ဒါကတော့တကယ်မြန်ကောင်းသက်သာပါဘဲ။ Super fast နော်။ ဂျင်း နဲ့ ကြက်သွန်ဖြူကိုငရုတ်သီးမှုန့်  ကုလားလေးမဆလာရယ် ဇီယာရယ်နဲ့ ဆီသတ်ပြီး မွှေးလာတော့ ၀က်ကြိတ်သား (ဘာသားမဆိုအဆင်ပြေပါတယ်။ ကြိုက်ရာအသား နဲ့ လုပ်နိုင်ပါတယ်။) ထဲ့မွှေပေး၊ ဆားပြားထဲ့၊ အဖုံးလေးခဏအုပ်ပေး၊ ခဏနေထပ်မွှေ၊ ကြိတ်သားဆိုတော့ ခဏလေးနဲ့ ကျက်သွားတယ်လေ။ သိပ်ခြောက်တာမကြိုက်ရင်ရေဆူလေးနဲနဲထဲ့ပေးပေါ့။ ကျမတော့ နဲနဲလေးထဲ့လိုက်တယ်။ ကြာရင်ခြောက်သွားမှာစိုးလို့ ပါ။
အကွင်းလိုက်လှီးထားတဲ့ ကြက်သွန်နီတွေ ကို နောက်ထပ်ဆီပါလေကာလေးထဲ့ ပြီးပူနေတဲ့ဒယ်တခုမှာ အသာလေးလှိမ့်လိုက်၊(ကျမရဲ့ ဒယ်အိုးကနဲနဲကျဉ်းသွားလို့ ) ဆားလေးနဲနဲထဲ့ ပြီးတော့ ၀က်သားအိုးထဲကိုထဲ့။ အဲဒီကြက်သွန်လှိမ့်တဲ့အိုးမှာဘဲ ခရမ်းချဉ်သီးအကွင်းလိုက်တွေ ဆက်ထဲ့။ ပြီးတော့ချက်ချင်းသိပ်မပျော့သွားခင် ၀က်သားအိုးထဲထဲ့။ အားလုံးသမအောင်မွှေပေးပြီး နောက်ဆုံးမှာ မဆလာနဲနဲ၊ ငရုတ်သီးစိမ်းနဲနဲ၊ ပူစီနာနဲနဲ ထဲ့အုပ်ပြီးချလိုက်ရုံပါဘဲ။ ခဏလေးကျက်ပြီးစားကောင်း တော့မြန်ကောင်းသက်သာပေါ့။
ပန်းမုန်လာနဲ့ ဘရိုကိုလီကိုလည်း ခါတိုင်းလိုဆီမသတ်ပဲ၊ ချက်မဲ့ အိုးထဲတခါတည်းထဲ့၊ ကြက်သွန်ဖြူ၊နီ နဲ့ ခရမ်းချဉ်သီးထဲ့ဆားလေးထဲ့ပြီးဆီနဲနဲနဲ့ အဖုံးအုပ်ပြီးလုံးလိုက်ပါတယ်။ နှံ့ သွားအောင် အဖုံးအုပ်ရက်နဲ့ အိုးကို နှစ်ချက်သုံးချက်လှုပ်ပေးလိုက်ပါတယ်။ အငွေ့ တွေလည်းထွက်သူလည်းကျက်ဘဲ။ ကြော်တဲ့အရသာနဲ့ ဘာမှမကွာလို့ အချိန်မရှိရင်လုပ်ရမဲ့နည်းအဖြစ်မှတ်ထားလိုက်ပါတယ်။
မနက်ကျတော့ ဒီဟင်းကိုTotilla တော်တီးယာ လို့ ခေါ်တဲ့ မက်ဆီကန် နံပြားခေါ်မလား ချာပါတီခေါ်မလား အဲဒါ နဲ့ ချိစ်ထဲ့ပြီးလိပ်စားပါတယ်။ သူက တော်တီးယာနဲ့ ကော်စားပါတယ်။ ကျမကတော့အဲဒါကိုနံပြားအစားထိုးအနေနဲ့ စားတာများပါတယ်။
မီးမကင်မီတော်တီးယာ (မကင်ဘဲစားလည်းရပါတယ်။)
ဒါကဒယ်အိုးထဲမှာကင်ပြီးတဲ့ပုံ။ သူ စားတဲ့ပုံစံ။ ကျမလိပ်စားတာတော့မရိုက်ထားမိဘူး။
အချိုပွဲကတော့ သခွားမသီးလေးကိုသုံးဆောင်ကြရအောင်ပါနော်။ ၀ယ်လာတုန်းကတော့ ဖျော်သောက်မလားလို့ ပါ။ ချိုတာနဲ့ ဒီတိုင်းဘဲစားလိုက်ဘို့ တွေးလိုက်ပါတယ်။
လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ တကယ်တော့ရေးချင်တာတွေကတခြားပါ။
ခင်မင်လေးစားသော..
အိုင်အိုရာ
အောက်ဆုံးပုံက သခွားမသီးက သခွားမွှေးနဲ့ တူဒယ်နော်။
ReplyDeleteပန်းမုန်လာကို ဆီမသတ်ဘဲ ချက်တဲ့နည်း မှတ်ထားလိုက်ပြီ၊ မြန်တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ၊ တခြားဟာတွေ ရေးချင်ခဲ့တာဆိုတော့ ရေးချင်တာတွေ ရေးနိုင်ဖို့လည်း ဆန္ဒပြုပါတယ်ဗျာ....။
ReplyDeleteညယံ နဲ့ ကိုညီလင်းသစ်..
ReplyDeleteကော်မန့် တွေပျောက်သွားပြီအလိုလို။ စိတ်မကောင်းဖြစ်မိပါတယ်။ ပို့ စ်ပြန်တက်လာတာဘဲကျေးဇူးတင်ရပါသေးတယ်လေ။ ထပ်လာလည်ဦးနော် အားတဲ့အခါ။
အိုင်အိုရာ