဲ့ ထူးဆန်းတဲ့ဘ၀လေ။ နော်။
ကိုယ်ဆိုကွင်းဆင်းတိုင်း အနီးကြည့် မှန်ဘီလူးအသေးလေး ယူယူသွားပြီ တောပန်းသေးသေးလေးတွေ ကိုကြည့်တယ်။ (အလုပ်နဲ့ တိုက်ရိုက်မဆိုင်ဘဲ။) တချို့ ကမျက်လုံးနဲ့ သိသိသာသာမမြင်ရပေမဲ့ မှန်ဘီလူးထဲမှာ သူ့ ရဲ့ အစင်းအကြောင်းတွေ၊ အစက်တွေ၊ မြင်ရတာသိပ်သဘောကျဘို့ ကောင်းတာဘဲ။ သိလား။ ထပ်လာလည်ပြီး မွှေနှောက်ဖတ်ဦးမယ်နော်။
ပါရမီဖြည့်ဖက်လေး..
ဒါကြောင့်ထူးဆန်းတယ်ပြောတာပေါ့။ နဲနဲမဟုတ်ဘူး တော်တော်ကို ထူးဆန်းတာနော်။ အပြင်မှာသိနေတဲ့သူတွေကိုတောင် တော်ရုံနဲ့ သတိရနေဖြစ်တာမဟုတ်ဘူးလေနော်။
ကွန်ရေ..
စိတ်ညစ်စရာဆိုတာ လူတိုင်းနီးနီး တမျိုးမဟုတ်တမျိုးရှိကြတာပါဘဲ။ ဖွင့်ပြောတာနဲ့ မပြောတာဘဲကွာမှာပါ။ ဒါပေမဲ့ ကမ္ဘာကြီးကမဆုံးသေးပါဘူး။ ၀မ်းသာစရာတွေအမြဲမရှိသလို ၀မ်းနည်းစရာတွေလည်းအမြဲရှိမနေပါဘူး။
ရှင်လေး..
ဟုတ်တယ် ဟုတ်တယ် ကိုယ်တို့ ဆွေမျိုးတွေ။း)
အိမ်ဦးနတ် ပို့ စ်လေးနဲ့ ဦးထုတ် ပို့ စ်လေးကိုတော့ကိုယ်ကသိပ်သဘောကျတာရှင်လေးရေ။
မသက်ဝေ..
ဟုတ်တယ် သိပ်ထူးဆန်းတယ်နော်။ ပြင်ပလောကကဆက်ဆံနေရတဲ့သူတွေထက် ပိုသတိရမိနေတတ်တယ်။နော်။ ကိုယ်ရှပ်အင်္ကျီဝတ်ရင်တောင်သတိရနေမိတာ။ တကယ်။
ကိုရာဇာ..
ကျေးလက်သားလေးကိုမှတ်မိသွားပါပြီ။ အညာကို အလုပ်ကိစ္စတွေနဲ့ ဝင်ခလုတ်ထွက်ခလုတ် ခဏခဏရောက်ဘူးတော့ ကိုရာဇာလေးစာတွေဖတ်တော့မျက်လုံးထဲကို ပီပီပြင်ပြင်မြင်ယောင်မိတယ်။ ကိုယ်ကလည်းဖတ်လို့ ရတဲ့အချိန်ထိဆက်ဖတ်နေဦးမှာပါ။ ရေးသာရေး အားပေးလျှက်ပါ။
အင်တာနက်မရလို့ ခုမှ ရောက်လာနိုင်တယ်
ReplyDeleteနောက်ကျတဲ့အတွက် စိတ်မဆိုးပါနဲ့လို့..
သတိရတဲ့အတွက် ကျေနပ်ပျော်ရွှင်ရပါတယ်။ အင်တာနက်မရနိုင်တဲ့ ရက်တွေမှာလည်း ချစ်ခင်ရတဲ့ ဘလော့ရေးဖော်တွေကို သတိရနေခဲ့မိတာပါ။
ခုလို ကိုယ့်ကို သတိတရရှိတာကိုလည်း ကျေးဇူးတင်မိပါတယ်။ ထင်မြင်ချက်လေးအတွက်လည်း ကျေးဇူးအထူးပါ။
ထပ်တူညီစွာဘဲ ဘလော့ရေးခြင်းအပေါ် သံယောဇဉ်ကြီးရသလို ဘလော့ရေးသူချင်းချင်းအပေါ်မှာလည်း သံယောဇဉ်ကြိုးတွေနဲ့ မမြင်နိုင်တဲ့ သံယောဇဉ်တွေနဲ့ပါလို့...
ချောရေ..
ReplyDeleteဟူး..ခုမှဘဲနားရတော့တယ်။ နားတာနဲ့ ကွန်ပြူတာဖွင့်တာဘဲ။
ကိုယ်လည်းမရလို့ နောက်ဆုံးပို့ စ်တောင် ပျောက်သွားပြီးပြန်ရတော့ ကွန်မန့် တွေမရှိတော့ဘူး။ တကယ်သတိရတာပါ။ ချောက ကချင်ပြည်ကဆိုတော့ပိုသတိရစရာပေါ့။ ကိုယ်ကကချင်ပြည်ကိုသိပ်စိတ်ဝင်စားတယ်လေ။
သံယောဇဉ်ဆိုတာတော်တော်ဆန်းကြယ်တယ်နော်။
သိပ်ထူးဆန်းတဲ့ ဘလော့ဂင်းဆိုတာ မှန်တယ်နော်.. တခါတလေများ မမြင်ဘူးတဲ့ ဘလောဂါတွေကို စိတ်ထဲကမှန်းပြီး ပုံစံဖမ်းကြည့်မိတာ ခဏ၊ခဏပဲ။
ReplyDeleteပို့ စ်အသစ်တွေများ တင်ပြီဆို ရှိတဲ့ အလုပ်တွေ အကုန်ပစ်ထားပြီး ဖတ်ချင်မိတယ်။
အိုင်အိုရာ ရေးထားတာလည်း ဖတ်လို့ အရမ်းကောင်းတယ် နောက်ဆက်တွဲလေးတွေလည်း အချိန်ရရင် ထပ်ဖြည့်ပါအုန်းနော်..
ဟုတ်တယ်နော်။ တကယ်ထူးဆန်းတာ။ ပို့ စ်အသစ်တင်ရင်ချက်ချင်းဖတ်ပြီးချက်ချင်းကွန်မန့် ကပေးချင်သေးတယ်။ ဒါပေမဲ့ကွန်နက်ရှင်ပေါ်မူတည်ပြီး မြန်တာနောက်ကျတာဖြစ်ဖြစ်သွားတယ်။
ReplyDeleteမိုက်တီးရောကျန်းခန့် သာလို့ မာပါစ။ အချိန်မလောက်လို့ အိပ်ရေးပျက်တာတွေလည်းများနေပြီညယံရေ။း)ထပ်ဖြည့်စရာလေးတွေတော့ရှိပါတယ်။ သတိရလာတိုင်းလေ။
အမရေ...ကျမကို သတိတရနဲ့ ထည့်ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်ဆိုတာမျိုးက လူချင်းမမြင်ဘူးတောင် ဆက်နေတတ်လားမသိပါဘူးနော်။ ကျမလေ ကျမတို့နိုင်ငံက တိမ်မြုပ်နေတဲ့ အလှတွေ၊ ရှေးဟောင်းအမွေတွေ၊ သဘာဝရင်းမြစ်တွေ၊ ကျေးငှက် ပန်းမန် တိရိစ္ဆာန်တွေကို တန်ဖိုးနားလည်ပြီး ထိန်းသိမ်းတတ်တဲ့ သူအရမ်းဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် အဲဒါတွေရဲ့တန်ဖိုးနဲ့ အလှတွေကို မြင်တတ်လာတဲ့အချိန်မှာ ကျမက အိမ်အပြင်ရောက်နေခဲ့ပီ။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်ရာတွေကို မြန်မာလိုရေးထားတာကလည်း အရမ်းရှားတယ်လေ။ အဲဒါကြောင့် အမကို တောင်းဆိုတာပါ။ အမဖက်က အခက်အခဲကို လည်းနားလည်ပါတယ်။ အခွင့်သာရင်တော့ ရေးပေးပါနော်။
ReplyDeleteJJ
ဂျေဂျေရေ..
ReplyDeleteစိတ်ဆိုတာတခါတလေထူးထူးဆန်းဆန်းဆက်သွယ်မှုရှိတတ်တယ်လို့ ဒို့ လည်းထင်တယ်။
ဟုတ်တယ် အဲဒါကြောင့်ကိုယ်ကတာဝန်မကျေသလို ခံစားရတယ်လို့ ပြောတာ။ မြန်မာလိုရေးထားတဲ့စာအုပ်တွေအရမ်းရှားလို့ လေ။ ဘာအကြောင်းဖြစ်ဖြစ် များသောအားဖြင့် အင်္ဂလိပ်စာအုပ်ကိုဘဲရှာဖတ်ရတယ်။ အေးလေ..ခေတ်တွေသာပြောင်းလာတယ်။ ကိုယ်တို့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကမှ မပြောင်းလာဘဲ။
အခွင့်သာတာနဲ့ ရေးပါမယ်နော်။ လောလောဆယ် နှစ်လသုံးလလောက်မှာ အလုပ်ကိစ္စတွေသိပ်များနေလို့ ရေးနိုင်ပါ့မလားမသီ။ ဂျေဂျေတို့ လို လူမျိုးတွေ အများစုဆိုတိုင်းပြည်အတွက် သိပ်ကောင်းမှာ။
အားတော့မှသာရေးပါ။ ကျေးဇူးတင်ပါတယ် အမ။ စနစ်ကတော့အမရယ်...
ReplyDeleteJJ
မမြင်မတွေ့ဖူးကြပေမယ့် စာဖတ်ရုံ၊ အပြန်အလှန်သွားလာလည်ပတ်ရုံနဲ့ ရင်းရင်းနှီးနှီး ဖြစ်စေတာလည်း အွန်လိုင်းစာပေလောကနဲ့တူပါရဲ့။
ReplyDeleteမြစ်ကျိုးအင်း မှာ ရာဇဝင်ရှိတယ်။ ပြန်သိမ်းထားတဲ့ ပို့စ်လေး ကြုံမှ ဖွင့်ပြတာပေါ့။
ဘလောက်ဂါတွေထဲ မှာ ငှက် နဲ့ သဘာဝ ပတ်ဝန်းကျင် အကြောင်း စိတ်ဝင်စားတဲ့ သူတစ်ယောက် တိုးလာလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဟင်းလဲ ချက်ပါ။ ငှက်အကြောင်း၊ သဘာဝပတ်ဝန်းကျင် အကြောင်းလေးလဲ ဆက်ပါ။ :)
ReplyDeleteကိုမြစ်ကျိုးအင်း..
ReplyDeleteဟုတ်တယ်နော်။ တကယ်ရင်းနှီးနေသလိုဘဲ။ ရာဖ၀င်ကိုတင်မက တခြားစာတွေပါ လာမွှေဖတ်မလို့ မအားလို့ အကုန်လာမဖတ်ဖြစ်သေးတာ။
ကို အေအေတီအို..
ကျမလည်းကိုယ့်လိုစိတ်ဝင်စားတဲ့သူတွေရှိတယ်ဆိုလို့ ဝမ်းသာမိနေတာ။
မျှမျှတတလုပ်ရမယ်ဆိုပါတော့။း)
စိတ်ခံစားမှုမြင့်တက်စေတဲ့စာကြောင်းတွေပဲ။
ReplyDeleteဟုတ်ပါတယ်။ ထူးဆန်းတယ်။
မမြင်ဘူးမသိဘူးပဲ စိတ်ထဲမှာမှတ်မှတ်ထင်ထင်ဖြစ်ရတယ်။
ကျွန်မလည်း စူးနွယ်လေး လ္လက်မစားတာကို အံ့သြစွာမှတ်မိနေမိတယ်။ အဲဒါ ကျွန်မနဲ့ အိုင်အိုရာ ရဲ့ လ္ဘက်ကိုမိုးလင်းမိုးချုပ်စားလို့ရအောင် ကြိုက်တဲ့သူတွေဖြစ်တာကြောင့် ကိုယ့်ရဲ့ ဆန့်ကျင်ဘက် သဘာဝကို မှတ်မှတ်ထင်ထင်ဖြစ်သွားကြပုံပဲနော်။
အများကြီးပါ။ ဘလော့ဂ်ရေးသူတွေကော၊ မရေးပဲလာအားပေးနေသူတွေကော။
မမြင်ရတဲ့ စိတ်နဲ့လူတွေကို၊ မမြင်ရတဲ့ သံယောဇဉ်တွေနဲ့ ဆက်သွယ်မိနေကြတယ်။
အိုင်အိုရာရဲ့ အစားအစာတွေပဲဖြစ်ဖြစ်၊ ခံစားချက်တွေပဲဖြစ်ဖြစ် အားလုံးကို အားပေးနေချင်စိတ်အမြဲရှိပါတယ်။
ခင်မင်လေးစားလျှက်
မကောင်းမွန်ဝင်း..
ReplyDeleteမကောင်းမွန်ဝင်းတို့ လက်ဖက်ကြိုက်တယ်ဆိုတော့တောင် အိမ်ကိုသတိရမိတယ်တူလို့ လေ။
ကျမရဲ့ ခံစားချက်တွေနဲ့ အစားအစာတွေကို အားပေးမယ်ဆိုတော့ပိုအားရှိတာပေါ့။ ကျေးဖူးတင်ဝမ်းသာရပါတယ်။
This comment has been removed by the author.
ReplyDeleteအိုင်အိုရာ ဒီပို့စ်လေး တင်ပြီးစက လာဖတ်သေးတယ် အရေးတကြီးနဲ့မို့ မမန့်ဖြစ်ခဲ့တာ။ ဒါကတော့ နောက်တစ်ခေါက်ပေါ့ဗျာ။ ဖတ်ပြီးတော့ သဘောကျမိတယ်။ ကျွန်တော်လည် စိတ်ကူးထဲမှာ ရေးမိနေတာပဲ။ အိုင်အိုရာက ချရေးလိုက်တော့ ပိုကောင်းသွားတာပေါ့။ ဟုတ်လည်း ဟုတ်ပါ့နော် လူတွေကို မြင်ဖူးတာမဟုတ်ဘဲ ရေးထားတဲ့စာလေးတွေကို ဖတ်ပြီး စကားလုံးလေးတွေကနေ ပုံဖော်ပြီး ရင်းနှီးနေကြတာ ထူးဆန်းပါပေ့ဗျာ။ အပေါ်က မန့်တာက နာမည်မသိမှာစိုးလို့ ဖျက်ပြီး ပြန်မန့်လိုက်တာနော်။
ReplyDeleteပျော်ရွှင်ပါစေ အိုင်အိုရာ
ဟင်း ဟင်း .. ကျိန်းဝါးနေတာမဟုတ်ဘူး ဟင်းမကောင်းလို့ ဟင်းလာတောင်းတာ ဟိ
ReplyDeleteThanks for your part of mind to me.It's true..we all(both bloggers n readers)have mutual attachment.I still don't have my blog cos of my laziness to practise Burmese typing.I love nature and any kinds of art but no creativity:)
ReplyDeleteGyidaw
ရွှေညာသားလေး..
ReplyDeleteသဘောကျတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ မအားလို့ ခုမှပြန်ရေးဖြစ်တာခွင့်လွှတ်ပါ။ မအားတဲ့ကြားထဲက လာပြန်ရေးလိုက်တယ်နော်။
ဗစ်စတာ..
ကြိုက်တဲ့ဟင်းယူသွားပါ..လောလောဆယ်တော့ ချက်တဲ့ဟင်းတောင်ဓါတ်ပုံမရိုက်ဖြစ်ဘူး။ အားတော့မှ ဗစ်စတာကြိုက်တဲ့ဟင်းချက်ပေးမယ်နော်။ ဘာကြိုက်လည်းပြောထားအုန်း။ ဟုတ်လား။
ဂျီးဒေါ်..
ဟင်း..ဟင်း..မစလိုက်လေနဲ့ လို့ အားပေးရမလိုဖြစ်နေပြီ။ စလိုက်ရင်တော့ စားလည်းဒီစိတ်သွားလည်းဒီစိတ်နဲ့ အိပ်ရေးတွေပျက်ကုန်တော့မယ်။ ဂျီးဒေါ်ရဲ့ သူများတွေကိုမန့် တာလေးတွေဖတ်ရင်း ရင်းနှီးနေတာကြာပါပြီ။
ခင်လည်းခင်နေတာ။ စိတ်ထဲက။
I already have that problem(sar le de sait,twar le de sait)I bring my blogger friends around Switzerland in mind.I just remember like my closed friends wherever i go,whatever i cook and eat,anykind of ceremony i attend,whenever i see beautiful scene............:)
ReplyDeleteGyidaw
ဟုတ်ပါ့ရှင် တကယ်ကို ထူးဆန်းပါတယ်။ မအိမ်သူဆို အစက စာဖတ်သူ သက်သက်ပါ။ တိတ်တိတ်ကလေး စာတွေလိုက်လိုက်ဖတ်ပြီး ကွန်မန့်တွေဘာတွေလဲ ပေးလေ့သိပ်မရှိခဲ့ပါဘူး။ အဲဒါဟိုး လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ဘလော့ဂ်တကာ လည်ပြီးစာဖတ်လာခဲ့တာပေါ့။ ဘလော်ဂါတွေအားလုံးကို ကိုယ့်စိတ်ထဲမှာ တရင်းတနှီးသိလို့။ အခုမှ စိတ်ကူးလေးပေါ်ပြီး ဘလော့ဂ်လေးစရေးဖြစ်တဲ့အချိန်မှာ ကိုယ့်စိတ်ထဲရင်းနှီးနေတဲ့ ဘလော်ဂါ တစ်ယောက်ယောက်ကများ ကော်မန့်လာပေးသွားရင် စိတ်ထဲမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြန်ဆုံလိုက်ရသလိုမျိုးခံစားမိတယ်။ ငယ်ပေါင်း သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောသလိုမျိုး တရင်းတနှီးပြန်ပြောမိတယ်။
ReplyDeleteချစ်စရာကောင်းလိုက်တဲ့ပို့စ်လေးကို ဖတ်သွားပါတယ်ရှင်။
ReplyDeleteခင်မင်လေးစားလျက်
မအိမ်သူ..
ReplyDeleteဟုတ်တယ်။ ဟုတ်တယ် ကိုယ်လည်းကိုယ်ဖတ်ပြီးရင်းနှီးနေတဲ့ ဘလော့ဂါတွေကိုခုတော့ ပိုပြီးရင်းနှီးခင်မင်သွားတယ်။း)
လာလည်လို့ ကျေးဇူးတင်ဝမ်းသာရပါတယ်။ နောင်လည်းလာလည်ဘို့ ဖိတ်ခေါ်ပါရစေနော်။
မေသိမ့်သိမ့်ကျော်..
ချစ်စရာကောင်းတဲ့ မှတ်ချက်လေးအတွက် ကျေးဇူးတင်ဝမ်းသာရပါတယ်ရှင်။
လာလည်ပြီးမှတ်ချက်လေး ပေးသွားလို့ ကျေးဇူးတင်ဝမ်းသာရပါတယ်။ နောင်လည်း လာလည်ပါလို့ ဖိတ်ပါရစေ။
ခင်မင်လေးစားသော..
အိုင်အိုရာ
မကြာမကြာရောက်ပါတယ်။ ရောက်ဖြစ်တိုင်း လှပတဲ့ ဟင်းတွေနဲ့ကြိုဆိုနေလို့ သရေကျ ပြီး ပြန်သွားရတဲ့ အကြိမ်များပါတယ်။ ဒီတခါမှာတော့ ကျမကိုမှတ်မှတ်ရရ ထည့်ရေးထားလို့ ကျေးဇုးလည်းအများကြီးတင်မိပါတယ်။ ဒီလို ပိုစ့်မျိုးလေးတွေဖတ်ရတာ အားရှိတယ်။ မိသားစုဆန်တယ်လို့ ခံစားရတယ်လေ။ နောင်လည်း အမြဲလာအားပေးနေပါ့မယ်လို့ .. :)
ReplyDeleteလပြည့်ရိပ်..
ReplyDeleteလာလည်လို့ ကျေးဇူးတင်ပါတယ်။ နောင်လည်းလာမယ်ဆိုလို့ အမြဲကြိုဆိုနေပါတယ်။ လပြည့်စီကိုလည်း အမြဲလိုလိုရောက်ပါတယ် အားတာနဲ့ ။ သဘောလည်းကျပါတယ်။